မန္တလေး ဈေးချိုနှင့် နေပြည်တော် သပြေကုန်းဈေးတွင် မိနစ်အနည်းငယ်ခြား၍ ဗုံးပေါက်ကွဲ ၊ မေမြို့တွင်ပါ ဗုံးထပ်မံပေါက်ကွဲ

MaungMinJune 24, 20111min650

UPDATE:

ပြင်ဦးလွင် ဗုံးပေါက်ကွဲ

ရပ်ကွက်ကြီး ၃ လေးကွက် ထောက်ပို့ ပန်းခြံနားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲခြင်း ဟုတ်မဟုတ် သက်ဆိုင်ရာက အသေးစိတ် စီစစ်နေဆဲ ဖြစ်ကြောင်း ပြင်ဦးလွင် ရဲစခန်းက အတည်ပြုပြောကြားသည်။

 

UPDATE: ပြင်ဦးလွင် ဗုံးပေါက်ကွဲမှု

“အမှတ် (၄) ရပ်ကွက် အိမ်တစ်လုံးမှာ ပေါက်ကွဲမှု ဖြစ်တာပါ၊ ဗုံးက အတော်ပြင်းတဲ့အတွက် နေအိမ်တစ်ခုလုံး ပြိုကျသွားပါတယ်” ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ပြောကြားသည်။

 

UPDATE:

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် (မေမြို့) တွင်လည်း ဗုံးပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြောင်း အတည်ပြုချက် ရရှိထားပါသည်။ သတင်းအပြည့်အစုံကို အချိန်နှင့် တစ်ပြေးညီ တင်ဆက်သွားမည် ဖြစ်ပါသည်။

 

မန္တလေး ဇွန် ၂၄

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေးမြို့တော်၏ အချက်အချာကျရာ ဈေးချိုဟိုတယ်နှင့် မန်းမြန်မာ ပလာဇာအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၅ဝ မိနစ်အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတွင် ရောက်ရှိနေသူ The Voice Weeklyအကြီးတန်းသတင်းထောက်က တယ်လီဖုန်းဖြင့် တိုက်ရိုက်သတင်းပေးပို့သည်။

 

“ဈေးချိုဟိုတယ်ဘက်ခြမ်းမှာ ပေါက်တာပါ၊ ဝန်ထမ်း နှစ်ဦးတော့ ထိခိုက်ဒဏ်ရာ ရသွားတယ်၊ အသေအပျောက်တော့ မရှိပါဘူး၊ ကားနံပါတ်က ၃ခ/ ၁၉၀၄ ပါ” ဟု ၎င်းက ဆက်လက် သတင်းပေးပို့သည်။

 

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ The Voice Weekly က မန္တလေးမြို့ပေါ်ရှိ အမှတ် ၆ ရဲစခန်းနှင့် တိုင်းမီးသတ် တပ်ဖွဲ့မှူးရုံးများထံ ဆက်သွယ်မေးမြန်းခဲ့ရာ မှန်ကန်မှုရှိကြောင်း အတည်ပြု ပြောကြားသည်။

 

မန္တလေးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဒေသခံများက ဆက်သွယ်ပြောကြားသည်။

 

နေပြည်တော် သပြေကုန်းဈေး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗုံးပေါက်ကွဲသည်မှာ မှန်ကန်ပြီး ပိတ်ထားသည့် ဈေးဆိုင်ခန်းမှ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး ဆိုင်ခန်းအမိုး ပွင့်ထွက်သွားကြောင်း ပြောကြားသည်။

 

“အခုတော့ အဲဒီနေရာကို ပိတ်ထားတယ်၊ သွားကြည့်လို့ မရတော့ဘူး” ဟု အဆိုပါ ဒေသခံက ထပ်လောင်းပြောကြားသည်။

http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=371:2011-06-24-06-22-25&catid=3:local&Itemid=34