Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြန်လည် ရှင်သန်ခြင်း

etoneJuly 11, 20111min44614

အချိန်က ကုစားသွားခဲ့တဲ့ နှစ်ပေါင်းများစွာ   နင့်ကိုမေ့ပြီလို့

ခေါင်းမာ တတ်တဲ့ ငါ့ကိုယ်ငါ လိမ်ခဲ့မိတယ် … ။

ပြန်မတွေ့တော့ပါဘူးလို့  အကြိမ်ကြိမ် ဆုံးဖြတ်ထားလည်း

နင်ရှိမဲ့နေရာတေ ွ၊ နင်သွားတတ်တဲ့နေရာတွေ လိုက်ရှာမိတုန်းပဲ … ။

စိတ်မဝင်စားတော့ဘူးလို့ ကြွေးကျော်ထားလည်း

နင့်သတင်းတွေ စုံစမ်းဆဲပဲ … ။

အထပ်ထပ် ကွဲခဲ့တဲ့ ငါ့နှလုံးသား  ၊

အတိတ်ဆိုတာ သတိမရချင်လောက်အောင် မုန်းမိလည်း

နင့်အနမ်းတွေ မျှော်လင့်တုန်းပဲ ။

ဖြစ်နေတာနဲ့ ဖြစ်ချင်တာ ထပ်တူမကျတဲ့ ငါ့ဘဝထဲ

အတိတ်မှန် သမျှ ကန္တာရလိုပဲ …. ။

စွန် ့ပစ်ခံ ၊ နင်ထားသွားတဲ့ ဘဝမှာ

အလိုမကျခြင်းတွေ နဲ့  အရူးတယောက်လို ငါလေလွင့်ခဲ့ဘူးတယ် ။

စိတ်နာခြင်းတွေ နဲ့ အတူ မေ့ပစ်လိုက်ပါဆိုတဲ့

ပတ်ဝန်းကျင်ရဲ့ စကားသံတွေလည်း ငါနားခါးခဲ့တယ် … ။

ပြန်တွေ့ရအောင်လို့ နင်တောင်းဆိုတော့ ၊

ဟန်တောင် မဆောင်နိုင်ပဲ ဝမ်းသာခြင်းတွေနဲ့ ငါလက်ခံခဲ့တယ် … ။

နင်လည်း ငါ့လိုပဲ အရမ်းလွမ်းခဲ့တာတဲ့လား …

ဒီနေ့ထိ စက္ကန့် မလပ် သတိရနေတုန်းတဲ့လား … ။

အတိတ်တွေလည်း ဝေးပါစေတော့ …

အနာဂတ်ဆိုတာလည်း စိတ်ကူးမယဉ်ရဲဘူး ..

ဒဏ်ရာတွေ ဗရပွနဲ့ ငါ့အသည်း နာကျဉ်းမှူတွေကြားထဲ

ငါတို့ရဲ့ မှုန် ပြပြ ဆက်ဆံရေးလေး တည်မြဲဖို့ အတွက်

စိတ်ကူးထဲမှာပဲ ပြောလိုက်တော့မယ် ….

နင့်ကို အရမ်းချစ်တယ် … ။

 

14 comments

  • ရွှေဘိုသား

    July 11, 2011 at 2:28 pm

    မမတုန်ကလည်း ရွာကစာဥကိုလွမ်းလို. အင်တာနက်ဆိုင်လာပြီး ရွာထဲဝင်လာပါတယ်
    ပိုလို.တောင်လွမ်းရပြန်ပါပြီ ငိုလို.ဆိုင်ကအစ်ကိုကတောင် နှင်ထုတ်နေပြီ ဘေးလူတွေအနှောက်ယှက်ဖြစ်
    လို.ပါတဲ.

    • nature

      July 11, 2011 at 11:15 pm

      အလွမ်းပြေသွားအောင် ရွာကစာဥကို မြို့က ကြက်ဥနဲ့ အစားထိုးလိုက်ပါလား။

      • pan pan

        July 13, 2011 at 11:18 am

        ဘဲဥဆိုတော်သေး..
        မြို့ကြက်ဥတွေက ဓါတ်ဥတွေ

  • moethidasoe

    July 11, 2011 at 4:05 pm

    ရွှေဘိုသား မငိုနဲ့လေ .. တိတ် တိတ် .. စာဥက ဘာဖြစ်ဖြစ် ပြန်ပြောမှာပါ

    အိတုံကတော့ ဘာမှ မပြောတော့ဘူးတဲ့ စိတ်ကူးထဲမှာပဲ ပြောမယ့်စကားတွေ သိမ်းထားတော့မယ် တဲ့

    ဒါပေမယ့် အဝေးက လူ သိစေချင်လို့ အင်တာပဲ နက်လိုက်တာ ထင်တယ် .. (နေပြည်တော် FM ကလဲ ဒီလိုပဲ ကြေညာပေးတယ်လေ)

    • etone

      July 11, 2011 at 4:39 pm

      အဟီး ….. 😀 😀
      Dr.ရေ အဝေးကလူ သိမှာထက် … အနီးကလူ သိလျှင် ပြသနာ ရှာခံရကိန်းမို့ … ခပ်စိမ်းစိမ်းပဲ နေပါတော့မယ် အဟဲ … 😳 😳 😳

  • windtalker

    July 11, 2011 at 7:40 pm

    သက်ဆိုင်သူ မောင့်ကို ပဲလေ
    ရည်ညွှန်းကာ ကဗျာတွေ ရေး
    တင်ကာ တင်ကာ ရယ်လေ
    မောင်သိပါစေ..ဟေဟေ

  • naywoonni

    July 11, 2011 at 7:45 pm

    အချစ်ဆိုတာဟာ အချစ်ပါပဲ ရွှေဘ်ိုသားရေ……….. ကိုပေါက်ကိုမေးကြည့်ပါလား?

  • pooch

    July 11, 2011 at 8:23 pm

    ဓာတ်ခံမှ မကောင်းဘူးဆို ငိုတောင်ငိုချင်လာပြီ….ဒီည ဖုန်း သို့မဟုတ် မက်ဆေ့ချ်လေးများ ယောင်ယမ်းပြီး
    ရောက်လာလေမလားမသိ…. မထင်တော့ပါဘူး မမျှော်တော့ပါဘူး ….
    ပြီးတာတွေလည်း ပြီးပါစေတော့ …ဒုတိယမိ နောက်တခေါက် မဖြစ်ချင်ဘူး… T_T …..

  • ကြောင်ကြီး

    July 12, 2011 at 9:26 am

    အီးတုံးက သူ့ဘဲဘဲကို အချစ်စမ်းလိုက်ပုံက သင်းပါ့ဗျား။ ဆရာဝန်ကိုကိုနဲ့ အီးတုံးလေးက တကယ်လိုက်ဖက်ညီတဲ့ စုံတွဲပါ။ နယ်မြေခံထောက်လှမ်းရေးတွေရဲ့ သတင်းပို့ချက်ကို ပြန်ဖောက်သယ်ချရရင် တခါတုန်းက အီးတုံးကို ဆေးခန်းစောင့်ထားပြီး ဆရာဝန်ကိုကိုက အပြင်လူနာကြည့်ဖို့ ထွက်သွားတယ်။ အပြန်ကြတော့ သူတယောက်ထဲ ကြေးအိုးဆိုင်ဝင်စားတာပေါ့။ ကျန်ခဲ့တဲ့အီးတုံးကလည်း လူလစ်ပဟဆိုပြီး တယောက်ထဲကြိတ်မလို့ ကြေးအိုးဆိုင်သွားတယ်။ ဟိုကြတော့ သွားဆုံတာပေါ့။ ဆရာဝန်ကိုကိုက အီးတုံးကို ဘယ်လောက်ချစ်သလဲဆို သူစားမယ့်အထဲက တဝက်ခွဲကျွေးသတဲ့၊ အဖြစ်မှန်က သူ့ဘဲ လေဘာတကြီနဲ့ ကြေးအိုးပွဲကြီး မှာလိုက်ပြီး မကုန်နိုင်မှန်းသိလို့ တဝက်ခွဲကျွေးတာ အဟုတ်ထင်နေတာလေ။ ဒါနဲ့စားကြရင်းနဲ့ ငရုတ်ဆီအချဉ်စပ်လို့ မျက်ရည်ကျတာကို အီးတုံးက သူ့အပေါ်ကြင်နာတာကို စားရင်းနဲ့တွေးမိလို့ ဝမ်းသာမျက်ရည်ကျတယ်လို့ ပြန်ရွှီးသတဲ့။ အဲဂလို အဲဂလို…… 😛

  • etone

    July 12, 2011 at 9:29 am

    ဟားဟား ဟား ဟား 😀 😀 ကွန်မန်ဒို ဦးကြောင်ကတော့ ပေါက်ပေါက်ရှာရှာ ရေးတတ်တယ် 😛 😛 😛

  • alinsett

    July 12, 2011 at 11:35 am

    သိပ်မ စ ကြပါနဲ ့ဥိး။ မမ တုန် က တကယ် ခံစားချက်တွေ နဲ ့ရေးချလိုက်တာ..။ သူ ့ ခံစားချက်ကို ဝေမျှခံယူပေးမယ် ့အစား စကြနောက်ကြ လို၊ ့တော်ကြာ ခံစားချက်တွေ ပေါက်ထွက်ကုန်ပြီး
    စိတ်ကူးထဲမှာပဲ ပြောနေရာကနေ တစ်ကမ္ဘာလုံးကြားအောင် အော်လိုက်ပါဦးမယ် ။
    မမတုန် က တကယ် ့ခံစားချက်နဲ ့ရေးလိုက်တာပဲ ဖြစ်မယ် ။ ကျွန်တော် လည်း ရင်ထဲ မှာ မကောင်းဘူး။
    ရိုမီယို နဲ ့ဂျူးလိယက် ထက်တောင် သနားစရာကောင်းပါလား..လို ့လည်းတွေးမိတယ် ။

    • etone

      July 12, 2011 at 11:42 am

      ဟိုက် ဒုတ်ခေါ … 🙄
      မနေ့က ပို့စ်တပုဒ်ရေးမလို့ …. အကြောင်းရာလေးတခု စိတ်ထဲသွင်းရင်း ချရေးမိတာပါ … ။
      သူတို့ ပြောမှပဲ နာ့တိုတိုဒေါက် ပြသနာရှာတော့မယ် … ။ 😥

      အဟီး … တူတို့ကြောတာ ယုံနဲ့နော် …လျှောက်ကြောနေတာ တိယား … ချစ်က တီယောက်ထဲကိုပဲ ခြစ်ချင်တာ .. ဘောပင်လ်ယေးနဲ့ 😀 😀 😀 😀 (ပေါတယ်နော် အဟီး 😛 )

  • နွယ်ပင်

    July 13, 2011 at 12:22 pm

    etone ရေ ခံစားချက်တွေက ကဗျာ ဖြစ်လာတာတဲ့
    ဘယ်တုန်းက ခံစားချက်လဲဟင် ..အရင်ရေးခဲ့ဖူးတဲ့ ကဗျာလား
    ဒါ အခုခံစားချက်တော့ ဟုတ်ဟန်မတူပါဘူးလေ 🙂 😛

  • နီလေး

    July 16, 2011 at 1:32 pm

    မမနွယ်ပင်ကလဲ သိလှချည်လား မနေ့ကရေးတာဆိုတောပ မနေ့ကခံစားချက်ပေါ့

Leave a Reply