Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟိုမရောက်ဒီမရောက် ပေါက်တတ်ကရ

တစ်နေ.က အင်တာနက်ထဲက သတင်းတပုဒ်ထဲမှာပါတဲ.သင်္ကြန်မှာ မြန်မာအမျိုးသမီးအနုပညာသည်တစ်ချို.
ခေတ်မီခေတ်လွန်ခေတ်လန်အောင်ဝတ်တော.ထားကြပါရဲ.သူများနိုင်ငံကလူက အင်တာဗျူးတဲ.အခါကြတော.စကားပြန်နဲ.တစ်ဆင်.ပြောရတယ်ဆိုတာလေးကိုဖတ်လိုက်ရပါတယ်။
ခုဆိုရင်မြန်မာပြည်ကနိုင်ငံပိုင်မီဒီယာတွေဖြစ်ကြတဲ. မြဝတီတို. မြန်မာ.အသံတို. MRTV-4 တို.ကနေ တစ်ယောက်နဲ.တစ်ယောက်အပြိုင်အဆိုင်
ကဏ္ဌအသစ်တွေဖွင်.လို. ညစဉ်တင်ဆက်တယ်ဆိုတော.ဘာဘဲပြောပြောအရင်ကထက်စာရင်စောင်. ကြည်.သူပိုများလာတာကတော.အမှန်ပါဘဲ။
လူရွှင်တော်ရွှေဖလားတို. ဂီတတံခါးလေးဖွင်.ပါအုံးတို. ဖြေလိုက်ပါတို. ကျန်းမာပျော်ရွှင်အိမ်ထောင်ရှင်တို. ပဟေဠိနန်းတော်တို.စကားနပန်း တို.ဆိုရင်လူတိုင်းပါးစပ်ဖျားမှာရှိနေတဲ.အစီအစဉ်လေးတွေပါ။
စနေနေ.ဆိုရင်မြဝတီက ဘာလာမယ် မြန်မာ.အသံကတနင်္ဂနွေဆိုရင်ဘာလာမယ်ဆိုတာလေးက ိုလွတ်သွားမှာစိုးလို. သတိတရပြောတာလေးတွေကြားရ စောင်.ကြည်.တတ်တဲ.အကျင်.လေးတွေကိုမြင်ရတာ မြင်ရတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ.ပီတိဖြစ်ပါတယ်။
ခါတိုင်း ကိုရီးယားက တရုပ်ကားလေးလာမှတီဗွီကိုဖွင်.တယ်ကျန်တဲ.အချိန်ဆိုရင်ပိတ်ထားလိုက်ပါတယ်။
အခုတော.ကိုယ်.ပြည်တွင်းဖြစ် အစီအစဉ်လေးတွေကို ကိုယ်နိုင်ငံသူနို်င်ငံသားတွေက ကြည်.ရကောင်းမှန်းသိလာတာဝမ်းသာစရာပါ။
ကိုယ်.အမျိုးက ပြတာကိုယ်မကြည်.ရင်ဘယ်သူကြည်.မှာလဲ။
ဒါပေမဲ.လည်း ကောင်းတော.ကောင်းတယ် မျက်စေ.စပ်တယ်ဆိုတာလေးတွေကပါလာပြန်ရော။
အပြစ်တင်တာတော.မဟုတ်ပါဘူးချစ်လွန်းလို. စေတနာကောင်းနဲ.မြင်တာလေးကိုပြောပြတာပါ။
တကယ်တန်းပြောချင်တာကတော. အဝတ်အစားကိစ္စပါ။
ပထမဆုံးလူကြိုက်အများဆုံးလို.ဆိုတဲ. ပဟေဠိနန်းတော်ကစပြောချင်ပါတယ်။
ကိုဆန်းထွတ်တု.ိကိုမောင်မောင်အေးတို. dream boat ကိုအားကျပါတယ်။
သူတို.လို.မလုပ်တတ်မတွေးတတ်လို.ပါ။
ဒါပေမဲ.သူတို.နှစ်ယောက်ဝတ်တာက အလန်းလွန်နေသလိုပါဘဲ။
အမြဲတမ်း ကုတ်အကျီ ဘောင်းဘီ နက္ကတိုင်နဲ.ဘိုစတိုင်ပါ။
ဒီဇိုင်းတွေကလဲ ခပ်ဆန်းဆန်းလေးမိုက်မှမိုက်ပါ။
ကိုဆန်းထွတ်ဆံပင်လေးများထောင်ထားတာမိုက်မှမိုက်ပါ။
လာဖြေတဲ.သူတွေကလည်းသေသေချာချာမစဉ်းစားဘဲဟိုဘက်တိုးလိုက်သည်ဘက်တိုးလို်က်လုပ်နေကြတယ်။
ဉာဏ်မစမ်းဘဲ ကံစမ်းတာ မေးခွန်းလေးတွေစဖြေကတည်းကပါဘဲ။

သူတို.လိုပါဘဲ တစ်ကျော.ပြန်ကိုမေတ္တာရဲ. ရုပ်ရှင်ပဟေဠိအစီအစဉ်လေးမှလဲ ဘိုစတိုင်ပါဘဲ။
တစ်ဆက်တည်းတကျော.ပြန်ကိုမေတ္တာကိုအကြံလေးပေးလိုက်ချင်ပါသေးတယ်။
ရုပ်ရှင်နာမည်ကိုပဟေဠိဖွက်ကြတဲ.အခါ တစ်ယောက်ကတိုးတိုးလေးပြောလိုက်တာကိုစကားလုံးအရေအတွက်ပြောလိုက်နောက်တစ်ယောက်ကထွက်လို.
သရုပ်ဆောင်ပြလိုက်နဲ.ဖွက်ထားတာကိုဖော်လိုက်ပါတယ်။ရီတော.အတော်လေးရီရပါတယ်။
အချိန်စေ.ပြီဆိုမှ နာမယ်အမှန်ကိုပြောလိုက်တာနဲ.ပြီးသွားပါတယ်။
ကိုမေတ္တာကမြန်မာရုပ်ရှင်ကို ဂုဏ်ပြုချင်လို.သည်အစီအစဉ်ကိုလုပ်တာပါလို.ပြောသွားပါတယ်။
ကျနော်ဖြစ်စေချင်တာတော.အမှန်တကယ်ဂုဏ်ပြုရာရောက်အောင် ဖွက်ထားတဲ.ရုပ်ရှင်ကိုဖော်ပြီးရင် သည်ဇာတ်ကားလေးရဲ.အကြောင်းကိုပြောပြစေချင်ပါတယ်။ဘယ်တုံးက ရိုက်တာ ဘယ်သူတွေပါတယ်ဘယ်လိုဇာတ်လမ်းလေးအစသဖြင်.
ကိုစိတ်ဝင်စားအောင်ပြောပြနိုင်ရင်ကောင်းပါတယ်။
ဒေတာတွေဘယ်လိုရှာမလဲမမေးပါနဲ. ကွန်ပြူတာကြီးတစ်လုံးလုံးစင်ပေါ်မှာတင်ထားတာပါ။

ကိုခန်.စည်သူနဲ. ကိုအရို်င်းတို.နှစ်ယောက် ရဲ.အပြောအဆိုလေးတွေ ဟာသလေးတွေကြောင်.
ပိုပိုပြီးလူကြိုက်များလာတဲ. ဂီတတံခါးလေးမှာဆိုရင်နှစ်ယောက်စလုံးဝတ်ထားတာကလဲဘိုစတိုင်ဘောင်းဘီနဲ.စပို.ရှပ်နဲ.ပါ။
မြန်မာ.အသံကဖြစ်ဖြစ် မြဝတီကဖြစ်ဖြစ်ကျနော်ကြည်.လိုက်ရသမျှ တွေမှာပါတဲ.တင်ဆက်သူ ယောက်ျားတွေအားလုံး ရော
ပါဝင်ဆင်နွဲကြတဲ.သူတွေအားလုံးဝတ်ထားတာဘိုစတိုင် ဘောင်းဘီရှည်တွေနဲ.ချည်းပါဘဲ။
တစ်ခါတစ်လေတော.လည်း မြန်မာလိုလေးများဝတ်ရင်များကောင်းမလားလို.တွေးမိပါတယ်။
ဟိုအရင် ဂြိုလ်တုစလောင်းပေါ်ကာစ က မလေးလိုင်းထိုင်းလိုင်းအင်ဒိုနီးရှားလိုင်းကြည်.လိုက်သမျှလိုင်းတိုင်းမှာ
သူတို.ပြောတာလည်းကိုယ်ကနားမလည် ဝတ်ထားတာကလဲဘောင်းဘီရှည်နက္ကတိုင်နဲ.ဘိုလိုဆိုတော.
စိတ်ထဲမှာအတော်လေးအကြည်.ရဆိုးတယ်လိုခံစားရပါတယ်။
သူတို.ဝတ်သမျှဟာ သူတို.အမျုးိသားဝတ်စုံလားလို.တောင်ထင်မိပါတယ်။
နောက်ပြီးတော.အခုနောက်ပိုင်းသရုပ်ဆောင်အသစ်ရွေးတဲ.ကဏ္ဌမှာပါဝင်လို. ရုပ်ရှင်အပြင်မှာရိုက်ပြီးအရွေးခံကြတဲ.သုခုမလွင်ပြင်က
ညီလေးများကိုလဲကြည်.လိုက်ရင် လဲဘိုဆန်ဆန် အဝတ်အစားလေးနဲပါ။
ဟိုအရင်ကတော.သည်အစီအစဉ်တွေဟာကိုယ်ပြည်တွင်းကသူတွေဘဲကြည်.ကြတာပါ။
ခုခေတ်မှာတော. ဂြိုလ်တုကတစ်ဆင်.နိုင်ငံတကာကိုလွှင်.ပေးနေတဲ.အဆင်.ကိုရောက်နေပါပြီ။
ဒါကြောင်.သူများနိုင်ငံတွေကလည်.ကြည်.ကြမှာပါဘဲ။
ဒါဆိုရင် မသိတဲ.သူက သူတို.ဝတ်ထားတာတွေက မြန်မာအမျိုးစားဝတ်စုံလို.ထင်သွားရင်မခက်ပါလား
ဟိုအရင်ခေတ်တုံးကလို ဂီတာတီးနေတာကိုတောင် တိုက်ပုံတွေပုဆိုးတွေနဲ.တီးရမယ်လို.မဆိုလိုပါဘူး။
ခေတ်အလိုက်ကိုလက်ခံပါတယ်။
ဆိုင်းဝိုင်းကိုဂျင်းဘောင်းဘီဝတ်မတီးရင်တော်ပါသေးရဲ.လို.တောင်တွေးမိပါတယ်။
ဘယ်အစီအစဉ်ကဘဲဖြစ်ဖြစ်တင်ဆက်သူအားလုံး တစ်ခါတရံလည်းကိုယ်နှစ်သက်တာလေးကို ဝတ်ကြသလို
တစ်ခါတစ်ရံကြတော.လည်း နွဲ.ယဉ်ဝင်းသီချင်းလေးလို
” ပုဆိုးနဲ.တိုက်ပုံဝတ်လာပါ”လို.အကြံပေးချင်ပါတယ်။
အမျိုးသားအရေးလိုသဘောပေါက်စေချင်ပါတယ်။
စီစဉ်တင်ဆက်သူများကိုအလှဆင်ပေးသော အဝတ်အစားစပွန်ဆာပေးလို.ကြော်ငြာသူများကိုလည်း တစ်ခါတစ်လေတော.လည်း
မြန်မာအမျုးိသားဝတ်စုံလေးတွေကိုလည်. တစ်လှည်.စီပေးသင်.ပါတယ်လို. တောင်းပန်လိုက်ပါတယ်။
နောက်အလွဲလေးတစ်ခုကိုလည်းတင်ပြချင်ပါသေးတယ်။
ထွက်သမျှရုပ်ရှင်ဗွီဒီယို တီဗွီဇာတ်လမ်းမှာပါဝင်တဲ.သရုပ်ဆောင်တော်တော်များများက
ကုမ္မဏီပိုင်ရှင်ဇာတ်ကောင်တို. ဆရာဝန်ဇာတ်တို.လိုနေရာမှာသရုပ်ဆောင်ပြီဆိုတာနဲ.ဘိုလိုဝတ်
ကိုမောစ်ပြောတဲ.ကြောင်လျှာသီးလေးက လည်ပင်းမှာတန်းတန်းလန်းနဲ.အရုပ်ဆိုးလွန်းပါတယ်။
သူတို.လုပ်တာနဲ.ဇာတ်ကောင်က စရို်က်သေချည်းလိုဖြစ်သွားပါတယ်။
ဟိုနေ.က လာနေတဲ.အကျုးိပြုဇာတ်လမ်းလေးတစ်ခုမှာလည်း ဆရာဝန်အဖြစ်သရုပ်ဆောင်နေတဲ.ကလေးက ကြောင်ကြောင်ကြားကြား
ကြောင်လျှာသီးနဲ.အရုပ်ဆိုးလွန်းပါတယ်။
သူ.နိုင်ငံကိုကိုယ်ကသွားလို. သည်လိုဝတ်တာကိုလက်ခံပါတယ်။
မြန်မာပြည်ထဲကိုဘဲပြမဲ.ရုပ်ရှင်ထဲမှာဘာလို.ဘိုသိပ်ဆံချင်နေကြတာလဲ အပြင်မှာ မြန်မာလိုိုဝတ်တဲ.ဆရာဝန်တို.ကုမ္မဏီပိုင်ရှင်တို.မရှိဘူးလား။
သည်လိုကြောင်လျှာသီးကြီးဆွဲထားမှ ဇာတ်ကောင်စရိုက်ပီပြင်မှာလားလို.မေးချင်ပါတယ်။
လွဲတာတော.တော်တော်လေးကိုလွဲနေပါတယ်။
နောက်လူဆိုတာ ကိုယ်.အမျုးိ ကိုယ်နိုင်ငံကို ကိုယ်မှမလေးစားရင်ဘယ်သူလာလေးစားမှာလဲ။
ဒီအတိုင်းဘဲကိုယ်လူမျုးိကို နှိမ်ချတာဆိုရင်လဲဘယ်ခံချင်ပါမလဲ။
ကိုယ်ကလဲသွားစော်ကားလို.တော.မရဘူးပေါ.။
ကျနော်တို.မြန်မာကားတွေမှာကြည်.လိုက်ရင် အကျင်.စာရိတ္တမကောင်းတဲ. ပျက်စီးနေတဲ.ဇာတ်ရုပ်ကို ပုံဖော်ပြီဆိုရင် ပေးလိုက်တဲ.နာမယ်က မိန်းမဆို ရင် မာဂရက်တို.ဒေါ်လီတို. ယောက်ျားဆိုရင်လဲပေးလိုက်တဲ.နာမယ်က မိုက်ကယ်တို. ဂျင်မီတို. ဂျော်နီတို.
ဒီသဘောတရားတွေကိုလဲပြင်သင်.ပြီလို.ထင်ပါတယ်။
နောက်တစ်ခုက အထူးသဖြင်.အာရှက ကုလားရယ် မြန်မာရယ်မှာခေတ်မကုန်သေးတာပါ။
မင်းသားကိုပိုပေါ်လွင်အောင် သူငယ်ချင်းလုပ်တဲ.သူက အစွမ်းကုန်ပေါပြရတာလေ။
မင်းသားမှန်းသိအောင် ကျန်တဲ.သူတွေက ညံ့.ပြရတာ။
မြန်မာကားဆိုရင်လဲ မင်းသားသူငယ်ချင်းနေရာကိုလွယ်လွယ်ရတဲ.သူတွေ နာမယ်ရှိပြီးသားတွေကိုခေါ်ထဲရိုက်ထားတော.မင်းသားနဲ.သူငယ်ချင်းလုပ်တဲ.သူ မင်းသားကငယ်ပြီး သူငယ်ချင်းက ကြီးနေရော။
မင်းနဲ.ငါနဲ.ပြောကြတဲ.လေသံတွေကိုနားထောင်ရတာ နားကလောလို်က်တာ။
သူငယ်ချင်းလုပ်တဲ.သူတွေကလည်းမရီရီအောင်မဲ.ရွဲ.လို.သရုပ်ဆောင်ပြလိုက်တာဘဲ။
ဒီလိုသရုပ်ဆောင်ပုံမျုးိနဲ.ဆို နိုင်ငံတကာကိုသည်ကားမျိုးတိုးနိုင်ဘို.ခက်တယ်နော်။
တော်ကြာနိုင်ငံတစ်ကာအဆင်.မီအောင်မင်းရိုက်တတ်ရင်လာရိုက်လို.ပြောရင်ခက်နေမယ်။
မပြောတော.ပါဘူး။
့မြန်မာပြည်က အဆိုတော် မမများ မင်းသမီးများ မော်ဒယ်ဂဲများအတော်ကိုမျက်နှာပွင်.နေကြပါတယ်။
သူတို.ကလဲ မလုံတစ်လုံဝတ်လို.အမှတ်တမဲ.နေလိုက် ။
ဓါတ်ပုံဆရာများက လဲလစ်တာနဲ.ကလစ်နှိပ်။
အင်တာနက်ကိုတင် ကြည်.လိုက်ရတဲ.သူများကလဲ စကားလုံးတိုက်ပွဲတွေဆင်။
မဆီမဆိုင်တွေပြောကြနဲ. ကြည.်ပြီးဖတ်လိုက်ရင်အရသာပျက်ပျက်သွားလို.ပုံကိုဘဲကြည်.တော.တယ် ရေးထားတဲ.စာတွေကိုလုံးဝမဖတ်တော.ဘူး။
သည်နှစ်သင်္ကြန်သီချင်းထဲမှာ အေသင်လေးရဲ.တင်းတယ် တင်းတယ်ကို ဘယ်သူမှလို်က်မ မှီအောင်ကောင်းလဲကောင်းသလိုဘယ်နေရာသွားသွား တင်းတယ်တင်းတယ်ဘဲကြားနေရတာ။
ကလေးအငယ်လေးတွေကို မှီပြီး မမကြီးတွေက ဝင်ကဲရတာလေ။
အဲသည်ထဲမှာလဲ မောင်ဘရိတ်ကီလေးကိုလဲ သူ.သမီးလောက်ဘဲရှိတဲ.အဆိုတော်ကောင်မလေးက တနင်ထဲနင်နေလို.နားထောင်ရင်းတောင်နင်လာသလိုပါဘဲ။
မဆိုတတ်တဲ.ကလေးကလဲဆိုလိုက်တာ ဝါးတားတားနဲ.။
တော်ပြီတော်ပြီ ဒါတွေပြောရင်သည်ညမအိပ်ရဘဲနေလိမ်.မယ်။

11 comments

  • Foreign Resident

    May 6, 2010 at 8:37 pm

    Dear Ko Pauk,

    First I would like to admit, I love “Longyi” & wear frequently & as much as I can.

    But, from the views of safety & tidiness, wearing trouser is better than “longyi”
    Moreover, most factories & construction places not allow to enter ( not allow to enter ) with “Longyi”
    Then, Company owner or manager, they may need to go there frequently.
    So, most of the gentleman choose to wear trouser.
    You see, with trouser you can go to everywhere & you don’t need to make up yourself frequently.

    Nowadays ladies don’t want to wear “Hta Be” .
    They scare to loose “Hta Be” during daily riding of overcrowded buses.
    They have no chance to make up “Hta Be” frequently.
    They may also need to go safety concerned places.

    So, Trouser & Skirt are occupational requirements now.

    Even I am not agree with some of your idea,
    But I appreciate your effort for such a long Article.

    Thanks.

  • kai

    May 6, 2010 at 11:26 pm

    ကိုပေါက်ကအခုလိုရေးတော့… တလောက မြန်မာအဆိုတော်တို့တတွေ ဟောလိဝုဒ်က ဂရမ်မီပေးပွဲလာတက်တာ ပြန်မြင်ယောင်မိပါတယ်။
    ဆုန်သင်းပါရ်၊ ကဗျာဘွဲ့မှုး၊ မီးမီးခဲတို့တတွေပါ။ သူတို့တွေဟာ ခရစ်ယန်တွေဖြစ်ပေမဲ့ မြန်မာလိုပဲ ထမီ၊အကျီ င်္ဝတ်စား ပွဲတက်ကြတာပါ။
    အဲဒီလိုဝတ်ခြင်းကြောင့်ပဲ တို့တတွေ မြန်မာဟေ့လို ပြောနိုင်ဖွယ်ဖြစ်တာပါ။ ဂါဝန်၊စကပ်နဲ ့ဘိုဆန်ဆန်လာလုပ်နေရင်လည်း ကိုယ့်လူမျိုးအိုင်ဒင်တတီပျောက်တာကလွဲလို ့ဘာမှ ထူးကြည့်ကြမယ်မဟုတ်ပါ။
    ဒီအတိုင်းပဲ ..ယူအက်စ်မှာလုပ်တဲ့ အယ်လ်အေသင်္ကြန်ပွဲမှာလည်း မြန်မာတွေ မြန်မာဆန်ဆန် ပုဆိုးတိုက်ပုံ၊ထမီအကျီင်္ နဲ့ လှနေကြတာ တွေ့ကြရမှာပါ။
    တခြားလူမျိုးတွေကလည်း အသိအမှတ်ပြုကြပြီး လှတယ်ပြောကြပါတယ်..။
    ဟုတ်မှာပေါ့.. မြန်မာအမျိုုးသမီးတွေက တင်ကြီးရင်ကြီးပြီး ခြေတံတို၊ပေါင်လုံးတုတ်တော့…ထမီနဲ့မှ အချိုးကျ လိုက်ဖက်တာကိုးနော..။
    တကယ်က ထမီ၊ပုဆိုး၊တိုက်ပုံဆိုတာတွေကလည်း မြန်မာ့ရိုးရာအသုံးအဆောင် တွေရယ်လို့ မဟုတ်တာ သိကြမှာပါ။ ပုဆိုး၊ထမီ မမြဲနိုင်ရင် စကပ်ထမီ၊ ခါးပါတ်ပတ်ပုဆိုး စသဖြင့် ဖက်ရှင်သမားတွေက တိုးတက်ထီထွင်ကြစေချင်တာပါပဲ။

    မြန်မာတီဗီမှာ ဇတ်ကောင်အဖြစ်သရုပ်ဆောင်ပြရင်လည်း ဒီအတိုင်းပါပဲ။ ကိုယ်က ဘယ်အချိုးအစားရှိသလဲ။ ဘာနဲ့လိုက်သလဲ။ ဘယ်သူတွေဘာဝတ်ကြသလဲ။ ကိုယ်က ပိုပေါ်ပြူလာဖြစ်အောင် ဘယ်လိုဝတ်စားဆွဲဆောင်မလဲ ချိန်ဆ ဝတ်ကြစေချင်တာပါ။ ဖက်ရှင်ဒီဇိုင်းတီထွင်သူတွေ အလုပ်အကိုင်အခွင့်များစေမဲ့ အဝတ်အစားတွေ ဝတ်ကြစေချင်တာပါပဲ။
    ဘိုဆန်ဆန်ဝတ်မှ… လူတွေပိုကြည့်ပြီး..စိတ်ဝင်စားမယ်ဆိုတဲ့ခေတ် ကုန်လောက်နေပါပြီ။
    ကျေးလက်တောရွာက မြန်မာလူကြိး၊လူငယ်တွေတောင် နိုင်ငံခြားထွက် ဘောင်းဘီဝတ် ကြောင်လျှာသီးပြားတပ် အလုပ်လုပ်နိုင်နေကြတဲ့ခေတ်..မဟုတ်ပါလား..နော။


    ကိုယ့်ရှိတာလေးတွေ ဖော်ပြ ထုတ်ပြနေကြရှာတဲ့ မင်းသမီး၊ မိုဒယ်တွေအကြောင်း နောက်များမှ အေးဆေး ဆွေးနွေးပြောကြည့်ချင်ပါတယ်။
    အခြေခံသဘောကတော့… ရှိတာလေး…ပေး(ပြ)လိုက်ရင်..(တန်ဖိုး)ကုန်သွားတယ်ဆိုတာ…အခြေခံသဘောလေးပါပဲလို့..။

    • Shwemannmay

      May 12, 2010 at 9:04 am

      မှန်ပါတယ် ။ တကယ့်ပွဲလမ်းတွေမှာ မြန်မာ့အမျိူးသားဝတ်စုံပာာ အင်မတန် လှပပြီးကျက်သရေရှိပါတယ်။ ခေတ်မှီလှပလုံခြုံတဲ ့ဝတ်စားဆင်ယင်မှူမျိုးကို လက်ခံပါတယ်။ အခုတော့ မြန်မာမင်းသမီးတွေ ၊မော်ဒယ်တွေအားလုံး အပေါ်ပိုင်း ရင်လျားနဲ ့ အောက် က လည်း အရှက်လုံရုံအဝတ်အစား တွေနဲ ့နိုင်ငံခြားပွဲတွေမှာ မြင်တွေ ့နေရပါပြီ။ ကပုံကနည်းတွေကလည်း night club ကဘိုမ တွေ ထက်သာတယ်
      ရောမသူဖြစ်တာမြန်လွန်းတယ်မှတ်တာပဲ ၊ ခေတ်မှီလုံခြုံ စွာလှပနိုင်ကြပါစေ၊

  • ကိုတင့်တယ်

    May 7, 2010 at 4:15 am

    သဘာဝကြဖို့ နေနေသာသာ အကျင်္ ီအသစ်စက်စက် ( ရေမချရသေါ်) ဝတ်တာလဲ တွေ့ရတာဘဲ

  • ကိုတင့်တယ်

    May 7, 2010 at 4:17 am

    သဘာဝကြဖို့ နေနေသာသာ အကျင်္ ီအသစ်စက်စက် ( ရေမချရသော) ဝတ်တာလဲ တွေ့ရတာဘဲ

  • ကိုတင့်တယ်

    May 7, 2010 at 4:18 am

    မပြောတော့ဘူး……….မပြောတော့ဘူး

  • သိင်္ဂါကျော်

    May 7, 2010 at 4:42 am

    မှန်ပါတယ်.. အရင်ကဆို အကယ်ဒမီ ပွဲတွေမှာ မြန်မာဆန်ဆန်တွေပဲ ဝတ်ကြရာက ခုတော့ မြန်မာ ဝတ်စုံ လို့ ပြောလို့ရရုံလောက်တွေ ၊ ဖော်လွန်း ဟိုက်လွန်း တာတွေ ပါ ဝတ်လာကြတယ်..။ Concert တွေ ကြည့်ရတာလည်း နိုင်ငံခြားရောက်နေသလားတောင် ထင်လာရတယ်..။ သရုပ်ပျက်လွန်းလို့.. VCD ကြည့်တာထက် သီချင်းသက်သက် နားထောင်တာကကောင်းဦးမယ် လို့ တွေးမိလာတယ်..။ နည်းနည်းတော့ ဆင်ခြင်သင့်နေပါပြီ။

  • susunosuki

    May 12, 2010 at 7:58 am

    ကျွန်တော်ကတော့ ပုဆိုးနဲ့ တိုက်ပုံပဲဖြစ်ဖြစ်
    ဘောင်းဘီနဲ့ ရှပ်ဖြစ်ဖြစ် ကောင်းတယ်လို့ထင်တယ်
    အဓိက ကတော့ ကမာ္ဘနဲ့ရင်ဘောင်တန်းနိုင်ဖို့ရယ် လူလူသူသူ ကောင်းကောင်းနေနိုင်ဖို့ရယ်ပဲ

  • darkoosky

    June 10, 2010 at 2:01 pm

    ကျနော်မေးမယ်ဗျာ.. မြန်မာဝတ်စုံကို မဝတ်ချင်ကြတော့ဘူးလားလို .. အမျိုးသားရေးကို စိတ်မဝင်စားကြဘူး ဗျ .. အဲဒါ တန်ဘိုးကို နားမလည်တော့တာ ..ဘာလိုလို ညာလိုလို ဖြစ်သွားတာ ကျနော်ဆရာ ပြောဘူးတယ် ဗျ
    ကျနော်ဆရာက အင်္ဂလိပ်သိပ်တောတယ် ဒါပေမဲ မြန်မာအရမ်းဆန်တာ အင်္ဂလိပ်စာသင်တိုင်း ကျနော်တိုက ပြောတယ်
    မင်းတိုသိလား ပေါ့မြူဇစ်တို ဘာတို အနောက်တိုင်းက ဟာ တွေ ကြည့်ပြီးသွားရင် ချေးစားချင်သလိုလို စိန်လက်စွပ်ဝတ်ချင်သလိုလိုဖြစ်လာတယ် သတိထားတဲ့
    ကျနော်တိုကို တန်ဘိုးထားတတ်အောင် သင်သွားတာဗျ သတိရတယ်ဗျာ.. တန်ဘိုးကို ထိန်းကြဗျာ ရတဲ့နည်းနဲထိမ်း.. အနောက်တိုင်းပုံစံဝတ်စားမှ မဟုတ်ပါဘူး ပညာတွေ တတ်နေရင် နိုင်ငံတကာနဲ ရင်ပေါင်းတန်းနိုင် လုပ်နိုင်ကိုင်နိုင်ရင် သူတို့လည်းကျနော်တိုကို အထင်ကြီးမယ်လေးစားမယ်..နိုင်ငံခြားသားတွေက သူတို တန်ဘိုးကို သူတို တကယ်ထိန်းတယ် ဂုဏ်ယူတယ် ကျနော်တို့က သူတိုပုံစံတွေ အတုခိုးပြီး ဂုဏ်ယူနေတာ ဟာ ဘယ်ရောက်နေမှန်းမသိတာပေါ့ဗျာ.. နောက်မှပြောမယ်ဗျာ …တော်ပြီ..

  • shwemoenyo

    June 11, 2010 at 7:17 am

    ဒီပို့စ်ကိုတင်ပေးထားတဲ့သူကိုလေးစားပါတယ်
    ရေးသင့်တာကိုရဲရဲရင့်ရင့်ရေးပေးတာ ကောင်းပါတယ်
    ဒါတွေကိုပြောသင့်တာ ပြင်သင့်တာကြာပြီဖြစ်တဲ့ကိစ္စပါ။ ထမီကို စကတ်ထမီ ပုံစံပြောင်းဝတ်လဲလှတာပဲမဟုတ်လား
    သိကြိုက်နေကြတဲ့ ကိုရီးယားကားမှာ သူတို့မင်းသားမင်းသမီတွေတောင် ယဉ်ကျေးမှု (အမျိုးသား)ဝတ်စုံကို အခန်းအနားမှ ဝတ်တော့တယ် ကျန်တဲ့အချိန်မှာ တချိန်လုံးကြီး ဘယ်ကယဉ်ကျေးမှုမှန်းမသိတဲ့ ဂါဝန်တွေစကတ်တွေ အတိုတွေအပြတ်တွေ ရင်လျားအကျီတွေဝတ်နေတာကို လိုက်တုစရာလား
    အဲလိုလိုက်တုချင်ရင် တကိုယ်လုံးမျက်လုံးတောင်မဖေါ်တဲ့ အာရပ်အမျိုးသမီးတွေရဲ့ဝတ်စုံကိုကြတော့ဘာလို့လိုက်မတုကြတာလဲ
    တကိုယ်လုံးကိုလုံနေအောင်ဝတ်ထားတဲ့ အာရပ် အမျိုးသားတွေရဲ့ဝတ်စုံကိုကော ဘာလို့လိုက်မတုကြတာတုံး
    နားမလည်နိုင်အောင်ပါပဲ
    နားလည်ကြည့်ပေးနိုင်တာကတော့ လှမယ်ထင်ရင် ဘယ်လောက်ဖေါ်ရဖေါ်ရ လှမယ်ထင်ရင် ဘယ်သူ့ပုံစံလေးပဲဖြစ်ဖြစ် အတုခိုးရခိုးရလား?
    အဓိကကတော့ မီဒီယာဂန္တလို့ထင်တာပဲ သူတို့က ဝတ်စားဆင်ရင်ပြောဆိုနေထိုင်ပုံကို ပြည်သူကို တဆင့်လက်ဆင့်ကမ်းနေတဲ့ ပင်မနေရာကြီးလို့ ယူဆမိနေတယ်
    သူတို့ဝတ်လို့နေလို့လှတယ်ထင်ရင် ပြည်သူကလိုက်လုပ်တက်တယ်လေ
    သူတို့က လှပြီးရော နေရင် ပြည်သူက လိုက်နေမှာပဲ သူတို့ကိုယ်သူတို့ ပြည်သူချစ်အောင် လှအောင်နေပြဖို့ထက် နိုင်ငံနဲ့ပြည်သူအတွက်ရေရှည် ယဉ်ကျေးမှုထိန်းအောင်နေပြဖို့တာဝန်သူတို့မှာရှိတယ်ဆိုတာ သိစေချင်တယ်
    တိုင်းပြည် ပြည်သူရဲ့ပိုက်ဆံနဲ့ ဝတ်စားနေထိုင်နေပြီး ပြည့်ယဉ်ကျေးမှုကိုရှေ့ဆောင်လမ်းပြဖျက်နေတာတော့……………
    ဒါကိုလဲပြည်သူက စဉ်းစားတက်ဖို့လိုတယ်
    မျက်စိကကြည့်ပြီး ရင်က ခံစားတက်ဖို့လိုတယ် လှတယ် ပေါ်နေတာလေးလိုက်ခံစားပြီး မြောမနေစေချင်ဘူး

  • kyi pyar

    August 1, 2010 at 5:42 am

    ဟုတ် ပါတယ် ကို ပေါက် ရေးထားတဲ့ အချက် တွေကို စဉ်းစားသင့်ပါပြီ…….
    ဒီပို့စ် တင် တဲ့ ကိုပေါက်ကို လည်း လေးစားပါတယ်…….

Leave a Reply