သူများတော့မသိဘူး ဒို ့တော့ 500 တက်သွားပြီ
သိပ်မကြာသေးတဲ့ကာလအတွင်းတုန်းက ရန်ကုန်မြို ့က အထူးကုဆေးခန်းကြီးတစ်ခု ရဲ ့ ကျန်းမာရေးဝန်ဆောင်မှူ နဲ ့ပက်သတ်ပြီး ဂျာနယ်တွေ ဘလော့ဂ်တွေ အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်သံတွေ ၊အကြံပြုသံတွေနဲ ့ဆူညံခဲ့ဘူးတာ မှတ်မိကြဦးမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ အစိုးရဆေးရုံကြီးတွေမှာရော ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်းတွေမှာပါ ဆရာဝန်လေးများ ၊အထူးကုဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်တမ်းများ အားလုံးဘက်က ဆက်ဆံရေးကအစ ကုသမှူအဆုံး တတ်နိုင်သမျှ အမှားအယွင်းကင်းအောင် အထူးသတိထားလာကြတာကိုတွေ ့လာရပါတယ်။ ဒီနောက်ပိုင်းမှာတော့ ထုံးစံအတိုင်း အားလုံးပြန်လည်ငြိမ်သက်အေးဆေးသွားခဲ့ပါတယ် ။
မနေ ့ကသူငယ်ချင်းက အထူးကုဆရာဝန်ကြီးတစ်ယောက်နဲ ့သွားပြတာမှာ အဖော်လိုက်သွားတော့မှ CF ကြေးက ၄၅၀ဝ ဖြစ်သွားတာကိုတွေ ့ရပါတယ်။ အရင်ကကိုယ်သိထားတာ ၄၀၀ဝ ပါ။ သူငယ်ချင်းကိုမေးကြည့်တော့ အရင်လကတည်းကတက်သွားတာလို ့ပြောပါတယ်။ စိတ်ထဲမှာ CF ကြေး ကလည်း ကုန်ဈေးနှူန်းလိုပါပဲလားလို ့အောက်မေ့မိတယ် ။ ပွဲဆူပြီး နောက်ဆို ဈေးတက်တက်တာ ကုန်ဈေးနှုန်းတွေတင်မှမပာုတ်ပါလားနော်။ ဆေးဖိုးတွေတောင်မပါသေးဘူး ဆရာဝန်ခကို က ၄၅၀ဝ ဆိုတော့ သာမန်လက်လုပ်လက်စားများအတွက်ဆိုရင်တော့ ဝါးခကို က ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာအမှန်ပါပဲ ။ လက်လုပ်လက်စားတောင်မပာုတ်ပါဘူး သာမန်ရိုးရိုးဝန်ထမ်းတစ်ယောက်အတွက်တောင် ၄၅၀ဝ ဆိုတာမနည်းတဲ့ ပမာဏပါ ။ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတာလို သင့်တင့်တဲ ့သမားခလေးတော့ဖြစ်သင့်တယ်ထင်တာပဲနော်။
6 comments
susunosuki
May 6, 2010 at 6:38 am
အားလုံးနီးပါတတ်နေတော့
သူတို့လဲ တက်ရတယ်နဲ့တူပါတယ်
ငါးရာလောက်က မပြောပလောက်သေးဘူး
ဘတ်စ်ကားခ ဘယ်စီးစီး၃၀ဝ ဖြစ်မယ်ဆိုတာကိုလန့်နေတာ
ကားကအမြဲစီးရတာလေ
kopauk mandalay
May 6, 2010 at 8:34 am
ရွှေမန်းမေလေးရေ
ဈေးငါးရာတက်တာက အရေးမကြီးပါဘူး
ပေးရတာနဲ.တူညီသောဝန်ဆောင်မူ.ကိုပြန်ရဘို.သာအရေးကြီးပါတယ်။
တစ်ခုတော.ပြောချင်ပါတယ် အတတ်ပညာတစ်ခုတတ်မြောက်ဘို. ဆိုတာ လူရောငွေရောကုန်မှတတ်တာပါ။
ဒီတော.အတတ်ပညာနဲ.ပါတ်သက်တဲ.လုပ်ငန်းဆောင်တာတွေကို ငွေနဲ.ဘဲလိုက်လို.မတိုင်းတာချင်ပါနဲ.လို.တော. ပြောပြချင်ပါတယ်။
etone
October 4, 2010 at 5:08 am
ကိုပေါက်ပြောသလိုပါပဲ ။ ပေးရတာနဲ့တူညီတဲ့ဝန်ဆောင်မှူပေးနိုင်ဖို့က အဓိကပါဘဲ ။
တစ်ချို့လည်း ဈေးကြီးပြီး ဝန်ဆောင်မှူကောင်းကောင်းပေးကြတယ် ။ တစ်ချို့လည်း ဝန်ဆောင်မှူက မကောင်းပဲ သူများတွေဈေးတတ်တဲ့အတိုင်းလိုက်ယူတယ် ။ ဘာဖြစ်ဖြစ်လေ……ပေးရသလောက်နဲ့တန်အောင်တော့ ဝန်ဆောင်မှူ ရသင့်တယ်လို့ထင်ပါတယ် ။
Shwemannmay
May 6, 2010 at 9:03 am
အဲဒါလည်းပာုတ်တာပဲနော် လေးပေါက် ။ ငွေနဲ ့တိုင်းတာတာတော့မပာုတ်ပါဘူး။တစ်ချို ့သောဆရာဝန်ကြီး ၊ ဆရာဝန်မကြီးတွေဆီကနေပြီး စေတနာပါပတဲ ့ ကုသမှူတွေ အကြံပေးမှူ လမ်းညွှန်မှုတွေလည်း ရဖူးပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့လေ ဒီလို အချိန်တွေ ငွေတွေ ကုန်လူပင်ပန်းခံပြီး တတ်ထားတဲ့ပညာတွေနဲ ့အသက်မွေးဝမ်းကျောင်းပြုတာမှာ ဘယ်လိုပြောမလဲ ရှဉ် ့လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ရင်ပိုကောင်းမယ်လို ့ ရွှေမန်းမေတော့ ထင်တာပဲ လေးပေါက်ရယ်
char too lan
October 5, 2010 at 4:42 am
ဟုတ်တယ် ကားခတက်မှာတော့ ကြောက်တယ်
ခုတောင် ကားခချည်းပဲတနေ့ ၅၀ဝ လောက်အနဲဆုံးကုန်နေတာ
ထပ်တက်ရင်တော့ သေပီပဲ
🙁
unclegyi1974
October 5, 2010 at 3:09 pm
ဆရာဝန်ဖြစ်ဖို့အချိန် ငွေ များစွာရင်းနှီးရတာမှန်ပါတယ်
၁၉၆ဝကျော် ၁၉၇ဝကျော်လောက်က ဆေးကျောင်းတက်ခဲ့ကြတဲ့ဆရာဝန်တွေဟာ
ဆေးကျောင်းကိုတကယ်ဝါသနာပါလို့ တက်ခဲ့ကြတဲ့ဆရာဝန်တွေကအများစုဖြစ်တယ်လို့မြင်ပါတယ်
၁၉၈ဝလောက်ကစပြီးတက်ကြတဲ့ကလေးတွေကဝါသနာထက်အမှတ်ကောင်းလို့စီးပွါးရေးအရ
တက်ခဲ့ကြတဲ့လူများမယ်လို့ထင်ပါတယ်
ဆေးကုဖို့ထက်စီးပွါးရှာဖို့အဓိကဖြစ်နေပါတယ်
၁၉၇ဝလောက်က အထူးကုနဲ့ ယခုခေတ်အထူးကုဝင်ငွေချင်းယုဉ်ကြည့်ရင်
ယခုခေတ်အထူးကုတွေစီးပွါးရေးပိုဆန်လာတာငြင်းနိုင်မယ်မထင်ပါဘူး
ယခုခေတ်အောင်မြင်နေတဲ့အထူးကုတယောက်တနေ့ သိန်းနှစ်ဆယ်လောက်ဝင်ငွေရှိတယ်ပြော
ရင်မဖြစ်နိုင်ဘူးလို့ပြောမှာလား ဒါသမာအာဇီဝမဟုတ်တော့ပါဘူး
ဆရာဝန်နဲ့တူတဲ့ဆရာဝန်မရှိတော့ဘူးလားဆိုတော့ စေတနာအပြည့်နဲ့တကယ်ဆေးကုပေးနေတဲ့
ဆရာဝန်တွေလဲရှိပါတယ် စစ်ကိုင်းကမျက်စိအထူးကုဆရာဝန်မကြီးလို
ဘာဘဲပြောပြောဆေးပညာမှာတကယ်စိတ်ပါဝင်စားပြီး တကယ်စေတနာအပြည့်နဲ့
ဆေးကုသပေးမဲ့ဆရာဝန်များများပေါ်ထွက်လာပါစေလို့ဆုတောင်းလိုက်ပါတယ်