“တစ်ခါ တစ်ရံ ” တစ်ခါ တစ်ရံ….. လောကကြီးက အမှောင်ချတယ် တစ်ခါ တစ်ရံ….. သတ်ပုံမှားတဲ့ညတွေ ကခုန်ကြတယ် တစ်ခါ တစ်ရံ….. ကြိမ်စာတို့ ခြေချင်းယှက်ကြတယ် တစ်ခါ တစ်ရံ….. လောဘစိတ်တို့ တောင်တက်ကြတယ် တစ်ခါ တစ်ရံ….. အမှောင်ညတို့ အလင်းရောင် စားသုံးကြတယ် တစ်ခါ တစ်ရံ….. အိမ်မက်က အော်တယ် အန္ဓဆိုတာ အမှန်တရားတဲ့ တစ်ခါ တစ်ရံ….. အနတ္တက နတ္တ ယောင်ဆောင်တယ် တစ်ခါ တစ်ရံ….. အနိစ္စက နိစ္စလိုလို ရိုးမယ်ဖွဲ့တယ် တစ်ခါ တစ်ရံ….. ဒုက္ခကို သုခ အမှတ်နဲ့ သောက်သုံးကြတယ် တစ်ခါ တစ်ရံ….. ဓမ္မကို အဓမ္မက အနိုင်ယူတယ် တစ်ခါ တစ်ရံ….. ဝါဒ အချင်းချင်း […]