တိုက်တွေကြားကတိမ် တိမ်အောက်က ရှမ်းရိုးမ
အလုပ်ကိစ္စနဲ့သွားရင်း ရတနာပုံဈေးနားက လေးထပ်အမြင့်ကတိုက်ခန်းတစ်ခုအရောက် အပြင်ထုတ်ထားတဲ့ ဝရံတာလေးကိုထွက်လို့
အပြင်ဘက်ကိုလှမ်းအကြည့်မှာ
အရင်ကဆို ထင်းကနဲမြင်နေရတဲ့ ရှမ်းရိုးမက တိုက်တွေကြားမှာပုန်းနေသလို
မိုးသာကြောင့် ခဲရောင်ထနေတဲ့တိမ်တွေကြားမှာ အပြာနုရောင်ဆေးစက်လိုင်းတွေနောက်ခံထားသလိုပါဘဲ။
ဟိုးအဝေးက ရှမ်းရိုးမကလဲ တိမ်ခိုးတွေအောက်မှာပျောက်တဲ့နေရာကပျောက်လို့ပေါ့
တနည်းပြောရရင် ကျနော့်အထပ်အမြင့်တွေကိုရောက်ရင်လဲ အလုံပိတ်အခန်းထဲထိုင်စကားပြောပြီးပြန်ရတာများပါတယ်။
ဒီတစ်ခါတော့ အပြင်ထွက်လိုက်မိတာ လွတ်လပ်ကျယ်ပြန့် သောမြင်ကွင်းရောင်စုံက ကျနော့်စိတ်ကို ဖမ်းစားထားလိုက်သလို
ငယ်ငယ်ကြားဘူးတဲ့ သီချင်းလေးတောင်ညည်းမိပါရဲ့
ပြာလွင်လွင်ဝေဟင်ထဲ ဝဲလာတဲ့ငှက်ငယ်ရယ်………………….
ဝေဟင်မှာလေယာဉ်စီး ရီးလေးလေးခိုကာရယ်…………………………………
3 comments
padonmar
June 18, 2011 at 12:42 pm
ကောင်းကင်ကြီးကတော့ လှတယ်ကိုပေါက်ရေ။ အောက်က တိုက်တွေကြည့်မိတော့ စိတ်ရှုပ်မိသလိုဘဲ။
ငယ်ငယ်က ရထားစီးသွားရင်း ရှမ်းရိုးမမြင်ရင် အခုပြေးသွားအခုရောက်မယ်ထင်ခဲ့တာ သတိရမိတယ်။ကလေးအတွေးပေါ့။
pooch
June 18, 2011 at 2:44 pm
လေးပေါက် တိမ်တွေကို မြင်ရတဲ့ ခံစားချက်က ဟိုးအဝေးကြီးက မမြင်ရတဲ့ တစုံတရာကို တိတ်တ ဆိတ် လွမ်းနေရသလိုပဲ
အိမ်တွေကို မြင်ရတဲ့ ခံစားချက်က လက်ရှိ ဘဝရဲ့ ရှုပ်ထွေးမှုကို တွေ့နေရသလိုပဲ ။ ဆန့်ကျင်ဘက်
နှစ်ခု ပေါင်းစပ်ထားတဲ့ ရသကို ခံစားရတယ်။ ကြိုက်တယ်။ 🙂
ကိုပေါက်(မန္တလေး)
June 18, 2011 at 4:02 pm
pooch ရေ
ညည်းနဲ့ငါ ခံစားချက်ခြင်းထပ်တူထပ်မျှပါဘဲ။