Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝါတွင်းကာလ သတ်သတ်လွတ်စားကြမလား …

weiweiJuly 14, 20111min80728

ကျွန်မတို့အမျိုးသမီးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ အဝလွန်ရောဂါတွေ တဖြည်းဖြည်းချင်း ဖြစ်လာကြပါတယ်။ အဆီအစိမ့် အသားငါးတွေ အစားများလာကြတယ်။ ကလေးတွေစားပြီးမကုန်တာတွေကိုလဲ နှမြောပြီး စားကြတယ်။ အိမ်အလုပ်တွေလုပ်ရတာ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်လဲ အိပ်ပျော်ကြပါတယ်။ အဲဒီလိုနဲ့ တစ်နေ့တစ်ခြား ဝလာကြပါတော့တယ် …

အလုပ်မှာ အတူတူလုပ်ကြတဲ့သူတွေက ဒီနှစ်ဝါတွင်းမှာ ကုသိုလ်လည်းရ၊ ပိန်လဲပိန်အောင် သတ်သတ်လွတ်စားကြမယ်လို့ တိုင်ပင်ကြရာက သတ်သတ်လွတ် ဘာဟင်းတွေချက်စားရင် စားလို့လဲအဆင်ပြေ၊ ကျန်းမာရေးအတွက်လဲ ကောင်း၊ အကုန်အကျလဲ ချွေတာရာရောက်မယ့် ဟင်းလျှာတွေက ဘာတွေများဖြစ်မလဲလို့ ပြောဆိုနေကြတာကြားမိတော့ ဆရာ မလုပ်ရ မနေနိုင်တာနဲ့ တစ်လစာ သတ်သတ်လွတ်ဟင်းလျှာကို ဇယားဆွဲပေးလိုက်ပါတော့တယ်။

ပထမပါတ်အတွက်
စနေနေ့ ပဲကြီးနှပ်၊ ခရမ်းချဉ်သီးငပိချက်၊ ကန်စွန်းရွက်ကြော်
တနင်္ဂနွေနေ့ ကုလားပဲနဲ့အာလူးကို မန်ကျီးသီးအချဉ်နဲ့ မဆလာနဲနဲချက်၊
အသားတု ဘလချောင်ကြော်၊ ဟင်းနုနွယ်ရွက်ကြော်
တနင်္လာ အာလူးအချဉ်ဆီပြန်၊ ပဲပင်ပေါက်ပဲပြားကြော်၊ မြင်းခွာရွက်ဟင်းချို
အင်္ဂါ ရွှေဖရုံသီးနှပ်၊ ပန်းဂေါ်ဖီကြော်၊ သရက်ချဉ်သုတ်
ဗုဒ္ဓဟူး ပဲသီးစိမ်းသုတ်၊ မျှစ်ကြော်၊ ပဲနီလေးဟင်းချို
ကြာသပတေး ကြက်ဟင်းခါးသီးနဲ့အာလူးချက်၊ မုန်ညှင်းရွက်ကြော်၊ ပဲဝါလေးဟင်းချို
သောကြာ မှိုကန်စွန်းကြော်၊ ခရမ်းချဉ်သီးသုတ်၊ ဗူးသီးဟင်းခါး
(ပထမပါတ်အတွက် အသားတုဘလချောင်အစပ်ကြော်ကို များများကြော်ထားပြီး လိုအပ်သလို ဖြည့်စွက်စားနိုင်ပါသည်)

ဒုတိယပါတ်အတွက်
စနေနေ့ သီးစုံပဲကုလားဟင်း၊ မြေပဲနှမ်းငရုတ်သီးဘလချောင်ကြော်၊
တနင်္ဂနွေနေ့ မန်ကျီးသီးစိမ်းထောင်းသုတ်၊ ကန်စွန်းရွက်ကြော်၊ ဂေါ်ဖီဟင်းခါး
တနင်္လာ ပြောင်းဖူးကြော်၊ ပဲပြားနှင့်ပဲငါးပိအငံချက်၊ မြင်းခွာရွက်ဟင်းခါး
အင်္ဂါ ပဲကြာဇံနှင့်သီးရွက်စုံကြော်၊ ခရမ်းချဉ်သီးကြက်သွန်နီ သခွားသီးငရုတ်သီးစိမ်းအချဉ်သုတ်၊ ကျောက်ဖရုံသီးဟင်းခါး
ဗုဒ္ဓဟူး ပန်းဂေါ်ဖီကြော်၊ မုန်လာဥနီသုတ်၊ ကုလားပဲဟင်းချို
ကြာသပတေး ပဲစောင်းဝါးသီးသုတ်၊ ပဲပြားအချိုချက်၊
သောကြာ အားလူးချဉ်စပ်၊ ပဲကြီးဆူးပုတ်ဟင်းချို
(ဒုတိယပါတ်အတွက် မြေပဲငရုတ်သီး ဘလချောင်ကြော်ကို များများကြော်ထားပြီး လိုအပ်သလို ဖြည့်စွက်စားနိုင်ပါသည်)

တတိယပါတ်အတွက်
စနေနေ့ သီးရွက်စုံဖြင့် သတ်သတ်လွတ် ထမင်းပေါင်း၊ ကြက်သွန်အချဉ်၊ ပိန်းဥနှင့်
ဒန့်ဒလွန်ရွက်ဟင်းရည်
တနင်္ဂနွေနေ့ ပဲပုတ် ဂျူးမြှစ် မြေပဲ ဘလချောင်အစပ်ကြော်၊ ပဲဝါလေးနှင့်ကြာဇံဟင်းရည်၊ ကိုက်လန်ကြော်
တနင်္လာနေ့ ခရမ်းသီးနှပ်၊ ဂေါ်ဖီကြော်၊ မြင်းခွာရွက်ဟင်းချို
အင်္ဂါ ကြွက်နားရွက်မှိုခြောက်သုတ်၊ ပဲပင်ပေါက်ဟင်းခါး၊ အားလူးနှပ်
ဗုဒ္ဓဟူး ပဲပြားကြော်သုတ်၊ အာလူးကတ်သလိပ်ကြော်
ကြာသပတေး အသားတုသုတ်၊ မုန်ညင်းဖြူကြော်၊ စွန်တန်ဟင်းရည်
သောကြာ ရှမ်းပဲပုတ်ထောင်းပြီး ခရမ်းချဉ်သီးနှင့် အစပ်ချက်၊ အာလူးအကြွပ်ကြော်၊ ပဲနီလေးဟင်းရည်
(တတိယပါတ်အတွက် ရှမ်းပဲပုတ် ဂျူးမြှစ် မြေပဲ ဘလချောင်အစပ်ကြော်ကို များများကြော်ထားပြီး လိုအပ်သလို ဖြည့်စွက်စားနိုင်ပါသည်)

စတုတ္ထပါတ်အတွက်
စနေ အကြော်စုံ (ဗူးသီး၊ ဂေါ်ရခါး၊ ခရမ်းသီး၊ အာလူး၊ ကြက်သွန်၊ တို့ဖူး)
မန်ကျီးသီးအချဉ်ရည်
တနင်္ဂနွေ တို့ဖူး ခရမ်းချဉ်သီး ဆီပြန်ချက်၊ ထိုင်ဝမ်မုန်ညင်းကြော်၊
အာလူးအကြွပ်နဲ့ငရုတ်သီးအစပ်အခြောက်ကြော်
တနင်္လာ ပဲလိပ်အချောင်းဆီပြန်၊ ဝဥ သုတ်၊ ဂေါ်ဖီဟင်းခါး
အင်္ဂါ ပဲပြားချဉ်စပ်၊ ဘေဘီကွန်းနှင့်မှိုကြော်၊
ဗုဒ္ဓဟူး အာလူးမဆလာကြော်၊ မှိုဖြူနှင့်ငရုတ်ပွကြော်၊ ကျောက်ဖရုံသီးဟင်းခါး
ကြာသပတေး အာလူးနှင့်မျောက်ခေါင်းမှိုခြောက်ဆီပြန်၊ ဟင်းနုနွယ်ရွက်နဲ့ဆူးပုတ်ရွက်ဟင်းရည်၊
ချဉ်ဖတ်စုံ တို့စရာ
သောကြာ ပဲပြားအစာသွတ်၊ ခရမ်းသီး အာလူးနဲ့ ပဲသီး အချိုကြော်၊ မြင်းခွာရွက်ဟင်းခါး
(စတုတ္ထပါတ်အတွက် အာလူးအကြွပ်နဲ့ငရုတ်သီးအစပ်အခြောက်ကြော်ကို များများကြော်ထားပြီး လိုအပ်သလို ဖြည့်စွက်စားနိုင်ပါသည်။)

ထူးခြားပြီး လွယ်ကူတဲ့ သတ်သတ်လွတ် ဟင်းလျာများ ချက်စားဖြစ်တဲ့အခါ easy cook အနေနဲ့ တင်ပေးပါအုန်းမယ် …
အခုတော့ ဟင်းအမည်တွေပဲ စဉ်းစားပြီး ရေးပေးလိုက်ပါတယ် …

28 comments

  • weRone

    July 14, 2011 at 11:02 am

    ကျေးဇူးတင်ပါတယ်။ ဝါတွင်းကာလာ မှာ အသီးအရွက် စားရင်း ဝိတ်ချ လိုက်မယ်… 😀

  • kai

    July 14, 2011 at 11:23 am

    ၄ပါတ်စလုံး အစပ်ပါတာချည်းပဲ..။
    ဟင်းသီးရွက်အစပ်တွေပေါ့…။

    ဘိုတွေများ အဲဒီ ဗက်ဂျီတေးရီးယန်းစာတွေပြောပြလိုက်ရင်..လေသံနဲ့တင် လျှာတန်းလန်းထွက်လာမယ်..။ 🙂

  • ကြောင်ကြီး

    July 14, 2011 at 11:25 am

    ကြောင်ကြီးတို့ သက်သတ်လွတ်စားတုန်းကများ သီလ သမာဓိအစွမ်းကြောင့်ထင်ရဲ့ နေ့တိုင်း နတ်သုဒ္ဓါစားရလို့ ဒါမျိုးတွေ မလွမ်းခဲ့ပေါင်ဗျာ… 😀

  • နွယ်ပင်

    July 14, 2011 at 11:33 am

    ဝါဝါတွင်းမှာ သတ်သတ်လွတ်စားချင်တာနဲ့ အတော်ပဲ မဝေရေ
    (3)လ လုံး မစားနိုင်ရင်တောင် မွေးနေ့နဲ့ ဥပုသ်နေ့လောက်တော့ စားဖြစ်အောင်ကြိုးစာမလို့
    အခုတော့ သတ်သတ်လွတ် ဟင်းအစီစဉ်ဇယားလေး ကူးသွားပြီ ကျေးဇူးပါ …..

  • Yan Shin

    July 14, 2011 at 11:38 am

    ဝေဝေ ရေ
    လပေးနဲ့ဆို ဘယ်လောက်လဲ။
    ဂျိုင့်နဲ့ကော အိမ်တိုင်ယာရောက်ပို့လား။
    ကိုပေါက် နဲ့ သူကြီး အတွက်မှာခြင်လိုပါ။

    ဒါနဲ့
    ဆိုင်က ဘယ်နားမှာ ဘယ်တော့ဖွင့်မှာလဲ
    အီတုန်းတို့ မိုးသီတာစိုးတို့ မမ တို့ တစ်တွေနဲ့ လာအားပေးအုံးမယ်…

  • weiwei

    July 14, 2011 at 11:45 am

    ဖားအောက်တောရမှာ ကျွေးလေ့ရှိတဲ့ ဟင်းနဲ့ အိမ်မှာချက်လေ့ရှိတဲ့ဟင်းတွေကိုပေါင်းပြီး တစ်ထိုင်ထဲ ဟင်းစပ်ပေးလိုက်တာဆိုတော့ အဆင်မပြေတာတွေလည်း ရှိနိုင်ပါတယ် …

    ဘာရယ်မဟုတ် ဟင်းစပ်ကြည့်လိုက်တော့ သတ်သတ်လွတ်စားလဲ ချက်စရာဟင်းအမယ်တွေပေါတာ သိသွားတာပေါ့ …

    ဆိုင်ကတော့ ရွာထဲမှာပဲ ဖွင့်ပါ့မယ် … အွန်လိုင်းကနေမှာပြီး အင်တာနက်နဲ့ ပို့တဲ့စနစ်လုပ်ထားပါတယ် … 😛

  • moethidasoe

    July 14, 2011 at 12:07 pm

    ဝေဝေက အချက်အပြုတ် သိပ် ဝါသနာပါတယ်ထင်တယ် ..
    အစားမှာ သက်သတ်လွတ်ပြီးရင် .. အလုပ်မှာ အပြစ်ကင်းအောင် နေသွားကြစို့

  • etone

    July 14, 2011 at 12:58 pm

    မဝေရေ …သတ်သတ်လွတ်စားတဲ့အခါ ခေါင်းမရှုပ်အောင် ရေးပေးထားလို့ ကျေးဇူးတင်ပါရဲ့ … ။
    မနက်တိုင်း အိပ်ယာထ နောက်ကျလို့ အပြေးလေ့ကျင့်နေရတဲ့ etone တစ်ယောက် … အသီးရွက်တွေ မနက်ပိုင်း ထကြော်ဖို့က ….အလွန် ့ အလွန် ခက်ခဲတယ်လေ… ။ ကြာကြာခံတဲ့ အသားငါးတွေ ညကတည်းကချက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတယ် 🙁

  • MaMa

    July 14, 2011 at 2:39 pm

    ဝေဝေ ရေးမှပဲ သတိရပြီ။ ဝါတွင်းအတွက် သတ်သတ်လွတ်ဟင်း စဉ်းစားမိတာလေး ချက်နည်း တင်လိုက်ဦးမယ်။
    🙂

  • hmee

    July 14, 2011 at 3:52 pm

    မှန်လိုက်တာ မဝေရယ်။ အဆီအဆိမ့်တော့ ဒီလောက် စားတယ်လည်းမဟုတ်ရပါဘူး။ ကလေးမစားလို့ နှမျှောတာနဲ့စား၊ အလုပ်ပင်ပန်းလို့ ခေါင်းအုံးပေါ်ခေါင်းချ တရေးပဲ မိုးအလင်းလေ။ တနေ့တခြား လေထိုးလို့ ဝလာသလိုတောင် ထင်ရတယ်။ အသက်လွတ်တော့ စားချင်သား ပိန်လည်းပိန်ချင်တာကိုး။ ဒါပေမဲ့ အသီးအရွက်က ဈေးကြီး၊ စားမယ်စဉ်းစားရင်တောင် ဂေါ်ဖီ တမျိုးတည်းပဲ လွေးစရာရှိလို့ စိတ်လျှော့လိုက်ပါပြီ။

  • zaw min

    July 14, 2011 at 4:00 pm

    သတ်သတ်လွတ်တော့စားမယ်။ဒါပေမယ့် ဂျပန်ကလာတဲ့ အသားတုဆိုရင်တော့ လုံးဝလုံးဝမစားဘူး…အခုတောင် အနီရောင်ပါတဲ့အသားတုဆိုရင်မစားရဲတော့ဘူး၊ကိုယ့်ဘာသာကိုယ်ပြန်ပြီးသတိရနေလို့….

  • ဆူး

    July 14, 2011 at 9:28 pm

    သတ်သတ်လွတ် စားရင်တော့ ပဲငပိချက်.. ပဲငပိ နဲ့ မြေပဲ အမှုန့် ဆတူ ရောပြီး ငရုတ်သီးနဲ့ ဆီသတ်ပြီး ချက်ထားတာ.. ထမင်းလေးနဲ့ စားလိုက်ရင် မြိန်မြိန်လေး.. မြေပဲ အရသာပါတော့ ဆိမ့်တယ်.. ငရုတ်သီးက စပ်စပ်နဲ့.. အဆင်ပြေတယ်။
    နောက်တခုကတော့ ဗီတာမင်တွေ အများကြီးပါတဲ့ ပြည်တွင်းဖြစ် နာမည်ကျော် ပုန်းရည်ကြီးပါပဲ.. အဆိမ့်ကို ဝယ်ပြီး ချက်ထား တနေ့နည်းနည်း ထမင်းနဲ့ နယ်ဖတ်ပြီး စား ကောင်းမှကောင်း.. ဘာမှတောင် မလိုဘူး..
    အရွက်တမျိုးမျိုးကြော် လိုက်ရင် ထမင်းပွဲလေး စည်ကားသွားပြီ။

  • weiwei

    July 14, 2011 at 9:50 pm

    ဆူးပြောမှ ပုန်းရည်ကြီးကို သတိရတယ် … အိမ်မှာစားနေကျမဟုတ်လို့ ထည့်ဖို့ မေ့သွားတယ် ….

  • True Answer

    July 15, 2011 at 9:05 am

    easy cook အနေနဲ့ တင်မှာကို …စောင့်မျှော်နေမယ်နော် း)

  • maungmoenyo

    July 15, 2011 at 9:43 am

    သက်သတ်လွတ်ဆိုရင်ပိုမှန်လိမ့်မယ်ထင်ပါတယ်။

  • aungnng87

    July 16, 2011 at 12:00 pm

    သတ်သတ်လွတ်ချက်နည်းလေးပါတင်ပေးပါလားကွယ်။အချိုုု.ဟင်းတွေကသတ်သတ်လွတ်ချက်ရင်အရသာရှိပါ့မလားလို.။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 16, 2011 at 12:55 pm

    အံဖွယ်မ ရှိပေစွ
    ဖြစ်ဘူးဓမ္မတာ ဖြစ်ပေစွ
    ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်၏ သာသနာတော်တွင်းဝယ်
    ဝါဆိုခြင်းကာလကို ဥပုတ်ရက်ဟုမှတ်ယူကြသော်လည်း
    သတ်သတ်လွတ်စားခြင်းသည် ကုသိုလ်ရ၏ ဟူသော
    ထို မြတ်စွာဘုရားရှင်တော်မြတ် လုံးဝဥဿုံ ဟောကြားတော် မမူခဲ့သော
    အမူကျင့်ကို ပြုကျင့်ကြကုန်၏တကား
    ………………………..
    ………………………..
    မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် – ၅ – စူဠယမကဝဂ် – ၅ – စူဠဓမ္မသမာဒါနသုတ်
    ၄၇၀။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲ ကျိုးရှိသည့်
    တရား ဆောက်တည်ခြင်းသည် အဘယ်နည်း။
    ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အဝတ် မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာ ကျင့်၏၊
    လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင် လာလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင် ရပ်လော့ ဆိုသူ၏
    ဆွမ်းကို မခံ၊ မိမိ မကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊
    ပင့်ဖိတ်ဆွမ်းကို မခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တောင်းဝမှ (ကော်၍ လောင်းသော)
    ဆွမ်းကို မခံ၊ တံခါးခုံ ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊
    ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ နှစ်ယောက်စား နေစဉ် ထ၍ (လောင်းသော) ဆွမ်းကို
    မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ လောင်းသော ဆွမ်းကို မခံ၊ နို့တိုက်ဆဲမိန်းမ လောင်းသော ဆွမ်းကို မခံ၊
    ယောကျာ်းနှင့် နှီးနှောနေသော မိန်းမလောင်သော ဆွမ်းကို မခံ၊ ဆော်အော စုဆောင်း၍ လောင်းသော
    ဆွမ်းတို့ကို မခံ၊ ခွေးမျှော်ရာမှ ဆွမ်းကို မခံ၊ ယင်အုံရာမှ ဆွမ်းကို မခံ၊ ငါးမစား၊ အမဲမစား၊
    သေမသောက် အရက် မသောက်၊ ဖွဲ၌ မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်
    လုတ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်
    သာ စား၏၊ ဆွမ်းလောင်း ခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်း ခွက်ငယ် နှစ်ခုစာဖြင့်
    လည်း ရောင့်ရဲ၏။ပ။ ဆွမ်းလောင်း ခွက်ငယ် ခုနစ်ခုစာတို့ဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း
    အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏။ ဤနည်းဖြင့် လခွဲ
    တစ်ကြိမ် တိုင်အောင်လည်း ဤသို့ သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက်
    နေ၏။
    ထိုသူသည် ဟင်းရွက်ကို သော်လည်း စားနေ၏၊ ပြောင်းဆန်ကို သော်လည်း စားနေ၏၊ ကျိတ်သီး
    ဆန်ကို သော်လည်း စားနေ၏၊ သားရေဖတ် အစအနကိုလည်း စားနေ၏၊ မှော်ကို သော်လည်း စားနေ
    ၏၊ ဖွဲနုကို သော်လည်း စားနေ၏၊ ထမင်းရည်ကို သော်လည်း သောက်နေ၏၊ နှမ်းမှုန့်ညက်ကို
    သော်လည်း စားနေ၏၊ မြက်ကို သော်လည်း စားနေ၏၊ နွားချေကို သော်လည်း စားနေ၏၊ တောသစ်မြစ်
    သစ်သီးကို စားလျက် မျှတ၏၊ ေြွကကျသော သစ်သီးကို စားလျက် မျှတ၏။
    ထိုသူသည် ပိုက်ဆံ လျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှော ရက်သော အဝတ်
    တို့ကိုလည်း ဝတ်၏၊ လူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူ အဝတ်တို့ကိုလည်း ဝတ်၏၊
    သစ်ခေါက် အဝတ်တို့ကို သော်လည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင် အဝတ်ကို
    လည်း ဝတ်၏၊ သမန်းမြက် အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေ အဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်
    အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည် ကမ္ဗလာ အဝတ်ကိုလည်း ဝတ်၏၊ သားမြီး ကမ္ဗလာကိုလည်း ဝတ်၏၊
    ခင်ပုတ်ငှက်တောင် အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ် ဆိတ်နုတ်ခြင်း
    အမှုကို အားထုတ်၏၊ ထိုင်ရန် နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏။ ဆောင့်ကြောင့် ထိုင်နေ၏၊
    ဆောင့်ကြောင့် ထိုင်နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူး အခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်
    ၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်း အမှုကို အားထုတ် နေ၏၊ ဤသို့လျှင်
    ဤသို့ သဘောရှိသည့် များပြားသော ကိုယ်ကို လွန်မင်းစွာ ပူပန်စေသော အကျင့်ကို မပြတ်
    အားထုတ်လျက် နေ၏။
    ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော သူတို့
    လားရာ့ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်
    အခါ၌လည်း ဆင်းရဲ ကျိုးရှိသည့် တရား ဆောက်တည်ခြင်း ဟု ဆိုရ၏။

  • naynaykyaw

    July 16, 2011 at 6:17 pm

    အစ်မရေကျေးဇူးပါပဲ အစ်မလဲကုသိုလ်တွေအများကြီးရမှာပဲ

  • parlayar46

    July 16, 2011 at 11:32 pm

    မိရိုးဖလာဗုဒ္ဓဘာသာလို့ပြောရမယ့် မြန်မာလူမျိုး(မြန်မာနိုင်ငံသားအားလုံး) ဗုဒ္ဓဘာသာဝင်အများစုဟာ သက်သတ်လွတ်စားတာကို ကုသိုလ်ကောင်းမှု့တခုပမာ မှတ်ယူထားကြပါတယ်။
    ကျုပ်အထင်တော့ အဲဒါ မဟာယာန မြောက်ပိုင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူအဆ ဝင်ရောနေတာ ဒါမှမဟုတ် ဟိန္ဒူဝါဒက အယူအဆတချို့ ဝင်ရောနေတာ ဖြစ်ပါလိမ့်မယ်။
    ထေရဝါဒဗုဒ္ဓဘာသာမှာတော့ သက်သတ်လွတ်စားတာ ကုသိုလ်ရတယ်လို့ မဆိုပါဘူး။ ပုညကိရိယာဆယ်ပါးမှာ သက်သတ်လွတ်စားတာ မပါဘူး။
    သို့သော် …. အခြေအနေ အချိန်အခါအလိုက် သက်သတ်လွတ်စားတာ အကုသိုလ်အဖြစ်နည်းတဲ့ အကုသိုလ်ဖြစ်မှာကို ရှောင်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။
    ဥပမာ ပံ့သူကူ(သူများသတ်ပြီးသား)အသားငါးကို ဝယ်ဘို့မလွယ်တဲ့ တောနယ်တွေမှာဆိုရင် ငါးဆို ကိုယ်တိုင်ဖမ်းပြီးထုရတာ၊ ဖါးဆို ကိုယ်တိုင်ရိုက်ရတာ၊ ကြက် ဘဲ ဆို ကိုယ်တိုင်သတ်ပြီး ချက်ရတာမဟုတ်လား။ အဲဒီအခြေအနေမှာတော့ သက်သတ်လွတ်စားခြင်းဖြင့် ဆိုင်ရာ ပါဏာတိပါတ စတဲ့ သီလပျက်မှု့ အကုသိုလ်တွေ ရှောင်ပြီးသားဖြစ်တာပေါ့။
    ဘဲဥကြက်ဥဆို ဘယ်မှာဖြစ်ဖြစ် ကိုယ်စားဘို့ ကိုယ်ပြုပြင်ရတာပဲ ။ သက်သတ်လွတ်စားလိုက်တော့ အဲဒါမလုပ်ရတော့ဘူးပေါ့။ အဲဒီအကုသိုလ်ကင်းသွားတာပေါ့။
    တောမှာ အလှူတွေလုပ်ရင် အများစားဘို့ ကိုယ်တိုင်မသတ်ရင်တောင်မှ အော်ဒါပေးရတယ်။ ကြိုမှာရတယ် ။ အဲဒါကိုယ်တိုင်မသတ်ပေမယ့် သူများကိုသတ်ခိုင်းတဲ့သဘောပါပဲ။ အဲဒီအလှူတွေက ကပ်တဲ့ဆွမ်းစားရင် ဘုန်းကြီးတွေ အာပတ်သင့်တော့တာပဲ။ ဘုန်းကြီးတွေက ကိုယ့်ကိုလှူဘို့ သတ်တာလို့ ကိုယ်တိုင်မြင်တဲ့၊ ကြားတဲ့၊ ဒါမှမဟုတ် သံသယရှိတဲ့ အသားဆို မစားကောင်းဘူးလေ။ ဒါကြောင့် အလှူကြီးတွေ တောမှာပေးရင် သက်သတ်လွတ်ကျွေးတာ အပြစ်အကင်းဆုံးပါပဲ။ ခက်တာက လူကဲ့ရဲ့မခံနိုင်တာကြောင့် ဘယ်တောအလှူမှ သက်သတ်လွတ်ကျွေးတယ်လို့ မတွေ့ဖူးဘူး။ ဒီနေရာမှာ ငါးပိ ငါးခြောက် ငံပြာရည် အသားခြောက် ဝက်အူချောင်း စတာတွေဟာ သက်သတ်လွတ်မဟုတ်ပေမယ့် အကုသိုလ်ဖြစ်စရာ မရှိပါဘူး။ အညာဒေသက ငါးခြောက်ထိုးနဲ့ ပဲဟင်းချိုနဲ့ ကျွေးတဲ့အလှူမျိုး ကျုပ်တော့ သိပ်သဘောကျတာပဲ။
    သက်သတ်လွတ်စားတာရဲ့ အခြားကောင်းကျိုးတွေလဲ ရှိသေးတယ်။
    ကိုယ်နံ့ ခံတွင်းနံ့ကောင်းတာ။ ကျန်းမာတာ။ တင်းတိမ်လွယ်တဲ့အကျင့်ကိုရတာ။ ဘီလူး ပြိတ္တာ တို့ မနှောက်ယှက်တာ။ မေတ္တာဈန်ဝင်စားရင် ရလွယ်တာ။ တောအရပ် သင်္ချိုင်းအရပ် တို့မှာ တရားကျင့်နိုင်တာ။ စသည်စသည်ပေါ့။
    သက်သတ်လွတ်စားတာရဲ့ မကောင်းတဲ့အချက်တွေလည်း မနည်းဘူး။ အဓိက က အမိုင်နိုအက်စစ်(ပရိုတင်း) ချို့တဲ့နိုင်တာ။ သက်သတ်လွတ်စားတာများသွားရင် အသားငါးနံ့မခံနိုင်တော့လို့ အစားအသောက်အတွက် ကြောင့်ကျများတာ။ သူများက လုပ်ကျွေးရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရဟန်းတော်တွေမှာ အသက်မွေးမှု့မလွယ်ကူတော့တာ။ ကုသိုလ်ဖြစ်တဲ့အကျင့်မဟုတ်ပါပဲ ဟုတ်သယောင် မာနဖြစ်စေတာ။ စသည်စသည်ပေါ့။
    ကျုပ်ကတော့ လက်ရှိမှာအကုန်စားတယ်။
    သို့သော် ….. အကယ်၍ ရလွယ်ရင် ၊ လုပ်ပေးမယ့်လူရှိရင် သားစိမ်းငါးစိမ်းကို ရှောင်ချင်ပါတယ်။ သက်သတ်လွတ်တော့ စားလို့မကောင်းရင် မစားချင်ပါဘူး။

    လမ်းကြုံလို့ ကြော်ငြာဝင်ဦးမယ်။ အမရပူရမြို့(မန္တလေးတောင်ဘက်က တောင်မြို့လို့ခေါ်တဲ့မြို့ကလေး) မှာရှိတဲ့ တောင်သမန်အင်းစောင်းက ရှေးဟောင်းတရုတ်ငါးပါးသီလကျောင်းက သက်သတ်လွတ်ဟင်းတွေရဲ့ အရသာမျိုးသာ စားရရင်တော့ တသက်လုံး သက်သတ်လွတ်စားမယ်။

  • ဆူး

    July 16, 2011 at 11:41 pm

    တရုတ်သတ်သတ်လွတ်ဆို ကဇွန်းရွက် မပါဘူး.. လေဥ လို့ ခေါ်တဲ့ ကြက်ဥဘဲဥ တွင်တွင်သုံးတယ်။
    သတ်သတ်လွတ် ဟင်းပွဲတွေ လာချရင်တော့ ငါးအကောင်လိုက် ဝက်အကောင်လိုက်.. လက်ရာတွေက သေသပ်လိုက်တာမှ ပြောမနေနဲ့.. အသားအပေါ် တပ်မက်စိတ်ပျောက်အောင် သတ်သတ်လွတ်စားသလား အောက်မေ့တယ် တရုတ်သတ်သတ်လွတ် စားရင် အသားလိုလို ဘာလိုလိုနဲ့ တွယ်နေကြတာ..
    တရုတ်သတ်သတ်လွတ် ဝက်အူမကြီး တွေလည်း ရောင်းတယ်။ တော်တော် များများက ဂျုံနဲ့ ကြက်ဥ နဲ့ လုပ်ကြတာ.. အဲဒါကြောင့် အရသာ ရှိကြတာ..

  • ကြောင်ကြီး

    July 17, 2011 at 12:12 am

    မန်းပြီးသားပို့စ်မိုလို့ မမန်းတော့ဘူးလို့နေပေမယ့် ဦးပါလေရာမန်းထားတာကို ဖတ်ပြီးထပ်မန်းလိုက်အုံးမယ်။ (မန်းပြီးသားဖြစ်လို့ ပွိုင့်ထပ်ရမှာမဟုတ်တော့ဘူးလေ၊ အန်တီဝေသာ နေရင်းထိုင်ရင်း သပိတ်ဝင်အိတ်ဝင်ဖြစ်မှာ 👿 )
    ကျနော် သက်သတ်လွတ်နှစ်ပေါက်စား၊ ဥပုဒ်လရှည်လများ ဝင်ခဲ့လို့ရတဲ့ လက်ငင်းအကျိုး တခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ဆာတဲ့ဒဏ်ခံနိုင်သွားတယ်။ ဥပမာ – အရင်ကဆို ညအိပ်ယာဝင်ခါနီး ဆာနေရင် တခုခုစားပစ်လိုက်တယ်။ စားချင်စိတ်မရှိလဲ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ပြီးစားတယ်။ အခုတော့ ဘယ်အချိန်မဆိုဆာလဲ ကိုယ်ကထိုက်သင့်သလောက် စားပြီးထားရင် ဆာနေတာကို မစိုးရိမ်တော့ဘူး။ အကျင့်ဖြစ်သွားတော့ ဘော်ဒီဝိတ်လည်း ထိန်းပြီးသားဖြစ်တယ်၊ ကရိကထလဲ မများတော့ဘူး။ အရင်ကထက် အဆီအဆိမ့် အငံအစပ်တွေလဲ သက်သတ်လွတ်ကျေးဇူးကြောင့် အသားပြန်စားတော့လဲ အများကြီးလျော့သွားတယ်။
    ဦးပါလေရာပြောတဲ့ တောနယ်တွေမှာ အလှူလုပ်ရင် သူတပါးအသက်ကို သတ်ဖြတ်ပြီးမှလုပ်တာ တော်တော်ဆိုးတယ်။ ဒါမျိုးကြတော့ သဂျီးက ရေငုံပိတ်နှုတ်ဆိတ်နေတယ်။ တကယ်ဆို ဗုဒ္ဓဘုရားဟော ဘယ်အကြောင်းနဲ့မှ သူတပါးအသက်မသတ်ရလို့ အတိအလင်းပြောထားတယ်။ ဗုဒ္ဓဘာသာဝင်အမည်ခံ ဘုရားကိုရည်စူးအလှူလုပ်ပြီး ဘုရားဟောကို ကိုယ်အဓိပ္ပါယ်ဖွင့်ချင်သလိုဖွင့်ကြလို့ ဆင်းရဲဒုက္ခရောက် အောက်ကျနောက်ကျဖြစ်နေတာကို ရှေးရိုးဆန်လို့ဖြစ်တာ ဘာညာသာတကာလုပ်နေတယ်။ လုံးဝ ကန့်ကွက်ပါတယ် 😡

  • kai

    July 17, 2011 at 4:48 am

    မြန်မာထေရဝါဒရဲ့ ကိုးကွယ်ရာကျမ်းတဆူဖြစ်တဲ့… အဌကထာကျေမ်းတွက..တောင်ပိုင်းအိန္ဒိယ..သီဟိုဌ်ဖက်ကဖြစ်တာမို ့… အဲဒီဖက်က ..ဟိန္ဒူတွေ ဗက်ဂျီတေးရီးယန်းတွေများတာမို ့… အဲဒီကနေ ကော်ပီကက်လုပ်တယ်ထင်တာပါပဲ..။
    ( တောင်ပိုင်းအိနိ္ဒယသားတွေ..နို့ထွက်ပစ္စည်းတွေ တော့စားလို့ရပါတယ်..)
    ကြားထဲက.. မြန်မာနတ်တွေရဲ့ အကြီးအကဲတန်းဝင်.. ဗျဝိဗျတတို့က..မွတ်စလင်တွေဖြစ်တာမို ့..နတ်ကိုးကွယ်သူတွေက..ဝက်သားရှောင်..။

    မြန်မာလယ်သမားတွေကို ငွေချေးပေးတဲ့.. ချစ်တီးတွေက.. ဟိန္ဒူတွေဖြစ်တာမို ့… နွားအသားရှောင်နဲ့.. မြန်မာတွေ… ကြောက်ရတာတွေများပြီး..အားလုံး… လွတ်လွတ်ကင်းကင်းဖြစ်အောင်… သက်သတ်လွတ် လုပ်ချလိုက်တယ်လည်း တွေးမိပါတယ်..။

    တကယ်တော့… သက်သတ်က လွတ်လို့ကို မရပါဘူး..။
    လေထဲ..ခန္တာကိုယ်ထဲ.. အသက်ရှိတာတွေ.. မရေမတွက်နိုင်အောင်ရှိတာမို ့… သက်သတ်လွတ်စားဖို့ မဖြစ်နိုင်ပါဘူး…။

    ဆိုတော့…
    စကားလုံးတွေနဲ့.. ရှုပ်ထွေးစေတဲ့ ဒီစာလုံး.(သက်သတ်လွတ်အစား).ဆူးမမပြောသလို… “သတ်သတ်လွတ်” လို့ပြင်မလား.။ “ဟင်းသီးရွက်စား” ပြင်မလား..။ ကမ္ဘာကသုံးတဲ့အသုံး “ဗက်ဂျီတေးရီးယန်း” ပြင်မလား တွေးစရာပါ…။

    ဗုဒ္ဓဘုရားဟောတဲ့… ဘယ်အကြောင်းနဲ့မှ သူတပါးအသက်မသတ်ရဆိုတာမှာ.. လူအသက်ကိုပြောတာဖြစ်ပါတယ်..။
    အသက်ကိုသတ်ခြင်းမည်ရာမှာလည်း…ပါဏာတိပါတကံမကျူးလွန်ရအောင်စည်း စောင့်ခြင်းအတွက်.. ဘောင်ဝင်ရမဲ့ အချက်တွေလည်း အတိအကျပေးပါတယ်..။
    အကောင်ဘလောင် တိရိစ္ဆာန်အသက်တွေကတော့. .ဂေါတမဘုရားလက်ထက်မှာ..ရဟန်းတပါးက..စင်္ကြန်လျှောက်ရင်းတက်နင်းမိပြီး သေကြတာမျိုးကိုတောင်… အပြစ်မရှိပြောဖူးပြီး.. ဝိနည်းမှာလည်း.. အကောင်ဘလောင်အသက်သတ်မိရင်.. အာပတ်ဖြေလို့ရပြီး.. သစ်ကိုင်းချိုးမိတာနဲ့ ..အကောင်ဘလောင်အသက်သတ်တာ..အာပါတ်ဖြေတန်း.. တတန်းထဲထားခဲ့တာမို ့… ဘုရားရဲ့ တိရိစ္ဆာန်အသက်တွေအပေါ်ထားတဲ့… သဘောကို တွေးကြည့်ကြဖို့ပါပဲ..။

    ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
    (၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊
    (၂) ပါဏသညိတ-သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊
    (၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
    (၄) ဥပက္ကမ-လုံ့လဉပခြင်း၊
    (၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

    • ကြောင်ကြီး

      July 17, 2011 at 9:43 am

      သဂျီးရေ အဟိတ်တိရစာ္ဆန်မှာလည်း အသွေးနဲ့ကိုယ် အသားနဲ့ကိုယ် ခံစားချက်နဲ့ပါဗျာ။ လုံးလုံးလျားလျား ခံစားချက်မဲ့ နလဗိန်းတုံးမဟုတ်ပါဘူး။ လူထုအသံမီဒီယာဆိုက်မှာ ငါးတကောင်က ခုံးခွံကို ကျောက်တုံးနဲ့ရိုက်ခွဲပြီး စားသောက်နေပုံကို မှတ်တမ်းတင်ထားတဲ့ သတင်းတပုဒ်တွေ့လို့ သဂျီးအမြင်မှန်ရအောင် တင်ပေးလိုက်တယ်။ သူတို့စာလုံးက ဇော်ဂျီဖောင့်မဟုတ်လို့ လင့်ခ်ကိုသာ ရည်ညွှန်းပေးလိုက်ပါတယ်။
      http://www.peoplemediavoice.net/tech-news/caught-in-the-act-diver-takes-first-ever-photos-of-a-wild-fish-using-a-tool.html

    • ဆူး

      July 17, 2011 at 3:25 pm

      သဂျီးနော်.. ဆူး ပြောခဲ့တာ.. သတ်သတ်လွတ်နဲ့ မေတ္တာတရား စတဲ့ အကြောင်းတွေပဲ ပြောဖူးတာပါ.. သတ်သတ်လွတ်နဲ့ ဘာသာရေး လိုင်းမပူးအောင် ပြောတဲ့ သဘောပါ..
      တခြား ကိစ္စ မပါဘူးနော်။
      ပဏာတိပါတာ ကိစ္စ မိုးပြာ ပြောတာ ဆူး ပြောတာ မဟုတ်ဘူး။

  • weiwei

    July 17, 2011 at 9:45 am

    ဒီပို့စ်မှာက ဟင်းလျှာအမျိုးအမည်တွေ တွဲစပ်ပေးထားတဲ့ စေတနာသက်သက်ဖြစ်ပါတယ် …
    ဘာဝါဒမှလဲမဟုတ်ဘူး … အယူလည်းမသီးဘူး …
    ဝါတွင်းသုံးလမှာ သတ်သတ်လွတ်စားတဲ့ မိတ်ဆွေသူငယ်ချင်းတွေများလို့ အပျော်တန်းဟင်းစပ်ပေးရင်း ရွာထဲကမိတ်ဆွေတွေကိုလည်း မျှဝေပေးရုံသက်သက်ပါပဲ …

    သက်သတ်လွတ်စားတာ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး … တခြားဘာသာဝင်တွေလဲ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ့်အစွဲနဲ့ကိုယ် အသီးအရွက်ပဲစားသူတွေ တွေ့ဖူးပါတယ် … ဘာနဲ့ပဲစားစား ကိုယ့်စိတ်ကိုယ် လုံခြုံဖို့နဲ့ စိတ်ကျေနပ်မှုရဖို့ အရေးကြီးပါတယ် …

    • ကြောင်ကြီး

      July 17, 2011 at 11:41 am

      အဲဒါပဲကြည့်တော့ အန်တီဝေရေ… သဂျီးက သူများကိုသာ ဘာသာရေးမှိုင်းမိတယ် ဘာညာနဲ့၊ တကယ်တမ်းမှာ သူပဲ ဘာသာရေးကို မဆီမဆိုင်နေရာတွေမှာ ထွေးရောယှက်တင်လုပ်နေတာ။ အခုမှ လက်ပူးလက်ကြပ်မိတယ်။ ဟင်း… ပြောရတာ မောတယ်….

  • ဆူး

    July 17, 2011 at 3:29 pm

    ရွာသားတွေတို့ရေ…
    မဝေ က ဝါတွင်းမှာ သတ်သတ်လွတ် ဟင်းချက်ရောင်းတဲ့ ဝေဝေ သတ်သတ်လွတ်ဂေဟာ ဆိုတဲ့ ဆိုင်ဖွင့်မလို့ ဆိုင်ခန်း အခုမှ ငှားမလို့ ဈေးညှိတုန်း ရှိသေးတယ်။ သတ်သတ်လွတ် နဲ့ ဘာသာရေး ညိလို့ ဆိုပြီး ကန့်ကွက်တာနဲ့ မဖွင့်ရသေးတဲ့ ဆိုင်လေး ချက်ရောင်းမဲ့ ဟင်းအမည်တွေပြပြီး လိုင်စင်သိမ်းခံရသလို ဖြစ်နေပြီ။

  • pan pan

    July 18, 2011 at 11:55 am

    အန်တီဝေဆီမှာ ဟင်းချက်သင်ချင်လာပြီ
    ဟင်းချက်နည်းအစုံသင်ချင်လို့
    ဖွယ်ဖွယ်ရာရာလေးတွေလည်း တွေးတတ်လိုက်တာ
    ကျွန်မက ဟင်ချက်တတ်ပေမယ့် သမရိုးကျပဲချက်တတ်တာ
    အန်တီဝေလိုမျိုး မလုပ်တတ်ဘူး
    အန်တီဝေတို့လုပ်လိုက်မှဖြင့် စားချင်စဖွယ် အဆန်းအပြားလေးတွေချည်းပဲ

Leave a Reply