ရေထဲကအရိပ် အရိပ်ထဲမှာဘုရား ဘုရားပေါ်မှာတိမ်ခိုး(ချမ်းသာကြီးမိုးကုတ်)
မိုးကုတ်မြို့ကို ရောက်ခဲ့တဲ့တစ်ရက် လမ်းလျောက်ထွက်တဲ့အချိန် ကန်ရေပြင်ထဲမှာ ဘုရားအရိပ်လေးက ကျနေပါတယ်။ဒီပုံလေးကတော့ ဘုရားအရိပ်ကလေးက ကျတယ်ဆိုရုံလေး
ဒီပုံလေးက တော့ ဘုရားစေတီအားလုံးနီးပါးလောက်အရိပ်ရေထဲမှာမြင်နေရပါတယ်။ရြေ့ပင်မှာအရိပ်ထင်နေတာကို သေချာကြည့်လိုက်တော့
စေတီပုထိုးတွေနဲ့အိ်မ်တွေကိုတွေ့ရပါတယ်။ဘုရားအပေါ်ကို မော်ကြည့်လိုက်တော့ ……………….
ဘုရားအထက်မှာစိမ်းမှောင်ညို့မိူင်းနေတဲ့ သစ်ပင်တွေကို တွေ့ရပါတယ်။
တောင်ရဲအထက်ကိုမော်ကြည့်တော့ စာအုပ်ထဲမှာသာ ဖတ်ဘူးတဲ့တိမ်ခိုးတွေကို တွေ့ရပါတယ်။
သာယာတဲ့ နေရာလေးလို့ ယူဆတဲ့အတွက် မျှဝေပေးလိုက်ပါတယ်။
နောက်ထပ်တင်ပေးစရာတွေကျန်ပါသေးတယ်။
စိမ်းမှောင်တဲ့တောင်အထက်မှာတော့ တိမ်ခိုးတွေအုံ့မိူင်းလို့နေပါတယ်။
17 comments
ကိုပေါက်(မန္တလေး)
July 27, 2011 at 5:55 pm
မိုးကုတ်ပုံတွေနောက်ထပ်တင်အုံးမှာနော်………………
alinsett
July 27, 2011 at 8:12 pm
ကျွန်တော် မရောက်ဖူးတဲ ့နေရာတွေ…၊ ကျွန်တော် သွားချင်တဲ ့နေရာတွေ ကို တင်ပြ လို့ကျေးဇူးပါပဲ။ ကျွန်တော်လည်း အဲဒီလို နေရာ အနှံ ့ သွားချင်လိုက်တာ…
ဆူး
July 27, 2011 at 8:44 pm
ညဘက်ဆို ပိုလှတယ်.. မီးတွေ လင်းထိန်နေလို့.. ညဘက် ရှုခင်းလေး တင်ပါအုန်း။
maythakhin
July 27, 2011 at 10:40 pm
မအားနိုင်အောင် အလုပ်များတော့ ရွာထဲကို တောင်ဝင်မကြည့်ဖြစ်ဘူး။ဝင်ကြည့်မိတဲ့နေ့ကျမှ ဒီလိုရှုခင်းလေးတွေနဲ့ ကိုယ်မရောက်ဖူးတဲ့ဒေသလေးကို ကြည့်လိုက်ရတော့ တန်သွားပြီလို့ ပြောရမှာပေါ့( ကျေးဇူးတင်တယ်ဆိုတာတွေ ပြောရတာများနေတော့ မပြောတော့တော့ဘူးနော် ကိုပေါက်)
z-Z
July 27, 2011 at 10:06 pm
ခုလို တင်ပြပေးလို့ကျေးဇူးတင်ပါတယ် ……
ဒါနဲ့စကားမစပ် … မိုးကုတ် ပေါက်ပေါက် က ကိုပေါက် နဲ့ ဘာတော်လည်းဟင် …….. 🙂
minthakhin
July 28, 2011 at 1:16 am
မိုးကုတ်အနီး ကျပ်ပြင်မြို ့အဝင်နားက ကျောက်ပြသာဒ် ပုံတွေလည်းတင်ပေးပါအုံး၊
koyinmaung
July 28, 2011 at 8:29 am
ကျေးဇူးပါဘဲ….
weiwei
July 28, 2011 at 9:52 am
မိုးကုတ် မရောက်ဖူးသေးဘူး … တောင်တွေပတ်လည်နဲ့ အေးမဲ့ပုံပဲ ….
မိုက်ကယ်ဂျော်နီအောင်ပု
July 28, 2011 at 10:06 am
အပေါ်ကနေ ဆင်းလာရင် သုံးပုံမြောက်
( ဒီပုံလေးက တော့ ဘုရားစေတီအားလုံးနီးပါးလောက်အရိပ်ရေထဲမှာမြင်နေရပါတယ်။)
အဲ့သည်ပုံကို အကြိုက်ဆုံးဘဲ
တော်သေးတယ် သူ့လက်ထည်းရောက်သွားတာ ကင်မရာ ဖြစ်နေလို့
ခြောက်လုံးပြူးတစ်လက်လောက်သာ သူ့လက်ထည်းရောက်သွားရင် မတွေးဝန့်စရာ 😀 😀 😀
shwe ni
July 28, 2011 at 1:37 pm
မိုးကုက် ကို ၁၉၉၄ တုံးက ရောက် ဖူးရောက်တာ April 24-25 ကြီး မိုးက တအား ရွာ ချမ်းချမ်းစီးစီး နဲ့သာယာတာတောင် သာယာမှန်း မသိခဲ့ ဘူး ကိုပေါက် pictures တွေမြငတော့ နောက်တခါလောက် ထပ် သွားချင်မိတယ် /
Thank you for sharing
pooch
July 28, 2011 at 4:05 pm
သတိမမူတော့ ဂူတောင်မမြင် သတိမူတော့မြူတောင်မြင်တယ့်
pan pan
July 28, 2011 at 4:26 pm
လေးပေါက်….သေသေချာချာကို အသေးစိတ်ရိုက်ထားတာပဲနော်
ကိုပေါက်(မန္တလေး)
July 28, 2011 at 5:41 pm
ကျောက်ပြဿာဒ်ကတော့ မရောက်ခဲ့ဘူးဗျာ။
မနေ့က ကျနော်သွားတော့ မိုးတွေရွာနေလို့ ပါဗျာ။
(ဒါနဲ့စကားမစပ် … မိုးကုတ် ပေါက်ပေါက် က ကိုပေါက် နဲ့ ဘာတော်လည်းဟင် …….. 🙂
မိုးကုတ်ပေါက်ပေါက်နဲ့က အဖေမတူ အမေကွဲတော်ပါတယ်ဗျာ။
victor soemoe
July 28, 2011 at 9:33 pm
ကျေးဇူးတင်ပါတယ် –
တညင်သား
July 28, 2011 at 11:28 pm
ဟိုတနေ့က ရန်ကုန်မှာ အခု မိုးကုတ် ရောက်သွားပြီ….မိုးကုတ်က ပတ္တမြား ထွက်တယ်ဆို ဘယ်နေရာက ထွက်တာလဲမသိဘူးနော်…..
ကိုပေါက်(မန္တလေး)
July 29, 2011 at 6:32 pm
ပတ္တမြားထွက်တဲ့နေရာတော့ မသိခဲ့ဘူး။
ကျနော်သွားတဲ့အချိန်မိုးကုတ်မှာပေါတာတော့ မျှစ်ဘဲ။
ကိုပေါက်(မန္တလေး)
December 3, 2012 at 2:29 pm
မိုးကုတ်လင့်
တောင်အငွေ့တိမ်အခိုး
http://myanmargazette.net/?p=58045
တောင်စောင်းမှာအိမ် တောင်ပေါ်မှာဘုရား
http://myanmargazette.net/?p=57964
တောင်ကြားမှာအိုင် အိုင်ပါတ်ပါတ်လည် မှာအိမ် အိမ်ပေါ်မှာတောင်
http://myanmargazette.net/57825/travel/photography-pictures-galleries-wallpapers-photo-tips
ရေထဲမှအရိပ် အရိပ်ထဲမှာဘုရား
http://myanmargazette.net/57642/travel/photography-pictures-galleries-wallpapers-photo-tips