ကျွန်ုပ်ကျောင်းတော်ကြီးရဲ့ နေ့များစွာထဲက တစ်ရက်
ကျွန်တော်က ရန်ကုန်မြို့ရဲ့ နာမည်ကြီး အထက်တန်းကျောင်းတစ်ကျောင်းမှာတက်ရောက်တာပါ ( နာမည်တော့မပြောပြချင်တော့ပါဘူး ) ၊ နဝမတန်းကျောင်းသားတစ်ယောက်ပါ ။ ကျောင်းမှာ မနက် 7 နာရီဆို ကျောင်းတက် Bell တီးပါတယ်။ တစ်မိနစ်လောက် Bell သံအရှည်ကြီးတီးပြီးရင် ” အားလုံး သတိ ” ဆိုပြီး တစ်ကျောင်းလုံးကို နိုင်ငံတော်သီချင်းဆိုဖို့ရန် သတိပေး လိုက်ပါတယ်။ ကျောင်းသားတွေ အားလုံးက Bell တီးလိုက်တာနဲ့ ပြီးရင် နိုင်ငံတော်သီချင်းဆိုရမှာ သိတဲ့အတွက် အကုန်လုံး ထ နေကြပါတယ်။ ကျောင်းတက်တာက ဇွန်လ၁ ရက်နေ့တည်းက စတာဆိုတော့ ခုဆိုရင် ၂ လတောင်ပြည့်တော့မှာပေါ့ဗျာ။ ခုတလောဖြစ်လာတာတွေ ပြောပြချင်တာပါ တကယ်ကတော့ . ..
ကျောင်းခေါင်းလောင်း တီးပြီဆိုတာနဲ့ ကျွန်တော်နဲ့ ကျွန်တော့ဘေးက တစ်ယောက် မတ်တပ်ရပ်လိုက်ပါတယ်။ အဲဒိအချိန်မှာ အခန်းထဲမှာ မက်တပ်ရပ်နေတဲ့ သူဆိုလို့ အမှိုက်လှည်းနေတဲ့ သူတွေတော့ရှိပါတယ်။ အဲဒါနဲ့ ခဏနေတော့ အားလုံးသတိ!!! လို့ဆိုလိုက်တဲ့အချိန်မှာ.. . . .
စိတ်တော်တော်ညစ်သွားတယ်ဗျာ။ တစ်ခန်းလုံးမှာ ကျွန်တော်တို့နှစ်ယောက်တည်း ရပ်နေလေရဲ့ . .. . ( ကြွားတယ်လို့တော့မထင်ပါနဲ့ ) ၊ အမှိုက်လှည်းနေတဲ့ သူတွေက ဆက်တောင်လှည်းနေလိုက်သေးတယ်။ ကျွန်တော် ဘေးဘီ ကြည့်လိုက်တဲ့အချိန်မှာ (နိုင်ငံတော်သီချင်းဆိုခါနီး သတိပေးတာကို ခေါင်းလှည့်မိတဲ့ ကျွန်တော်လည်း အပြစ်ပဲ) အခန်းအပြင်က လှေခါးမှာ ကျောင်းသူနှစ်ယောက်က လှေကားထစ်ပေါ်မှာ ရပ်နေတယ်ဗျာ ၊ တကယ်လေးစားပါတယ်။ (ကျောင်းမှာတော့ အဲ့လိုရပ်နေတဲ့သူတွေလဲရှိသလို ထွက်ပြေးနေတဲ့သူ လမ်းလျှောက်နေတဲ့သူတွေကလဲ ရှိသေးသဗျ) ကျွန်တော်အဲ့အချိန်မှာ အခန်းကို ထအော်ဖို့ စိတ်ကူးလိုက်ပါသေးတယ်။ ဒါပေမဲ့ လေ.. ” ငါအော်ရင် ငါတစ်ကောင်တည်း စောက်ရူးဖြစ်မှာ” လို့ အတွေးဝင်လာလို့ အော်ဖို့ တွန့်သွားတယ်ဗျာ။ နောက်ပိုင်းမှ တစ်ယောက်ပြီးတစ်ယောက် ထထ လာတယ်
“တို့တာဝန်ပေ ၊ အဖိုးတန်မြေ” ဆိုတဲ့ အချိန်မှာ အားလုံး က ခေါင်းလေးတွေငုံ့ပြီး အလေးပြုကြရမယ်မလား။ အားလုံးပြုပါတယ်။ ဒါပေမဲ့ နေမြဲ တောင်မဆောင့်ဘူး ခေါင်းတစ်ခါတည်းငုံ့ပြီး ထိုင်ကြလိုက်တယ်ဗျာ။ ကောင်းလှချီလားလို့။ ကျွန်တော်သူငယ်ချင်းကိုပြောမိပါသေးတယ်။ ဒီအဖြစ်အပျက်လေးဖြစ်တာ လေးရက်လောက်ရှိပါပြီ။ အဲဒိ အဖြစ်အပျက်နဲ့ တစ်ခါတည်းဖြစ်တာကတော့
ဆရာမဝင်လာပြီ။ စဝင်လာကတည်းက ကျောင်းသားတွေကို စ ပွားတော့တာပဲဗျို့။ ကျောင်းသားနဲ့ ဆရာမ ကတော့ မတည့်အတူနေ Tom And Jerry ဆိုတော့ မပြောပါနဲ့တော့။ ထားလိုက်။ …
ဆရာမနှစ်ယောက်အခန်းထဲကို ဝင်လာတယ်။ ဘာအကြောင်းမှန်းလဲ ကျွန်တော်တို့ကမသိတော့ စာဆက်ရေးနေကြတယ်။ မနှုတ်ဆက်ရကောင်းလားဆိုပြီး ဆဲကြလေရဲ့ဗျာ။ ဆရာမတစ်ယောက်လက်ထဲမှာ ခွက် ( ခပ်ကြီးကြီး) တစ်ခွက်ပါလာတယ်။ သိပါတယ်။ အလှူခံဖို့ဆိုတာ ။ ဟိုးဆရာ . .. . အလှူခံဆိုတာ မလွန်ဆန်အဖွဲ့အတွက်လှူဖို့တဲ့ ။ ရပါတယ်။ အလှူအတန်းဆိုတာ လှူရမှာပဲလေ။ ဒါပေမဲ့ .. . ပြောချင်တာလေးက…
ဘာမှမပြောပဲ ရုတ်တရက် ဗြုန်းစားကြီး အလှူခံတယ်ဗျာ။ ဥပမာ တနလာင်္နေ့ ကောက်မယ်ဆို သောကြာနေ့က ကြိုပြော ဒါမျိုးပေါ့ ။ ထားပါတော့ ဒီအထိသည်းခံနိုင်တယ်။ ကျောင်းသားတွေက ပါတဲ့လူလဲပါမယ် ၊ မပါတဲ့သူလဲ မပါဘူးပေါ့ဗျာ။ တစ်ချို့ကလဲ တွန့်တိုသူ ရှိသလို တစ်ချို့ကလဲ ရက်ရောသူရှိတာပေါ့ ။ တစ်ချို့ကလဲ လှူတော့လှူချင်ပါတယ်။ ပိုက်ဆံက ဒီနေ့ကျမှ နည်းနည်းပဲပါလာတယ် ( အဲ့နေ့က ကျွန်တော်ပိုက်ဆံ နှစ်ထောင့်လေးရာပဲပါလာပါတယ်။) ရှေ့ဆုံးကနေစပြီး အလှူခံပါတယ်။ ရှင်းရှင်းပြောရရင် အခန်းထဲမှာ 56 ယောက်ရှိတာ လူတိုင်း ပိုက်ဆံပါမယ်လို့ ထင်သလား ဒါမှမဟုတ် 56 ယောက် အကုန်လုံးလှူမယ်လို့ ထင်သလား? တွန့်တဲ့သူလဲရှိမှာပေါ့ဗျာ။ ပြောပါတယ် ဆရာမက ဝင်လာတုန်းကတော့ စေတနာရှိသလောက် ထည့်ကြပါတဲ့ .. ပြီးလဲပြီးရော ” နင်တို့က ငါးယောက်ပေါင်းမှာ 500 ၊ 1000 နဲ့ ဘယ်လို ဟာတွေမှန်းမသိဘူး” တဲ့ ။ ရှေ့စကားနဲ့နောက်စကား ကြည့်ကြည့်နော်။ ပြီးတော့ ဒီ့ထက်ဆိုးတာက ဟိုးဘက်အခန်းက ဘယ်လောက်လှူတာ ၊ ဒီဘက်အခန်းက ဒီလောက်လှူတာ တွေလဲပြောတယ်ဗျာ။ များများလှူရင် များများရတယ်တွေကော ၊ ဘာတွေပြောနေမှန်းကိုမသိဘူး။ အလှူခံကောက်လို့ စိတ်ဆိုးတာမဟုတ်ပါဘူး။ မလွန်ဆန်လှူအသင်းကို လှူတာပဲ ကုသိုလ်တောင်ရတယ်။ လှူပါတယ်။ ကျွန်တော်လဲ ခပ်ညစ်ညစ်နဲ့ လှူချင်စိတ်တော့ရှိပါရဲ့ သူ့ကြောင့် ကုသိုလ်က အ ကုသိုလ်တောင် ဖြစ်သွားမလားမသိဘူး 1000 လှူလိုက်တယ်။ အားလုံးပေါင်း 57 ယောက်မှ နှစ်သောင်းလောက်ပဲရတယ်။ ဒါတောင် ချက်ချင်းကောက်တာ ၊ မမှာလိုက်ပါဘူး ။ ” စေတနာရှိသလောက်” လို့ပြောထားပြီး အဲ့လိုလုပ်တာ နည်းနည်းတော့ တရားလွန်သလားလို့ပါ။
ကျွန်တော် စာရေးတာ သိပ်ပြီး အစီအစဉ်မကျလှပါဘူး ၊ စာမေးပွဲကလဲရှိနေသေးတယ် ။ ဒါပေမဲ့ မန်းတလေးဂေဇက်မှာ တင်ချင်စိတ်လေးရှိလို့ တင်လိုက်တာပါ။ သည်းခံပီး ဖတ်ပေးကြပါ။
10 comments
ရွှေဘိုသား
July 26, 2011 at 9:23 pm
ညီလေး ဆက်သာရေးပါကွာ အားပေးပါတယ် အစ်ကိုတုန်းကလည်း အဲလိုတွေကြုံဖူးတယ်
ဆက်ရေးကွာ မင်းပြောသလို နိုင်ငံတော်သီချင်းထဆိုရင် အရူးဖြစ်နေတယ်နော်အခု
ရုပ်ရှင်ရုံမှာလည်း ထအလေးပြုတာ ကိုယ်ကအရူးဖြစ်နေတာ
kai
July 27, 2011 at 3:24 am
နိုင်ငံတော်သီချင်းကို ပေါပေါပဲပဲ..နေရာတကာ လျှောက်ဆိုခိုင်းနေတဲ့ စံနစ်က..အရုးလို့ထင်ပါတယ်..။ 🙂
သေချာတာကတော့… ရုပ်ရှင်ရုံမှာ.. ဘယ်အကြောင်းနဲ့မှ.. နိုင်ငံတော်သီချင်းမဆိုခိုင်းသင့်ဘူး..။
ဆိုရှယ်လစ်စံနစ်အမွေဆိုးတွေလို့ ထင်ပါတယ်..။
pan pan
July 27, 2011 at 10:27 am
စနစ်က အရူးဆိုတော့ လိုက်လုပ်တဲ့လူတွေလည်း အလိုလိုနေရင်း အရူးဖြစ်သလိုပေ့ါ
ဒီလိုသီချင်းမျိုး အားအားယားယား ဆိုနေရမယ့် သီချင်းမျိုးမှမဟုတ်တာ
ဈေးကျတယ်….
ကြောင်ကြီး
July 27, 2011 at 9:21 am
ကိုးတန်းကျောင်းသားနဲ့ မန်းဂေဇက်မှာဝင်ရေးတာ သဘောကျသကွာ။ (မဟုတ်ဘဲနဲ့တော့ မနောက်နဲ့နော်၊ လိမ်ရင်နှစ်ပြစ်) မင်းအရွယ်နဲ့ဆို အချစ်အကြောင်း၊ စော်အကြောင်းပွားရမယ့် အရွယ်ကွ။ ငါတို့ကလဲ ဒါမျိုးပွားချင်လို့ စောင့်နေတာ။ ငါကတော့ ရုပ်ရှင်ရုံမှာ ကမာ္ဘမကြေသီချင်းနဲ့ နိုင်ငံတော်အလံ မြင်ရရင် ရင်ထဲမှာတလှပ်လှပ်နဲ့၊ မျိုးချစ်စိတ်ကြောင့်တော့ မဟုတ်ဘူး။ အလံကြီးလေထဲ တလူလူလွင့်နေတာ ကြိုက်လွန်းလို့။ ၁၉၈၈နောက်ပိုင်းတော့ သူ့အလံ ကိုယ့်အလံ ဖြစ်ကုန်ကြတော့ ဖီးလ်မလာတော့ပါဘူးကွာ…။
weiwei
July 27, 2011 at 9:54 am
အခုတော့ ရုပ်ရှင်ရုံထဲမှာ တစ်ယောက်မှ ထပြီးအလေးပြုတာ မတွေ့မိတော့ဘူး …. စိတ်ထဲမှာ မကောင်းပေမယ့် အရူးတော့အဖြစ်မခံချင်ဘူး … 🙂
Burma
July 27, 2011 at 7:50 pm
♦ မင်းအရွယ်နဲ့ဆို အချစ်အကြောင်း၊ စော်အကြောင်းပွားရမယ့် အရွယ်ကွ။
ဟဲဟဲ.. ဒါလေးတွေလဲ လုပ်တယ်ဗျ 😛
စုံ စုံ
July 27, 2011 at 10:03 am
မဝေရယ်
အလံကအလေးပြုချင်စရာမှမကောင်းတာ
ရုပ်ရှင်ရုံမှာအများသူငါအလေးပြုဖို့ပြမယ့်အလံကိုသေသေချာချာလေး
ဗီဒီယိုရိုက်ပါလား
အခုတော့အလံကိုပန်ကာနဲ့မှုတ်တယ်
အလံနောက်ခံကတိမ်တွေနဲ့ပန်းချီကားလိုဟာကလဲတိပ်တွေကပ်ထားတာမသေမသပ်နဲ့
မြင်ရတာခံ့ခံ့ညားညားကိုမရှိပါဘူး
ရွှေဘိုသား
July 27, 2011 at 10:23 am
မှန်လို်ကလေ စုံစုံ ရယ်
အလံက ကျက်သရေမရှိဘုူးလေ
ပြောလိုက်အုံးမယ်ကြုံတုန်း
အလံအသစ်တွင် အစိမ်း အနီ အဝါ ရောင်များသည် မီးပွိုင့် ကိုကိုယ်စားပြုပါကြောင်း
အလယ်က ကြယ်ဖြူ ကြီးသည် မီးပွိုင့်စောင်.သော
မော်တော်ပီကယ် များ၏ ဦးထုပ်ကို ကိုယ်စားပြုပါကြောင်း
အသိပေးအပ်သည် ပြည်သူအပေါင်းတို.
ပုံ
ယာဉ်ပေါင်းစုံ ထိန်းသိမ်းရေး အကြီးအကဲ
မောင်ရိတ်ကြီး
နွယ်ပင်
July 27, 2011 at 10:34 am
ဟုတ်ပ ဟိုနေ့က ရုပ်ရှင်သွားကြည့်ပါတယ်
ထုံစံအတိုင်း ရုပ်ရှင်ပြကာနီး အလံကိုအလေးပြုဖို့ သီချင်းလာတော့
တစ်ယောက်ယောက်ကပြောနေသံကြားလိုက်တယ် ထမိန်ကြီးကိုတော့ အလေးမပြုချင်ပါဘူးတဲ့ 🙂
PaukPhaw
July 27, 2011 at 11:15 am
ကျွန်ုပ်ကျောင်းတော်ကြီးရဲ့ နေ့များစွာထဲက တစ်ရက် ကိုပြောရမယ်ဆို..
၆ တန်းကျောင်းသား အရွယ်တုန်းက..
ဆရာမက စာသင်ပြီးလို ့ အခန်းတကာ မုန် ့ လှည့်ရောင်းလို ့ရတဲ့ ပိုက်ပိုက်တွေကို ခန် ့ခန် ့ကြီထိုင်ရေ နေတုန်း..ပေါ့
အနော်လဲ အေးဆေးပဲဆိုပြီး လွယ်အိတ်ထဲပါတဲ့ ဆိုင်ကယ် အရုပ်တစ်ရုပ် ထုတ်ပြီး .
စာမလုုပ်ပဲ ဆိုင်ကယ်မောင်းနေတာ…
အဲတာ..
မောင်းကောင်းနေတုန်းပဲရှိသေး..ချာမကတွေ ့ပြီး..လာသိမ်းသွားကော.
ပုံမှန်ဆို ဘာပစ္စည်းပဲ သိမ်းသိမ်း..ကျောင်းဆင်းချိန်ကျရင် ပြန်ပေးပါတယ်..
ဒါပေမဲ့..ကျောင်းဆင်းယုံမက ကျောင်းပိတ်တဲ့ထိ အနော့်အရုပ်ပြန်မရတော့ဘူးဗျာ
ဘာကြောင့်လဲဆိုတော့ ချာမတဲ့အတူပါလာတဲ့ သူ ့သား မြောက်လွှဲကျော်လေးက အနော့် အရုပ်ကို ဘောကျပြီး သိမ်းသွားလို ့ပါ..
ချာမကလဲပေါ်တင်ပဲ ပြောပါတယ်..
ဘာတဲ့….
အတော်ပဲ..ငါ့သားအတွက် ကစားစရာ တစ်ခုတိုးပြီဆိုလားပဲ..
😀
ဪ..ကောင်းလေစွ..
လုပ်ကြပါ.ရှင်တို ့က ရဲတွေပဲလေ..
အလှူငွေဆိုလို ့..
စေတနာရှိသလောက်ထည့်ပါ ပြောတာပဲ..ပြီးတော့
နဲနဲပဲ ထည့်ရင် ပွစိပွစိ..
“နင်အဖေက..ဟိုဟာ..နင့်အမေက ဟိုဟာ..
အဲတာကို နင်က ဒါပဲ ထည့်တာလား..
ပြစမ်း အိတ်ကပ်..”
သူ ့ဘာသာ ဆွဲနှိုက်ပြီး ရသလောက် မ.သွားတာ ကရှိသေးဗျ..
တော်သေးတာပေါ့
တို ့အဖေကလဲ ဘာမှမဟုတ်..အမေကလဲ မှီခို..ဆိုတော့
တို ့အိပ်ကပ် လာဆွဲဖွင့်.
ဖွတ်ကလိင်္ဒ ါး တပြားမှ မရှိ..အဟိ
😛