စေ ့ထားသော..စိတ်တခါး
စေ့ထားသောစိတ်တခါး..
နွေရာသိစာမေးပဲွံ ပြိးမှာကျနော်တို ့ လက်ပံတန်းမြို ့ကိုဖေဖေအလုပ်ပြောင်းဘို ့စာကျလာပါတယ်..။
ဒါကြောင် ့ကျနော်တို ့မိသားစုသင်္ကြန်ပြိးမှာပြောင်းရွေ ့ခဲ ့ပါတယ်။ကျနော်တို ့မိသားစုမှာေဖေ၊မေမေ ၊ကိုကို၊မမနဲ ့ကျနော်အပါဝင်၅ဥိးရှိပါတယ်။ လက်ပံတန်းမြို ့ကရန်ကုန်-ပြည်လမ်းရဲအလယ်မှာရှိပါတယ်..။ လက်ပံတန်းမှသာရဝေါ်ဘူတာထိလမ်းခွဲလည်းရှိတယ်…။ပုသိမ်ထိတိုက်ရိုက်ရောက်နိုင်ပါတယ်..။ လက်ပံတန်းမြို ့ဟာ..ရထားလမ်းလမ်းဆုံမြို ့ဖြစ်လို ့စီးပွားရေးအနေ နဲ ့စည်ကားတဲ ့မြို ့တစ်မြို ့လည်းဖြစ်တယ်။
ဒါပေမယ့်ကျနော်တို ့ဒိမြို ့လေးမှာနေသားမကျသေးပါဘူး။နွေကျောင်းပိတ်ရက်တွေနဲ ့ကျောင်းဝင်ခွင့်ရဘို ့စောင့်ရင်းအချိန်ကြာအုံးမှာပါ။ ကျနော်တိုအိမ်ဟာ…ရွှေဘုန်းရောင်လမ်းမပေါ်မှာရှိပါတယ်…။ နေရတဲ ့အိမ်တွေကတော့ဗိုလ်တဲ လို ့ခေါ်တဲ ့အိမ်မြင့်ကြိးတွေပါ။အိမ်ရှေ ့ကဖြတ်သွားဖြတ်လာနည်းလွန်းတြ ့လမ်းတစ်ခုလည်းဖြစ်ပါတယ်။ တနေ ့ကုန်နေ ့တိုင်းဖြတ်တဲ ့သူ က.နည်းပါးပါတယ်မနက်ပိုင်းနဲ ့ညနေပိုင်းသာလူရှိတတ်ပြိးနေ ့ခင်းပိုင်းမှာတော့.စာပို ့သမားတစ်ယောက်နဲ ့သတင်းစာပို ့တဲ ့သူတစ်ယောက်ဘဲရှိပါတယ်.။
……………………………………..
ကျနော်တို ့အိမ်နောက်ဘက်မှာတော့..ရဲ ဝန်ထမ်းတန်းလျှားရှည်ရှိပါတယ်..။အဲ ့ဒိရဲ ဝန်းထမ်းရိပ်သာ မှာတော့..ဝန်ထမ်းတွေက ရေလာချိန်တနေ ့၂ ကြိမ်လာပါတယ် ။ရေဘုံဘိုင် တခုကို ၁ဝအိမ်တစ်ခုနန်ှုံး ပြုလုပ်ထားတဲ ့ ့အတွက်ကြောင့်မှာတန်းစိခပ်ကြရပါတယ်…။
ရေမလောက်ငတဲ ့အတွက်ထဲ ရေလာချိန်မှာအမြဲတန်းဆူညံ့လျှက်ရှိပါတယ်။ကလေးပီပီကျနော်တို ့ခြံနောက်ဘက်ကနေ .
.ရဲတန်လျှားဝင်းရဲ ့ရေမလောက်မှု ကိုတွေ ့ရပါတယ်။ကျနော်တို ့အိမ်မှာရေဘုံဘိုင်ကအိမ်အတွင်းမှာအပေါ်ထပ်မှာ ပါ ရှိပါတယ်…။
ကျနော်တို ့မိသားစုအနေနဲကြည် ့ရင် ရေကအလုံအလောက်ရတဲ ့အပြင်…ခြံထဲ မှာပါအပင်တွေလောင်းဘို ့ဘုံဘိုင်တခုလည်းအပိုပါနေသေးတယ်…။
ကျနော်နဲ ့ကိုကိုတိုင်ပင်ပြိးခြံနောက်ဘက်မှာ၃ပေအကျယ်တခါးတခုဖောက်ပြိး ပိုနေတဲ ့ပန်းခြံထဲ ကဘုံဘိုင်မှာရေမရသူတွေလာခပ်ဖို ့ရဲဝန်ထမ်းကလူတွေကိုခေါ်ခဲ ့ပါတယ်..။ သူတို ့အတွက်တော့တကယ့်ကိုအဆင်ပြေသွားပါတယ်…။ကျနော်အတွက်လည်း လူတွေအများကြိးတွေ ့ရမြင်ရလို ့ပျော်ရွှင်ပါတယ်…။ပြိးတော့ကျနော်တို ့ဖောက်ထားတဲ ့ တခါးကြောင့်အိမ်ဘေးကဖြတ်လမ်းလိုဖြစ်နေပါတယ်….။ကျနော်ထင်ပါတယ် ရဲဝန်ထမ်းကလူတွေအတွက်ကျနော်အိမ်ဘေးကဖြတ်လမ်းတဆင့် သွားရင် မိးရထားဘူတာ ၊ဈေး၊မြို ့ထဲ နဲ ့အတော်ပဲနိးခဲ ့ပါတယ်။
စာပို ့သမားဟာ..အရင်လို မခက်ခဲတော့ပါဘူး၊ စာတွေပို ့ချင်ရင်…ကျနော်တို့အိမ်ဘေးကဖြတ်လမ်းလေးလုပ်ထားလို ့ကျနော်တို ့ခြံထဲ ကတဆင့်ဝင်သွားပြိးပို လေ ့ရှိပါတယ်။
စာပို့သမားလေးတစ်ယောက်ဟာ ဒီရပ်ကွက်ကိုပြောင်းလာပြီး ကတည်းကကျနော်တို ့အတွက်တော့ပထမဆုံးမိတ်ဆွေပါဘဲ။ပြိးတော့ကျနော်တို ့တွေ အတွက် နေ ့တိုင်းစာပါသည်ဖြစ်စေမပါသည်ဖြစ်စေမျှော်ရသူပေါ့။ဘာလို ့လည်းဆိုတော့…ရဲတန်းလျားအတွက်စာတွေဝေရင်..ကျနော်တို ့က..အိမ်မှာပျင်းသူများပိပိစာပို ့သမားနြ ့လိုက်တတ်ပြိးပို ့လိုပါပဲ။ .
နေ ့တိုင်းစာပို့သမားဟာစက်ဘီးလေးနင်းပြီး တက်ကြွှစွာနဲ့ စာတွေပို့ပေးပါတယ်။
တနေကုန်ပို့ပြီးလို ့နောက်ဆုံးမှရဲဝန်ထမ်းရိပ်သာထဲ ကစာတွေပို ့ပါတယ်။ဘာလို ့လဲဆို တော့ စာပို ့သမားနြ ့ကျနော်တို ့ကမိတ်ဆွေဖြစ်နေပါပြိ..။စာပို ့သမားရဲဝန်ထမ်းရိပ်သာအတွက်စာပါရင်ကျနော်လိုက်ရမယ်လေ.
စာပို ့သမားက.အိမ်ရှေ ့ကစက်ဘီးဘီလ်းတီးခေါ်ပြိးကျနော်နဲ ့အတူရဲ ဝန်ထမ်းရိပ်သာထဲ စာပို ့ကြပါတယ်။
တနေ ့တော့အိမ်နံပါတ် (၃၈) ရှေ့ကနေ စာပို့သမားနဲ ့ကျနော်တို ့ဖြတ်သွားတော့ တံခါးမကြီးပွင့်လာပြီး
အိမ်ထဲက အဘွားအိုတစ်ယောက် ထွက်လာတယ်။
ပြီးတော့ စာပို့သမားလေးကို
“အမေ့စာ မပါဘူးလားဟင်…” လို့ မျှော်လင့်တကြီးနဲ့ လှမ်းမေးလိုက်ပါတယ်။
စာပို့သမားလေးကလဲ ဒီနားတဝိုက်ကရှိတဲ့အိမ်တွေကို ပေးပို့တဲ့စာတွေကို အခုလေးတင်ဝေပြီးခဲ့ပြီမို့ အလုပ်သိမ်းပြီး အိမ်ပြန်ဖို့ပြင်ဆင်နေတာဆိုတော့ ဒီနေ့အတွက် အဘွားအိုရဲ့စာမပါတာ သေချာနေတာပေါ့။
ဒါပေမယ့် မျှော်လင့်တကြီးနဲ့ မေးလာတဲ့ အဘွားအိုကို ဂရုဏာသက်မိပြီး အဘွားအိုစိတ်ကျေနပ်အောင် နောက်နေ့မှာပို့ရမယ့် စာထုပ်ထဲကို အပြန်ပြန် အလှန်လှန် ရှာကြည့်လိုက်တယ်။ စာမရှိပါဘူး။
ဒါနဲ့ စာပို့သမားလေးက ကြင်နာစွာပြုံးပြပြီး
“စိတ်မကောင်းပါဘူး..အမေ။ ဒီနေ့တော့ အမေ့ရဲ့စာ မပါသေးပါဘူး။” လို့ ပြန်ပြောလိုက်ပါတယ်။
အဘွားအိုက အလွန်စိတ်ပျက်အားငယ်သွားတဲ့ပုံစံဖြစ်သွားတယ်။ ပြီးတော့ တုန်ယင်နေတဲ့အသံနဲ့
“ဒီလ.အမေ့မွေးနေ့ပါ။
ရန်ကုန်မှာ ရှိတဲ့သားက အမေ့ရဲ့မွေးလ ရောက်တိုင်း လက်ဆောင်ပို့ပေးနေကျ။
ဒီတလတော့လက်ဆောင် နဲ ့အတူအမေ ့မွေးနေ ့အတွက်ရောက်ရမှာ၊
ဘာဖြစ်လို့များ မပါပါလိမ့် ”
လို့ပြောပြီး မျက်ဝန်းထဲက မျက်ရည်များပါစီးကျလာပါတော့တယ်။
ကျနော်အံဩမိပါတယ်…..စာပို ့သမားနဲ ့ကျနော်လိုက်တဲ ့နေ ကစပြိးအိမ်နံပါတ်(၃၈)ရှေ ့ရောက်တိုင်းအဘွားအိုဟာနေတိုင်းစာပါလားမေးနေတာ…တလနီးပါးရှိပါတော့မယ်။
သနားတတ်တဲ့ကျနော်နဲ ့စာပို့သမားလေးက အရမ်းစိတ်မကောင်းဖြစ်သွားပြီးတော့ အဘွားအိုကို
“အမေရယ်…ဒီနေ ့မပါလဲ နောက်နေ့ပါမှပေါ့။
ကျွန်တော် တို ့အမေ့ကို သေသေချာချာလာပို့ပေးပါမယ်နော်။” လို့နှစ်သိမ့်လိုက်တယ်။
အဘွားအိုကလည်း
“အေးပါကွယ်။ ကျေးဇူးတင်ပါတယ်။” လို့ပြောပြီး အိမ်ထဲပြန်ဝင်သွားတယ်။
စာပို့သမားလေးနဲ ့ကျနော် အပြန်လမ်းမှာ စိတ်မကောင်းခြင်းကြီးစွာနဲ့ အဘွားအိုရဲ့အကြောင်းပဲ တွေးနေမိတော့တယ်။
…………………………………..
နောက်တနေ့မှာ စာပို့သမားလေးက သူပို့ရမယ့်စာအထုပ်တွေထဲက အိမ်နံပါတ် (၃၈)ကို လိုက်ရှာတယ်။
မပါပြန်ပါဘူး။ ကျနော့်အိမ်ရှေရောက်တော့လည်းထုံးစံအတိုင်းအိမ်နံပါတ်(၃၈)အတွက်စာပါမလာ ကြောင်းစိတ်မကောင်းစွာပြောပါတယ်။
ဒါနဲ့ အဘွားအိုကို ဘယ်လိုနှစ်သိမ့်ရမလဲလို့ စဉ်းစားလိုက်တယ်။
နောက်တနေ ့မှာတော့ရုတ်တရက်ကျနော်အကြံတစ်ခုရလာတယ်။
ချက်ချင်းပဲ အဖေအခန်းထဲကစာအိပ်တခုကိုယူပြိးစာတစ်စောင်ရေးလိုက်ပါတယ်။
ပြိးတော့မေမေ ဆိမျက်နှာသုတ်ပုဝါအသစ်တထည်တောင်းပြိးပါဆယ်ထုပ်လိုက်ပါတယ်။
ပြီးတော့စာအိပ်ထဲ ကစာပေါ်မှာ “မွေးနေ့မှာ ပျော်ရွှင်ပါစေမေမေ။ မေ မေ ့သားကြီး” လို ့ ကျနော်ရေးလိုက်တယ်။
အဲဒီနောက် စာပို ့သမားလာချိန်မှာ သွက်လက်တက်ကြွစွာနဲ့ပဲ ကျနော်နဲ ့စာပိုသမားလေး စာပို ့ဖို့ ထွက်လာခဲ့တယ်။ အိမ်နံပါတ် (၃၈) ရှေ့ရောက်တော့ တခါးကိုခေါက်လိုက်ပြီး ပါးစပ်ကနေလည်း
“အမေ ရေ စာပါတယ်ခင်ဗျ ၊ ဒိနေတော့စာပါလာပြီအမေ ရေ….” လို့အော်ပြောနေတယ်။ကျနော်လည်းညာလုပ်ထားပေမဲ ့ အမေပျော်အောင်
“အဘွားရေ……အဘွားသားစာပါတယ်ဗျ´´လို ့သံပြိုင်အော်လိုက်ကြပါတယ်။
ကျနော်တို ့အတန်ကြာအောင် အော်ခေါ်နေပေမယ့် အိမ်ထဲက ဘယ်သူတစ်ဦးတစ်ယောက်မျှ
ထွက်မလာပဲ တိတ်ဆိတ်လို့ နေပါတယ်။
ဒါနဲ့ပဲစာပို ့သမားက စာကို စာထည့်တဲ့ပုံးထဲထည့်ပြီး ပါဆယ်ထုပ်လေးကိုတော့
တံခါးရွက်ကြားမှာ ချိတ်နေတုန်း ဘေးအိမ်က အမျိုးသမီးကြီးတစ်ယောက်ထွက်လာပြီး၊
ကျနော်တို ့ကိုု
“မောင်ရင်တို ့…ဒီအိမ်က အဘွားမနေ ့ကဆေးရုံမှာဆုံးပြီကွယ့်။´´
လို့လှမ်းပြောလိုက်ပါတယ်။ ကျနော်တို ့ကြောင်အမ်းအမ်းလေး ဖြစ်သွားပြီးမှ
“ အန်တီ။ မနေ့ကလေးတင် ဒီအိမ်ကအဘွားအိုတစ်ယောက် ထွက်လာပြီး ကျွန်တော့ကို သူ့စာမပါဘူးလား လို့မေးခဲ့သေးပါတယ်။
”ဟုတ်တယ်လေ…အန်တီရဲ ့ဒိအိမ်ကအဖွားပါလို ့”….လို ့ကျနော်လည်းပြီးပြောလိုက်ပါတယ်။
အမျိုးသမီးကြီးက
“မနေ ့ကတုန်းက အဲဒီအိမ်မှာ အဘွားအိုတစ်ယောက်နေခဲ့တာ မှန်ပါတယ်။
ညက ရန်ကုန်မှာရှိတဲ့ သူ့ရဲ့သား မတော်တဆဖြစ်ပြီး ဆုံးသွားရှာတယ်။
အဲဒီသတင်းကို ကြားကြားချင်းမှာပဲ အဘွားအိုဟာ ရင်ကွဲနာကျပြီး ညကဆေးရုံအပို ့မှာဆုံးသွားရှာလေရဲ့” လို့ပြန်ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ ကျနော်နဲ ့စာပို့သမားလေးဟာ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ အံ့ဩခြင်း တို့ကို တပြိုင်နက်တည်း ခံစားလိုက်ရပါတယ်။
ကျနော်နောင်တရမိတယ်..။အချိန်နဲ ့အမျှအဘွားအိုတစ်ယောက်ကိုပျော်ရွှင်အောင်မလုပ်ပေးမိတဲ ့..အတွက်ပါ။
ကျနော့ဘဝမှာအဖေကငယ်စဉ်ကတည်းက
တသတ်မှတ်တည်းပျော်ရွှင်စေနိုင် သောစိတ်ကိုမွေးမြူထိမ်းသိမ်းထားပါလို ့
မကြာခဏဆုံးမလေ ့ရှိပါတယ်။
* သူတစ်ပါးကို ကူညိရတဲ ့ပျော်ရွှင်မှု
* ရောင့်ရဲခြင်းရဲ ့ ပျော်ရွှင်မှု
* လော ကဓံတရားကို ခံနိုင်ခြင်းရဲ ့ပျော်ရွှင်မှု
စတဲ ့ပျော်ရွှင်မှုသုံးမျိုးထဲ ကမှ..သူတစ်ပါးကို ကူညိခြင်းဟာ လောကမှာပျော်ရွှင်စရာအကောင်းဆုံးမှန်းသိနေပါရဲ ့နဲ ့
အဖွားအိုပျော်ရွှင်သွားအောင်ကျနော်အကြံဉာဏ်ချက်ခြင်းမရခဲတာကို စေ့ထားသောကျနော့်စိတ်တခါးကိုပဲ ကျနော့်အပြစ်တင်နေမိပါတော့တယ်။
သူူငယ်ချင်းအားလုံး စိတ်ဆင်းရဲခြင်းကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
(ဆောင်းပါးကြိုက်နှစ်သက်ပါက စာရေးသူအမည် ထိကူးပြီးဝေနိုင်ပါတယ်။)
2 comments
windtalker
July 4, 2011 at 6:55 am
ဖတ်လို ့ကောင်းပါတယ် ။ နယူးဗားရှင်း တစ်ခု ပါ ။
Yan Shin
July 4, 2011 at 10:37 am
သိပ်ကြင်နာ သနားတတ်ပြီး ချစ်ခင်စရာကောင်းတဲ့ကောင်မလေးအကြောင်း ဖတ်ကောင်းတယ်။
စာပို့သမားထိကောင်း
အဖွားအို နယူးဗားရှင်း……
ကောင်းပါတယ်။ အားပေးလျှက်………..