Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Ghost နေရာတစ် ကာ မိုင်တိုင် ၇၆…

susunosukiJune 22, 20111min70328

နေရာတကာ မိုင်တိုင် ၇၆..

လွန်ခဲ့သော ရက် ၂ဝ လောက်ကတည်းက ကြားခဲ့ရတယ်။ ကြည့်တဲ့သူတွေက ‘အောင်မယ်လေး ကြောက်ဖို့ကောင်းလိုက်တာ’ ဆိုတာမျိုးကိုပဲ နားညည်းအောင်ကြားခဲ့ရ။
ဖြစ်ကြောင်းရယ်ကုန်စင်ကိုလည်း ဂျာနယ် အလီလီမှာ ရှင်းကြပါရဲ့။ ကော်လန်များများရလိုက်ကြတယ်။ အဖြစ်မှန်လို့ ပြောကြသူမှာမနည်း။ ကားဂိတ်မှာလည်း ”မိုင်တိုင် ၇၆ ”အခွေ-ကူးခွေ လိုက်ရောင်းကြတယ်။ တစ်ခွေကို ၅၀ဝ ကျပ်နဲ့။ ရထားပေါ်မှာတောင်ရောင်းကြတယ်။

ရုံးမှာလည်း မိုင်တိုင် ၇၆၊ အိမ်ဘေးကလည်း မိုင်တိုင် ၇၆၊ ကားပေါ်မှာ ရထားပေါ်မှာ မိုင်တိုင် ၇၆၊ နေရာတကာ ဒီအကြောင်းတွေပဲ ကြားရလွန်းလို့ ဒါရိုက်တာ မောင်မျိုးမင်းတော်တော် ရေပန်းစားနေတော့တယ်။

သက်ဆိုင်ရာဆင်ဆာလူကြီးတွေကတော့ ဗုဒ္ဓဘာသာကို အထင်လွဲစေမည့် လူအများကြောက်လန့်စေမည့် အကြောင်းအရာမျိုးတွေဖြစ်သောကြောင့် ခွင့်မပြုခဲ့ဟုပြောပါတယ်။
ခွင့်ပြုခဲ့လျှင်တောင် ခုလိုနာမည်ကြီးအံ့မထင်။

ခုတော့

”ဒါရိုက်တာက မောင်မျိုးမင်းလေ”၊

” အေးဟုတ်တယ်”

”မောင်မျိုးမင်း မောင်မျိုးမင်း”၊

”ကြောင်နှစ်ကောင်မောင်မျိုးမင်းလား”၊

”ဟေ”

”အင်း”

”ဟုတ်မယ်ထင်တယ်”။

”ဟိုဟာလေ မင်းအုပ်စိုးက မင်းသား”၊

”အေးဟဲ့ ”

”အောင်မယ်လေး ခွန်းဆင့်နေခြည်က ကြောက်စရာကောင်းလိုက်တာ”

..”’ကားပေါ်မှာလည်းလူက အစုံဟဲ့”

…………………မယုံမရှိကြပါနဲ့ ဒါရိုက်တာတောင် ကျွန်တော့် လောက် ဇတ်လမ်းကြေမည်မထင်…( ကြားရလွန်းလို့ )

28 comments

  • gyinkalay

    June 22, 2011 at 2:07 pm

    အခု ဂျာနယ်ထဲ မှာရေးထားတာကတော့..အခွေ ဌားဆိုင်တွေမှာ….မင်းအုပ်စိုးကားမှန်သမျှ ဘယ်ကားမှမတင်ရတော့ဘူးတဲ့…

  • Yan Shin

    June 22, 2011 at 3:14 pm

    အောင်မြင်တာ ပြောပါတယ်။

  • windtalker

    June 22, 2011 at 6:07 pm

    ဇါတ်လမ်းလေး နဲနဲလောက် အမြည်းကျွေးပါလားဗျ

    • ဆူး

      June 23, 2011 at 2:33 pm

      ဇတ်လမ်းကတော့
      စစချင်း ကားသမားတွေ မိုင်တိုင် ၇၆ မှာ ကားပျက်တယ်။ ကားဆင်းကြည့်တယ် ကားကောင်းသွားတော့ ဆက်မောင်းတယ် နောက်ခန်း မှာ သားအမိ ၂ယောက်တွေ့လို့ ဆင်းကြည့်တယ် မတွေ့ဘူး ကြောက်ကြောက်နဲ့ ကားဆက်မောင်းတယ်။ အဲဒီအချိန်မှာ ရုတ်တရက် ကားမောင်းတဲ့ လူအရှေ့မြင်ကွင်းထဲကို ဇောက်ထိုး အနေအထားနဲ့ မိန်းမ တယောက် ဆံပင် ဖါးလျားနဲ့ မြင်လိုက်လို့ ကားမောင်းသူတွေ လန့်ပြီး ဟိုထိုး ဒီထိုး ဖြစ်သွားတယ်။ ပြီးတော့ စာတမ်းထိုးတယ်။
      မန်း ကို အရေးတကြီး သွားစရာ ရှိလို့ မင်းအုပ်စိုး က မိန်းမ နဲ့ ကလေး နဲ့ အတူ ရွှေမန်းသူ ကားစီးလာတယ်။ အရက်အလွန်သောက်သူ အရက်ဖြတ်ဆေး သောက်ထားတဲ့ အချိန်နဲ့ ကြုံတဲ့ အချိန် ဆိုတော့ စိတ်က ကယောင်ခြောက်ခြားနဲ့ ဟိုထင် ဒီထင် ထင်နေတဲ့ ပုံစံမျိုး ပြထားတာပါ။
      ကားနဲ့ သွားလာတဲ့ တလမ်းလုံး သရဲသားမိ ကားပေါ်ပါလာပြီး လူကို ဝင်ပူးပြီး မင်းအုပ်စိုးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖို့ ကြံတဲ့ ပုံစံမျိုးပေါ့.. နောက်ဆုံးတော့ ဘုန်းကြီးကျောင်းခေါ်သွားပြီး ကမ္မဝါ ဖတ်ပြီး သရဲသားမိ ရဲ့ ဖြစ်စဉ်ကို မေးတဲ့ အခါ သူတို့ကို ကားတိုက် ပြီး အရှင်လတ်လတ် မြေမြုပ် သတ်လို့ ကလဲ့စားချေ တာလို့ ပြောပါတယ်။ နောက်တော့ အလှူလုပ်ပြီး ကောင်းမှုတွေ အမျှဝေ ပြီးတော့ မင်းသား ထောင်ကျ ပြန်ထွက်လာတော့ သမီး လေး တယောက် ထပ်ရလို့ မွေးတဲ့ ကလေး ပလုပ်တုတ် ကြိုက်တယ် ရေးသွားတာပဲ။
      ဇတ်လမ်းထဲမှာ သရဲကို မမြင်ချင်လို့ မျက်စိမှိတ် ထားရင် ပလုပ်တုတ်နဲ့ အသံပေးပြီး ခြောက်ပြနေတာ.. ကားတိုက်ခံရတာလည်း အဲဒီ ကလေး ပလုပ်တုတ် လမ်းမှ ကျနေလို့ လိုက်ကောက်လို့ ကားတိုက်ခံရတာ ပြထားတယ်။

      ဇတ်လမ်းကတော့ အဲဒါပါပဲ။

  • ကြောက်စရာမကောင်းလှပါဘူး။ နာမည်ကြီးတာက ဖြစ်ရပ်မှန်လို့ သတင်းသဲ့သဲ့ကြားပါတယ်။ ကျွန်တော် နားမလည်တာက အဲဒီထဲမှာ လူသေကိုမြှုပ်တော့ ပေါက်တူး ဘယ်ကရတာလဲ။ ရွာထဲပြန်ယူတာလား၊ ကားထဲ မှာပါတာလား။ မိုးပေါ်ကကျလာတာလား။ အဲဒါလေး သိရင် ပြောပြကြပါ။

    • king

      June 23, 2011 at 4:42 am

      ဇာတ်လမ်းကို ဖြည့်တွေးပီး ဖြေပေးလိုက်ပါတယ်
      မင်းအုပ်စိုးက အိမ်မှာမြက်ရှင်းဖို့ မန္တလေးဘက်ကနေ ပေါက်တူးတစ်လက် ဝယ်လာတာပါလို့
      😀 😛 🙂

  • MaMa

    June 23, 2011 at 12:15 am

    ပေါက်တူးက မိုးပေါ်က ကျလာပြီပဲ ထားပါတော့ လူတစ်ယောက်ကို မြှပ်ဖို့ Prado စီးတဲ့ သူဌေးက တူးနိုင်တယ်လား။ ရွှေ့နိုင်တယ်လား။ အဲဒီလို လုပ်ဖို့ အချိန် ဘယ်လောက်ကြာမလဲ။ နေပြည်တော်လမ်းက အဲဒီလောက်ထိ အသွားအလာ ပြတ်သလား။ ဒါရိုက်တာက မစဉ်းစားမိဘူးလား မသိ။ အမှန်တကယ်တော့ အဲလိုဖြစ်ရင် သွေးပူနေတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ကို ဖြစ်သွားတာ မြင်ဖူးပါတယ်။ ပြထားတာ ယုတ်တိမရှိပါဘူး။ နာမည်ကြီးအောင် တကယ့်ဖြစ်ရပ်မှန်လို့ ကြော်ညာတာ ဖြစ်ပါလိမ့်မယ်။

    • pan pan

      June 23, 2011 at 3:50 am

      ဟုတ်တယ်နော်။ ပြီးတော့ ကားတိုက်ခံရမယ့် သားအမိနှစ်ယောက်က ညအချိန်မတော်ကြီး အဝေးပြေးလမ်းမကြီးမှာ ရှိနေတာ အံ့ဩစရာပဲ။ အနားက ရွာနီးစပ်ချုပ်ကဆိုရင်လည်း ရွာထဲ၊ ရွာနားကပဲ သွားမှာပေ့ါ။ ဒီလောက်မှောင်မှောင်နဲ့ မိန်းမသားတွေ အပြင်ထွက်တာက တမျိုးကြီးပဲ။ ဇာတ်ကားအလိုရဆိုရင်။

  • etone

    June 23, 2011 at 2:33 am

    လူပြောများလို့ ဝင်ကြည့်ပါတယ် … ဒီလောက်လည်း ကြောက်စရာမကောင်းပါဘူး … ။ မြန်မာကားတွေများရယ်ရတယ်… သရဲဆိုတိုင်း ရုပ်ပျက်ဆင်းပျက်လုပ်ထားတာရယ် …အဖြူရောင်ဂါဝန်တွေ ဆင်ထားတာရယ်….ဆံပင်ရှည်ကြီးချတာရယ်က မပါမဖြစ်ဆိုသလိုပါပဲ… ။
    တိုက်ပြီး သေသွားတယ်ထားဦး …. ဘယ်သူကမှ တောကြီးမျက်မဲထဲ အပင်ပန်းခံပြီး တူးမှာ မဟုတ်ပဲ မောင်းပြေးမှာပဲ …. ယုတ္တိကိုမရှိဘူး ။ ဒါပေမဲ့ သရုပ်ဆောင်တွေ တော်ကြတယ်… လင်းဇာနည်ဇော် ဆိုလည်း တကယ်ပူးကပ်ခံနေရသလိုပဲ … မင်းအုပ်စိုးရဲ့ ဂနာမငြိမ်တဲ့ အိုက်တင်လည်း ကောင်းတယ်… ၊ ခွန်းဆင့်နေခြည်ကတော့ ရယ်တဲ့အခန်းမိုက်တယ်… ခိုးကူတွေ တော်တော် အလုပ်ဖြစ်သွားတယ် ။

  • Snowy

    June 23, 2011 at 2:36 am

    မန္တလေးသွားတဲ့လမ်းမှာတော့ သရဲခြောက်တာတော့ ခဏခဏ ကြားဖူးတာပဲ အဲဒီအဖြစ်အပျက်က တစ်ကယ်ရှိရင် ရှိခဲ့မယ် ဒါပေမယ့် ဒါရိုက်တာ ရိုက်ပြတာ နဲနဲယုတ်တိမရှိဘူးထင်တာပဲ .. မင်းအုပ်စိုးကလဲ over acting ကြီး ယော်ကျာင်္းကြီးလဲဖြစ် ကိုယ့်မှာ မိန်းမနဲ့ ကလေးပါတာကို သရဲ မြင်တာ သေမလောက်ကြောက်နေတဲ့ပုံ … ပြီးတော့မိန်းမက မိဘနေမကောင်းလို့ ပူပင်နေတာ ကိုသူကဖေးမမယ် မရှိဘူး တစ်လမ်းလုံးသူ့ လိုက်ထိမ်းနေရတယ် … ဇာတ်လမ်းဇာတ်အိမ် ဆင်ထားတာကိုကမကောင်းတာပါ … နောက်ပြီးမရှင်းတာ ကဒီလောက်ဘုန်းကြီးတွေ ကမ္မဝါဖတ်နေတာတောင် သရဲမကဝင်ပူးတဲ့လူရဲ့ အသက်ကိုယူသွားမယ် ဆိုတာကောဖြစ်နိုင်သလား ပါဝါအဲလောက်ရှိလား
    သရဲဆိုတာ ကြားဖူးတာတော့သူ့မှာ သူပိုင်တဲ့နေရာရှိတယ်ဆိုလားပဲ အဲဒီနေရာကိုကျော်သွားရင်လိုက်လာလို့ မရဘူးတဲ့ … ဟုတ်မဟုတ်တော့ သေချာမသိဘူး 🙂

    • etone

      June 23, 2011 at 4:41 am

      snow ရဲ့ အဲ့ဒီအဖြစ်ပျက်ကတော့ တကယ်ဖြစ်ခဲ့တာပါတဲ့ … ဒါကြောင့်လည်း ဇာတ်လမ်းထဲမှာ မိုင်တိုင်ကြီးကို ကွက်ကွက်ကွင်းကွင်းရိုက်ပြတာလေ … ။ ပြစ်မှူ ကြူးလွန်ထားတဲ့ လူတယောက်ရဲ့ အိုက်တင် အိုဗာလို့တော့ ကိုယ်တော့ မထင်ဘူး … ဘာလို့လဲဆိုတော့ အပြစ်ကြူးလွန်သူတယောက်က အမြဲ ကျီးလန့်သလို လန့်နေရတတ်တာပါပဲ …ကိုယ်တိုင် ကြုံဖူးတာမို့ပါ…သူ့လိုတော့ လူသတ်တဲ့ အမှူမဟုတ်ဘူးပေါ့… ။ ငယ်ငယ်က ချောင်းဆိုးလို့ သကြားလုံး မစားရဘူးဆိုတာကို ခိုးစားမိတဲ့အခါ … သိသွားမလား ၊ သိသွားမလား ရင်တထိတ်ထိတ်နဲ့ … လူသတ်မှူဆိုတော့ ပိုဆိုးတာပေါ့ …။ နောက်ပြီး ….သကြားလုံးဗူးနား အမေသွားတဲ့ အခါ ပေါ်တော့မလားဆိုပြီး ရင်ပူလိုက်ရတာ.. ဒါကြောင့် မင်းအုပ်စိုး သရုပ်ဆောင်တာကို etone တော့ ကြိုက်တယ်… ။

      • Snowy

        June 23, 2011 at 6:25 am

        ဘယ်လိုဘဲဖြစ်ဖြစ် … မြန်မာရုပ်ရှင်အစည်းအရုံးက သရဲ တစေကားတွေ ခွင့်ပြုလိုက်တာတော့ သဘောကြပါတယ် ရသတစ်မျိုးထက်ကြည့်ရတယ်လေ … ပထမဆုံးရုံတင်ခဲ့တဲ့ “ကြောက်တက်သူများမကြည့်ရ ဆိုတဲ့ကားကိုတော့အကြိုက်ဆုံးပဲ” ရုံမှာကို ၃ခါသွားကြည့်ခဲ့တယ် .. ခုထိမှတ်မိတုန်း 😀

  • စုံ စုံ

    June 23, 2011 at 3:25 am

    နောက်ပြီးကားပေါ်မှာလဲလူအစုံပါတယ်နော်
    ရဲကော ဆရာဝန်ကော ယောဂီကော နောက်ပြီး
    ဗိန်းနောဆရာလားဘာလားအဲ့လိုလဲပါတယ်
    ဇာတ်လမ်းကတော့တော်တော်ယုတ္တိမရှိပါဘူး
    ဒါပေမယ့်နာမည်ကြီးလွန်းလို့ငှားကြည့်မိတော့လဲ
    အိပ်ရေးပျက်တာဘဲအဖတ်တင်တာပေါ့

    • ဆူး

      June 23, 2011 at 2:37 pm

      လူအစုံ ပါတာကို သိပ်တော့ သဘောမကျဘူး။
      ယုတ္တိကို မရှိဘူး
      ကြည့်လိုက်တာ မျက်စိကို ပူထူနေတာပဲ

  • pan pan

    June 23, 2011 at 3:37 am

    ပြောသလောက် သိပ်ကြီးတော့ ကြောက်စရာမကောင်းပါဘူး။ ရယ်စရာဟာသလေးတွေလည်းပါတယ်။ ကလိထိုးရယ်ရအောင်လုပ်ထားတာမဟုတ်တော့ ကောင်းတယ်။ နာနာဘာဝဆိုတာက ကံနိမ့်တဲ့လူ၊ အားနည်းတဲ့လူတွေမှာပဲ ဝင်ပူးနိုုင်တာပါ။ များသောအားဖြင့် မိန်းမတွေနဲ့ ကလေးတွေပေ့ါ။ အဲဒီဇာတ်ကားထဲမှာ ယောက်ျားရင့်မကြီးက သရဲဝင်ပူးတဲ့အခန်းပါနေတာ သိပ်သဘာဝမကျဘုူးထင်တာပဲ။

    • weRone

      June 23, 2011 at 4:10 am

      များသော အားဖြင့် မိန်းမနဲ ကလေး တွေ ဆိုတော့.. ကလေးတွေ ကတော့ ထားပါတော့ .. မိန်းမ တွေ ကကံ နိမ့်နေတာလာ.. ???

  • နွယ်ပင်

    June 23, 2011 at 3:38 am

    ဇာတ်လမ်းက သေချာစဉ်းစားရင် ဟာကွက်တွေအများကြီးပါ
    ဘယ်လိုပဲ ဖြစ်ဖြစ် ခွန်းဆင့်နေခြည်ရီတဲ့ အသံကတော့ အမိုက်ဆုံးပဲ
    တစ်ကားလုံးမှ ာ ဒီအသံကို အမှတ်မိဆုံးပဲ …

    • etone

      June 23, 2011 at 4:43 am

      အဲ့ဒီအသံကို လိုက်ကျင့်နေတာ …ညဘက်ဆို တကယ်နောက်လို့ ကောင်းတယ်… ။
      အိမ်က အဖွားက အဲ့ဒီကားကြည့်တုန်းက ယုတိ္တမရှိတာတွေ ပိတ်လို့ပြောတယ်… ဟဟဟ။

      • နွယ်ပင်

        June 23, 2011 at 5:05 am

        ဟုတ်ပ အလုပ်မှာဆိုလဲ သူငယ်ချင်းတွေတွေ့ရင် အရင်တွေ့တဲ့သူက အဲလို အသံနဲ့ ရီပြီးလိုက်စနေကြတာလေ … အိမ်မှာဆိုလဲ အဲ့လိုအသံနဲ့ရီပြီး ကလေးတွေကို လိုက်စလွန်းလို့
        အမေက နောက် အဲလို ရီမနေနဲ့လို့ ပြောနေရတဲ့ အထိပဲ ….

  • nature

    June 23, 2011 at 4:04 am

    ကျနော့် အမြင်ကတော့ psycho ပါတဲ့ ကြော်ငြာလေးတခုပါ။မကြည့်ရဘူးဆို ပိုကြည့်ချင်တယ်၊ လျှို့ဝှက်ချက်ဆို ပိုသိချင်တယ်၊ ကောင်းတာ ညံ့တာအပထားပြီး တနိုင်ငံလုံး သိသွားအောင် ကြော်ငြာတဲ့ ပညာလေးကတော့ မှတ်သားလောက်ပါတယ်။

    • ဆူး

      June 23, 2011 at 2:43 pm

      ရုပ်ရှင် ထုတ်လုပ်တဲ့ လူတွေတော့ အရှုံးပေါ်မှာပါ။
      အမြတ်ရသွားတာ ခိုးကူးခွေ သမားတွေ ရသွားတာ ဖြစ်လိမ့်မယ်။
      သူများတွေ အပြောများလို့ သွားဝယ်ပါတယ်။
      မိုင်တိုင် ၇၆ ရှိလား ဆိုတော့ ရှိတယ်တဲ့.. အထုတ်ဖြည်ပြီး ယူဖို့ လုပ်နေရင်း ရုတ်တရက် ဒီဆိုင်မှာ မြန်မာ ခိုးကူးခွေ မတင်ဘူးတဲ့.. အော်.. မှတ်ကရော..
      သူခိုးဖမ်းမဲ့ ရုပ်ပေါက်နေလား မသိဘူး ရောင်းခါနီးတောင် မရှိဘူး ညာပြောလွတ်လိုက်တယ်။
      ဘယ်ရမလဲ သိချင်တာနဲ့ တပည့်တွေ ဆီက အလကား ငှားကြည့်လိုက်တယ်။ အေးရော.. တပြားမှ မကုန်ဘူး။

      • မိုက်ကယ်ဂျော်နီအောင်ပု

        June 24, 2011 at 2:03 am

        ကြည့်လဲလုပ်ဦးနော
        မြန်မာ ရုပ်ရှင်တွေကြည့်ပြီး
        မြန်မာရုပ်ရှင်ထဲကလို
        အိမ်ကမာလီနဲ့လိုက်ပြေး
        ဟင်………..
        သမီးမိုက်……………….သမီးမိုက်
        ဒီတစ်သက်အမွေဖြတ်
        ပြီးတော့
        ကလေးတွေဘာတွေရတော့လည်း
        …………………
        ……………
        😀 😀 😀

        • ဆူး

          June 24, 2011 at 3:50 pm

          စိတ်ချ စိတ်ချ လူကြီးတွေ မျက်နှာ ပျက်ရမဲ့ အလုပ် မလုပ်ဘူး မမပုရေ.. ခိုးပါမယ် ကျိန်းနေတဲ့ လူကိုတောင် ခဏလေး ဆိုပြီး စောင့်ခိုင်းထားတာ ၆နှစ်ကျော်ရှိနေပြီ။

          သမီး လိမ်မာ လေးပါ။ 🙂

  • AKKO

    June 23, 2011 at 4:56 am

    တခြားကားတွေ ထက် မင်းသားနဲ့ မင်းသမီး အဝတ်စား အတော်သက်သာတယ်လို့ပဲ ထင်ပါတယ်…။

  • Big Defender

    June 23, 2011 at 12:30 pm

    ကျွန်တော်ကတော့ သမီးရည်းစားနှစ်ယောက်ကိုပဲ
    သဘောကျတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 23, 2011 at 1:25 pm

    ကျုပ်ကတော့
    http://www.irrawaddyblog.com/2011/06/blog-post_1432.html ဒီနေရာမှာ
    လူတစ်ယောက်ပြောထားတာကိုဘဲ
    ခင်ဗျားတို့ကို ဖောက်သည်ချလိုက်ပါတယ် 😀 😀 😀
    ………………………………………………
    အမေရိကားမှာသရဲကားတွေပေါမှပေါ၊ ဒါပေမဲ့ယုံတဲ့လူလဲရှိ။
    မယုံတဲ့လူလဲရှိပါ… အဓိကကတော့လူတွေပညာတတ်နေဖို ့အဓိကပါ..
    ပညာတတ်တော့၊ အမှားနဲ ့အမှန်၊ အကောင်းနဲ ့အဆိုး၊ အကြောင်း နဲ ့ အကျိုး၊ ပိုင်းခြားတတ်တဲ့ဆင်ခြင်မှု ့အလိုလိုဖြစ်လာပါလိမ့်မယ်ဗျာ၊
    ဟောင်းနွမ်းနေပြီဖြစ်တဲ့၊ နေရာတကာဆင်ဆာလုပ်ချင်တဲ့ဟာကြီးမလိုတော့ပါဘူး၊
    ဒီနေ ့ဗုဒ္ဒဘာသာဒီလောက်ထွန်းကားပါတဲ့ဆိုတဲ့မြန်မာပြည် ်ကြီးမှာ..
    ဗုဒ္ဒဘာသာနဲ ့ဆန် ့ကျင်တဲ့အရာတွေဖြစ်ချင်တိုင်းဖြစ်နေတဲ့ဟာ..
    ဆရာတော်ဦးသုင်္မဂလအဟောအရဆို..
    ဘီယာဆိုင်ဖွင့်ဖို ့လိုင်ဆင်လျှောက်တာကမှ ဗုဒ္ဒတရားတော်ဟောဖို ့ ခွင့်တောင်းရတာထက်လွယ်သေးဆိုဘဲ… ကြည့်လုပ်ကြပါအုံးအရပ်ကတို ့ရဲ့.. Entertainment ဆိုတာကိုနားလည်ကြဖို ့ပါ..
    ပြောရအုံးမယ်..ထိုင်းမှာမှ လူငယ်တွေဘုန်းကြီးဝတ်ရင်အနဲဆုံးတစ်လဗျ..
    ဝန်ထမ်းရပိုင်ခွင့်မှာကို အတိအလင်းရှိတယ်..
    ပြီးတော့ အသက်၁၈နှစ်အောက်အရက်မရောင်းရနေရာတကာမှာရှိသဗျ.. နေ ့လည်ပိုင်းအရက်မရောင်းရ..ညနေ ၅ နာရီနောက်ပိုင်းမှရောင်းသဗျ..
    ကဲမြန်မာပြည်မှာဘာများလုပ်ပေးနေသတုံး၊
    ဒီလို လူငယ်တွေလဲအကျိုးရှိ၊
    ဘာသာရေးကိုလဲတဖက်ကအထောက်အကူဖြစ်စေတဲ့စည်းမျည်းမျိုးတွေ..
    မြန်မာပြည်ကတော့..ဝါးလုံးခေါင်းထဲလသာတဲ့အတတ်မှာတော့တစ်ထက်ကမ်းခတ်ပါဘဲ..
    နားထောင်ချင်ရင်ဟောဒီမှာသွားနားထောင်..မြန်မာပြည်ဘယ်လောက်ဘာသာ၊ သာသနာပျင်စီးနေသလဲသိရမယ်.. အဲနားထောင်နိုင်တဲ့ကိုယ်ခံအားတော့ရှိမှနော်..တော်ကြာကိုယ့်အကြိုက်နဲ့မကိုက်လို ့ဘုန်းကြီးကိုရန်လုပ်မိနေအုံးမယ်…
    http://buddhism.goldenlandpages.com/buddhismmp3/uthumingala.html

    • မင်းပြည့်ရှိန်

      June 23, 2011 at 3:39 pm

      ဟုတ်လှပါပေ့..
      မှန်လှပါပေ့…

  • PinkCandy

    June 24, 2011 at 4:08 pm

    သရဲကားဆို မကြည့်ဘူး ရုပ်ထက် အသံကိုကြောက်လို့ 😀

Leave a Reply