Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထူးခြားဖြစ်စဉ်

ဆူးJuly 12, 20111min52820

ထူးခြားဖြစ်စဉ် အနေနဲ့ ပြောပြချင်တာ တခုရှိပါတယ်။

ပုံထဲမှာ မြင်ရတာကတော့ ဗုဒ္ဓဂါယာ မှာ ရှိတဲ့ မဟာဗောဓိစေတီတော် ဖြစ်ပါတယ်။

ဒေါသကြီးတဲ့ ပုဏ္ဏား တယောက်ကို မြတ်စွာဘုရား တရားဟောလိုက်တဲ့ နေရာကို တိုင်စိုက်ထားတာ ရှိပါတယ်။ အဲဒီ တိုင်ရဲ့ အခြေကျောက်ပြား တချပ် ပတ်လည် နေရာက ရာသီဥတု ဘယ်လောက် အေးအေး နွေးနေတယ်။ မရောက်ဘူးသူများ မှတ်သားထားပြီး သွားမဲ့သူများ ဗဟုသုတ အဖြစ်နဲ့ စမ်းသပ်လေ့လာ ကြပါကုန်တော့…

အမှတ်အသား တိုင်လုပ်ထားတဲ့ တိုင်ကို ဓါတ်ပုံ ရှာမရတဲ့ အတွက် အနီးစပ်ဆုံး ပြောပြတာ ဖြစ်ပါတယ်။
လူတိုင်း သိနိုင်မယ် မထင်ပါဘူး။ အဖွဲ့နဲ့ ဘုရားဖူး ထွက်ရင်တော့ ဘုန်းကြီးများ ရှင်းပြပါလိမ့်မယ်။
ဓမ္မ အစွမ်း ရှိနေသေးတဲ့ အမှတ်အသားပါပဲ။

20 comments

  • weiwei

    July 12, 2011 at 10:28 pm

    သတိမထားမိခဲ့ဘူး …. နောက်တစ်ခါထပ်သွားမှပဲ သတိထားကြည့်တော့မယ် …

  • တညင်သား

    July 12, 2011 at 11:02 pm

    အဲဒီတိုင်က စေတီရဲ့ ဘယ်နားလောက်မှာရှိတာလဲဗျ ..ခန်မှန်းခြေလေး ပြောပြနိင်မလား……

  • windtalker

    July 12, 2011 at 11:29 pm

    ဆူး ကို အားကျ သဗျာ ။ နိုင်ငံ ရပ်ခြားထိ ဘုရားဖူးထွက်ဖူးတာကို ပါ

  • shwe ni

    July 13, 2011 at 12:46 am

    မှတ်ထား လိုက်ပြီ ဆူးရေ . တခါလောက်တော့ ရောက်ဖူးမယ်ထင်ပါရဲ့ ။

  • မင်းပြည့်ရှိန်

    July 13, 2011 at 1:08 am

    ဓမ္မ အစွမ်း
    အမယ်မင်း… မမဆူးရယ်.. ပြောရက်လိုက်တာ… ဓမ္မ အစွမ်း ရှိနေသေးတဲ့ အမှတ်အသားပါပဲ တဲ့လေ…
    ဓမ္မ အစွမ်းသည် ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူသည် ဖြစ်စေ… ပွင့်ထွန်းပေါ်ပေါက်တော်မမူသေးသည်ဖြစ်စေ.. ရှိနေသော အရာပင်တည်း…

    အကြောင်းနှင့် အကျိုးတို့၏ သဘောတရားသည် တရားသဘောပင်ဖြစ်လျှက် ဓမ္မ ပင် ဖြစ်သည်…

    သစ္စာလေးပါးတည်းဟူသော တရားတော်မျးာသည် ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်တော်မူလာမှသာ ကြားရ နာရသော တရားတော်များ ဖြစ်သည်… သို့ပါသော်ငြား ဖြစ်စဉ်များသည် နဂိုရှိ… ဖြစ်ပေသည်…

    ဘုရားရှင် တရားတော်များကို ဟောကြားဆုံးမတော်မူသော နေရာများကို အသာထားဘိ…
    ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကပင်…
    ္က္ကဤအပုပ်ကောင်ကြီးကို ဖူးတွေ့ရုံမျှဖြင့် ငါဘုရားအား ဖူးတွေ့သည် မမည်…
    သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား သိမြင်မှသာလျှင် ငါဘုရားကို ဖူးတွေ့သည် မည်၏ လို့ မိန့်ကြားတော်မူခဲ့ပါသည်….

    ကျွန်တော်များတို့က ထူးခြားတာနဲ့ တရားနဲ့ကို ယှဉ်တွဲလိုလေ့ရှိကြပါသည်…
    ထူးခြားမှ …. တရား… လို့ ထင်ကုန်ကြလျှင်ဖြင့်..
    လမ်းမှားသို့ ရောက်ချိမ့်မည်….
    ဥပမာ… ကျိုက်ထီးရိုး စေတီတော်မြတ်ကဲ့သို့သော စေတီတော်မျိုးဆို တန်ခိုးကြီးသည် ဓမ္မများ ကိန်းနေသည်ဟု ထင်တတ်ကြ ယူဆ တတ်ကြကုန်လေသည်…

    သစ္စာလေးပါးကို အသာထား… သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာတရားတို့ကိုပင် မေ့ပျောက်နေကြကုန်သော သူတို့သည်… ထူးခြားဆန်းကြယ်သော အရာများနောက် ကောက်ကောက်ပါအောင်လိုက်လျှက်… ဓမ္မတည်းဟူသော ရတနာကို ပညာနှင့် မမြင်ဘဲ သဒ္ဓါနှင့်သာ မြင်တတ်ကြကုန်လေ၏…

    သို့ပါသောကြောင့်… ထိုထို နေရာများသည် နွေးသည်ဖြစ်စေ… အေးသည် ဖြစ်စေ…. ထူးခြားမှု ရှိသည် ဖြစ်စေ… ထူးခြားမှု မရှိသည် ဖြစ်စေ..
    တရားရှာ ကိုယ်မှာတွေ့ ဟူသည့်အတိုင်း… အနိစ္စ အမြဲမရှိခြင်း… ဒုက္ခ ဆင်းရဲခြင်း… အနတ္တ အစိုးမရခြင်း.. တည်းဟူသော တရားတို့သည်…… ခန္ဓာငါးပါးတွင်သာ ရှာနိုင်.. တွေ့နိုင်… သိနိုင်…ပါလိမ့်မည်….. သို့မှသာ တရား ဓမ္မကို တွေ့နိုင် သိနိုင် ပါလိမ့်မည်….

    သို့မှသာ ဓမ္မအစွမ်းကို သိနိုင် ခံစား နိုင်ပါလိမ့်မည်….. နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်းသည်သာလျှင်… စစ်မှန်သော ဓမ္မအစွမ်းဖြစ်ပါချိမ့်မည်… ဟု သုံးသပ်မိပါသည်..

  • ကြောင်ကြီး

    July 13, 2011 at 9:26 am

    ကဲ သဂျီးရေ ဝမ်းမီလျံဒေါ်လာ ထုတ်ပြီးသွားကြည့်ပေတော့….. အန်တီဆူးက ပေါ်တင်စိန်ခေါ်လိုက်ပြီ…

  • pan pan

    July 13, 2011 at 9:34 am

    ရောက်ဖြစ်တဲ့ကံလေးပါလာရင်တော့ သွားလေ့လာလိုက်ဦးမယ်

  • နွယ်ပင်

    July 13, 2011 at 10:54 am

    အခုလို စေ့စေ့စပ်စပ်လေး တင်ပေးတဲ့ အတွက်ကျေးဇူးပါ ဆူးရေ
    တကယ်လို့ သွားဖြစ်ခဲ့မယ်ဆိုရင်တော့ သတိထားပြီး လေ့လာဖြစ်မှာပါ …

  • moethidasoe

    July 13, 2011 at 11:23 am

    သွားဖြစ်မယ် မထင်ပါဘူး .. ဓါတ်ပုံလေးတွေပဲ ကြည့်ပြီး ကြည်ညိုလိုက်ဦးမယ် .။.
    သာဓု .. သာဓု .. သာဓု

  • True Answer

    July 13, 2011 at 1:28 pm

    ဟုတ်တော့လည်းဟုတ်ပါတယ် ကိုမင်းပြည့်ရှိန်။ ဒါပေမယ့် ကိုမင်းပြည့်ရှိန်လိုသဘောထားမဟုတ်သေးတဲ့ သဂျီးလို ပစ္စုပန် ဖြစ်တည်မှုသာပဓါန လို့ယူ ထား သူတွေအတွက်တော့ ဒီလို ထူးခြားမှုလေးတွေ လိုအပ်နေပါတယ်. ဦးဖိုးကျားဝတ္ထုထဲကလိုပေါ့ သရဏဂုံတည်တာ စိတ်ထဲကဖြစ်ပေမယ့်။ သရဏဂုံတည်ကြောင်း အပ်ချည်ကြိုးလေးချည်ထားပြမှုကလည်း တချို့လူတွေအတွက် တကယ့်ကို လိုအပ်နေပါတယ်။

    • kai

      July 13, 2011 at 2:12 pm

      နေရင်းထိုင်ရင်း … ပစ္စုပန် ဖြစ်တည်မှုသာပဓါန ယူထားတယ်ဖြစ်ရပြန်ပြီ..။
      ဒီထဲ မပြောချင်လို့ကြည့်နေတာ… ။ 🙂

      ပြောရရင်.. ယူအက်စ်မှာတင်.. ကမ္ဘာ့အံ့ဖွယ်သုတတွေအများကြီး..။
      ဆိုက်ယာနိုက်အဆိပ်ရည်ထဲ(မှ) အသက်ရှင်သန်နေထိုင်တဲ့ အကောင်တွေနဲ့..။လူက ချောက်ထဲခုန်ချရင်တောင် အောက်မရောက်ပဲ ပြန်ကန်တက်လာတဲ့နေရာနဲ့..၊ တည့်တည့်ရပ်မရပဲ..တစောင်းကြီးရပ်ရတဲ့ နေရာနဲ့..။ ကျောက်တုံးကြီးတွေအလိုလို ညည.. ထထရွေ ့တဲ့ ကန္တာရနဲ့..။
      ကျိုက်ထီးရိုးစေတီကျောက်တုံးလို ..ပြုတ်ကျခါနီး တည်းလည်း လှုပ်တုတ်တုတ် ကျောက်ဆောင်ကျောက်တုံးတွေနေရာနဲ့…
      ထူးခြားတိုင်းသာ ဓမ္မတန်ခိုးဆိုလို့ကတော့…. အင်း…။
      အိမ်က နံရံတနေရာတောင်.. ဘာမှမလုပ်.. တနေရာထဲကွက်နွေးနေလို့… 🙂

      ဗုဒ္ဓဘာသာအတွက်…. ရင်လေးတယ်…။ 🙁

      • etone

        July 13, 2011 at 4:00 pm

        သဂျီးပြောတာတွေ တကယ်ရှိလို့လား … အားလျှင် ဗဟုသုတရအောင် တင်ပေးပါဦး ။ ထူးဆန်းလွန်းလို့ပါ … ။ အပြောကတော့ … ရွှေမန်း ..ကတော့မှ ချိုမိုင်မိုင်တော့ မလုပ်လောက်ပါဘူးနော် 🙄

      • ဆူး

        July 13, 2011 at 9:27 pm

        သဂျီး ရင်လေးနေတာလား.. ရင်နေရာမှာ ဝန်ပို ချိတ်ထားမိလို့လား.. ဒါဆို ဖြုတ်လိုက်လေ.. အဲဒါကြောင့် မဝေ က ဟိုနေ့က ခွက်ဗလာ နဲ့ လာခဲ့ပါတဲ့.. ဒါဆို ဝန်ပို မရှိတော့ဘူး။

      • nature

        July 13, 2011 at 10:08 pm

        …လူက ချောက်ထဲခုန်ချရင်တောင် အောက်မရောက်ပဲ ပြန်ကန်တက်လာတဲ့နေရာနဲ့..
        အောက်မှာစပရင်ခံထားလို့လား။ သူကြီး၊ အဲဒီနေရာတကယ်ရှိလား ဘယ်မှာလဲ။သိချင်လို့ ။ အောက်မှာစပရင်ခံထားလို့လား။

  • hmee

    July 13, 2011 at 4:03 pm

    ဖူးတော့ ဖူးချင်သား။ အခွင့်ကြုံရင်တော့ တခေါက်လောက် ရောက်စမ်းချင်လှတယ်။

  • bigbird

    July 13, 2011 at 6:56 pm

    ထူးဆန်းတာတွေဆိုလို့ ကြုံဖူးတဲ့ထူးဆန်းတဲ့အကြောင်းတစ်ခုပြောပြချင်ပါတယ်။

    လွန်ခဲ့တဲ့လေးနှစ်လောက်က မြန်မာပြည်ပြန်ပြီး ဘန်ကောက်ပြန်အလာမှာ အလုပ်ရှင်သဌေးက ကိုယ်တိုင်မဲဆောက်ဆင်းသွားပြီး သူ့ကားနဲ့သွားကြိုပါတယ်။
    မဲဆောက်ကအထွက် တောင်တက်တောင်ဆင်းတစ်နေရာမှာ တူးဆန်းတဲ့နေရာတစ်ခုရှိပါတယ်။
    အဲ့ဒီနေရာက ကုန်းအဆင်းနေရာလေးပါ…ကားစက်သတ်၊ ကီယာဖြုတ်ပြီး ဘရိတ်လွတ်လိုက်ရင် ကားက
    အောက်ကို လိမ့်မဆင်းသွားပဲ အပေါ်ကို ပြန်လိမ့်တက်လာတာကို သဌေးဖြစ်သူက ၂ ခေါက်တိတိ လုပ်ပြလို့
    ကိုယ်တိုင်တွေ့ပြီး အံ့ဩ ခဲ့ရတာပါ။

    • ဆူး

      July 13, 2011 at 9:25 pm

      ကုန်းအဆင်းကို စက်သတ်ပြီး ဂီယာ ပြုတ်ထားရင် အောက်မသွားပဲ အထက်ကို အလိုလို ဆန်တက်တဲ့ နေရာ ကိုရီးယားမှာလည်း ရှိတယ်။ ဘာလို့ ဖြစ်လဲတော့ မသိဘူး။ အွန်လိုင်း ဗီဒီယိုဖိုင်တွေ ရှိတယ် တင်ထားတဲ့ လူတွေ ရှိတယ် ရှာကြည့်လိုက် ရှိတယ်။

  • naywoonni

    July 13, 2011 at 8:53 pm

    ဓမ္မ အစွမ်း ရှိသေးလား မရှိဘူးလားတော့မသိဘူး ပုံထဲကလူတွေကတော့ ဗုဒ္ဓဘာသာဝင်တွေ ဟုတ်ပုံမရဘူး

  • mzm

    July 15, 2011 at 12:06 pm

    စေတီရဲ့အနောက်ဖက်ကွမ်းတယာညက်လောက်လျှောက်ရင်ရောက်ပါပြီ

Leave a Reply