Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေညိုရင်ရွှေဘိုကိုလွမ်းတယ်

ေရႊဘိုသားJuly 25, 20115min4279

သူများတွေလို တက္ကသိုလ်လည်း မတက်ဖူးသေးတော. လွမ်းစရာဆိုလို. ရွှေဘိုမြို.လေးပဲရှိတယ်

ဒီအကြောင်းလေးပဲ ရေးရမှာပေါ. ရေးချင်စိတ်ဖြစ်အောင်လည်း ဒီအင်တာနက်ထဲကကောင်လေးက လုပ်လိုက်တာကိုးဗျ

ကျွန်တော် ဟိုတစ်နေ.က သူငယ်ချင်းအကောင်.ကိုဖွင်.လိုက်တယ် ကိုယ်.အကောင်.က အပိတ်ခံလိုက်ရလို.ပါ

သူ.ထဲက လူတစ်ယောက်ကိုပျင်းတာနဲ. ချက်လိုက်တယ် ဘာညာ ကွိကွပေါ.

ဘယ်ကလည်းလို.မေးတာနဲ. ကျွန်တော်ရွှေဘိုကပါဗျာဆိုတော. အဲဒီမြို.ကြားတောင်မကြားဖူးဘူးတဲ.

ကောင်းရော ကိုယ်.အဲဒီမြို.ကဆိုရင်တော. သိလောက်ပါတယ်ဆိုပြီး အစွဲပြုပြောလိုက်ပါတယ် ကြားတောင်မကြားဖူးဘူးတဲ. အော်သမိုင်းဆိုတာအဲလိုပဲ

ပျောက်ကွယ်သွားတာလားဆိုပြီးလည်း ဝမ်းနည်းမိတယ် ကျွန်တော်လည်း လူငယ်ပါပဲဗျာ အခုနောက်ပိုင်းလူငယ်တွေ ဘာ.လို.ဒီလိုမမေ.အပ်တဲ.

သမိုင်းကြောင်းနဲ. မမေ.အပ်တဲ.အာဇာနည်တွေကိုမေ.နေကြတာလည်း မိဘတွေကလည်းပြောမပြနိုင်တာလား

သူတို.ကပဲစိတ်မဝင်စားလို. မသိကြတာလားတစ်ခုခုပေါ.နော် သူတို.စိတ်မဝင်စားလို.ပဲဖြစ်မှာပါ

မိဘတွေက စီးပွားရေး နေရေးထိုင်ရေးတွေနဲ.မို. မပြောပြနိုင်ရင်တောင်မှ

အလယ်တန်း မြန်မာ.သမိုင်းထဲမှာ ဒီအကြောင်းအရာတွေက သင်ရတာပဲဗျာ

သိဖို.တော.ကောင်းတာပေါ. သမိုင်းထဲ သူရဲကောင်းတွေအကုန်မသိရင်နေ ဗိုလ်ချုပ်အောင်ဆန်းတို.

အလောင်းမင်းတရားကြီးဦးအောင်ဇေယျ တို.လောက်တော.သိသင်.တယ်လို.ကျနော်ထင်တယ်

ကျနော်လည်းသမိုင်းကို အကုန်လုံးမသိပါဘူး သိသင်.သလောက်တော.သိပါတယ် ကျွန်တော်တို.

မြန်မာလူမျိုးတွေရဲ. နောက်ဆုံးကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်သူ

မုဆိုးဘိုရွာသား သီရိဓမ္မရာဇာဘွဲ့ခံ မင်းညိုစံ နှင်.ဇနီး စောငြိမ်းဦး တို.ရဲ. စတုတ္ထမြောက်သား

ဦးအောင်ဇေယျကိုတော. သိသင်.တယ်ထင်တယ် သူသာမြန်မာနိုင်ငံတော်ကြီးကို ပြန်မထူထောင်ဘူးဆိုရင်

အချင်းချင်းသတ်ကြဖြစ်ကြ ဗိုလ်လုပြီးသတ်နေကြတာနဲ. မြန်မာလူမျိုးတွေမျိုးတုန်းသွားနိုင်တယ်

အဲလိုအချင်းချင်းတကွဲတပြားဖြစ်နေတဲ.အချိန် နယ်ချဲ.တွေဝင်လာရင် ဘာမှတောင် မြန်မာလူမျိုးတွေကျန်မှာတောင်မဟုတ်ဘူး

ဦးအောင်ဇေယျကို ကျနော်တို.နောင်လာနောင်သားတွေ အားကျအတုယူသင်.တယ် ဘာ.လို.လဲဆိုတော.

အင်အားအများကြီးကွာခြားတဲ. ဟံသာမတီမင်းတပ်တွေကို တိုက်နိုင်တယ် စစ်တပ်အင်အားက အများကြီးကွာတယ် ဒါမေဲ. အခြေနေနဲ.အချိန်ခါကိုချင်.ချိန်နိုင်တယ်

အတွေးအခေါ်အမျှော်အမြင်ကြီးလို. မွန်တပ်တွေကို တိုက်နိုင်တာ တစ်နိုင်ငံလုံး ဟံသာဝတီမင်းကို သစ္စာခံနေတဲ.အချိန်မှာတောင် မုဆိုးဘို ရွာက

သစ္စာမခံပဲ သစ္စာပေးလာတဲ.ဟံသာဝတီတပ်တွေကိုတိုက်ထုတ်လိုက်တယ် အဲလိုတိုက်ထုတ်လိုက်တာလည်း

သူ.မှာအားကိုးစရာ လက်နက်ကောင်းဘာမှမရှိသေးဘူး အနီးနား 46 ကိုစည်းရုံးတယ် ရရာလက်နက်တွေကို

စုဆောင်းထားတယ်၁၆၄၅ ကိုက်ရှိတဲ. ထန်းလုံးတပ်ကိုအခိုင်မာတည်ဆောက်ပြီး စနစ်တကျတပ်ကို ထန်းလုံးတပ်အတွင်းသွင်းထားတာ တပ်အပြင်က ရေတွင်းရေကန်တွေ

အကုန်လုံးကို ရန်သူ.ရိက္ခာမဖြစ်ရအောင်ဆိုပြီး အကုန်မြေဖို.ပြီး စနစ်တကျစစ်တပ်ကို စီမံထားတယ်

ဟံသာဝတီမင်းကအင်းဝမြို.တောင်ငါ.လက်အောက်ရောက်နေပြီး ဒီမုဆိုးဖိုရွာက ဘာ.ကြောင်.သစ္စာမခံရတာလည်းဆိုပြီး ဒေါသထွက် လာတိုက်တာကိုခံစစ်နဲ.ပဲ ပြန်တိုက်တယ် နိုင်တယ် ရလိုက်တဲ. လက်နက်တွေရိက္ခာတွေကို စုဆောင်းတယ် ရတဲ.စစ်သုံ.ပန်းတွေ လက်နက်တွေကို

စနစ်တကျ အသုံးချတယ် ဒီလိုနဲ.ပဲ တိုက်ပွဲတိုင်းနို်င်တော. စစ်တပ်အင်အားများလာတယ် ဒါနဲ.နောက်ပိုင်း

အင်းဝမြို.ကို ပြန်လည်သိမ်းယူနိုင်ခဲ.တယ် ဟံသာဝတီတပ်တွေကို နိုင်အောင်တိုက်နိုင်ခဲ.တယ်

ဒါနဲ.ပဲကုန်ဘောင် မင်းဆက်ကိုစတင်တည်ထောက်ခဲ.တယ် တစ်တိုင်းပြည်လုံးလည်း အေးအေးချမ်းချမ်းဖြစ်အောင်ဦးဆောင်နိုင်ခဲ.တယ် အဲဒီလောက်နိုင်ငံကို

ကယ်တင်ခဲ.တဲ. သူရဲကောင်းကိုတော.ကျနော်တို. လူငယ်တွေသိသင်.တယ်လို.ထင်တယ် မသိဘူးဆိုတာကတော. တော်တော်ကိုလွန်နေပြီ

အခုနောက်ပိုင်းလူငယ်တွေ ဘာမှစိ်တ်မဝင်စားကြတာကိုတွေ.ရတော. ဝမ်းနည်းတယ် နိုင်ငံရေးဆိုတာ

မလုပ်ချင်ရတယ် မသိချင်လို.မရဘူးလို.ကျနော်ထင်တယ် နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းတောင် မသိတဲ.လူတွေကျနော် တွေ.ဖူးတယ် ကိုယ်.နိုင်ငံလွတ်လပ်ရေး

ဘယ်အချိန်ကရမှန်းမသိတဲ. အကောင်တွေလည်းတွေ.ဖူးတယ် အခုရန်ကုန်ရောက်မှ ဖေဖော်ဝါရီ 14 ရက်ချစ်သူများနေ.ဆိုတာကျွန်တော်သိတာ

ဖေဖော်ဝါရီ 13 ရက်ဗိုလ်ချုပ်မွေးနေ.ဆိုပြီး သတိရတဲ.သူက နည်းနည်းပဲရှိတယ် ဗိုလ်ချုပ်မွေးနေ.ကို

မေ.ပြီး မနက်ဖြန် ချစ်သူများနေ.အတွက်ဆိုပြီး ကြိုတင်စိတ်ကူးယဉ်နေတဲ.သူတွေလည်း အများကြီးတွေ.ဖူးတယ် ဘာလုပ်ဖို.လည်း ချစ်သူများနေ.ဆိုပြီး သူများနိုင်ငံက

ယဉ်ကျေးမှုကြတော. အသက်ကလေး 14 နှစ်လောက်ဆိုသိလာတယ် ဗိုလ်ချုပ်မွေးနေ.ကို ၃ တန်းက အောင်ဆန်းဇာနည် ကဗျာ

ထဲမှာ ငယ်ငယ်ကတည်းကသင်ရတဲ.နေ.ကိုကျတော. မသိဘူး စာကျက်သလိုပဲ ကျက်လိုက်တယ်

ပြီးရင်မေ.တယ် ချစ်သူများနေ.ဆို ဘုရားသွားအတူဆုတောင်း တာတွေဘာတွေရှိတယ်နော်

ဗိုလ်ချုပ်မွေးနေ.အတွက်ရည်စူးပြီး ဘုရားသွားတဲ. လူကနည်းနည်းပဲရှိတယ်နော်

ဗိုလ်ချုပ်အတွက်လည်းဆုတောင်းရင်း ချစ်သူများနေ.လည်းအကြိုအနေနဲ.ဖေဖော်ဝါရီ 13 ရက်နေ.ကတည်းကသွားပြီး

ဘုရားမှာ ဆုတောင်းပါလားဗျာ အဲလိုကျတော.မဟုတ်ကြဘူး ကျနော်.အမြင်ကိုပြောပြတာပါ

လုပ်ကြပါလို.မပြောပါဘူး ဆုမတောင်းလည်း ဗိုလ်ချုပ်ကတော. ကောင်းရာမွန်ရာ ရောက်မှာကသေချာပါတယ်

နောက်ထပ် ရှိသေးတယ် အင်္ဂလိပ်နှစ် New Year ကျတော. ညကြီးသန်ခေါင် အိပ်ရေးပျက်ခံပြီး

ထအော်ကြတာ ကိုယ်.ရိုးရာနှစ်သစ်ကူးတန်ခူးလ နှစ်ဆန်းတစ်ရက်နေ.ကျတော. ဥပုဒ်တောင် မစောင်.နိုင်တဲ.လူတွေ အများကြီး ရှိတယ် New Year

အော်တာအပြစ်ပြောတာမဟုတ်ဘူးနော်သူများနှစ်သစ်ကူးတောင် အိပ်ရေးအပျက်ခံပြီး ကိုယ်.ထမင်းကိုယ်စား ဂျီးတော်နွားကျောင်းသေးတာပဲဗျာ

ကိုယ်.နိုင်ငံကိုယ်.ရိုးရာနှစ်သစ်ကူးလေလည်း နှစ်သစ်အတွက်ကုသိုလ်ယူရင်း ဥပုဒ်ကလေးတစ်ရက်ဖြစ်စေ

နှစ်ရက်ဖြစ်စေ စောင်.သင်.တယ်လို.ကျွန်တော်ထင်တယ်

ကိုယ်.တွေးမိတာကိုချရေးတာပါပဲ ဘယ်သူ.မှအပြစ်ပြောတာမဟုတ်ပါဘူး လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်

ရေးဖြစ်တာကလည်း ချက်တင်ထဲက ကောင်လေးပြောတဲ. ရွှေဘိုကို မသိဘူးဆိုလို. တွေးပြီး ရေးမိတာပါ

ကျွန်တော်လည်း သမိုင်းကြောင်းအကုန်လုံးတော. မသိပါဘူး သိလွန်းလို.ရေးတာလည်းမဟုတ်ပါဘူး

အခုတော.လည်း ခေတ်ပေါ်သီချင်းလေးထဲကလို နေရစ်ခဲ. ရာဇဝင်ထဲမှာ ဆိုသလိုဖြစ်နေပြီ

ဘယ်သူတွေ ရာဇဝင်ထဲမှာ ချန်ထားခဲ.ပါစေ ကျွန်တော် ရွှေဘိုကိုလွမ်းတယ် နေ.တိုင်းပါပဲ

နေညိုရင်လို. ထည်.ရေးရအောင်ကလည်း မြို.ပြမှာ နေဝင်ချိန်ရဲ.အရသာကို မတွေ.ဖူးသေးဘူး အမြဲတိုက်တွေနဲ.ကွယ်နေတယ်။ ဒါပေမဲ.လည်း အမြဲတမ်းလွမ်းပါတယ်

ရာဇဝင်ထဲမှာ ချန်မထားခဲ.ပါနဲ.လို. တောင်းဆိုချင်တယ် ဖြစ်နိုင်ရင်ပေါ.

တစ်ချိန်က ဘုန်းတန်ခိုးကြီးမားတဲ. အိမ်နီးချင်နို်င်ငံတွေလေးစားတဲ.သူရဲကောင်းကြီးရဲ.မြို.က အခုတော.လည်း

မြို.ပြ သာသာလောက်သာဖြစ်နေတာကိုတော. ကျွန်တော်ဝမ်းနည်းမိတာအမှန်ပဲ

နန်းတော်တွေနဲ.မြို.မုဒ်ဦးတွေကလည်း တော်တော်ကိုပျက်စီးနေတာကို ပြန်တိုင်းဝမ်းနည်းစွာနဲ. ကြည်.ခဲ.ရတယ်

ရွှေဘိုအလည်ပြန်မှပဲ ဓာတ်ပုံလေးတွေရိုက်လာပြီး တင်လိုက်ပါအုံးမယ်

အားလုံးကို လေးစားလျှက်

9 comments

  • ogre

    July 25, 2011 at 6:34 pm

    ရွှေဘိုသားရေ..
    ဓါတ်မီးရောင်ထိမ် ..ကုသိုလ်ဖြစ်ဆေရုံ
    ပွဲနဲ့ လမ်းနဲ့သာသာယာ..စာသင်ကျောင်းတွေနဲ့
    ရှေးကနဲ့ မတူူပါ…ကျေးရွာဝါဒပြောင်းလဲလိုက်ကြပေါ့…ခင်…ဗျာ …
    ဆိုတဲသီချင်းကို အလုပ်ကအပြန် အိမ်မှာအကျယ်ကြီး ဆိုလိုက်အုံးမယ်…
    ဘာမှအားမငယ်နဲ့။။။။။

  • naywoonni

    July 25, 2011 at 6:47 pm

    ကိုယ်နေထိုင်ရာ တိုင်းပြည်က မြို့တွေကိုတော့ အကုန်မဟုတ်ရင်တောင် သိထားသင့်တာပေါ့..။ ရွှေဘိုတို… တောင်ငူတို့ စစ်ကိုင်းတို့ အင်းဝ တို့ကို………

  • ရွှေဘိုသား

    July 26, 2011 at 9:12 am

    အစ်ကို ogre ရေအဲဒီသီချင်းဆိုတဲ. နန်းတော်ရှေ.ဆရာတင်သာ အခုဖြစ်နေတဲ.မြန်မာပြည်ကိုမြင်ရရင်
    ဆိုမိတာမှားပြီ ထင်ပါတယ်လို.တောင် ပြောင်းဆိုလောက်တယ်ဗျ
    ဆရာတင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းတို.လက်ထက်မို. ဆိုတာဖြစ်မှာပါ

  • pan pan

    July 26, 2011 at 9:54 am

    ရွှေဘိုသားရေ…..
    ရွှေဘိုသူလိုယဉ်တာ ကမ္ဘာမှာမရှိပါဘူးတဲ့ (အားမငယ်နဲ့)
    ဆရာတင်ကို သိလားမေးရင် ပိုဆိုးမယ်
    ဗိုလ်ချုပ်တိုက်ပုံအနက်နဲ့၊ ချိတ်ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့ပုံကို ဗိုလ်ချုပ်မှန်းမသိတဲ့လူကရှိသေးတယ်
    ကမ်းကိုကုန်ရော…
    အဲ့ဒီတော့ ရွှေဘိုကို မသိတာလည်းမပြောနဲ့တော့
    ငါးမည်ရ ပြည်ရွှေဘိုဆိုရင် ပိုလို့တောင်ဝေးသွားမယ်
    အံ့ရော..အံ့ရော

  • ရွှေဘိုသား

    July 26, 2011 at 10:38 am

    မမပန်ရေ အဲဒီလိုတွေသိရတော. နောက်ပိုင်းတွေးကြည်.ပြီး တော်တော်ရင်လေးမိပါတယ်
    အခုခေတ်ကလူငယ်လေးတွေကလည်း နိုင်ငံရေးအကြောင်းလိုက်စားရင် ဥပဒေချိုးဖောက်တာ
    ထောင်ကျမည်ပဲ ထင်နေကြတာဗျ
    အာဇာနည်နေ.က ဗိုလ်ချုပ်ပြတိုက်သွားကြည်.ဖို. မိဘတွေက သူတို.သမီးလေးကိုခေါ်တာ
    သမီးလေးကဘာပြောတယ်ထင်လည်း အဖေကလည်းထောင်ကျမှာပေါ.တဲ.
    ကြားရတော. တော်တော်စိတ်မကောင်းဖြစ်မယ်တယ်

    • pan pan

      July 26, 2011 at 11:13 am

      ဒါက စိတ်ဓါတ်ကို ရိုက်ချိုးထားတာပဲလို့ ထင်မိပါတယ်
      နိုင်ငံရေးလုပ်တာ ကြောက်စရာ၊ ရွံ့စရာလို့ ထင်မှတ်မှားနေကြပါပြီ
      ကိုယ့်နိုင်ငံတိုးတက်စေချင်တာ၊ တိုးတက်အောင်ကြံဆောင်တာဟာ နိုင်ငံ့အရေးကို ဆောင်ရွက်တာပဲပေ့ါ (ကောင်းတဲ့ကိစ္စလုပ်တာနော်၊ သောင်းကျန်းတာကိုပြောတာမဟုတ်ဘူး)
      နိုင်ငံရေးဟာ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်တဲ့
      ပြည်သူတွေနေ့စဉ်သွားလာလှုပ်ရှားနေတာတွေ၊ စားဝတ်နေရေးဆိုတာတွေကလည်း နိုင်ငံရေးပါပဲ
      နိုင်ငံရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကိစ္စဖြစ်ပါတယ်
      မိမိနိုင်ငံရဲ့ အရေးဟာ မိမိနဲ့ဆိုင်ပါတယ်
      ကိုယ့်အိမ်ရဲ့ စီးပွားရေး၊ လူမှုရေးစတာတွေဟာ ကိုယ်နဲ့ပတ်သက်နေသလို
      ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စမှာလည်း ကိုယ်ကိုယ်တိုင်က ပတ်သက်မှုရှိပါတယ်
      “ငါနဲ့ မဆိုင်ပါ”လို့ တွေးနေရင်၊ လူတိုင်းသာ ဒီလိုတွေးနေရင်……..

  • Endless

    July 26, 2011 at 1:49 pm

    ကိုယ့် ညီ ရွှေဘိုသားလေး… ဆက်ရေးပါ အားပေးနေပါတယ်၊၊ ကိုယ်တို့တော့ အလုပ်တွေ တအားရှုပ်နေတာနဲ့ ရွှေဘို မပြန်နိုင်တာ ၂ နှစ်ကျော်သွားပြီ…. ဘာပဲဖြစ်ဖြစ် ကိုယ့် မွေးရပ်ကိုတော့ လွမ်းသဗျ… အာစရိယ ပူဇော်ပွဲကျရင်တော့ ပြန်ဖြစ်အောင် ပြန်လိုက်ဦးမယ်… ဘာပဲဖြစ်ဖြစ် အားပေးနေပါတယ်၊၊

  • MOEPWINTPHYU

    July 26, 2011 at 2:05 pm

    အင်းရွှေဘိုသားပြောမှ အိမ်ပြန်ချင်လာပြီး
    ရွှေဘိုနယ်က လေ အခုခေတ်လူငယ်တွေက ကိုရီးယားကားလောက်ကိုစိတ်ဝင်စားနေကြတာ တစ်ချိုဆို
    မသိတာကို မတတ်တာကိုဂုဏ်ယူနေပုံရတယ်

  • Khon Yenaung

    July 26, 2011 at 3:42 pm

    တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေသတဲ့။
    ဦးအောင်ဇေယျ ရဲ့ ဦးဆောင်မှုကောင်းခဲ့ လို့ နိုင်ငံသမိုင်းကြောင်းပြောင်းလဲနိုင်ခဲ့တာပါ။
    လောင်း နောင် ဆင် စဥ့်၊ မောင် ဘိုး ဘ ၊ သာ ဂံ တုန်း ပေါ – တဲ့ ။
    ကုန်းဘောင်မင်းဆက် ( ၁၁ ) ပါး အကြောင်း လေ့လာရတာ သိပ်စိတ်ဝင်စားဘို့ ကောင်းပါတယ်။
    သမိုင်းကို သင်ရတာ မ `အ ` အောင်လို့ ပါတဲ့။
    ရွှေဘိုမြင်းရယ်လေ ခွါသံ လျှာသံ ပြင်းတယ် လေ လို့ ပြောရလောက်အောင် မြင်းရည်တက် လေးကျိတ်ကိုးယောက် နဲ့ နိုင်ငံသစ် တည်ခဲ့ ကြတာ။
    သူ့ခေါင်းမှာတဲ့ သပြေညို ကိုယ့်ခေါင်းမှာတဲ့ သပြေညို သပြေညို ရွှေဘို ပန်းရယ် လန်းလျက်ပါကို ဆိုပြီး လွတ်လပ်ရေးကို ကြိုခဲ့ကြတာမို့ –
    ဘယ်သူတွေ သိသိ မသိသိ သပြေပန်းတွေ လန်းနေသမျှတော့ ရွှေဘိုကို လွမ်းနေ ရအုံးမှာပါ။

Leave a Reply