ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။(ဖြစ်ရပ်မှန်အားအခြေခံရေးဖွဲ့ပါသည်) ကျွန်တော့နာမည် ခင်မောင်သန်း…….. အသက်လား အရင်ကတော့ သုံးဆယ့်နှစ်နှစ် အခုတော့မသိတော့ဘူး…….. နေတာက ဝေါ မြို့နယ် အဗျားထမင်းဆိုင် ရွာစွန်နားက လယ်တဲလေးထဲမှာနေတာ……. အလုပ်ကတော့ရိုးရိုးတောသူတောင်သားလယ်သူရင်းငှားပဲလုပ်တယ်…… အရက်လား..သောက်တာပေါ့ဗျာ….ညနေတိုင်းသောက်တယ်…….. မိန်းမလည်းရှိတယ်လေ သားလေးကတစ်ယောက် ရှေ့နှစ်ဆိုကျောင်းတက်ရတော့မှာ……. အိမ်ကိုလား အောင်မယ်လေး သတိယတာတော့မပြောပါနဲ့တော့……… မိသားစုဆီလား ပြန်ချင်တာပေါ့ အခုတော့ဆရာတော်က ဒီမှာပဲနေတော့တဲ့ဗျ……. ကျွန်တော်ဒီသစ်ပင်ပေါ်ရောက်နေတာလား..အော် ..ဒါက ဒီလိုဗျ…….. ။။။။။။တစ်ညတော့ဗျာ။။။။။။။ —ဝေါ…..ဝေါ……ဂျိမ်း….ည ကိုးနာရီဆိုပေမယ့်မိုးမှောင်ကျနေလို့လားမသိ အမှောင်ထုနဲ့အတူ ညဉ်ကပိုနက်နေသလားထင်ရတယ်။။။။။။ ရွာစပ်က အရက်ဆိုင်ကုတ်ကုတ်လေးထဲမှာကတော့….ဘက်ထရီ မီးချောင်းလေရဲ့ အလင်းရောင်ဟာ မိုးမှောင်ကိုအံတုလင်း လက်နေပါတယ်။။။။။။။။ ။။။။။။ဆိုင်လေးအတွင်းမှာတော့****** ****ဟာမိုးကလည်းကောင်းပါ့ကွာ…ဒီတစ်လုံးကုန်ရင်တော့ပြန်မယ်ခင်အောင်ရာ**** အရက်ခွက်ကိုမျက်နှာကြီးရှုံ့မဲ့ပြီး သောက်လိုက်တဲ့ခင်အောင်ကိုကြည်ပြီး ပြောလိုက်တာပါ အရက်ဆိုင်ရဲ့အပြင်ဘက်မှာတော့မိုးကသည်းကြီးမဲကြီးရွာကောင်းနေပါတယ် တစ်ချက်တစ်လေအဝှေ့မှာ အရက်ဆိုင်တဲလေး အတွင်းကို မိုးရေးစက်တို့က ဝင်ရောက်ရိုက်ခတ်လျှက် ……. ****အေ့ ….အင်းပါအကိုရာ..မိုးလည်းရွာနေတာပဲ တိတ်မှပြန်ကြတာပေါ့**** […]