နောက်ပြီးပြထားသော ပြောင်
မီးပိတ်လိုက်လည်း ကိစ္စ မရှိပါဘူး… ငါက
ငါ့ အလင်းနဲ့ ငါ တောက်ပပြီးသား
“ဟေ့ကောင်… မင်း သတ္တိရှိရင် ခွေးလိုဟောင်ပြပါလား ”
” နင် တင်လိုက်ရင် စာသားတွေက မိုက်ရိုင်းလိုက်တာဟာ”
” ဟာ.. ကျုပ် တင်ထားတာတွေက မှားနေလို့လား ဒါဆို ”
” အဲ… မှားတေ့ာ မမှားဘူးပေါ့… ဒါပေမယ့် ”
” ဒါပေမယ့်.. ဘာဖြစ်လည်း ”
” အင်း… မှန်တေ့ာမှန်ပါတယ်… ဒါပေမယ့် ရိုင်းတယ် ”
(Chat List တစ်ခုမှ )
သူ့မှာ သတ္တိလည်း မရှိတေ့ာဘူး ၊ ပြီးတေ့ာ သတိ နဲ့ သိတက်မှုရောပေါ့
ခရီးဝေး လက်ဆောင်များ
၁၉၇ဝ ခုနှစ်လောက်က ပေါ်ပေါက်ခဲ့တဲ့ အမျိုးအစားတွေနဲ့ တူပါသလား ခင်ဗျာ
ဟယ်.. မနှိုင်းကောင်း မယှဉ်ရာ
တစ်ခုတေ့ာ တူ/ပြော နေတုန်းပဲ
ကဗျာ ဆိုတာ ကဗျာ လို့ပဲပေါ့
တကယ် က ကယ်ထားတာလည်း မရှိဘူး ၊ တ လည်း မတမ်းဘူး
a r l o
ပျင်းလာပြီ ၊ ထွက်သွားတေ့ာမယ်။ နှုတ်ဆက်မယ့် သူတွေကိုရော ၊ နှုတ်ဆိတ်နေမယ့် လူတွေကိုရော ထားခဲ့တေ့ာမယ် ။ ပတ်ဝန်းကျင်က ညို့ညို့မှိုင်းမှိုင်း နဲ့ ဖြစ်နေတဲ့ အချိန် ငါ ပြင်ဆင်ထားမယ် ၊ လူ့လောက က သူဘာတွေ ယူသွားတယ် ဆိုတာ ဘယ်သူမှ မသိနိုင်အောင်ပေါ့ ။ မနက်အလင်းမှာ အားလုံးကို ပြုံးပြပြီး သူထွက်သွားတယ် ။ ငါလေ လမ်းခရီးမှာ ဘာတွေ တွေ့ရဦးမှာလည်း ။ တကယ်တေ့ာ သူရဲ့ လမ်းခရီးမှာ… မဟုတ်သေးဘူး … သူက ထွက်သွားပြီ ဆိုပေမယ့် သူ့မှာ လမ်းခရီးမှ မရှိတာ ။ လမ်းခရီးလို့ ထင်တဲ့ အဆုံးမှာ သူက ရပ်နေတာပါ ။ ရပ်နေတဲ့ သီချင်းတွေ အသီးသီး ထပွင့်ကြတယ် ၊ ဘယ်မှာလဲ.. ဘယ်မှာလဲ.. ဘယ်နားမှာလဲ..ငါ ကြားပြီး ငါ မသိတာ သိပ်ဆိုးတာပဲ ။ သူ ဘာမှ မကြားနိုင်ပဲ လောကကြီး အသံဆိတ်ခဲ့တာ ကြာခဲ့ရောပေါ့…. ဟိုးမှာ ..ဘာမှ မရှိ ၊ ဒီမှာလည်း ဘာမှမရှိ… အဲ့ဒီ ဘာမှ မရှိတဲ့ အထဲမှာ ဘာမှ မရှိခဲ့ဖူးဘူး။
တံခါးပိတ်လိုက်လည်း ကိစ္စမရှိပါဘူး … ငါက
ငါ့ လွတ်လပ်မှုနဲ့ ငါ ပွင့်လင်းပြီးသား
2 comments
kopauk mandalay
May 6, 2010 at 3:13 am
ဒါကိုဖတ်လိုက်ရတော.ခင်ဝမ်းရဲ.နှုတ်ဆက်ခဲ.ပါတယ် ကျနော်သွားတော.မယ်.လို.နူးနူးညံ.ညံ.လေးကို လွမ်းလိုက်တာဗျာ
susunosuki
May 6, 2010 at 5:30 am
လွတ်လပ်မှု့နဲ့ ပွင့်လင်းပြီးသားဆိုတဲ့ စာသားကိုကြိုက်တယ်ဗျ