မြစ်ကမ်းဘေးက စည်းစိမ်
မြစ်ကမ်းဘေး ဓါတ်ပုံရိုက်ထွတ်ရင်း ရိုက်လာတဲ့ ပုံလေးပါ
သူတို့ လေးတွေ ဘဝ က ဖြစ်သလိုကစားပြီး ပျော်စရာကောင်းလှပါတယ်။
အရုပ်တွေ တီဗွီဂိမ်းတွေ ကစားကွင်းတွေ မလိုပါဘူး
မြစ်ကမ်းဘေး သောင်ပြင်မှာ သစ်ရွတ်လေးတွေ နဲ့ ဖော့တုန်းလေးတွေ နဲ့ ဆော့ကစားပြီး ပျော်ရွှင်နေကြပါတယ်။
ပခတ်လို လှေပေါ်မှာ လှိုင်းစီးရင်း ဇိမ်ကျ နေတဲ့ ကလေးတွေပါ။
9 comments
ဆူး
June 21, 2011 at 1:37 pm
ဘယ်နားက မြစ်လဲဟင်..
ပုံထဲက အနေအထားက ကမော္ဘဒီးယားက ရေကန်ကြီးထဲမှာ နေတဲ့ ဗီယမ်နာမ် မိသားစု ဘဝ ပုံရိပ်တွေနဲ့ တူနေတယ်။
Yan Shin
June 21, 2011 at 3:07 pm
ဘဝ ဆိုတာ ဒါပါ
ရောက်လေရာမှာ ပျော်တတ်ဘို့ပဲလေ
နေတတ်ရင် ကျေနပ်စရာပါ
ငယ်စဉ်ဘဝ ဆိုတော့လဲ
အပူအပင်ကင်းပေါ့
ပြန်မရနိုင်တဲ့ အချိန်တွေပါ။
pooch
June 21, 2011 at 3:55 pm
အဲ့ဒီ ပုံထဲက ဖော့တုံးကို ကိုင်ပြီးကျောပေးနေတဲ့ ကလေးပုံ က စကားတွေအများကြီးပြောနေသလိုပဲ၊
အိုးတွေ လှေတွေကလည်း ဘဝတခုကို ပြနေသလိုပဲ ။
nature
June 21, 2011 at 4:39 pm
ငယ်ငယ်တုန်းကမြစ်ထဲမှာရေကူးရင်း လှိုင်းစီးရတာကို သဘောကျတယ်။ စိုင်းထီးဆိုင်သီချင်းထဲက ….ငယ်စဉ်က ကလေးတို့ဘဝမှာ ပျော်ပါးဘို့ရာ လွယ်ပါတယ်……ဆိုတဲ့သီချင်းလေးကို သတိရမိတယ်။
etone
June 22, 2011 at 4:06 am
ရေဆိုရင် ကြောက်လွန်းလို့ အဲ့ဒီလို နေရာမျိုးမှာသာ နေရလျှင် အသက်ထွက်ပြီး သေလိမ့်မယ်… ။
ရေးကူသင်လည်း သင်တုန်းပဲ ကူးတတ်တယ် နောက်လေးငါးလလောက်ပြန်ကူးဆိုလျှင် ပလုံဆိုပြီး နစ်ရောပဲ… ရေထဲငုတ်လိုက်တာနဲ ့ သေမတတ်ကြောက်တာ ကူးရမယ်ဆိုတဲ့ အသိပျောက်ပျောက်နေတယ်… ။
နွယ်ပင်
June 22, 2011 at 4:32 am
ဖော့တုံးကို ကိုင်ပြီးကျောပေးနေတဲ့ ကလေးလေးကိုကြည့်ပြီးစိတ်ထဲတစ်မျိုးပဲ သူလေးလဲ ကစားလို့ရမယ်ဆိုရင် ခေတ်မီကစားစရာတွေနဲ့ ကစားချင်ရှာမှာပဲ ဘဝပေးအခြေအနေကြောင့် ရှိတာလေးနဲ့ ပျော်အောင်ကစားနေရရှာတယ် …
eros
June 22, 2011 at 10:59 am
ဒီကလေးတွေ ဘယ်လို ပညာသင်မလဲ ကျောင်းတက်မလဲ။ ဒီကလေးတွေ ကြီးလာရင် ဘယ်လိုတွေးခေါ်ပြီး ဘာအလုပ်တွေ လုပ်မလဲ။ ဒီကလေးတွေ ကိုယ့်ကိုယ် ကို စောင့်ရှောက်တက်အောင်၊ အလွဲသုံးစားမလုပ်ခံရအောင် ခေါင်းပုံအဖြတ်မခံရအောင် နိုင်ငံ့သားကောင်းဖြစ်အောင် သူတို့လေးတွေ ဘဝတိုးတက်အောင် ကျွန်တော်တို့ကရော ဒီကလေးတွေ အတွက် ဘာတွေလုပ်ပေးနိုင်မလဲ။
ကိုပေါက်(မန္တလေး)
June 22, 2011 at 11:19 am
လူတစ်ယောက်ရဲ့ဘဝမှာ အသက်ရှင်ဘိုု့အတွက်ပထမဆုံးလိုအပ်ချက်ကတော့ စားရေးပါ။
ဒုတိယအချက်က နေရေး ၊ဝတ်ရေး အဆင့်အလိုက်လာပါမယ်။
ဒါတွေက ရုပ်ဝတ္တုလိုအပ်ချက်တွေပါ။
စိတ် အတွက်ဘာတွေလိုမလဲလို့မေးရင်တော့…………………………………………….
shweminthar
June 22, 2011 at 11:32 am
ကို ပေါက် ရော၊ eros ရော ဝင်မန်းပေးတာ ကျေးဇူးတင်ပါတယ်။
ကျနော် ဒီဓါတ်ပုံပြတဲ့ ရည်ရွယ်ချက်က ဒီဓါတ်ပုံကနေ စကားတွေ အများကြီးပြောပေးဖို့ပါ။
ဒီလို အဓိပါယ်ရှိတဲ့ အယူအဆ ၊ အတွေးအခေါ်တွေ ဖော်ထုတ်ပေးလို့ ကျေနပ်မိပါတယ်။
ဒီကလေးတွေ ကျောင်းတော့ တက်ကြတယ် ခင်ဗျ။ ဒီဓါတ်ပုံမရိုက်ခင် အစောပိုင်းက အဖြူအစိမ်းနဲ့ ဆော့နေတဲ့ကလေးတွေလဲ တွေ့မိပါတယ်။ သူတို့ ဘဝ ကို ဓါတ်ပုံရိုက်ရင်း ကိုယ်ချင်းစာမိတယ်။ သနားမိတယ်။
ကျနော် ဓါတ်ပုံ ရိုက်နေတဲ့ အချိန် မှာ eros လိုအတွေးမျိုး ကျနော်လဲ တွေးမိခဲ့ပါတယ်။