Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။

ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။(ဖြစ်ရပ်မှန်အားအခြေခံရေးဖွဲ့ပါသည်)

ကျွန်တော့နာမည် ခင်မောင်သန်း……..
အသက်လား အရင်ကတော့ သုံးဆယ့်နှစ်နှစ် အခုတော့မသိတော့ဘူး……..
နေတာက ဝေါ မြို့နယ် အဗျားထမင်းဆိုင် ရွာစွန်နားက လယ်တဲလေးထဲမှာနေတာ…….
အလုပ်ကတော့ရိုးရိုးတောသူတောင်သားလယ်သူရင်းငှားပဲလုပ်တယ်……
အရက်လား..သောက်တာပေါ့ဗျာ….ညနေတိုင်းသောက်တယ်……..
မိန်းမလည်းရှိတယ်လေ သားလေးကတစ်ယောက် ရှေ့နှစ်ဆိုကျောင်းတက်ရတော့မှာ…….
အိမ်ကိုလား အောင်မယ်လေး သတိယတာတော့မပြောပါနဲ့တော့………
မိသားစုဆီလား ပြန်ချင်တာပေါ့ အခုတော့ဆရာတော်က ဒီမှာပဲနေတော့တဲ့ဗျ…….
ကျွန်တော်ဒီသစ်ပင်ပေါ်ရောက်နေတာလား..အော် ..ဒါက ဒီလိုဗျ……..
။။။။။။တစ်ညတော့ဗျာ။။။။။။။
—ဝေါ…..ဝေါ……ဂျိမ်း….ည ကိုးနာရီဆိုပေမယ့်မိုးမှောင်ကျနေလို့လားမသိ
အမှောင်ထုနဲ့အတူ ညဉ်ကပိုနက်နေသလားထင်ရတယ်။။။။။။
ရွာစပ်က အရက်ဆိုင်ကုတ်ကုတ်လေးထဲမှာကတော့….ဘက်ထရီ မီးချောင်းလေရဲ့ အလင်းရောင်ဟာ မိုးမှောင်ကိုအံတုလင်းလက်နေပါတယ်။။။။။။။။
။။။။။။ဆိုင်လေးအတွင်းမှာတော့******
****ဟာမိုးကလည်းကောင်းပါ့ကွာ…ဒီတစ်လုံးကုန်ရင်တော့ပြန်မယ်ခင်အောင်ရာ****
အရက်ခွက်ကိုမျက်နှာကြီးရှုံ့မဲ့ပြီး သောက်လိုက်တဲ့ခင်အောင်ကိုကြည်ပြီး ပြောလိုက်တာပါ
အရက်ဆိုင်ရဲ့အပြင်ဘက်မှာတော့မိုးကသည်းကြီးမဲကြီးရွာကောင်းနေပါတယ် တစ်ချက်တစ်လေအဝှေ့မှာ
အရက်ဆိုင်တဲလေး အတွင်းကို မိုးရေးစက်တို့က ဝင်ရောက်ရိုက်ခတ်လျှက် …….
****အေ့ ….အင်းပါအကိုရာ..မိုးလည်းရွာနေတာပဲ တိတ်မှပြန်ကြတာပေါ့****
****ဟာ မဖြစ်ဖူးကွ …ငါ့တဲမှာ အခုလောက်ဆိုမိန်းမနဲ့သားကကြောက်နေလောက်ပြီ
မင်းကရွာထဲတင်နေတာ ငါကရွာစွန်ကွင်းစပ်မှာကွ လေတိုက်လို့ တဲ အမိုးတွေလန်ကုန်ပြီလားမသိဘူး****
****အင်းပါအကိုရာသောက် ပြီးရင်ပြန်ကြမယ်****
****အေး လုပ် ချကွာ****ရှေ့ကအရက်ခွက်ကိုကောက်မော့အပြီး အမြည်းဖြစ်တဲ့ သံပုရာသီးစိတ်လေးကိုငံပြာရည်နဲ့
တို့မြည်းရင်း ခင်မောင်သန်း လက်စသပ်လိုက်ပါတယ်။။။။
****တစ်စိတ်လောက်ကျန် နေသေးတာ အကိုလည်း နည်းနည်းမျှချဗျာ*****
အင်းမြန်မြန်ဖြတ်မှ မဖြတ်ရင် မဖြစ် ဒီကောင်ဆက်ရစ်နေအုံးမှာ
****အေး ပေးကွာ ****** ရေမရောပဲမော့ချလိုက်ပြီး ****ဦးဝတုတ် ရေ ဘယ်လောက်ကျလဲဗျဒီမှာ
လာရင်းနဲ့ သံပုရာသီးလေး တစ်စိတ်လောက်ပါ ဆွဲခဲ့ပါအုံး…*****
****အေးလာပြီဟေ့ မိုးကောင်းတော့ငါလည်းဆိုင်စောစော ပိတ်မယ်ကွာ*****
။။။။ဆိုင်ပြင်ဘက်ရောက်တော့ တစ်ခွင်တစ်ပြင်လုံးမဲမှောင်လို့ ကားလမ်းတစ်ဘက်က မိမိတဲရှိရာ မျှော်ကြည့်လိုက်တော့
မိုးမှောင်ကြီးအောက်မှာ တဲဘက်ကမီးရောင်လက်လက်ကိုလှမ်းမြင်နေရတယ် အင်း.. မိန်းမနဲသားမအိပ်ကြသေးဘူနဲ့တူတယ်
****ကဲ ခင်အောင် မင်းလဲရွာထဲဝင်တော့ …ငါ့ခမောက်ဆောင်းသွားမလား*****
****ရပါတယ် အစ်ကိုရာကျွန်တော်မှာ ပလပ်စတစ် မိုးကာခြုံသွားလိုက်မယ်*****
****အေးပြီးရော….ငါသွားပြီး***
ခင်အောင်လည်းယိုင်ထိုးယိုင်ထိုးနဲ ရွာထဲဝင်သွားတာကို တစ်ချက်လှည့်ကြည့်ပြီး လယ်ကွင်းစပ်ကိုဆင်း ကားလမ်းကိုဖြတ်တက်ဘို့
ထွက်လာတယ်ဆိုရင်ပဲ။။။မိုးဟာပိုသဲလာသလို လေကလည်းပိုကြမ်းလာပါတယ်…သောက်ထားတဲ့အရှိန်နဲ့ရီဝေဝေ ဖြစ်နေပေမယ့်
နေ့စဉ်လိုလို အရက်ဆိုင်ကနေအိမ်ပြန်တိုင်း ဒီလယ်စပ်ကလေးကနေဖြတ်ပြန်နေကြ တစ်ခါမှချော်လဲတာတောင်မဖြစ်ဖူးဘူး။။
ခေါင်းက ခမောက်ကိုလက်နဲဖိရင်း ခပ်သုတ်သုတ်ကားလမ်းဘက်ကို တက်လာလိုက်ပါတယ်။။။။
။။။။အင်း ရောက်ပြီ ကိုင်းပင်စုစုလေးတွေကြားက ခြေလမ်းလေးအတိုင်ကားလမ်းပေါ်တက်လိုက်ပါတယ် ကားလမ်းပေါ်ရောက်မှပဲ
အမြင့်ပိုင်းဖြစ်လို့သားမသိ လေက ပိုကြမ်းနေသေးတယ် မိုးကလည်းမှောင်နေတာပဲ တစ်ချက်တစ်ချက် လျှပ်စီးရောင်နဲအတူ ကားလမ်း
တစ်လျှောက်ကြည့်လိုက်တော့ရှင်းလို့။။။။ဒါပေမယ့် တစ်ချက်တစ်ချက် လက်နှိပ်မီးရောင်ကိုတော့ ကားလမ်းပေါ်မှာတွေ့လိုက်သလိုပဲ
****အင်း ဖားရှာတဲ့သူတွေပဲနေမှာ….****
ကားလမ်းပေါ်ကနေ တဲဘက်ကိုသွားဘို့ ကန်သင်းဘောင်နားရောက် အောင် ဓါတ်မီးတိုင်တစ်တိုင်စာလောက် ကားလမ်းအတိုင်းလျှောက်ရသေးတယ်
ကားလမ်းအတိုင်းဆက်လျှောက်လာရင်း မျက်နှာ အရှေ့ဘက်က ဆောင့်တိုက်လိုက်တဲ့လေတစ်ချက်အဝှေ့ မှာ ခေါင်းကခမောက်က ကားလမ်းမထက်ဆီ
လွင့်ထွက်သွားလို့ မိုးမှောင်ကြီးအောက်မှာလွင့်သွာတဲ့ ခမောက်ပြန်ကောက်ဘို့ လမ်းပေါ်အတက်။။။။။
************ကျွီ…….ကျွီ……ကျွီ . ….ဟာဟာ …….တိုက်ပြီဟ***************
*****ဟာ *****။။။ခမောက်ကို ကောက်ဘို့လက်အလှမ်း ကြားလိုက်တဲ့ အသံနဲ့အတူ ကျွန်တော့ အရှေ့က ခမောက်လေးဟာလည်း ကားဘီးအောက်မှာ
ပြားကပ်လို့သွားပါတယ် …ကိုယ်ခန္တာရဲ့နေရာအနှံအပြားက နာကြင်မှု့အချိုခံစားလိုက်ရသလိုရှိပေမယ့် ခဏခြင်းအသိလွတ်သွားသလို
မေ့ကနဲဖြစ်သွားပြီး ချက်ချင်းအသိနဲ့နောက်ကိုအဆုတ်မှာ ဖင်ထိုင်ရက်လဲသွားတဲ့ ကျွန်တော် ချက်ခြင်းပဲပြန်ထလိုက်မိတယ်
အရက်မူးနေတာလေးတောင်ပျောက်သွားသလိုပဲ ခေါင်းထဲမှာတော့ မိုက်ကနဲ။။။။။ကျွန်တော့ကိုကျော်ပြီး ရပ်တန့်သွားတဲ့ ကုန်တင်ကားကြီး။။။။
။။။။ဒီလူတွေကွာ မီးမထွန်းပဲနဲ့ လက်နှိပ်မီးထိုးပြီး မောင်းလာကြတာကိုး*******တော်သေးတာပေါ့*****
ခမောက်ကတော့ပျက်စီးသွားပါပြီ ခမောက်လေးတစ်လုံးအတွက် ပြသနာမဖြစ်ချင်တာနဲ့ ဆက်ပြီးထွက်လာခဲ့တယ် ကားပေါ်ကလူတွေကတော့
ကားအောက်ဆင်းပြီးဘာတွေအော်လို့ ဘာတွေရှာနေတယ် မသိဘူး လက်နှိပ်မီးရောင် ဝင်းဝင်းကိုလှမ်းမြင်ရပေမယ့်။။။မိုးသံလေသံကြောင့်
သဲကွဲစွာမကြားရတာလဲပါတာပေါ့ သူတို့ကိုဂရုမစိုက်အား အခုမှအိမ်ပြန်ချင်စိတ်က ပိုမိုကြီးစိုးလာလို့ ကန်သင်းလမ်းလေး အတိုင်းမပြေးရုံ
တစ်မယ် တဲဘက်ကိုထွက်လာခဲ့မိပါတယ်။။။။။။။။
မိုးကလဲ ကောင်းလိုက်တာ…လျှပ်စီးတွေကလည်းလက် ..အင်းတဲနားတောင်ရောက်တော့မယ်…အပြေးတစ်ပိုင်းသာလျှောက်လာခဲ့တာ
မြေကြီးနဲ့ခြေထောက်ထိတယ်လို့ကိုမထင်တာ အရက်မူးလဲပြေသွားသလိုပဲ****အိမ်ပြန်ချင်စိတ်ကြောင့်ဖြစ်မယ်*****။။။။။။။
****မိန်းမရေ…..ဟေ့မိန်းမ …အိပ်ကြပြီလားဟ****
တဲနဲ့ဝါးတရိုက်အကွာမှာတော့ ကျွန်တော်ပြန်အလာကိုစောင့်နေရှာမယ့် မိန်းမကိုလှမ်းအော်ခေါ်လိုက်တယ်ဆိုရင်ဘဲ…….ကျွန်တော်အချစ်ဆုံး
ကြွက်လိုက်ကောင်း ကြောင်လိုက်ကောင်းတဲ့ခွေးနှစ်ကောင် တိုးပွားနဲ့ညိုကြီး တဲအတွင်းကပြေးထွက်လာပါတယ် တဲရှေ့အပြင်ထိပြေးထွက်လာပြီးမှ
ကျွန်တော့အနားကိုရောက်ဘို့ ခြေဆယ်လှမ်းခန့်အလိုမှာ ရပ်တန့်သွားပြီး ကျွန်တော့ကိုတွေတွေကြီး စိုက်ကြည့်ကာ ငြီးသံပြုနေကြပါတယ်
****ဟာဒီကောင်တွေလာတောင်မကြိုဘူး လာလာသားကြီးတို့*****
ကျွန်တော်ရှေ့အတိုး ဒီကောင်ကြီးတွေနောက်ဆုတ်နောက်ဆုတ်နဲ့ တဲဘက်ကိုပြေးဘို့ခြေလှမ်းပြင်နေကြပါပြီ သူတို့အရင်ကဒီလိုမဟုတ်..
ကျွန်တော်ညနက်မှ ပြန်လာလဲပလူးပလဲကြိုနေကြ ဖက်တက်တဲ့ကောင်ကတက် အခုတော့ဒီလိုမဟုတ် တစ်ခုခုတော့တစ်ခုခုပဲ ဘာများဖြစ်နေကြလဲမသိဘူး
****ဟာဟေ့ကောင်တွေလာလေ**** ခေါ်သံအဆုံးမှာတော့ ဒီနှစ်ကောင်ကျွန်တော့ကို ထိုးဟောင်တဲ့ကောင်ကဟောင် အူတဲ့ကောင်ကအူနဲ့
တဲအတွင်းဘက်ပြန်ပြေးဝင်ကာတဲအဝင်အပေါက်စပ်က နေ မရပ်မနားဟောင်ကြပါတော့တယ်။။။။။။။
****တယ် ဒီနှစ်ကောင် အထဲရောက်မှမှတ်လောက်အောင်ဆုံးမရမယ်*****
ထိုစဉ်မှာပဲ….ကျွန်တော့မိန်းမဖြစ်သူ တဲအပြင်ဘက်ကို တုတ်တစ်ချောင်း ကိုင်ကာဓါတ်မီးတစ်လက်နဲထွက်လာပြီ …ကျွန်တော်ရပ်နေရာ
လယ်ကန်သင်းလမ်းလေးအတိုင်း မီး ထိုးပြီရှာဖွေနေပါတယ် ခွေးနှစ်ကောင်ကတော့အဟောင်မပျက်ပါ။။။
***ဒီမိန်းမ လူတစ်ယောက်လုံးရပ်နေတာတောင်မမြင်ဘူး*****
***မိန်းမရေ ငါဒီမှာဟ *** ကြားပုံမပေါ်တာနဲ့ အသံကိုထပ်မြှင့်အော်ပေမယ့်…တဲရဲ့ပတ်ချာလည်သာ လိုက်ပြီးနှိပ်မီး နဲ့ထိုးကြည့်နေပြီးကျွန်တော့ကိုတော့
တွေပုံမပေါ် ။။။။။ကျွန်တော့မိန်းမဟာ တဲပါတ်ဝန်းကျင်ကိုစိတ်ချသွားပုံနဲ့…..
***အောင်မယ်တဲထဲတောင်ပြန် ဝင်သွားပြီ****
မထူးပါဘူးတဲထဲပဲလိုက်ဝင်သွားတော့မယ် သိပ်မဝေးတော့တဲ့ တဲထဲကို လမ်းလျှောက်အသွား တဲနဲ့နီးလာလေ တိုးပွားနဲ့ညိုကြီးနေစရာမရှိအောင်
ဟောင်လိုက် တဲထဲပါတ်ပြေးလိုက်ဖြစ်နေကြပါတော့တယ်….တဲတံစက်မြိတ်ကိုငုံအဝင်။။။။။
။။။။။။ဖြောင်း ။။။။။******အောင်မလေးဗျ******
တစ်စုံတစ်ယောက်ကမျက်နှာကိုဖြတ်ရိုက် လိုက်လို့ ကျွန်တော်ဟာ တဲနဲ့ နှစ်လံအကွာလောက် ကိုပက်လက်လန်လဲကျအသွား
ပက်လက်အနေအထားကနေ ရိုက်တဲ့သူကိုမော့ကြည်မိတယ်ဆိုရင်ပဲ မှုန်ဝါးဝါးမိုးရေစက်များအောက်မှာတွေ့လိုက်ရတာကတော့။။။။။။။။
။။။။ဇာတ်လမ်းပါအမည်များအားပြောင်လဲထားပါကြောင်း။။။။
(ဆက်ရန်)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

7 comments

  • Endless

    June 24, 2011 at 3:08 am

    အမလေး… ဖြတ်ရိုက်တုန်း ရှိသေး… ဘယ်နှယ့် ကြေညာ ဝင်ရတာတုန်း… ကိုးရီးယားကားကို အားကျပုံ ထောက်တယ်… ကဲကဲ မြန်မြန်လေးဗျာ… တော်ကြာ ဇာတ်လမ်းမေ့ သွားလိမ့်မယ်… 🙂

  • chitpyae

    June 24, 2011 at 3:37 am

    ဟာ ကွာ ကောင်းခန်းရောက်မှ မီးပျက်တွားပြန်ပီကွယ် …. 🙂
    မီးစက်မြန်မြန်နှိုးပါဟ ဒီမှာ ဇာတ်ရှိန်တက်နေပီ … 🙂

  • pan pan

    June 24, 2011 at 4:27 am

    တံစက်မြိတ်အောက်ရောက်လို့ “ဖြောင်း” ခနဲ ရိုက်လိုက်ရော…
    ၈နာရီထိုးလို့ သတင်းလာတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတယ်ထင်ပါ့… 😀

  • monmon

    June 24, 2011 at 11:54 am

    သရဲတော့ ဖြစ်သွားပြီထင်တယ်…..း)း)း)

  • pooch

    June 24, 2011 at 12:01 pm

    သေချာတာကတော့ အစိမ်းသေပဲ…

  • PinkCandy

    June 24, 2011 at 12:04 pm

    အိမ်စောင့်နတ်က ရိုက်တာလားဟင်

  • nature

    June 24, 2011 at 3:45 pm

    တစ်စုံတစ်ယောက်ကမျက်နှာကိုဖြတ်ရိုက် လိုက်လို့ ကျွန်တော်ဟာ တဲနဲ့ နှစ်လံအကွာလောက် ကိုပက်လက်လန်လဲကျအသွား
    ပက်လက်အနေအထားကနေ ရိုက်တဲ့သူကိုမော့ကြည်မိတယ်ဆိုရင်ပဲ မှုန်ဝါးဝါးမိုးရေစက်များအောက်မှာတွေ့လိုက်ရတာကတော့။။။။။။။။..ogre ပါပဲ။ 🙂
    နောက်တာနော် စိတ်မဆိုးနဲ့။ တော်ကြာစိတ်ဆိုးပြီး ဆက်မရေးပဲ တန်းလန်းကြီးထားခဲ့မှာစိုးလို့။ 🙂

Leave a Reply