ဝိညာဉ်တစ်ကောင်ရဲ့…..ပုံပြင်။။။။။(ဇာတ်သိမ်း)
ဝိညာဉ်တစ်ကောင်ရဲ့…..ပုံပြင်။။။။။(ဇာတ်သိမ်း)
မသန့်မပြန့်တဲ့ အတိုက် ဆိုတာဘာလဲတော့ကျွန်တော်မသိပါ ဆရာဆိုတာကရောဘာလုပ်တဲ့ဆရာလဲမသိပါ
ဒါပေမယ့်ဒီကားပေါ်မှာ နေရတာတော့ ဟိုးအရင် သစ်ကိုင်းလေးမှာအိပ်ရတာထက် ကွင်းတွေထဲမှာစားစရာလိုက်ရှာရတာထက်စာရင်
ဒီမှာကဇိမ်ပဲ ကားဆရာတွေမနက်မနက် ကားထိပ်အရှေ့မီးသီးနားမှာ အန္တရာယ်ကင်းအောင် တင်ထားတဲ့အမွေးတိုင်နဲ့ ကွမ်းယာထဲက
ကွမ်းယာလေးစားလိုက် ကားဆရာတွေလမ်းမှာစားဘို့ ဝယ်ဝယ်လာတဲ့ အစားအသောက်ထုပ်ထဲက အကြွင်းအကျန်လေးစားလိုက်နဲ့
သိပ်ကိုဟန်ကျတာပေါ့ တစ်ခါတစ်လေ ကားဆရာတွေ လမ်းကကောင်မလေးတွေ ခေါ်ခေါ်တင်လာရင် ကျွန်တော်လည်းချောင်းရတာအမော
တစ်ခါဆိုသူတို့ခေါ်လာတဲ့ကောင်မလေးနဲ့ ကားနောက်မှန်မှာမျက်နှာချင်းဆိုင်တိုးမိတာ ကောင်မလေးတစ်ခါတည်းဆင်ပြေးရောဗျ
ဘာကြောင့်မှန်းသာမသိတာ ဒီကောင်မလေးတော်တော် ကြောာက်သွားပုံရတယ်..ဒီလိုနဲ့နေလာလိုက်တာ ကျွန်တော်ပါတဲကားကြီးဟာ
ခရီးသွားလေတိုင် ပျက်တခါ တိုက်တစ်လှည်နဲပြသနာမျိုးစုံကြုံခဲ့ ရတယ် အဲဒီအခါဆို ရောက်တဲ့နေရာကားရပ်ထားရလေတော့
ကျွန်တော်လဲ အောက်ဆင်းဟိုနားဒီနားသွားလို့ရတာပေါ့ ဒါပေမယ့် အနီးအနားက နယ်အလိုက် ပိုင်ရာဆိုင်ရာတွေကိုတော့ ခွင့်တောင်းရတယ်ဗျ
သူတို့ကခွင့်ပြုမှ သွားလို့ရတာလေ။။။
တစ်နေ့တော့ ဗျာ ။။။။။
ကျွန်တော်တို့ ကားကြီး ရန်ကုန်အဝင်မှာပျက်ပါလေရောဗျို့ ဒါနဲ့အဲဒီနေရာမှာ ညအိပ်ပြီး နောက်နေ့မနက် စက်ပြင်တွေလာပြင်တာကိုကားပေါ်ကကြည့်နေတုန်း
ကားပိုင်ရှင်ဆိုတဲ့ အမျိုးသမီးကြီးပါ ကားအကောင်းစားကြီးနဲ့လိုက်လာတာကိုတွေ့လိုက်ရတယ် ။။
***စက်ဆရာပြင်ပြီးရင် ငါပြောတဲ့ဆရာတော်ကျောင်းတိုက်ကိုမောင်းလာခဲ့တော့ဟေ့*****
***ဟုတ်ကဲ့အမ***
***ရောဒီရေ နဲ့ပါ ကားကိုဖျန်းလိုက်အုံး****
ကားဆရာလည်းဘာမပြောညာမပြော ရေသန်းဘူးလေးထဲကရေနဲကျွန်တော်ထိုင်နေရာကားခေါင်းပိုင်းနဲ့ဝက်ခြံ အမိုးလေးပေါ်ကိုရေနဲ
လိုက်ဖျန်းပါလေရော သူဖျန်းတဲရေစက်အချို့ ကျွန်တော်ထိုင်နေရာ နေရာကို လာစင်တဲ့အခါမှာတော့။။
****အား****တော်တော်ပူတာပဲ ရေလို့ပြောပြီးဘာလို့ဒီလောက်ပူနေရတာလဲ ဒါတောင်ရေလေးတစ်မှုန်နှစ်မှုန် လာထိမိလို့သာပေါ့
အမိုးဝက်ခြံလေးထဲကလေ ကားနောက်ပိုင်းကိုမနည်းထပြေးရတယ် တော်သေးတယ် ကားနောက်ပိုင်းကိုလာမဖျန်းလို့ ကားအရှေ့ပိုင်းကိုမသွားရဲတော့ဘူး
အင်းဒီလိုဆိုရင်တော့…ဒုက္ခပဲ။။။။
***ဝူးဝူး****ဝူး****။။။။။။။ဟောကားစက်ပြန်ကောင်းသွားပြီ ဒီလိုဆိုဆက်မောင်းတော့မယ် ကျွန်တော်လည်း ကားအရှေ့ကိုမသွားရဲတာနဲ့ ကားနောက်မြီးလေးမှာ
အသာထိုင်လိုက်လာခဲ့တယ်…ဒီလူတွေခြံထဲကိုပြန်သွားတဲ့လမ်းလဲမဟုတ်ဘူး ဘယ်ကိုမောင်းနေကြတာလဲမသိဘူး။။။။။။။
စိတ်ထဲမှာလဲတစ်ခုခုဖြစ်တော့မယ်လို့ သိနေသလိုပဲ……..။။။။။။
ဟင်………..ဘုန်းကြီးကျောင်းတိုက်ကြီးပါလား ……ကျောင်းတိုက်အဝမှာ တော့ ကျွန်တော်တို့လောက က လူတွေထက် အဆင့်မြင့်တယ်လို့ယူဆရတဲ့
လူနှစ်ယောက် ဥပဓိရုပ်သန့်သန့်နဲ့ ကားကြီးဟာကျောင်းတိုက်အပေါက်ဝကိုဝင်တယ်ဆိုရင်ပဲ…ထိုလူကြီးနှစ်ဦးရဲ ဩဇာသံပါတဲ့ တားဆီးမှုကို
ခံရပါတော့တယ် *****ဟိတ်ကောင်ဆင်းစမ်း မင်းလိုက်ဝင်လို့မရဘူး******ဟုတ်ကဲ့ခင်ဗျ ***အောင်မလေးမနည်းခုန်ချလိုက်ရတယ်
ကားကြီးကတော့ကျောင်းဝိုင်းထဲကိုတအိအိမောင်းဝင်သွားလေရဲ့
****ဟိတ်ကောင်ဒီမှာလာနေ မင်းတော့နာပြီသာမှတ် အခုမင်းကို ဆရာတော်ကြီး မခေါ်သေးဘူး ခေါ်မှသွား *****
****ကျွန်တော့ကိုဆရာတော်ကဘာလို့ ခေါ်မှာလဲ ****
****လျှာမရှည်နဲ့ နောက်တော့သိမယ်****
****ဟုတ်ကဲ့****
ဟိုကျောင်းကြီးပေါ်ကို ကားဆရာနဲ စပါယ်ယာလေးတွေတက်သွားတာမြင်လိုက်ရတယ်…အင် ..ကုန်ကားပိုင်ရှင်အမကြီးရဲကားအကောင်းစားကြီးလည်း
ရောက်နေတာပဲ……..
ခဏနေတော့ ဟိတ်ကောင်ထ မင်းကိုဆရာတော်ခေါ်နေပြီကွ လူကြီးနှစ်ဦး ဟာပြောလဲပြော သူတို့နှစ်ယောက်ကျွန်တော့ကိုလက်မောင်း တစ်ဖက်
ဆီ က ကိုင်ပြီးကျောင်ဝိုင်းထဲကိုဆွဲလွင့်ပစ်လိုက်တာ နဲ မယုံနိုင်စရာကောင်းလောက်အောင် ကျွန်တော်ဟာငှက်မွေးတစ်ခု လို ပေါ့ပါးစွာနဲ့
လွင်ထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း ကျောင်းကြီးပေါ်က ဘုရားခန်းရှေ့မှာဒူးတုပ်ရက် ရောက်နေပါတော့တယ်။။။။
ဘုရားခန်းအတွင်းကျွန်တော့ရဲခန္တာကိုယ်ဟာပူလောင်လို့နေပါတယ် ….အနောက်ဖက်မှာတော့ လူအချို့ထိုင်နေကြပါတယ်
အရင်က မူးပြီအိမ်ပြန်လာရင်တောင် ဘုရားကိုပုဆိန်ပေါက်ကန်တော့ ပြီးမှအိပ်တတ်တဲ့ကျွန်တော် အခုဘုရားရှင်ဆင်းတုတော်ကိုတောင်
မော်လို့မဖူးမျှော်ရဲတာ ဘာ့ကြောင့်မှန်းမသိ ။။။
***ဒကာ ဘယ်သူလဲ****
အေးဆေးပြီး တည်ညိမ်တဲ့ မျက်ဝန်းများနဲ့ ဆရာတော်ရဲ့ အမေးကို ပြန်မဖြေပဲ ကြောင်နေမိပါတယ်…
****ဒကာအခု ကားပိုင်ရှင် ဒကာမလေးရဲ ကိုယ်ခန္တာမှာ ဝင်ရောက်ပူးကပ်နေတာပဲ ဆရာတော်မေးတာကိုဖြေပါ****
***ကျွန်တော် ခင်မောင်သန်းပါ ဘုရား****
***ဘာကြောင့် ဒီဒကာမလေးရဲ့ ကားမှာ နေရတာလဲ ဒကာတို့လောကနဲမသက်ဆိုင်တဲ့နေရာမှာနေတဲ့အတွက် ဒီကားမှာ မကောင်းတဲ့ အကျိုးဆက်တွေ
ဖြစ်နေရတယ် ဒကာဟာ ဝိညာဉ်လောက က နာနာဘာဝဖြစ်နေပြီ ဒါကြောင်သင့်တော်ရာကိုသွားပါ…လူတို့နဲ့နီးစပ်တဲ့နေရာမှာမနေပါနဲ့****
****မှန်လှပါဘုရား တစ်ပည့်တော် နေစရာမရှိ လို့ပါဘုရားတစ်ပည့်တော် ဝေါ မှာနေတာပါ အခုပြန်လည်းမပြန်တတ်တော့ပါ….အဲဒီမှာဆို စားရေးသောက်ရေးလဲ
ခက်ပါတယ်ဘုရား…။။။
*****ကျန်ရစ်သူများက ဒကာအတွက် ကောင်းမှုကုသိုလ်များ မပြုလုပ်ပေးကြဘူးလား****
*****တပည့်တော် မသိပါဘုရား သေတယ်ဆိုတာသိပြီးတဲ့ နောက်ပိုင်း အခုနေတဲကားနောက် လိုက်ခဲ့တာပါဘုရား****
*****ခက်လှချည်ရဲ့ အိမ်းဒီလိုဖြင့် ဒကာဒီကားမှာတော့နေရန်မသင့်ဘူး ဒါကြောင့် ဘုန်ကြီးကျောင်းနဲနီးစပ်ရာ အပင်တစ်ပင်ပင်မှာနေရင်ရော
ကျောင်းမှာအလှူ အတန်းပေါ်ပေါက်ရင် အမျှဝေတဲ့အခါလည်းကြားနိုင်တာပေါ့…ဒကာနေစရာကြည့်ပါအုံး ကဲကဲ သွားရှာချည်***
ချက်ချင်းဆိုသလို ကျောင်းပေါက်ဝပြန်ရောက်လာပါတယ် …အဝမှာတော့ ဟိုအဘိုးကြီးနှစ်ဦးကတော့ရပ်လျှက်ပါ ။။
အဘိုးကြီးတစ်ဦးက******ဟေ့ကောင်သွားရှာချည်လေကွာ*****ကျန်တဲ့ အပင်တွေကတော့ မင်းနေစရာဒီအနီးအနား ကိုင်းအဖျားတောင် မလွတ်ဘူး
ပြည့်နေပြီ ဟိုးကျောင်း ထောင့် စည်းရိုးအပြင်က အုန်းနဲပင်မှာတော့ တစ်ကောင်တည်းရယ်ကွ သူကအကောင်ကြီးတော့ ကျန်တဲအကောင်တွေက အတူမနေ
ရဲကြဘူး ..အဲဒီမှာတော့ရှိမယ် ။။။။
****ဟုတ်ကဲခင်ဗျ ကျွန်တော် ဆရာတော်လျှောက်ကြည့် ပါမယ် ရမယ်ဆိုရင်လဲ သီးခံ နေရမှာပဲပေါ့*****
****ကဲဒါဆို ပြန်လျှောက်ခဲ့ကွာ****
ချက်ချင်းကျောင်းပေါ် ပြန်ရောက်လာပါတယ်။။။
***အရှင်ဘုရား ….ကျန်အပင်များကတော့ ကိုင်းဖျားတောင်မလွတ်တော့ပါဘုရား ကျောင်းစည်းရိုးအပြင်ထောင့်မှာရှိတဲ့ အုန်းနှဲပင်မှာတော့
နေစရာရှိပါတယ် ..ဒါပေမယ့် အဲဒီမှာနေတဲ့ ပိုင်ရှင်က တပည့်တော်ကို ထားမှာမဟုတ်ဘူး အရှင်ဘုရားမေတ္တာရပ်ခံပေးပါဘုရား ။။။။။
****အိမ်းအိမ်း ကဲကဲလွတ်လွတ်လပ်လပ်သာသွားနေပါလေ…ဆရာတော်မေတ္တာရပ်ခံပေးပါမယ်****လူအများကိုလည်းကြောက်လန့်အောင်မလုပ်ရဘူး
နော် တစ်ကာဒီတစ်ခုတော့ ဂတိပြုပေးပါလေ ****တင်ပါ ပေးပါတယ်ဘုရား။။။။
ကုန်တင်ကားကြီး ကျောင်းဝင်းထဲက တစ်ဖြည်းဖြည်း မောင်းထွက်သွာတာကိုကြည့်ရင်း စိတ်ထဲမှာဝမ်းနည်းလာသလိုခံစားရတယ်
အိမ်ကိုလည်းသတိရလာတယ် မိန်းမရယ် သားရယ် ဘာတွေလုပ်လို့ဘာတွေဖြစ်နေကြတယ် မသိဘူး ရွာကိုလည်းသတိရတယ်
ဒီချိန်ဆို ကောက်ပင်တွေစိုက်ပြီးလို့ နေပြီပေါ့ ဒါပေမယ် လောကကြီးမှာ ကံကြမ္မာရဲ့ လှည့်စားခေါ်ဆောင်ရာကိုသာလိုက်ပါရတဲ့လူသားတွေအနေနဲ့
အတိတ်ကပြုခဲ့ဘူးတဲ့ ကံတရားအတိုင်းသာ ။။။။။။။။။
ဒီလိုနဲ့ပဲ ကျွန်တော်လည်း ဆရာတော် ကျေးဇူးနဲ နေရစရာလေးရလို့
ဒီအပင်ပေါ်ရောက်လာရတာပဲလေ…ဘာပဲပြောပြော ဒီလောကမှာပျော်နေတယ်လို့မဟုတ်ပေမယ့် ဆရာတော် အမျှပေးမယ် အသံကိုနားစွင်ရင်း
သာဓုခေါ် ဘို့ကိုသာ စောင့်နေရတော့မှာပါပဲ…။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။