ရာဇဝင်ထဲ ကသတို ့သား(လေးညှို ့ရှင်)
ဘေးပါတ်ဝန်းကျင်အရပ်သည်ကြာမျိုးငါးပါးဖြင့်တင့်တယ်သော မြကန်သာကန်ဘေး က ပိဋကတ်တိုက်ထ ဲ က ကျုပ်ရဲ ့အတွေးကအတိတ်ကိုတရိပ်ရိပ်ကူးသန်းနေပါပေါ့လား..။
အတိတ်ဆိုတာခြောက်လှန် ့တတ်တယ်၊နှိပ်စက်တတ်တယ်၊..နီးရာမှဝေး…ကြီးရာမှသေးသွားတဲ ့သဘောရှိတယ်ဆိုပေမဲ ့ကျုုပ်ရဲ ့သဏန်မှာတော့..နီးရာမှဝေးမသွေားဘူး….ကြီးရာမှလည်း..သေးမသွားပြန်ဘူး…။
တမာနဲ ့ထနောင်းရံနံတို ့လေးထဲ ကတိုးဝှေ ့ရှူ ရှိူက်မိရင်း..နားထဲ ကကျောက်ဆစ်ပညာရှင်တို ့ရဲ ့ကျောက်ဆစ်ထုသံ၊ကျောက်စာထွင်းသံများဟာ..ကျုပ်ရဲ ့နှလုံးသွေးကိုစိးဝင်နေသယောင်ကြားယောင်မိရင်း…..သက်ပြင်းမောကိုချမိနေပါတယ်..။။
အရာရာဟာမနေ ့တနေ ့ ကလိုပဲ….ပုံရိပ်တွေ ထင်ဟပ်စဲပါလား….။
မယ်မယ်မရှိတော့သည့်ကျုပ့်ကမ္ဘာ့လောကသည် သုညဖြစ်ခဲ ့သည့်နောက်ကျုပ်စိတ်အစဉ်ကျုပ်ဝဋ်ဉာဉ် အားဒိပိဋိကတ်တိုက်ထဲ ပဲမြုပ်နှံခဲ ့ပါသည်။
ဖခမည်းတော်မင်ကြီးနာမကျန်းစဉ်မိဘဂုဏ်ကျေးဇူးကိုအောင်းမေ ့တသလျှက်ရွှေဘုရားတစ်ဆူပြုလုပ်ပြိး၊ မင်းကြီးမယ်တော်အားပေးသနားခဲ ့သောကျွန်သုံးရွာနဲ ့မယ်တော့် ရဲ ့လက်ဝတ်တန်ဆာတို ့ကို ခမည်းတော်အတွက်ပြုလုပ်ပေးတဲ ့ရွှေဘုရားမှာဌာပနာပြိး…ဖခင်ကိုပူဇော်ခဲ ့ကပ်လှူခဲ ့တဲ ့ရင်ထဲ က..ကျုပ်..ရရှိခဲ ့တဲ ့ပိတီလောက်….
ကျုပ်တောင်းဆိုခဲ ့တဲ ့ဆုတောင်းစာ ထဲ က..ငါလှူဒါန်းခဲ ့သောကျွန်ကိုတောင်..နှိပ်စက်မှုမပြုနိုင်ဘူး….လွပ်လပ်ခွင့်ရခဲ ့သောကျွန်သုံးရွာ ကကော..ဘယ်လောက်ဝမ်းသာကြပေမလဲ…
ဘယ်သူမှ..ဘယ်မင်းသား ဘယ်ဘုရင်မှ ကျုပ်လောက်စိတ်အေးချမ်းခဲ ့ကြပါ ့မလဲ….။ကျုပ်လောက်ကော..ဘယ်သူတွေစိတ်ဧ။်ငြိမ်းချမ်းခြင်းသုခရရှိမလဲလေနော်…
တဘက်ကတွေးကြည့်ပြန်တော့..ဒါဟာလည်းမယ့်မယ့်ဆီ ကရခဲ ့တဲ ့မိဘအမွေပါဘဲ..။
အသိတရားကြောင့်လား..အရင်ကအရည်းကြီးကိုးကွယ်ခဲ ့တဲ ့ကျုပ်တို ့မျိုးဆက်ဟာရှင်အရဟံရဲ ့ကျေးဇူးကြောင့်..ထေရဝါဒသာသနာရဲ ့အဆုံးအမမှာနက်ရှိုင်းစွာတည်ခဲ ့ပါပြီ။
ခွင့်လွတ်တတ်ခြင်း၊စာနာတတ်ခြင်းဆိုတဲ ့ သဘောတွေ လည်း..ကျုပ်ရင်မှာကိန်းဝပ်နေတတ်ပါပြီ၊ကျုပ်လေ..ကျုပ်ဗြဟ®စိုရ်တရားကိုကောင်းစွာပွေ ့ပိုက်နုင်ပါပြိ၊
ဓမ®ဧ။်ငြိမ်းချမ်းမှုရိက်ခတ်ပျံနှံနေသောတုရင်းတောင်ခြေတောအုပ်အလယ် ကမြကန်သာဘေးပိဋိကတ်တိုက်တော်ထဲ မှာ ရှင်အရဟံမထေရ်မြတ်နှင ့်အတူအလွန်ရိုးသား စကားနည်းသောသုဝဏဘူမိသားတို ့နဲ ့အတူကျုပ်ဒိပိဋကတ်တိုက်ရောက်လာကတည်းက..ကျုပ်ဘဝတဝက်ကိုကျင်လည်ရင်း…….
*****************
လေးညှို ့ ရှင်(သို ့) ရာဇဝင်ထဲ က သတို ့သား
အမေ ကိုတော့နှုတ်လှန် ့ထိုးတာမဟုတ်ရပါဘူး…ကျမချစ်သူ ကိုကျမဘာသာရွေးခွင့်ပြုပါလို ့တောင်းဆိုမိပါတယ်.
.ကျမရင်ကချစ်ကျွမ်းဝင်မိသော..ရာဇကုမရ်ရဲ ့ကျောက်စာတွေ ဖတ်ရတိုင်း..ကျမရင်ရဲ ့ခံစားချက်ကျမကလွဲ လို ့ဘယ်သူသိနိုင်မှာလည်း……
ကျမကိုနေ ့နေ့ ညညသူကျောက်စာတွေ လေ ့လာရနိုးနဲ ့..ကျမချစ်မိသူ ..သူ ကဘယ်လိုပုံမျိုးပါလည်းအတွေးတွေနဲ ့..သူ ့စာတွေ လေ ့လာပြိးသလောက်တော့..သူ ့စိတ်တွေကိုကျမသိပြိလေ…။လေးမြှားဆိုတာ..ဆိုတာ စူးနစ်ဝင်တတ်သလိုမျိုးဘဲ ဝင်ပြီးရင်ထုတ်ရခက်ပါတယ်..။
ကျမရဲ ့လေးညှို ့ရှင်.ရုပ်အဆင်းကကော……….သိလိုမှုတွေ ဟာ..ကျမရဲ ့အတွေးကိုကြီးစိုးလာခဲ ့ပါတယ်..။
တနေ ့တော့ကျမ ဗားမဲ့ဆရာတော ပုံကို စာအုပ်တစ်အုပ်တွင် တွေ့လိုက်ရသည်။ ဗားမဲ ့ဆရာတော်နဲ ့ဆက်စပ်ပြီးရင်..အမောင့်ရုပ်သွင်လည်းကျမသိရမယ်လေ..ဒါကြောင့်ရယ်ပါ….။။။
မြစေတီနဘေးက..ဖြတ်မိတိုင်းလေတိုင်း..ရာဇကုမာရကျောင်စာတိုင်နားကကျမဖြတ်မိလေတိုင်း.
အမောင် ့ကိုများ…တွေ ့ရမလားလို ့…စောင် ့စားရင်း…
ဒါကြောင့်ပိဋကတ်တိုက်ထဲ ကနေ ကျမ နေ ့စဉ်ရက်ဆက်ဆိုသလို..တွေ ့ရနိုးနဲ ့စာတွေ ပဲထိုင်ဖတ်နေမိပါတော့တယ်..။
လောကီ ထွက်ရပ်လမ်း လိုက်စားသူများ ကြားတွင် ဗားမဲ့၊ ဗားတမော့ စသော ဆရာတောများမှာ အလွန် ထင်ရှားသည်။
ထိုဓာတ်ပုံကို တွေ့လိုက်ရတော့မှ အဆိုပါ ဆရာတောသည် မုတ်ဆိတ်မွှေး ထူလပျစ်နှင့် ကုလားကြီးတစ်ယောက် ဖြစ်နေသည်ကို သိရတော့သည်။ ကုလား၊ ဗမာ၊ တရုတ်၊ သိုးဆောင်းဆိုပြီး ကျမတွင် လူမျိုးစွဲ သိပ်မရှိပါ။ ထိုဓာတ်ပုံနှင့် ပတ်သတ်ပြီး ဆက်စပ် တွေးမိသည်ကိုသာ ပြောလိုတာ ဖြစ်သည်။ အဆိုပါ ဓာတ်ပုံတွင် ဗားမဲ့ ဆရာတောသည် သစ်ခေါက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ရဟန်းများ ဝတ်ဆင်သော သင်္ကန်းပုံစံ မဟုတ်ချေ။ ဆံပင်၊ မုတ်ဆိတ်၊ ကြင်စွယ် တို့ကိုလည်း ရိတ်သင်ခြင်း မတွေ့ရပေ။
ထို့ခေတ်ကာလက ဂါမဝါသီ ပွဲကျောင်းများ ခေတ်စားချိန် ဖြစ်သည်။ ပွဲကျောင်းဘုန်းကြီး အရည်းများသည် ဗေဒင်၊ အင်းအိုင်၊ လက်လှည့်၊ ဂါထာ၊ မနÅန်တရား စသည်တို့ကိုသာမက အဋဌာရသ ပညာရပ်များကိုပါ သင်ကြားပေးသူများ ဖြစ်သည်။ ပုဂံခေတ် ကတည်းက မြန်မာတို့သည် အနုပညာ ယဉ်ကျေးမှု ဘာသာရေး စသည်တို့တွင် အိနိéိယတိုင်းသားများ၏ လွှမ်းမိုးမှုကို ခံနေရပြီ ဖြစ်သည်။ ပုဂံခေတ်က နောက်ကျသေးသည် ပျူခေတ်ကာလ ဗိသာသနိုး၊ သရေခေတရာ တို့တွင်ပင် အဆိုပါ ယဉ်ကျေးမှုများ မြန်မာတို့အပေါ် များစွာ ကူးစက်နေပြီး ဖြစ်သည်။
ပုဂံခေတ်တွင် အနော်ရထာက ယင်းတို့ထဲမှ ဘာသာရေးဆိုင်ရာ အရည်းကြီးများကို နှိမ်နင်းပြီး ဗုဒဝါဒကို ပြန့်ပွားစေခဲ့သည်။ သို့ရာတွင် ထိုပွဲကျောင်း ဆရာကြီးများမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ ညောင်ရမ်းခေတ်တွင် ပြန်လည် အားကောင်းလာခဲ့ပြန်သည်။ အချိုု့ ့သော ပွဲကျောင်း ဘုန်းကြီးများသည် သာသနာပိုင် ဆရာတော် အဖြစ် ချီးမြောက်ခြင်း ခံရသည်အထိပင် ဘုရင်တို့၏ အရေးပေးခြင်း ခံခဲ့ရသည်။
ရာဇကုမာရ်သည် ကျန်စစ်သား၏ သားဖြစ်ကြောင်း လူတိုင်း သိကြသည်။ ရာဇကုမာရ်ဟူသော အမည်သည် အိနဒိယမှ ကုမားရ် ဟူသော အမည်နှင့် နီးစပ်နေသောကြောင့် ရာဇကုမာရ်သည် ကုလားဟူသော ပညာရှင်များကြား အငြင်းပွားမှုကိုလည်း ဖတ်မှတ်လိုက်ရသေးသည်။ ထိုအချက်ကို အခုန အရည်းများနှင့် ဆက်စပ်ပြီး ကျမ က တွေးကြည့်မိသည်။ ရာဇကုမာရ်၏ အမေသည် သမÁဘူလ ဖြစ်သည်။ မထီးတူမ သမÁဘူလဟု ဆိုကြသောကြောင့် သမÁဗူလ၏ ဦးလေးသည် ဂါမဝါသီ ရဟန်းတစ်ပါး ဖြစ်ကြောင်း သိရသည်။ ရှင်းရှင်း ပြောရလျှင် ပွဲကျောင်း ဘုန်းကြီး အရည်းကြီး တစ်ပါးပင် ဖြစ်သည်။
ထိုကာလက ပုဂံတွင် သမထီးအရပ်၌ အရည်းကြီး ခြောက်ကျိပ်နှင့် တပည့်ခြောက်သောင်း ရှိသည်ဟု မှန်နန်းတွင် ဆိုထားသည်။
ထိုသို့ဆိုလျှင် ထိုမထီးသည် အိနဒိယ တိုင်းရင်းသား အဆက်အနွယ်တစ်ယောက် ဖြစ်နိုင်ချေ ရှိသည်။ သမÁဘူလသည် ကုလားမလေး တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ချေ ရှိသည်။
ထို့ပြင် ထိုကာလက ပုဂံတွင် တိုင်းတပါး အိနဒိယသားများ အများအပြားနှင့် ဆက်ဆံနေကြပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် ရာဇကုမာရ်သည် ကျန်စစ်သားနှင့် ကုလားမလေး သမÁဘူလတို့မှ မွေးလာသော အိနဒိယသွေးပါ မင်းသား တစ်ပါးသာ ဖြစ်နိုင်ပေသည်။
ဆက်လက်ပြီး ကျန်စစ်သား အကြောင်းကို စဉ်းစားကြည့် ဖို ့ကျမစိုးရွံ ့မိပါသည်။
ဘကြောင့်လည်းဆိုတော့ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။
မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။နောက်ပြီးရှိသေးတယ်…
သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။
ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။
သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါဘူးတဲ ့လေ..။
ကျန်စစ်သားသည် အနော်ရထာ၏ သားဟု စာများတွင် ဆိုကြသည်။ ရခိုင်မင်းသမီးနှင့် ရာဇတမန် အမတ် ယဉ်ပါးရာမှရသော သားဟုလည်း ဆိုကြသည်။ ထိလိုင် အရပ်မှ သူကြီး ဖြစ်သောကြောင့် ထီးလှိုင်ရှင်ဟု ခေါ်ကြသည်။ အဆိုပါ ထီးလိုင်ဟူသည် မွန်အများ နေခဲ့ပြီး ကျန်စစ်သားကို ကလန်စစ်သား ဟူ၍လည်း ခေါ်ကြကြောင်း မှတ်သားဖူးသည်။
ထိုသို့ဆိုလျှင် ကျန်စစ်သားသည် မွန်သွေးပါသူ တစ်ယောက် ဖြစ်နိုင်ပေသည်။ ကျန်စစ်သားသည် မွန်ဘုရင်က မြန်မာမင်း အနော်ရထာကို ဆက်သလိုက်သော မွန်မင်းသမီး ခင်ဦးကို လမ်းတွင် ဖြတ်ခုတ်ခဲ့သူ ဖြစ်သည်။ မွန်သွေးပါသူ ကျန်စစ်သားသည် သူ့လူမျိုး မွန်မင်းသမီး ခင်ဦးကို မြန်မာဘုရင်လက် မရောက်မီ ကြားက လက်ဦးမှု ယူလိုက်ခြင်း ဖြစ်တန်ရာသည်။
မင်းသမီးသည် ကျန်စစ်သားနှင့် လမ်းခရီးတွင် ယဉ်ပါးကြသည် ဆိုရာတွင် အလိုလို ယဉ်ပါးခြင်း မဖြစ်နိုင်ပေ။ ကျန်စစ်သားသည် မွန်သွေးပါသူ ဖြစ်သောကြောင့် မွန်စကားလည်း တတ်ပေလိမ့်မည်။ လမ်းခရီးတွင် မွန်မင်းသမီးကို ကျန်စစ်သားက မွန်စကားနှင့်သာ ပြောဆို ဆက်ဆံပါလိမ့်မည်။ ထိုသို့ ဆက်ဆံရာမှ ယဉ်ပါးခြင်းလည်း ဖြစ်နိုင်သည်။
ထို့နောက် အနော်ရထာ လွန်ပြီး စောလူးမင်း လက်ထက်တွင်လည်း ကျန်စစ်သားနှင့် ခင်ဦးတို့ အဆက်အသွယ် ရှိသည်ဟုဆိုကာ အမျက်တော်ထိပြီး အောက်ပြည် ဒလသို့ပို့ခြင်း ခံရသည်ကို ထောက်ချင့်သော်မွန်မင်းသမီးနှင့် ကျန်စစ်သားသည် အတော်ပင် ရင်းရင်းနှီးနှီး ရှိပုံရပေသည်။ အမှန်စစ်စစ်တော့ မင်းသမီး ခင်ဦးသည် ဘုရင် နှစ်ပါးကြား လက်ဆောင်အဖြစ် ပေးပို့ခြင်း ခံရသော ဘုရင့် ဘဏ်ဍာတော် ဖြစ်သည်။ ကျန်စစ်သားသည် ဘုရင့် ဘဏ်ဍာတော်ကို အခါအခွင့်သင့်တိုင်း ကျူးကျော်ခဲ့သူ ဖြစ်သည်။
များမကြာမီ စောလူးမင်း လွန်ပြီးကာလ ကျန်စစ်သားက ပုဂံမင်း ဖြစ်လာသည်။ မွန်မင်းသမီး ခင်ဦးသည်လည်း မိဖုရားကြီး တစ်ပါးအဖြစ် တင်မြှောက်ခံရသည်။ မထီးတူမ သဘူလသည် ကျန်စစ်သား မင်းဖြစ်ပြီး နှစ်နှစ် အကြာတွင် ခုနှစ်နှစ် အရွယ်ရှိသော သားတော်ကို ခေါ်ဆောင်ရင်း နန်းတော်သို့ လာသည်ဟု ဆိုသည်။ ထိုမှတပါး ကျန်စစ်သားတွင် အပယ်ရတနာ မိဖုရားကြီးမှ သမီးတော် ရွှေအိမ်သည်ကို ဖွားသည်ဟု ဆိုထားသောကြောင့် ကျန်စစ်သားတွင် အခြားသားတော် မရှိဟု ယူရပေမည်။
အပယ်ရတနာသည်လည်း မွန်မိဖုရား ဖြစ်နိုင်သေးသည်။ ကာလကို ထောက်ချင့်သောှ ထိုအချိန်တွင် သမÁဘူလသည် ရာဇကုမာရ်ကို မွေးဖွားပြီး ဖြစ်နေလိမ့်မည်။ ရာဇကုမာရ်နှင့် ရွှေအိမ်သည်သည် အဖေတူ အမေကွဲ ၃နှစ်လောက် အသက်ကွာခြားနိုင်သည်။ ရွှေအိမ်သည် ၂နှစ်သမီး လောက်တွင် ကျန်စစ်သား မင်းဖြစ်လိမ့်မည်။ လေးနှစ်သမီးလောက်တွင် ခုနှစ်နှစ်သား ရာဇကုမာရ် နန်းတော်သို့ ရောက်လာသည်။ ထိုမှ နိုင်ငံတော်ကို တည်ဆောက်ဆဲကာလ ၁၂နှစ်၊ ရွှေအိမ်သည် အသက် ၁၆နှစ်လောက်တွင် ကုလားမင်းသား ပဋိက်ကရားနှင့် တွေ့ကြပုံပေါ်သည်။ ထိုအချိန်တွင် ရာဇကုမာရ်မှာ အသက် ၂ဝအရွယ်လောက်တော့ ရှိနေလောက်ပြီ ဖြစ်သည်။
ထို့ကြောင့် ထိုကာလများကို ဆန်းစစ်သော်ရာဇကုမာရ် နန်းတော်သို့ ရောက်လာပြီး တော်တော်ကြာမှသာ အလောင်းစည်သူကို မွေးခြင်း ဖြစ်သည်။ ထို့ပြင် ကျန်စစ်သားသည် မိမိသမီးတော်ကို မနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် ပေးစားခြင်းမှာ စဉ်းစားစရာ ဖြစ်သည်။ ကျန်စစ်သားသည် မွန်မြန်မာ သွေးပါသူ ဖြစ်ပြီး မွန်မျိုးဆက်ကို အဓွန့်ရှည်စေသောငှာ နာဂသမန်းနှင့် ပေးစားခဲ့ခြင်း ဖြစ်နိုင်သည်။ ပထမ အစက ကျန်စစ်သားသည် ရွှေအိမ်သည်ကို စောလူး၏သား စောယွမ်းနှင့် ပေးစားရမည်လား၊ ပဋိက်ကရားနှင့် ပေးစားရမည်လားဟူ၍ ဇဝေဇဝါ ဖြစ်နေသေးသည်။
ကျန်စစ်သား ရာဇကုမာရ်ကို ထီးမွေး မပေးဘဲ ဓညဝတီနှင့် တောင်စဉ် ခုနှစ်ခုရိုင်ကို အပိုင်စား ပေးခြင်းကလည်း စဉ်းစားစရာ ဖြစ်သည်။ ရာဇကုမာရ်ကို အိနဒိယသွေး ပါသောကြောင့် ထီးနန်း အပ်နှင်းခြင်း မပြုနိုင်ခြင်းက လုံလောက်သော အကြောင်းပြချက် ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သမီးတော်ကို ပဋိက်ကရား မင်းသားနှင့် ပေးစားသင့်မည်လောဟု အမတ်တို့နှင့် တိုင်ပင်သော အခါက အမတ်တို့က ထိုသို့ဆိုလျှင် ကုလားပြည် ဖြစ်သွားနိုင်ကြောင်း အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူ့ကို ထီးမွေ မပေးတော့ဘဲ အိနဒိယသားများနှင့် နီးစပ်ရာ ရခိုင်တိုင်းကို အစိုးရစေခြင်းမျိုး ဖြစ်နိုင်သည်။
ရာဇကုမာရ်သည် ထိုအချက်ကြောင့် မင်းအဖြစ်ကို မရသည်ကို သိရှိတန်ကောင်း၏။ ထို့ကြောင့်လည်း သူသည် အိနဒိယသွေး ပါသော်လည်း မြန်မာစိတ် မပျောက်ကြောင်း၊ မွန်သွေးလည်း သူ့တွင်ရှိကြောင်း၊ ထီးနန်းသည် သူ့အတွက် အဓိကမဟုတ်ကြောင်း သိသာ ထင်ရှား စေခြင်းငှာ ရာဇကုမာရ် ကျောက်စာကို မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ စာလေးမျိုးဖြင့် ရေးထိုးခဲ့သည်။ သူမရည်ရွယ်ဘဲ သူ့အတွက် အပြစ်ဖြစ်ခဲ့ရသော အိနဒိယ ဘာသာစကားနှင့်မူ ရေးထိုးခြင်း မပြုခဲ့ပေ။ ထိုခေတ်ကာလက ပုဂံဒေသတွင် ထိုနာဂရီ ဘာသာစကားသည်လည်း အများသုံး စကားတစ်ခုပင် ဖြစ်သည်။ ထိုစကားကို အသုံးမပြုခဲ့ခြင်းကလည်း စဉ်းစားစရာ တစ်ချက်ပင် ဖြစ်ပေသည်။
နောက်ဆက်တွဲ တွေ့ရှိချက်များအရ အနော်ရထာကို သမီးတော် ဆက်သသော မွန်ဘုရင်မှာ မနူဟာမင်းပင် ဖြစ်သည်။ မနူဟာသည် ထိုအချိန်က အတော်ပင် အသက်ကြီးနေပြီ ဖြစ်သည်။ သူ့ယောက်ခမဖြစ်သော မနူဟာမင်းကို အနော်ရထာသည် ဖမ်းဆီးခြင်းမဟုတ်၊ မနူဟာ၏ စစ်အင်အားမှာ အလွန်အားပျော့လျက်ရှိပြီး တိုင်းတပါးသား ခမာလူမျိုးများက ခဏခဏ ရန်ရှာမှုကြောင့် ပုဂံသို့ ပြောင်းရွှေ့ခိုလှုံခဲ့ခြင်း ဖြစ်မည်ဟု မွန်ပညာရှိ ဒေါက်တာ နိုင်ပန်းလှက ယူဆသည်။
စစ်သုံ့ပန်း တစ်ဦး၏ မျိုးဆက်နှင့်မူ ယဉ်ကျေးမှု အရေးကို မျှော်တွေးပြီး အမျိုးဆက်ခြင်းမှာ ထိုခေတ်အခါက အလွန်မဖြစ်နိုင်သော ဉာဏ်သွားမှုကြီး ဖြစ်သည်။ မနူဟာ၏ သားတောသုဓ၊ဓမရစ်၊ ယင်း၏သား အသတ်ဓမမာ မင်းသား၊ ထိုမင်းသား၏သားတော်ကား နာဂသမန်းနှင့် သမီးတော်ရွှေအိမ်သည်ကို ပေးစားခဲ့ခြင်း ဖြစ်ပေသည်။ မှန်နန်းတွင်ကား ရွှေအိမ်သည်ကို စောယွမ်းနှင့် ပေးစားသည်ဟု ဆိုလေသည်။
သို့သော် အုတ်ခွက်ကျောက်စာ အထောက်အထားအရ မနူဟာမင်း၏မြစ်တော်နာဂသမန်းနှင့်သာ ပေးစားခဲ့ခြင်း ဖြစ်သည်။
သက်ပြင်းမော ကိုမှုတ်ထုတ်ရင်း…….ကျမရာဇဝင်သမိုင်းကို ဆက်လေ ့လာဘို ့အင်အားမရှိတော့ပါဘူ.း….
တကယ်တော ့ ့ရာဇဝင်သမိုင်း ဆိုတာလည်း ကြည့်တတ်ရင် ဘာဝနာမဟုတ်ပါလား။
သူရဲကောင်းတွေရဲ့ လက်ရုံး၊ နှလုံး၊ ပရိယာယ်၊ သေနင်္ဂတွေကိုသာ အထပ်ထပ် မော်ကွန်းထိုးကြလေတဲ့ ရာဇဝင်စာမျက်နှာတွေထဲမှာ အဲဒီလို ဘုရင်ရဲ ့သားတော်တစ်ပါးဖြစ်ရဲ ့နဲ ့ထီးနန်းမရဘာဥဒါန်းမှလည်း မတွင်..ဘယ်စစ်မှမချီ်ခဲ့ရတဲ ့ မင်းယောက်ကျားတစ်ယောက် ရဲ ့မာန ကိုချိုးနှိမ်လို ့်ဗြဟ®စိုရ်တရားကို လက်ကိုင်ထားတဲ ့ကျမရဲ ့လေးညှို ့ရှင် သို ့ရာဇဝင်ထဲ က..သတို ့သား ရဲ ့လေးစားဖွယ်စိတ်ကိုု အခါခါ ဦးညွတ်မိရပါတော့တယ်။
ကျမဧ။်လေးညှို ့ရှင်အတွေးကိုရပ်ရင်း………
**********************************
ဆောင်ပါးဖြစ်မြောက်ရေးအတွက်အောက်ပါတို ့ကို ကိုးကားဖတ်ရှု ့ပူဇော်ရေးသားပါသည်။
ကိုးကား
မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ဆဋ်ဌမအကြိမ်
သုတေသနစာပေများ၊ ဒေါက်တာနိုင်ပန်းလှ၊ ဒုတိယအကြိမ်၊ အားမာန်သစ်စာပေ။
သမိုင်းဝင်စေတီပုထိုးများ(ဦးသန်းဆွေ)
မြစေတီကျောက်စာ(ဦးဖေတင်မောင်)
ဆရာချစ်ဦးညို(ရာဇကုမာရ)
ရာဇဝင်သမိုင်း ဝါသနာပါသူတိုင်း နှစ်ပေါင်း၇၀ဝကျော်ကြာခဲ ့ပေမဲ ့ဘာသာတရားနဲ ့မိဘကို ရိုသေလေးစား တန်ဖိုးထားမှုလေး က စာရေးသူကျမကို ထူးခြားတဲ ့စိတ်နဲ ့ကြည်ညိုချစ်မိလို ့သမိုင်းတွေ လေ ့လာပြိးရေးသားပါတယ်..။
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
ဆောင်ပါးကိုကြိုက်နှစ်သက်လျှင်..စာရေးသူအမည်ထိကူးပြီးမှဝေဌပေးပါရန်လေးစားစွာတောင်းဆိုလိုက်ပါတယ်….
&
3 comments
forever
July 7, 2011 at 4:08 pm
ဟူး…… ( သက်ပြင်းကိုမှုတ်ထုတ်ရင်း )
စာလဲဆုံးရော ကျွန်တော်လဲ. မျက်စိလည်ပြီး မောသွားတယ်၊
ဒီ ကလန်စစ်သားတော်တော် ပွေ တာဘဲ
shweaeimsi
July 7, 2011 at 4:23 pm
ဟုတ်တယ်နော်.ကျနော်သမိုင်းကိုကြိုက်လို ့သာဘဲ..
6လကြာတယ်ဗျာ..စာအုပ်တွေ ဖတ်တာ
windtalker
July 7, 2011 at 6:01 pm
ကိုငှက် က တော့ ဆိုခဲ့တယ်
“ ဧရာဝတီ…ရာဇဝင်များရဲ ့သတို ့သမီး ”
တစ်ကယ်ကို ရာဇဝင်ထဲ မှာ ကျန်ခဲ့ရတော့မယ့် သူရယ်ပါ