Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်စုနဲ့ ဦးအောင်ကြည် ဆွေးနွေးပွဲ ဘာလဲ၊ ဘယ်လဲ… direction

ဒီနေ့ တနင်္လာနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ နအဖဘက်က ဘာတွေပြောကြမှာလဲ၊ အရင်လိုပဲ ရူးချင်ယောင်ဆောင် နေအုံးမှာလား။ သေချာတာတခုကတော့ စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်သည် ဒေါ်စုနဲ့ ဆွေးနွေးဖက်တယောက် မဖြစ်နိုင်ပါဘူး။ ဟိုဖက်ဒီဖက် သတင်းစကားတွေကို သယ်ဆောင်ပေးသူ messenger သာဖြစ်ပါတယ်။ ဒါဆိုရင် ဒေါ်စုနဲ့ ဆွေးနွေးဖက် ဘယ်သူဖြစ်နိုင်မလဲ။ သမတ ဦးသိန်းစိန်လား၊ စစ်ဒုသမတ ဦးအောင်မြင့်ဦးလား၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းလား၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ဒါမှမဟုတ် ဗိုလ်ချုပ်မောင်အေးလား။ တယောက်မှာ မဟုတ်ပါဘူး၊ သူတို့အားလုံးသည် လားသာသာအဆင့်ပဲ ရှိတာပါ။

တကယ်တမ်း အဓိပ္ပါယ်ရှိလေးနက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်နိုင်သူက ချုပ်မှူးကြီး ကလွဲရင် အခြား ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဒေါ်စုနဲ့ချုပ်မှူးကြီးတို့ အရင်ကလည်း တကြိမ်ထက်မနဲ တွေ့ဖူးခဲ့ပါတယ်။ နိုင်ငံရေး စကား တလုံးမှမပါဘဲ တီဗွီဖန်သားပြင်ပေါ်တင် ပြီးသွားပြီး သူတို့အတွက် မီဒီယာနဲ့ နိုင်ငံရေးအမြတ်ထုတ် သွားတာပဲရှိပါတယ်။ ရွှေဝါရောင် တော်လှန်ရေးအပြီး နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဖိအားကြောင့် နောက်ထပ် တွေ့ဆုံတဲ့အခါ ချုပ်မှူးကြီး အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်ထားခဲ့ပါတယ်။ သူနဲ့ ဒေါ်စု အကြိမ်ကြိမ် တွေ့ဆုံခဲ့ပေမဲ့ တိုးတက်မှု လုံးဝမရှိခဲ့လို့ ဆွေးနွေးပွဲ ရပ်ဆိုင်း သွားခဲ့ပါတယ်။ အခုတခါလည်း ဦးအောင်ကြည်ကို ပွဲထုတ်ပြန်ပါပြီ။ အရင် အကြိမ်တွေကတော့ ချုပ်မှူးကြီး ကိုယ်စားလှယ်၊ အခုတော့ ဦးသိန်းစိန်ကိုယ်စားလှယ် လုပ်ပြဖို့များပါတယ်။

ဒီတခါလည်း အရင်လိုပဲ လက်ဆွဲနှုတ်ဆက်၊ နေကောင်းလားမေး၊ မရေမရာ မသေချာတဲ့ စကားတွေ ပြောပြီး နောက်ထပ် ဆွေးနွေးပွဲရက်တွေသတ်မှတ်။ နိုင်ငံတကာဖိအား နည်းသွားရင် ဆွေးနွေးပွဲပျက်အောင် မဖြစ်နိုင်တာတွေ၊ မအပ်စပ်တာတွေ တောင်းဆို၊ စည်းကမ်းတွေသတ်မှတ်၊ နိုင်ငံတကာ ဖိအားပြန်များလာရင် ဖုန်တက်နေတဲ့ ဖိုင်တွဲတွေပြန်ထုတ်ပြီး ဆွေးနွေးပွဲကို တစ်ကနေပြန်စ။ ဒါမျိုးတွေအတွက် အန်အယ်ဒီအနေနဲ့ အချိန်များစွာ ဖြုန်းခဲ့ပြီးပါပြီ။ ယခုလို ဆွေးနွေးပွဲပြန်ဖြစ်လာတာ သူတို့ဖက်က စိတ်ကောင်းဝင်လာလို့ မဟုတ်ဘဲ နိုင်ငံတကာ ဖိအားကြောင့်ဆိုတာ ရှင်းပါတယ်။ အခုလို အချိန်မျိုးမှာ ဒေါ်စုအနေနဲ့ ခြေလှမ်းရဲရဲ လှမ်းပေးပါ။ လုံးဝမရှိတာထက်စာရင် ယောင်ယောင်လေးရှိတာ ကောင်းသေးတယ်ဆိုပေမဲ့ ယောင်ပါများရင် ယောင်ခြောက်ဆယ်ဘဝကနေ တက်တော့မှာ မဟုတ်ပါဘူး။

မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက်ပဲ အဖွဲ့တွေစုံစုံ ပြသနာတွေရှုပ်ရှုပ် ရိုးရိုးလေး စဉ်းစားရင် ဒေါ်စုနဲ့ ချုပ်မှူးကြီးတို့ နှစ်ယောက် တွေ့ဆုံညှိနှိုင်းမှသာ အဖြေရပါမယ်။ အဲဒီကမှ နောက်တဆင့် ဆက်သွားလို့ ရပါမယ်။ ဒီတော့ ဒေါ်စုအနေနဲ့ နအဖဘိုးတော် ဦးသန်းရွှေနဲ့တိုက်ရိုက် ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲရှိဖို့၊ ဆွေးနွေးပွဲရလဒ်ကိုလည်း အများပြည်သူသိရှိနားလည်ဖို့ အချိန်ဇယားသတ်မှတ်ထားတဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ပြတ်ပြတ်သားသား တောင်းဆိုသင့်ပါတယ်။ နို့မို့ရင် စစ်တပ်က တိုင်းရင်းသားသူပုန်တွေကို စစ်ဆင်နေသလို အစိုးရနဲ့ စစ်တပ် တဦးနဲ့တဦးလွှဲချ တိုင်ပတ်တမ်း ကစားပြနေပါလိမ့်မယ်။ ဦးအောင်ကြည်နဲ့ ဆက်တွေ့ဖို့ လိုရင်လည်း အန်အယ်ဒီအဖွဲ့က လူရိုသေရှင်ရိုသေ လူလတ်ပိုင်း ပုဂ္ဂိုလ်တဦးဦးကို ဆက်ဆံရေး အရာရှိ အဖြစ် ခန့်အပ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

စစ်အစိုးရ အဆက်ဆက် နည်းဗျူဟာမှာ တဖက်သားကို နေရာပေး သလိုလိုနဲ့ ချိုးနှိမ်ဆက်ဆံတာကို အစီအစဉ်ရှိရှိ လုပ်လေ့ရှိပါတယ်။ အများအမြင်မှာ တဖက်ဆွေးနွေးသူများသည် ဒုတိယတန်းစားများ၊ အဆင့် မမှီသူများအဖြစ် ပုံဖေါ်ခြင် းဖြစ်ပါတယ်။ ဥပမာ အန်အယ်ဒီ အလုပ်မှုဆောင်အဖွဲ့ကို ရဲချုပ်လောက်အဆင့်က ခေါ်ကြိမ်းမောင်းတာမျိုး၊ တိုင်းစည်းအဆင့်ကို ခရိုင်ရဲမှူးမှ သတိပေးတာမျိုးဟာ အန်အယ်ဒီကို အားကိုးတဲ့ ပြည်သူများကို ဒီမှာကြည့် မင်းတို့ဆရာတွေသည် ငါတို့အောက်ခြေ ဝန်ထမ်းအဆင့်လောက်တောင် မရှိလို့ စိတ်ဓာတ်စစ်ဆင်ခြင်း ဖြစ်ပါတယ်။ အန်အယ်ဒီသည် ၁၉၉ဝပြည့် လွှတ်တော်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုခေါင်းဆောင် ဖြစ်ပါတယ်။ သူတို့ထက် တရားဝင်မှုရှိတဲ့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းဖြစ်လို့ သူတို့ကြိုးဆွဲရာ ကရန် မလိုကြောင်း တိုက်တွန်းအပ်ပါသည်။

8 comments

  • pan pan

    July 25, 2011 at 12:03 pm

    “ဦးအောင်ကြည်နဲ့ ဆက်တွေ့ဖို့ လိုရင်လည်း အန်အယ်ဒီအဖွဲ့က လူရိုသေရှင်ရိုသေ လူလတ်ပိုင်း ပုဂ္ဂိုလ်တဦးဦးကို ဆက်ဆံရေး အရာရှိ အဖြစ် ခန့်အပ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။”
    ဟုတ်ပါတယ် ဦးကြောင်ကြီး….
    နိုင်ငံချင်းချစ်ကြည်ရေးခရီးသွားရင်တောင် အဆင့်အလိုက်(အဆင့်တူ) ကြိုဆိုကြတာပဲလေ….
    ဒီကိစ္စကလည်း သူဌေးနဲ့မပြောဘဲ မန်နေဂျာနဲ့ပဲပြောလိုက်ပါ
    သူ့ကို သူဌေးက အားလုံးမှာထားပါတယ် ဆိုတာလိုဖြစ်နေမယ်ထင်တယ်
    မန်နေဂျာက လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ဆိုတာ သူဌေးခွင့်ပြုမှရမယ်
    ကျွန်တော် သူဌေးကို ပြန်ပြောလိုက်ပါမယ်ဆိုရင် ဘယ်နှယ့်လုပ်မလဲ

    • maungmoenyo

      July 26, 2011 at 7:27 am

      သိပ်ကောင်းတဲ့ အကြံပါ။ ဒါပေမဲ့ condition ကို အတိုက်အခံတွေကဘယ်တုံးကမှသတ်မှတ်ခွင့်မရခဲ့ပါဘူး။ စစ်အစိုးရအဆက်ဆက်ကသာ သတ်မှတ်သွားတာပါ။ ဒီကနေ့ ဆွေးနွေးပွဲမှာလဲ ဦးအောင်ကြည်က စာဖတ်ပြသွားပါတယ်။ ပြည်ထောင်စုဝန်ကြီး…တဲ့။
      လူထုကြားမှာ ဒေါ်စု နဲ့ လက်ရှိအစိုးရဝန်ကြီးမင်းများ ယှဉ်တွဲပြီးလမ်းလျှောက်ရဲရဲ့လား..ဆိုတာမေးကြည့်ပါလား။ လူထု က (၉၇%) နဲ့ အရွေးခံရတဲ့အစိုးရဆိုတာတကယ်မှန်တယ်ဆိုရင်လေ…။

      • pan pan

        July 26, 2011 at 9:39 am

        စစ်အစိုးရအဆက်ဆက်ကသာ သတ်မှတ်နိုင်မှာပေ့ါ
        လုပ်ပိုင်ခွင့် အာဏာက သူတို့လက်ထဲမှာကိုး
        အတိုက်အခံဘက်က တောင်းဆိုလို့ပဲရမှာပဲ
        လက်ခံတာ မခံတာက သူတို့ကိစ္စဖြစ်နေတယ်
        ထင်တာပြောရရင် အဲဒါလက်မခံတာမျိုးလည်းမဖြစ်အောင်၊ ဆွေးနွေးမှုမှာ ထိထိရောက်ရောက် တိကျတဲ့ အဖြေမျိုးလည်း ဖြစ်မလာနိုင်အောင် ဝိနည်းလွတ်လုပ်လိုက်တာမျိုးလို့ ထင်ပါတယ်

  • meocyrus

    July 25, 2011 at 2:08 pm

    အခုမှိုထွက်တဲ့ရာသီလေ။ အချိန်တန်ရင် ပြန်တုံးသွားမှာပါ။

  • R Ga

    July 25, 2011 at 3:00 pm

    ဒါကလည်း ဒီကောင်တွေလုပ်နေကြ ကလေးကွက်တွေထဲက တစ်ခုပါပဲ..။

  • ရွှေဘိုသား

    July 25, 2011 at 3:05 pm

    ဦးကြောင်ပြောတာတွေကို ထောက်ခံပါတယ်
    ဒါတိုင်းပြည်တစ်ခုလုံးအတွက် ဆွေးနွေးမှာကို
    ခေါင်းဆောင်ကထွက်မလာပဲနေရင် ငယ်သားနဲ.ဆွေးနွေးခိုင်းတာတော. အန်တီစုကိုလည်းဆော်ကားသလို
    လုပ်တာပါပဲ အလိုဆိုရင်တော. ဆက်မဆွေးနွေးပါနဲ.

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 26, 2011 at 9:10 am

    ဒေါ်စုနဲ့ ဝန်ကြီး ဦးအောင်ကြည် တနာရီကျော်ကြာ ဆွေးနွေး – By ဒေါ်ခင်မျိုးသက်-တနင်္လာ, 25 ဇူလိုင် 2011
    မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
    မြန်မာအစိုးရသစ်ရဲ့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့
    ဒီနေ့ တနင်္လာနေ့ နေ့လယ်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၇ဝ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
    ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး နှစ်ဘက် ကျေနပ် ဝမ်းမြောက်ကြောင်း ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။
    ဒါ့အပြင် ပြည်သူလူထု စိတ်ချမ်းသာရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြသလို
    နောက်ထပ် တွေ့ဆုံဖို့ ရှိကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
    မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲ အုပ်ချုပ်လာခဲ့ပြီးနောက် ၄ လနီးပါး အကြာမှာ အစိုးရသစ် အဖွဲ့ရဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
    “အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အဖွဲ့ဝင် အလုပ်သမား ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းဝန်ကြီး ဦးအောင်ကြည်နဲ့ ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။”
    ဆွေးနွေးပွဲ အပြီးမှာ ဝန်ကြီး ဦးအောင်ကြည်က သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်ချက် ဖတ်ပြခဲ့ပါတယ်။
    “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁ဝ မိနစ်အထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ဤသို့ တွေ့ဆုံမှုအတွက် နှစ်ဘက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိကြပါသည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
    “ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအဝင် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”
    အစိုးရသစ်အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဝန်ကြီး ဦးအောင်ကြည်ဟာ အရင် စစ်အစိုးရလက်ထက် ၂၀၀ရ ခုနှစ်ကစပြီး ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
    အခု စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲအုပ်ချုပ်ခဲ့တဲ့နောက် ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲအတွက် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ အရင်တွေ့ဆုံမှုတွေထက် ပိုပြီးကောင်းတဲ့ရလဒ် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း ဝန်ကြီး ဦးအောင်ကြည်က ဖြေကြားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဦးအောင်လှထွန်းက ပြောပါတယ်။
    “သူဖြေတာကတော့ အရင် ၉ ကြိမ် တွေ့တာမှာ လုံးဝ Tangible Result မဖြစ်ဘူးလို့ ပြောလို့မရပါဘူးတဲ့။ အထိုက်အလျောက် အကျိုးကျေးဇူး ရှိပါတယ်တဲ့။ အခု ဒီတခါ တွေ့ဆုံမှုမှာတော့ အရင်ရလဒ်ထက် ပိုမိုကောင်းမွန်တဲ့ရလဒ် ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”
    မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရသစ်အဖွဲ့က ဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်တို့ရဲ့ အခု တွေ့ဆုံချိန်ဟာလည်း ထူးခြားမှု ရှိနေတယ်လို့ အများက သတ်မှတ်ကြပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေး ခရီးစဉ်အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ဇွန်လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီးက သတိပေးခဲ့တာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်ရေးကိုယ်တာ ဘုရားဖူး ခရီးစဉ်အဖြစ် ပုဂံကို သွားရောက်ခဲ့ပြီး သူ့ရဲ့ လွတ်လပ်ခွင့်ရမှု ဘောင်အတိုင်းအတာကို စမ်းသပ်ခဲ့ပါတယ်။
    စနေနေ့ကမှ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံနဲ့ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း မြန်မာအစိုးရသစ်ကို တွေ့ဆုံ ဆွေးနွေးရေးတွေလုပ်ပြီး ထင်ရှားတဲ့ တိုးတက်မှုတွေ ပြဖို့အတွက် တောင်းဆိုခဲ့ပါတယ်။
    တဆက်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ သူ ဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါသေးတယ်။
    “ကျမတို့ကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွေ့တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။”
    မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဦးအောင်ကြည်နဲ့ တွေ့ဆုံပြီးနောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
    http://www.voanews.com/burmese/news/dassk-u-aung-kyi-126113063.html
    ……………………………….
    ……………………………….
    ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို -By မစုမြတ်မွန်- တနင်္လာ, 25 ဇူလိုင် 2011
    အစိုးရသစ်လက်ထက်မှာ အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုကနေ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေ အကျိုးဖြစ်ဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ အလုပ်သမား၊ လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်ကလည်း ဆွေးနွေးမှုတွေမှာ အများပြည်သူ အကျိုးဖြစ်စေမယ့် ကိစ္စတွေ ပါပါတယ်လို့ ပြောပါတယ်။ တနင်္လာနေ့က အစိုးရ ဧည့်ဂေဟာမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ ၂ ယောက်က သတင်းထောက်တွေကို တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံမှုကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
    “စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုက တဆင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေး အမြင်နဲ့ အခုလို အားထုတ်မှုကို ဆက်လက် လုပ်ဆောင်သွားလိမ့်မယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လိုလားချက်ရယ်၊ မြန်မာပြည်သူတွေရဲ့ အကျိုးရယ်ကို ရှေ့ရှုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မျှော်လင့်တယ်လို့ ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို စောလျှင်စွာ လွှတ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။”
    တနင်္လာနေ့ ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ မာတင် နီစာကီ (Martin Nesirky) ပြောသွားတာ ဖြစ်ပါတယ်။ ဒီလိုခြေလှမ်းမျိုးဟာ အမေရိကန် အစိုးရက မြင်လိုတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
    တနင်္လာနေ့က တွေ့ဆုံပွဲအပြီး ဦးအောင်ကြည်နဲ့အတူ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာမှာလည်း တွေ့ဆုံမှုတွေကနေ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ရလဒ်တွေ ရလာဖို့ မျှော်လင့်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။
    “ကျမတို့ကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွေ့တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။”
    အရင် စစ်အစိုးရ လက်ထက်က စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိအဖြစ် ဆောင်ရွက်ပေးခဲ့ရတဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်က ၉ ကြိမ်လောက်ကို တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုတွေကနေ စစ်ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ တနင်္လာနေ့ တွေ့ဆုံပွဲမှာတော့ ၂ ဘက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ကြေညာချက်ကို သတင်းထောက်တွေကို အခုလို ဖတ်ပြခဲ့ပါတယ်။
    “နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအဝင် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူညီကြပါသည်။”
    မြန်မာအစိုးရဘက်က ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ပဲ အခုလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ကို တွေ့တွေ့ တကယ် အပြောင်းအလဲတွေ လုပ်ချင်တယ်ဆိုတာ ပြသဖို့ လိုတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဦးဇင်လင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
    “အစိုးရသစ်ဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကို သွားနေတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရပါမယ်၊ တိုင်းရင်းသား အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်ရပါမယ်။ ဥပဒေမဲ့ တိုင်းပြည်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး စနစ်ကို ပြင်ဆင်ရပါမယ်။”
    NCGUB အဝေးရောက် အစိုးရ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဦးဇင်လင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
    အရင်က ဆွေးနွေးမှုတွေဟာ နိုင်ငံရေးအရ တိုးတက်မှုတွေကို ဖော်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် အခုတခါ ထပ်ပြီး တွေ့ဆုံမှုတွေ လုပ်လာတာကနေ အကျိုးဖြစ်ထွန်းပါ့မလားလို့ မေးခွန်းတွေ ရှိနေပေမဲ့ အခုလို အစိုးရ တာဝန်ရှိသူ တယောက်နဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင်တို့ကြား တွေ့ဆုံမှုကနေ မြန်မာ့နိုင်ငံအတွက် တခုခု တိုးတက်လာလေမလားလို့လည်း မျှော်လင့်နေကြပါတယ်။
    http://www.voanews.com/burmese/news/un-welcome-dassk-u-aung-kyi-meeting-126148958.html
    ………………………………
    …………………………..
    နည်းနည်းလေးဆက်စပ်နေတယ်လို့ ပြောလို့ရမလားတော့သိဘူး
    တရုပ်ကြီးက မြန်မာပြည်အနေနဲ့ မိမိတို့ နိုင်ငံရေးကို မိမိတို့ဘာသာ
    ဖြေရှင်းတာကို ထောက်ခံတဲ့အကြောင်း မှန်ကန်တဲ့အကြောင်းတွေ ပြောတယ်ဆိုဘဲ
    …………………………
    ( အန်အယ်ဒီသည် ၁၉၉ဝပြည့် လွှတ်တော်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုခေါင်းဆောင် ဖြစ်ပါတယ်။ သူတို့ထက် တရားဝင်မှုရှိတဲ့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းဖြစ်လို့ သူတို့ကြိုးဆွဲရာ ကရန် မလိုကြောင်း တိုက်တွန်းအပ်ပါသည်။ )
    ပြီးတော့ ဒေါ်စုအနေနှင့်လည်း
    လူထုခေါင်းဆောင် ဆိုပြီး ရွေးကောက်တင်မြှောက်တာကို ခံယူဘို့ထက်
    မြန်မာပြည်တွက် ပြုပြင်ပြောင်းလည်းရေး ခေါင်းဆောင်ကြီးတစ်ဦးအနေဖြင့်သာ
    ရပ်တည်ပြီး မြန်မာပြည်အကျိုးကို သည်ပိုးမည်ဆိုလျှင် ပို၍ပင်
    ပြည်သူများ လေးစားမှု့ကို ရရှိနိုင်မည်ဖြစ်ပါပြီး
    NLD အနေနှင့်လည်း နောင်လာမည့်
    ရွေးကောက်ပွဲအတွက် လူငယ်ခေါင်းဆောင်များကို ( ဝါ ) အနာဂတ်လူငယ်များကို
    ယ္ခုမှ စတင်ကာ ရှေ့သွားဦးဆောင်စေခြင်း လုပ်ဆောင်ခွင့်များပေးစေခြင်း
    ( ဆိုလိုသည်မှာ လူကြီးပိုင်းများအနေနှင့် နည်းပြများသဘော )
    များကို လေးလေးနက်နက် လုပ်ဆောင်သင့်ကြပါကြောင်း
    ( ကိုကြောင်ကြီးကီးဖြင့် ) တိုက်တွန်းအပ်ပါသည်။

    မောင်ဗဘုကလည်း သဂျီးလေသံခင်းနေပြန်ပြီ၊ ဘာနောက်လာမဲ့ ရွေးဂေါက်ပွဲလဲ။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲရလဒ်သည် မပျက်ပြယ်သေးဘူး။ သူတို့၂၀၀၈ ညောင်နှစ်ပင်ဥပဒေနဲ့ ၂၀၁ဝရွေးဂေါက်ပွဲ၊ ၁ဝမိနစ်လွှတ်တော်သည်လည်း တရားမဝင်ဘူး။ ဒင်းတို့ ဘာပြောပြော ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်သွားဖို့ ပြင်ဆင်ထားရမှာပဲဖြစ်တယ်… ရဲရဲတောက် ကြောင်ကြီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 28, 2011 at 11:34 am

    သဂျီးမင်းခင်ဗျား
    ကိုကြောင်ဂျီးဂို အရေးယူပါခင်ဗျ
    ကော်မန့်ပေးတဲ့ မန်ဘာ ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု ရဲ့အခွင့်ရေးကို ချိုးဖောက်မှု
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု ရဲ့ ကော်မန့်ကို အလွဲသုံးစားလုပ်မှု့
    မန်ဘာများအားလုံးကို စော်ကားမှု
    ဂေဇက် ဆိုက်ကို စော်ကားမှု့တွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူပါခင်ဗျ
    ဖြစ်နိုင်မယ်ဆိုရင် သူရရှိထားတဲ့ ပွိုင့်တွေကို ကျွန်တော့် အကောင့်ထည်း
    ထရန်းစဖား လုပ်ပြစ်သည့် အထိ အရေးယူပါခင်ဗျ
    အကြောင်းမှာ
    အထက်အပါ ကော်မန့်တွင်
    ………………………………
    ( မောင်ဗဘုကလည်း သဂျီးလေသံခင်းနေပြန်ပြီ၊ ဘာနောက်လာမဲ့ ရွေးဂေါက်ပွဲလဲ။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲရလဒ်သည် မပျက်ပြယ်သေးဘူး။ သူတို့၂၀၀၈ ညောင်နှစ်ပင်ဥပဒေနဲ့ ၂၀၁ဝရွေးဂေါက်ပွဲ၊ ၁ဝမိနစ်လွှတ်တော်သည်လည်း တရားမဝင်ဘူး။ ဒင်းတို့ ဘာပြောပြော ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်သွားဖို့ ပြင်ဆင်ထားရမှာပဲဖြစ်တယ်… ရဲရဲတောက် ကြောင်ကြီး )
    ……………………………….
    ဆိုတဲ့ အကြောင်းအရာဟာဆိုရင်
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု မှ ရေးသားထားခြင်းမဟုတ်ဘဲ
    ကျွန်တော်မိုက်ကယ် ဂျော်နီအောင်ပု ၏ ကော်မန့်ကို ကိုကြောင်ဂျီးမှ ဆက်ရေးထားခြင်းသာ ဖြစ်ပါကြောင်းနှင့်
    တည်ဆဲ ဥပဒေများအရ
    မန်ဘာ၏ ကော်မန့်ကို ပို့စ်တင်သူမှ ဆက်မရေးရန်
    ဥပဒေအသစ်ကြီးကို စာမျက်နှာရှစ်ဆယ်မျှ ထပ်မံဖြည့်စွက်သင့်ပါသည်ဟု
    သဂျီးမင်အားး သိစေအပ်ပါသည်ခင်ဗျ။
    သဂျီးမင်း ကိုယ်စိတ်နှစ်ဖြှာ ကျမ္မာ ချမ်းသာပါစေခင်ဗျ။

Leave a Reply