မလှပေမယ့် အမှတ်တရ
ကျနော်ရန်ကုန်ရောက်တုန်းတည်းအိမ်က ဒီတံတားလေးနား။
ကုန်းတံတားအောက်ကနေ့စဉ်ဖြတ်လျှောက်။
ကုန်းရဲ့အနောက်ဖက်ကလက်ဖက်ရည်ဆိုင်ကိုသွား။
နေ့စဉ်နဲ့အမျှ အနည်းဆုံးတစ်ရက်နှစ်ခေါက် ဖြတ်လျှောက်ခဲ့ရတဲ့ တံတားလေးပါ။
ရန်ကုန်ရောက်နေတဲ့ရက် မနက်6နာရီဆိုအိပ်ယာထ ဒီလမ်းကလေးအတိုင်းနေ့တိုင်းလျျောက်သွားတဲ့အခါ…………….
ဒီစွယ်တော်ဘုရားလေးကိုရောက်ပါတယ်.။
မိုးသဲသဲမဲမဲ့ရွာချတဲ့ရက်လွဲရင်ပေါ့။
တစ်ရက်တော့ ကုန်းကျော်ပေါ်ကနေသွားချင်စိတ်ပေါ်လာလို့ကုန်းကျော်ပေါ်အတက်
ဟိုမြောက်ဘက်မှာ ရွှေရောင်တွေဝင်းပနေတဲ့ စွယ်တော်စေတီကို ကျက်သရေရှိစွာဖူးအပြီး အောက်ဖက်ကို ကြည့်လိုက်တဲ့အခါ
လှပတဲ့ပန်းပင်လေးတွေကိုမြင်လိုက်ရတော့
ဘယ်ဘက်ခြမ်းကိုကြည့်လိုက်တော့ ကျနော်ခဏတည်းနေတဲ့အိမ်လေးကို မြင်နေရတယ်လေ
တကယ်ပြောရရင် ထူးလဲမထူး လှလဲမလှ ဒါပေမယ့်ယာယီကွန်းခိုဖြတ်သန်းခဲ့ရတဲ့နေရာလေးမို့ ရင်ထဲမှာ ဘယ်လောက်ကြာကြာ သတိရနေမယ်မသိဘူးနော်.
20 comments
ဆူး
July 9, 2011 at 9:18 pm
မနက်စောစော ပန်းခြံက လွဲလို့ လမ်း သိပ်မလျောက်ဘူး တယောက်ထဲ လျှောက်မိရင် လမ်းမှာ ခွေးတွေ ပေါလို့.. ပန်းခြံ ဆိုတော့ မနက် လူတွေ အများကြီး လျှောက်နေတာ ဘေးကင်းတယ်။
မနက်ပိုင်း ရိုက်ထားတာ စိမ်းစိမ်းစိုစိုနဲ့..
maythakhin
July 9, 2011 at 9:33 pm
ကိုပေါက် က ဘယ်သွားသွား ကင်မရာလေးဆောင်ထားတတ်ပုံပေါ်တယ်။ ဓါတ်ပုံကိုုလည်းဝါသနာ ပါပုံပါဘဲ။ကိုပေါက်တင်တဲ့ ဓါတ်ပုံလေးတွေက ရှုခင်းပုံတွေများသလို ကြည့်ရတာလည်းမျက်စိအေးတယ်။ဓါတ်ပုံတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။
ရွှေဘိုသား
July 9, 2011 at 10:33 pm
ပိုက်ဆံရှိလို.ကတော. လေးပေါက်ကို နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ ဝင်ပြိုင်ခွင်.ရအောင်လုပ်ပေးလိုက်မှာဗျ
တကယ်တော်တယ်
ကျွန်တော်တို.များ ရိုက်ချင်တာတောင် ကင်မရာမဝယ်နိုင်လို. မရိုက်သေးဘူး
ဒီကထုတ်တဲ. 1 သိန်းရမှပဲဝယ်တော.မယ်
ကိုပေါက်(မန္တလေး)
July 9, 2011 at 10:52 pm
တယ်ချစ်စရာကောင်းတဲ့သားလေးပါလားကွယ်။
အော်………..မှားလို့ ရွှေဘိုသားလေးပါလားကွယ်…………………
phowagyi
July 9, 2011 at 11:43 pm
တော်တော်ကောင်းတဲ့ presentation ပါ
zaw min
July 10, 2011 at 3:40 pm
ကျနော် ငယ်ငယ်က သဘောင်္လိုက်တုန်းကလိုဖြစ်နေအုံးမယ်၊ရောက်တဲ့နိုင်ငံတိုင်းမှာ ကမ်းပေါ်တက် လျှောက်လည်၊ဓါတ်ပုံတွေရိုက် မြန်မာပြည်ပြန်တော့ဓါတ်ပုံတွေပဲပါသွားတော့တယ်။အမေက ေဩာ်..ငါ့သားစီးပွါးသွားရှာတာလား၊ကမာ္ဘလှဲ့ခရီးကပြန်လာတာလားတဲ့။
ကိုပေါက်လည်း မန်တလာအပြန် မဟေသီအတွက်ဘာမှမပါပဲ ဓါတ်ပုံတွေပဲပါသွားလို့ကတော့။…ကိုပေါက်ကြီး..ညစာငတ်နေမယ်နော်….(မှတ်ချက်။ ။စိ်တ်ကောက်ပီး ထမင်းဟင်းချက်မကျွေးတာကိုဆိုလိုပါသည်။)
Yin Nyine Nway
July 10, 2011 at 5:18 pm
ကိုပေါက် တောင်ကြီးဘက်ကော လည်ဖို့ မှရိဘူးလား
ပြန်ရောက်တဲ့ အချိန်လေး သွားလည်ပေါ့
ယဉ်ငြိမ်းနွေးသာ တောင်ကြီးမှာ ရှိရင်တော့ အိမ်မှာ လာတည်းလို့ ရပါတယ်
သတိ — ရန်ကုန်ရောက်နေ၍ခေါ်ခြင်းမဟုတ်
ကိုပေါက်(မန္တလေး)
July 10, 2011 at 6:07 pm
zaw min လေးရေ
ညစာ မငတ်ဘူးကွဲ့သိလား။
မဒမ်ပေါက်ကိုလဲ ရန်ကုန်ကို တစ်ပါတည်းခေါ်သွားတာလေကွယ်။
ကိုပေါက်(မန္တလေး)
July 10, 2011 at 6:34 pm
ယဉ်ငြိမ်းသာ ရန်ကုန်ရှိနေမှန်းသိရင် ကျနော်ရောက်တုန်းက
တွေ့ရအောင် သံချောင်းခေါက်ပါတယ်ဗျာ။
နောင်တွေ့ရအောင်…………………
Yin Nyine Nway
July 10, 2011 at 8:11 pm
ဟုတ်..တန်ဆောင်တိုင်ပြန်လာလေ
ယဉ်ငြိမ်း တောင်ကြီးပြန်မှာ အဲဒီအချိန်
လိုက်လည်ချင်သူလ ိုက်လို့ရတယ်နော်
manawphyulay
July 10, 2011 at 6:43 pm
လေးလေးရေ… မနက်ခင်းရဲ့ အလှက အလွန်အေးချမ်းလှပါတယ်။ လမ်းလျှောက်တော့ ကျန်းမာရေးလည်းညီညွတ်တာပေါ့နော်။ မြို့ထဲဆို ကားရှုပ် လူရှုပ်နဲ့ဆိုတော့ ဒီလိုမြင်ကွင်းမျိုးက စိတ်ချမ်းမြေ့မှုကို ဖြစ်စေပါတယ်။
Big Defender
July 10, 2011 at 7:21 pm
လေးပေါက် ဘယ်မှာနေတာ လဲ
ကုန်းတံတားဘေးမှာလား
မေးကြည့်တာ။
pan pan
July 11, 2011 at 9:32 am
ဟုတ်တယ်
မှတ်တိုင်အနေနဲ့ဆိုရင် လမ်းဝမှတ်တိုင်နဲ့ ၅လမ်းမှတ်တိုင်ကြား
hmee
July 10, 2011 at 7:39 pm
မြောက်ဥက္ကလာ ကုန်းကျော်တံတားလေ။ စွယ်တော်ဘုရားနားက။ လေးပေါက် အဲ့နားမှာ ဥတ္တရာခန်းမရှိတယ် ဟုတ်တယ်နော်။
ကိုပေါက်(မန္တလေး)
July 10, 2011 at 7:40 pm
မန်းလေးမှာနေတာလေ။
အဲဒီထဲက ပုံက ရန်ကုန်နေတုန်းကတည်းတဲ့အိမ်လေကွယ်။
aye thet mon
July 10, 2011 at 7:54 pm
ကြည့်လို့ မျက်စိပသာဒ ရှိတယ်ဆိုတာမျိုးထဲမှာပါပါတယ်…….. သဘာဝအတိုင်း ရိုက်ထားတာဆိုတော့
သဘာဝကျကျ အပိုအလိုမပါပဲ ကြည့်ကောင်းတယ်
ကိုပေါက်(မန္တလေး)
July 10, 2011 at 10:20 pm
မှန်ပါတယ် မှီရေ အဲဒီနားမှာ ယာယီကွန်းခိုခဲ့တာပါ။
အခုတော့ မူရင်းနေရာ ပြန်ရောက်နေပါပြီ။
ကောင်းမြတ်သူ
July 11, 2011 at 12:56 am
ကိုပေါက်ရေ ကျေးဇူးဘဲဗျာ…………………………..
athaylay
July 11, 2011 at 3:15 pm
ပုံလှလှလေးတွေလည်း ထပ်တင်ပေးဦးနော်။
ကိုပေါက်(မန္တလေး)
July 12, 2011 at 11:00 pm
စိတ်ချပါ တဝကြီးကြည့်ရအောင်တင်ပေးမှာပါ။
တောင်ကြီးကိုထက် ကလောကိုပိုစိတ်ဝင်စားတယ် မရောက်ဘူးသေးဘူးဗျာ။