Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖုန်းဘေလ် ကောက်ခံမှူ ကမောက် ကမ ဖြစ်ခြင်း

etoneJuly 26, 20111min2458

ဒီကနေ့  တနင်္ဂနွေနေ့မို့ … ကောင်းကောင်း အိပ်မယ်ဆိုတဲ့ အတွေးနဲ့ … နှပ်နေတုန်း … မနက်စောစော စီးစီး ဆူဆူညံညံအသံကြောင့် ကျွန်မနိုးလာခဲ့ပါတယ် .. ။ အိပ်ယာက နိုးအောင်တောင် မစောင့်နိုင်ပဲ… အလောတကြီး … သူ့ဖုန်းကို အိုဗာစီးကော ခေါ်ပါတယ်လို့ ..ပွက်လောရိုက်နေသူကတော့ ….. ကျွန်မ အမေပေါ့ .. ။

“အာ … မေကြီးကလည်း ပြသနာပဲ … ကိုယ့်ဖုန်းနဲ့ ကိုယ်သုံးတာ …သူ့ဟာလည်း မသုံးပဲနဲ့ … ” လို့ ပြောပြောဆိုဆိုနှင့် ဆောင့်အောင့်ပြီး ကျွန်မ ရေချိုးခန်းထဲဝင်သွားတော့သည် … ။ ထပ်အိပ်နေလျှင်လည်း နားပူနေမှာ သိလို့ … ရေချိုးခန်းထဲ ဝင်လိုက်တာက အကောင်းဆုံး လွတ်လမ်းဖြစ်ဟု တွေးမိသည် ။ ပြသနာ တစ်ခုကိုပြောမိလျှင် မကျေနပ်မချင်း တဗျစ်တောက်တောက် ပြောနေတတ်သော အကျင့်က ကျွန်မနှင့်တူတာမို့ … နားဆက်ပူရမည့် အဖြစ် ရင်လေးမိပြန်သည် … ။

ရေချိုးခန်းထဲက ထွက်လာတော့လည်း … ထင်တဲ့ အတိုင်း …နောက်မှ တကောက်ကောက်လိုက်ကာ …သူ့ ဖုန်းကို အိုဗာစီးကော ခိုးခေါ်တယ်ချည်း လာပွားနေတော့သည် … ။ အိမ်တွင် လူအများကြီးရှိသည့်အနက် ကျွန်မကိုပဲ ပြသနာရှာသည့် အကြောင်းမှာ … အလုပ်နှင့်ဆက်စပ်ပြီး … တစ်ခါတစ်ရံ အိုဗာစီးကော ဖုန်း အဝင် ၊ အထွက်များရှိသောကြောင့်ဖြစ်သည် … ။ အများအားဖြင့် ဖုန်း အဝင်သာ ကျွန်မဖုန်းနှင့် လက်ခံပြီး … အိုဗာစီးကော ခေါ်စရာရှိလျှင် ရုံး ဖုန်း ချည်းသာ သုံးခဲ့သည ်…  😀 😀 (ကိုယ့်ဖုန်းက ပရိုက်ဗိတ်ယူ စ့်ပဲဟာ 😛  ) ….

နိုင်ငံရပ်ခြားမှ အလုပ်ပါတနာများ တစ်ခါတစ်ရံ ကျွန်မဆီ ဆက်သွယ်မရလျှင် အမေ့ဖုန်းသို့ ခေါ်တတ်သည် … အမေမှ တဆင့် ကျွန်မဆီသို့ လွှဲပေးသည် … ။  …ထို့ကြောင့်လည်း အမေက ကျွန်မ သူ့ ဖုန်းယူသုံးတယ်လို့ ထင်နေခြင်းပင် … ။

ရလက်စ်လုပ်ရမယ့် ဝိအန် ့လေး ကောင်းကောင်း မနှပ်ရပဲ … ပါးစပ် သေနတ်ပစ်နေသော အမေ့နှင့် ဝေးရာ ခဏထွက်သွားဖို့ … ရေချိုး ၊ အဝတ်စားလဲ ပြင်ဆင်တော့သည် … ။ ရေရေ ရာရာ ကျေနပ်လောက်သည့် တုံ့ ပြန်ချက် ကျွန်မဘက်မှ မပေးသဖြင့် မကျေမချမ်း … နောက်မှ တကောက်ကောက်လိုက်ကာ ပြောပြန်သည်… ။ သူ့ ဖုန်းဘေလ်ဆောင်ရတော့မည် အက်ဖ်အီးစီ သွင်း ခိုင်းနေကြောင်း ပြောတော့သည ်… ။ ကျွန်မလည်း စိတ်မပါတပါဖြင့် … သူ့ ဖုန်းကို ယူကြည့်လိုက်ရာ … မက်စေ့ချ် ရောက်နေသည်ကတော့ အမှန်ပင် … ။

ဟိုးတလောက ဖတ်လိုက်ရပါတယ်… ရွာထဲမှာ ပို့စ်နှစ်ပုဒ်လား …. ကော့မန် ့ နှစ်ခုလား မသိဘူး … ဖုန်းဘေလ်နဲ့ ပတ်သတ်လို့ … နည်းနည်းပြောထားတာ တွေ့ရတယ် …. လေးဖက်နဲ့ … ကဏန်းကြီး ဆဲဗမ်းဆဲဗမ်း ဖြစ်မယ်ထင်တယ် … သူတို့ ဖြစ်တာကတော့ အိမ်ဖုန်းပါ .. ဖုန်း ဘေလ် တက်နေတာ … တကယ်ထက် ပိုကျနေလို့ … ဒီတေးလ် တောင်းကြည့်မှာ … ရောချလိုက်တာမျိုးတွေပေါ့ … ။ အဲ့ဒါသတိရသွားပြီး … အမေ့ကို နောက်နေ ့ကျမှ ဖုန်းရုံး သွားလိုက်လို့ ပြောပြီး … အိမ်က လစ်လာတော့တယ် .. ။`

%%%%%%%%%%%%%%

တင်္နလာနေ့ ကျတော့ ရုံး မသွားမှီ အမေ့ကို နေ့ခင်းကျမှ … ကျောင်းကနေ ခဏထွက်ပြီး ဖုန်းရုံးသွားဖို့ သတိထပ်ပေးလိုက်ပါသေးတယ် … ။ အဲ့ဒီနေ့က အမေ ဖုန်းရုံးသွားတယ် …ဟံသာဝတီက ရုံးကို သွားတယ်လို့ ပြောတာပဲ … ။ ဖုန်းရုံးရောက်တော့ … အမေ့ကို ရစ်ရောတဲ့ … သုံးလို့ သွင်းခိုင်းတာ … မသုံးလျှင် မသွင်းခိုင်းဘူးဆိုလို့ … အမေလည်း ဒီတေးလ်တောင်းကြည့်တော့မှ ရက်ကော့ဒ်မှာ ဘာမှ မရှိဘူးဖြစ်နေတယ် ….. အိုဗာစီးသုံးထားတာ မတွေ့ရပဲ တောင်းတာ ဖြစ်နေတော့တာပေါ့ … ။ အဲ့ဒီအခါကျမှ လျှောချပြီး မှားမှန်းသိရော… ပိုက်ဆံကဒ်တွေနဲ့ သုံးနေရတော့ … အမြဲ အက်ဖ်အီးစီ သွင်းဖို့ … စာပို့တာ အထူးဆန်းမဟုတ်ဘူး ဆိုပဲ … ။ အမေကတော့ လူကြီးမို့ မကောင်းတတ်လို့ … အေးအေး ဆေးဆေး ပြန်ရှင်းပြတာပေါ့ … ပိုက်ဆံကဒ်နဲ့ သွင်းသုံးတဲ့ ငါးသိန်း GSM , CDMA တွေမှာ အက်ဖ်အီးစီ ထည့်မထားလျှင် ထည့်ခိုင်းတာ …သူနားလည်တယ်ပေါ့ .. ။ အခုဟာက အရင်ဆယ့်ငါးသိန်းပေးရတဲ့ GSM ၊ ဘယ်တုန်းကမှ အိုဗာစီး မခေါ်လျှင် … အက်ဖ်အီးစီ မသွင်း ခိုင်း ဘူးလို့ ပြောခဲ့တယ်တဲ့ … ။ အလုပ်ရှုပ်မှာ စိုးလို့ …တောင်းသလောက် ပေးလိုက်လျှင် ကိုယ့်အိတ်ထဲ ပါသွားရမယ့်အဖြစ်ပါ … ။

လေးဖက်တို့ … ဘဲအိုကြီး ဆဲဗမ်းဆဲဗမ်းတို့ တုန်းက ဖုန်းရုံးဘက်ကလျှော် ပေးလိုက်တယ်ကြားတယ် … ။ အဲ့ဒီ ဘေလ်တွေ ပိုတောင်းပြီး … ပိုင်ရှင်က စစ်တော့မှ ..လျှော်ပေးတဲ့ အဖြစ်ပျက် ဘယ်လောက်များနေမလဲ မသိဘူး … ဘားဂျက်ပြတဲ့ အခါ တခြားလူတွေကို ပိုတင်ပြီး .. စာရင်းြ ပန်ကိုက်အောင်လုပ်တာ ဖြစ်မှာပဲ … ။

ဖုန်းဘေလ်နဲ့ ပတ်သတ်လို့ … မှားယွင်းနေတယ်ထင်လျှင် ဒီတေးလ် တောင်းကြည့်ဖို့ မပျင်းကြပါနဲ့နော် … ။ မဟုတ်လျှင် ကိုယ့်ပိုက်ဆံ သူက ဝိုက်သွားမှာ မို့ … သတိထားကြပါဗျို ့  🙄

8 comments

  • etone

    July 27, 2011 at 8:00 am

    မုန်းလိုက်တာ မနေ့က အက်ဒစ်လုပ်တာ ဘာလို့ လုံးဝမရတာလဲ ။ တကယ့်ကို စိတ်ပိန်တယ် … ။ 🙁

  • pan pan

    July 27, 2011 at 9:08 am

    ဖုန်းဘေလ်ကို ဒီတေးလ်ကြည့်ချင်ရင်လည်း ပိုက်ပိုက်ပေးရတယ်တဲ့
    မသုံးဘဲ ပိုဆောင်ရမှာထက်စာရင်တော့ တော်သေးတာပေ့ါ

  • ကြောင်ကြီး

    July 27, 2011 at 9:29 am

    အိမ်ကိုဖုန်းခေါ်လို့ တခါတလေကျရင် လူကြီးမင်းခေါ်ဆိုသောဖုန်းသည် ကျသင့်ငွေမပေးဆောင်ရသေးပါသဖြင့် လိုင်းခေတ္တဖြတ်တောက်ထားပါသည်ဆိုတဲ့ အော်တိုမက်ဆေ့ချ်ရတယ်။ ဒီဖက်က ကြားရတဲ့သူကတော့ သဘောတွေကျလို့၊ အိမ်ကိုနောက်တခါခေါ်လို့ရမှ ဟားရမယ်ပေါ့။ သူငယ်ချင်းတွေနဲ့ တွေ့တော့မှ သူတို့တွေလည်း ဒီလိုပဲ ဖြစ်တယ်သိရတော့မှ ဖုံးရုံးအမှားမှန်း သိရတယ်။

  • နွယ်ပင်

    July 27, 2011 at 9:54 am

    ဟုတ်တယ် etone ရယ် တစ်ခါလဲ နွယ်ပင်တို့ အလုပ်က ဖုန်းတစ်လုံးက ဘာမပြောညာမပြော ပိတ်သွားရော
    စစချင်းကတော့ ဖုန်းပျက်တယ်ပဲ ထင်တာပေါ့ နောက်မှ ဖုန်းရုံးက ဖုန်းဘေလ်မဆောင်လို့ ပိတ်တာပါဆိုပြီး
    ဖြစ်ရော ။ဖုန်းဘေလ်လဲ မှန်မှန်ဆောင်ရဲ့သားနဲ့ ဘာလို့ပိတ်တာလဲ ဆိုပြီး ဖုန်းရုံးကို ဖုန်းဆက်မေးတော့ အိုဗာစီးကော ပြောထားပြီး ဘေလ်မဆောင်လို့တဲ့ အော်တောင် ခံရသေးတယ် အဲတာနဲ့ ဖုန်းရုံးသွားပြီးစစ်တော့မှ ဖုန်းနံပါတ်မှားပြီး ပိတ်မိတာတဲ့လေ ဘာပြောပြော အချိန်ကတော့ နေ့တစ်ဝက်လောက် ကုန်သွားတာ အမှန်ပဲ ။ သူတို့မှားတော့ ” ဆောရီးနော် အစ်မတဲ့” လေ……

  • စုံ စုံ

    July 27, 2011 at 10:14 am

    သူတို့ကသာဆောရီးလို့ပြောနေတာ
    ကိုယ်တွေကတော့ဗြောတီးချင်နေတာအမှန်ဘဲ 🙂

  • kosharshi

    July 27, 2011 at 10:50 am

    ဪ.. ဒါလောက်ပဲလား..
    Phone Card မပျောက်/မပျက် ဘူးကြသေးဘူးထင်တယ်..
    နောက်အချိန်ပေးနိုင်မှ အပြည့်အစုံပြောပြဦးမယ်..

  • moethidasoe

    July 27, 2011 at 4:43 pm

    တို့တော့ စ ယူကတည်းက အိုဗာဆီး ကို အထွက် ပိတ်ထားပြီးသား ..
    ဘာလို့ဆို ဘိုလို ပြောရမယ့်သူ မရှိလို့
    နိုင်ငံခြားမှာလဲ ဖုန်းဆက်ပြီး ပူကြမယ့် အမျိုးတွေ မရှိလို့

  • minthakhin

    July 28, 2011 at 1:09 am

    ငါးသိန်းတန် ကဒ်ဖုန်းပြောင်းကိုင်လိုက်လေ။အဲဒါဆို အေးဆေးပဲ။ပိုက်ပိုက်ဘယ်လောက်ကျန်လဲ စစ်လို ့ရတယ်။ ဒီအခွက်တွေ နဲ ့ အအော်မခံရတော့ဘူးပေါ့

Leave a Reply