ည အမှောင်  ကို ဖောက်ထွင်းတဲ့ အလင်း ကို လို ချင် တော့   ညမှောင် မှောင် မဲ မဲ ထဲ မှာ   စစ်ကိုင်း ဘက်ကမ်း ကို သွား   အဖော် တွေ နဲ့ ဓါတ်ဖမ်း လိုက်တော့     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ် တဲ့ လက်ေ ဆာ့   20-6-2014


“အိမ်ပြန်ချိန်လေးများ”         လူတိုင်း လူ တိုင်း ဟာ ဝမ်း ရေး အတွက်   နေ့ တိုင်း လုပ်ငန်းခွင် ဆီကို သွားကြရ ပါတယ်။   တစ် နေ့ တာ ကုန်ဆုံးလို့ အလုပ်ပြီးရင်တော့ အိမ်ကို ပြန်လာ ရ စ မြဲပါ။   ဒီ အိမ်ပြန်ချိန်ဟာ   စီး စရာ ယာဉ် ရှိ ရင် လဲ ရှိမယ်   ခြေ သာလျင် ယာဉ် ရှိ ကုန်၏ ဆို တဲ့ မင်း ဘူး ဦးဩ ဘာသ ရဲ့ စာ […]


“ငုဝါပန်းတွေကမြိုင်” သင်္ကြန်နားနီးရင် ပိတောက်ပွင့်သလို ငုဝါတွေလဲအမြဲပွင့်ပါတယ်။ ပိတောက်က မွှေးပေမယ့် ငုဝါကတော့ ရနံ့ကင်း။ ပိတောက်က ပြွတ်ခဲနေအောင်ပွင့်ပေမယ့် ငုဝါက တွေ တွဲလွဲလေးတွေ.။ ပိတောက်က တစ်ရက်ဘဲ ခံပေမယ့် ငုဝါကတော့ အပင်မှာထားရင် ရက်ကြာကြာခံ။ ပိတောက်ကရွှေရောင်တောက်ပေမယ့်  ငုဝါကတော့ အဝါဖျော့ဖျော့။ ပိတောက်က တစ်နှစ်မှာ တစ်ရက်သာပွင့်ပေမယ့် ငုဝါကတော့ ရာသီချိန်ရောက်တာနဲ့ပွင့်။ ပိတောက်က တော်ဝင်နန်းထိုက် အများကြိုက်လို့ပန်ဆင်လိုသူပေါတဲ့ပန်း။ ငုဝါကတော့ ပန်သူမဲ့။ သို့သော် ဘယ်သူတွေဘယ်လိုသဘောထားထား ငုဝါပန်းတွေကတော့ သူ့ရာသီရောက်တာနဲ့မြိုင်နေတာပါဘဲ။. ကျနော်တို့ရဲ့ နေစဉ်ဖြတ်သန်းမှု့မှာ ငုဝါပန်းလေးတွေလိုသဘောထားနိုင်ကြပါ့မလား။ အောင် အပြင်လောကကြီးမှာတော့ ငုဝါပန်းတွေကမြိုင်……………………………… ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။. 8-4-2013            


    ဒီပုံတွေကတော့ မနက်လမ်းလျောက်ရင်း ရိုက်လာခဲ့တဲ့ တကယ့်ကိုလက်ဆော့ခြင်း သက်သက်ပါဘဲ   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့        


ဘော့လုံးကစားကြမယ် အလုပ်ပိတ်ရက်ဘုရားသွား၊ မဒမ်ပေါက်က ကျနော်ကိုထားပြိး ဘုရားကန့်တော့၊ ပျင်းတာနဲ့ ဘုရားဝင်းထဲလျောက်တော့ ကလေးတွေဆော့နေတာကိုတွေ့တော့ ထုံးစံအတိုင်းလက်ဆော့မိတာလေးပါ။ “အပူပင်ကင်းတဲ့ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်”ဆိုတဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့စာသားက နားထဲကိုအလိုလိုရောက်လာသလိုလို …………………………………. ကိုပေါက်လမ်းသလားနေသည် 3-2-2013              


ပေးဝေခြင်း 1         “Mလုလင်နောက်က လိုက်ခြင်း” (လုလင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)   ကျနော်တို့ ရွာကအလှူပန်းတနော်ပွဲကို လိုက်ဘို့ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ တောင်ကြီးဘက်ကနေကူးလာတာပါ။ ရောက်တဲ့နေ့မှာဘဲ လုလင်နဲ့ကျနော် ကန်တော်ကြီးဘက်ဓါတ်ပုံရိုက်ထွက်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့နှစ်ယောက်မှာ တူညီတဲ့စိတ်က ဓါတ်ပုံရိုက်သွားမယ်ဆို ချက်ခြင်းသွားဖြစ်တာပါ။ သူနဲ့ကျနော်သွားတဲ့အချိန်က နေ့လည်ဆယ်နှစ်နာရီကျော်ကျော်။ ထမင်းလဲမစားရသေး။ ကျနော်က ငုဝါပန်းတွေလက်ဆော့ချင်တယ်ဆိုတာနဲ့သူကလိုက်ပို့တာပါ။ ဟိုရောက်တာနဲ့ အဲဒီနားက ဆိုင်မှာ ထမင်းကြော်စား။ ပြီးတာနဲ့လက်ဆော့။ ကရဝိက်ရယ် ငုရယ် စိတ်တိုင်းတွေကျ။ ဒါနဲ့အနောက်ဘက်ခြမ်းဆက်သွား၊ ဘွန်ဇိုင်းအပင်တွေကြားထဲမှာ ကျနော်ကို ဓါတ်ပုံရိုက်.။ ကြာပန်းပင်တွေရိုက်။ အဲဒီလိုရိုက်နေတုန်း သူက သူ့မင်္ဂလာဆောင်အကြောင်းလေးပြောပြပါတယ်။ မင်္ဂလာဆောင်တဲ့အချိန် ဓါတ်ပုံတွေ စပါယ်ရှယ်ရိုက်တဲ့အကြောင်းပေါ့။ ဒီကန်တော်ကြီးထဲက စိန်ပန်းပင်တပင် အပွင့်တွေရဲရဲတောက်လို့လှပ။ သူ့အရိပ်က ကန်ရေပြင်မှာလှပစွာသက်ဆင်း။ သူတို့ မောင်နှံက အဲဒီနေရာလေးမှာ ရိုက်ခဲ့တာလေးကို သူသတိတရနဲ့ပြန်ပြောပြ။ […]


      ကျနော်တို့လူရဲ့ဝမ်းတစ်ထွာနဲ့သူတို့လူရဲ့ဝမ်းတစ်ထွာအပိုင်းနှစ်   ကျနော်မနက်စောစောထလမ်းလျောက်ချိန်ဆိုရင် အိမ်ဝင်းထဲကထွက်လာတဲ့ ရွှေမြန်မာတွေကိုတွေ့ရတတ်ပါတယ်။ ရွှေမြန်မာတွေကို ကြည့်လိုက်ရင်…………… အချို့တွေကတော့ လုပ်ငန်းပိုင်ရှင် အချိုု့ကတော့ ကုမ္မဏီဝန်ထမ်း အချို့ကတော့ ပျုံကျ အချု့ိုကတော့ကျောက်ကုန်သည် အချိုု့ကတော့ကယ်ရီ အချိုကတော့ ဝယ်ရောင်း အချုို့ကတော့ အတည်တကျအလုပ်မရှိ အချိုကတော့ နေ့စား အလုပ်သမား လူတန်းစားမျုိုးစုံ။ ဘဝအဖုံဖုံ။ သူတို့ဘက်ကလူတွေကလဲကျနော်တို့နဲ့သိပ်မကွာခြား။ ဒီဘက်မှာထူးခြားတာကတော့ ဆိုက်တွဲနင်းတဲ့ မိန်းမသားများကိုတွေ့ရတာပါဘဲ။ ပုံလေးတွေကို ကြည့်ရင်းသူတို့ဘဝကို ခံစားကြည့်ပါစို့လား။     ကိုပေါက်လမ်းသလားနေသည် (14-6-2012)    


သူတို့ဆီကစာ……………………..     ကျယ်ဂေါင်ကိုရောက်တော့ ကျနော်မန်းလေးမှာလိုဘဲရုံးတက်ရပါတယ်။ သူတို့ဆီက အဆောက်အဦတွေက လမ်းမကြီးကို မျက်နှာပြုထားပါတယ်။ အတွင်းထဲမှာတော့ ဝင်းကြီးလိုအုဌ်တံတိုင်းတွေခတ်ထားပြီးဂိုဒေါင်တွေရယ် ကား ဆိုင်ကယ်ထားတဲ့နေရာရယ်ရှိပါတယ်။ ဒီ ကျယ်ဂေါင်ဆိုတဲ့အရပ်မှာ ကျနော်တို့ရွှေမြန်မာတွေ အနေများပါတယ်။ တရုပ်စာသာ မတွေ့ရင် မြန်မာပြည်နဲ့အတူူတူ ထင်ရလောက်အောင် နေရာအနှံ့အပြားမှာ ရွှေမြန်မာတွေရှိပါတယ်။ အဲတော့ ထုံးစံအတိုင်း ကျနော်တို့ ရွှေမြန်မာများက စည်းကမ်းမဲ့ပုံရတော့ မြန်မာစကား သိပ်မရေလည်ရှာတဲ့ သူတို့က ကျနော်တို့ ရွှေမြန်မာများကို ပိုစတာ တိုက်ပွဲဆင်နွဲလို့ထားပါတယ်။ ဖတ်ပြီး ဘာသာပြန်ကြည့်လိုက်ရအောင်နော်။ အဖြေမှန်ရင် သူကြီးဆီမှာ (25)မှတ်တောင်းယူပါ။     ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့ လက်ဆော့ (13-5-2012)    


  အမရပူရ မြို့အဝင်က ရှေးဘုရား စန္ဒာမုနိ(ကပ်ကျော်ကွေ့)   ဒီစန္ဒာမုနိဘုရားက အမရပူရမြို့ှု(တောင်မြို့)ဘက်သွားတဲ့လမ်းမန်းလေးမြို့အထွက် ကပ်ကျော်ကွေ့က ဒေါ်သီသနပ်ခါး မရောက်ခင်လေးမှာရှိတာပါ။ မန်းလေးဘက်ကလာမယ်ဆိုရင် “မန်းလေးမြို့မှုနုတ်ခွန်းဆက်သပါ၏”ဆိုတဲ့ဆိုင်းဘုတ်နားမှာ အရှေ့ဘက်က်ိုတက်တဲ့လမ်းလေးမှာ ပေါ့။ ကျနော်မိတ်ဆွေတစ်ယောက်ရဲ့ ဦးလေးတစ်ယောက် နာရေးသွားပို့တဲ့တစ်ရက်ပေါ့။ နာရေးအိမ်မှာလူတွေများနေ ကျနော်ကလဲရောက်တာနည်းနည်းလေးစောနေပါတယ်။ အဲဒါနဲ့ သူတို့အိမ်နားမှာ ဘုရားမုဒ်ဦးအပျက်ကြီးတွေ့တော့ဝင်ကြည့်မိလို်က်ပါတယ်။ အထဲရောက်မှ ဒီဘုရားဝင်းကြီးက တံတိုင်းနှစ်ထပ်ဆိုတာ သိရပါတယ်။ ဝင်းကြီးကအကျယ်ကြီး ပထမတံတိုင်းက တော့ အုတ်ရိုးရှိပါသေးတယ်။ အဲဒီကွင်းအကျယ်ကြီးထဲမှာ ဇီးသီးခြောက်တွေလှမ်းထားတာတွေ့ရပါတယ်။ ဆက်ဝင်လိုက်တော့ ဒုတိယ တံတိုင်း။ အဲဒီဒုတိယတံတိုင်းကတော့ ဂူဘုရားပုံစံတူလေးတွေကိုစနစ်တကျတန်းစီပြီး ဘုရားပါတ်ပါတ်လည်မှာ လေးဘက်လေးတန်တည်ထားတာပါ။ အခုတော့အားလုံးက ပြိုပျက်လို့နေပါပြီ။ လက်ရာကတော့ အမရပူရခေတ်လက်ရာလို့ထင်ပါတယ်။ ထင်ပါတယ်လို့ပြောရတာ ကျနော်က သမိုင်းသုတေသီမဟုတ်လို့ပါဘဲ။ ကျောင်းဝင်းထဲကိုလှည့်ပါတ်ကြည့်လိုက်တော့ “နတ်ရေကန်”ဆိုတာကိုတွေ့ရပါတယ်။ ကန်ကအနက်ကြီးလှေခါးအဆင့်ဆင့်နဲ့ဆင်းသွားရတာပါ။ (ဒီကန် ကိုတော့ပြင်ထားပါတယ်)။ ကျနော်က နာရေးသွားတော့ ကင်မရာမပါတော့ […]


“မျိုးကြီး မသွားချင်ဘူးဆိုတဲ့နေရာ အမှတ်တစ် “ (သစ်ပင် ကြာပန်း နဲ့ရေပြင် တင်ကျန်တဲ့အရိပ်)   အသံချိုချိုလေးနဲ့ ဆိုတတ်တဲ့ရောခ်အဆိုတော်မျိုးကြီးရဲ့သီချင်းစာသားလေးထဲမှာ “ကန်တော်ကြီးအင်းလျားလဲမသွားချင် မနေတတ်လို့………………………” ဆိုတဲ့စာသားလေးက ကျနော်ရင်ကို အမြဲလိုလို လာလို့ထိရှပါတယ်။ ကိုယ်နဲ့ဆိုင်လဲမဆိုင်ဘဲနဲ့ပေါ့။ အဲဒါနဲ့တစ်မနက်ခင်း ကန်တော်ကြီးကို စောစောသွားဘို့ စိတ်ကူးပါတယ်။ မနက်ငါးနာရီအိပ်ယာထ ဘတ်စ်ကားဂိတ်ကိုပြေးပေါ့။ အစပိုင်းရွှေတိဂုံကိုဝင်နောက်မှ ကန်တော်ကြီးပေါ့။ မနက်စောစောဆိုတော့ ကားကလဲ တဝေါဝေါနဲ့မောင်းတာပေါ့ တကယ့်ကိုမြန်မှ မြန်ပါဘဲ။ ငေးရင်းမောရင်းနဲ့ပါသွားလိုက်တာ ကုန်းကျော်တံတားကိုမြင်မှ ဆူးလေကိုရောက်နေတာသိလိုက်ရပါတယ်။ အဲတော့လဲဘယ်အညံ့ခံမလဲ ဗျာ။ ဆူးလေမှာဆင်းဓါတ်ပုံတွေရိုက်ပေါ့။ မြို့တော်ခန်းမလဲရိုက်ပေါ့။ ပြီးတာနဲ့ကားဂိတ်ပြန်ပြေး။ ရွှေတိဂုံအပြေးအလွှားသွားလို့ ဓါတ်ပုံတွေရိုက်လုပ်ရပါတယ်။ ပြီးမှ ဆင်းလာပြီး ကြားသာကြားဘူး ရုပ်ရှင်ထဲမှာမြင်သာမြင်ဘူးင်္ပြီး မရောက်ဘူးသေးတဲ့ကန်တော်ကြီးကို ဘယ်လိုသွားရလဲဆိုတာမေးရပါတယ်။ ခပ်တည်တည်နဲ့ဝင်သွားလို်က်တာ နောက်ကလိုက်ခေါ်မှ ဝင်ကြေးပေးရကောင်းမှန်းသိပါတယ်။ တစ်ခါဝင်300 ကျပ် လပြန် ကျန်းမာရေးလုပ်လိုသူများ တစ်လ2500။ […]


“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”(5)   6-1-12 နေ့ညနေခင်းရောက်တော့ လူက အဝေးတစ်နေရာရောက်နေပါတယ်။ အဲတော့ အင်းလျားညနေခင်းကို မှီအောင် အပြေးအလွှားလာခဲ့ရပါတယ်။ ဘတ်စ်ကားမှတ်တိုင်ကို မလွန်အောင် ခေါင်းထွက်ထွက်ကြည့်ရပါတယ်။ ကုက္ကိုင်းမှတ်တိုင်လဲရောက်ရော မြန်မြန်လေးဆင်းပြီး အင်းလျားပေါ်တက်လာတော့ ကြည်နူးဖွဲ့ဆင်နေကြတဲ့စုံတွဲလေးကို မြင်ရတော့ အဆိုတော်ကြီးမာမာအေးရဲ့ “အင်းလျားမှာဆုံစို့မောင်ရယ် ……လှညနေအေးအေးဝယ်” ဆိုတဲ့သီချင်းတစ်ပိုင်းတစ်စက ခေါင်းထဲရောက်လာပါတယ်။ အင်းလျားကန်ညနေခင်းကတော့ လှပပါတယ်။ ဒါတောင် ကျနော်ရောက်တဲ့နေ့ က တိမ်အခင်းက သိပ်မလှပါဘူး။ ညနေရင့်လေ တိမ်အရောင်တွေက ညို့မိူင်းလို့လာလေ ပိုပိုလှလေပါဘဲ။ ခဏလေးရောက်ခဲ့ရတဲ့ အင်းလျားရဲ့လှပတဲ့ညနေခင်းကတော့ ကျနော့်အတွက် မမေ့နိုင်စရာ……………..     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (14-1-12)                  


  “နံနက်ခင်းအင်းလျားအလှက………….. အစုံစုံသော”(ကိုချောနောက်ကလိုက်ကြည့်ခြင်း)   အင်းလျားကန်ဘောင်ပေါ်ရောက်တဲ့အခါ တောင်ဘက်ခြမ်းက ပုံတွေကိုအရင်ရို်က်ပါတယ်။ အဲဒါကို အမှတ်တစ်အဖြစ်တင်ပေးလိုက်ပါတယ်။ ကိုချောရိုက်ဘူးတဲ့နေရာလေးတွေကိုလိုက်ရို်က်ပါတယ်။ လမ်းလျောက်သူ လေ့ကျင့်သူ အပျော်လာသူအစုံပါဘဲ။ နောက်အင်းလျားဆိုတာ  လူပေါင်းများစွာရဲ့ပျော်စရာ ကြေကွဲစရာဇာတ်လမ်းတွေကို သိမ်းဆည်းထား ရာနေရာအဖြစ်လဲ စိတ်ထဲမှာ မှတ်သားမိပါတယ်။ အဲဒါတွေကို နေရာပေါင်းစုံကရိုက်ပြီးတော့ အမှတ်နှစ်အဖြစ်တင်ပေးလိုက်ပါတယ်။ အခုအင်းလျားမြောက်ဘက်ခြမ်းရောက်တော့ လဲ မနက်ခင်း အလှက အတော်လေးကိုလှပလို့ အသက်ဝင်ပါတယ်။ တကယ်ကိုစုံလင်သောအလှတွေနဲ့ပြည့်စုံနေတဲ့အင်းလျားပါဘဲ။ ဓါတ်ပုံရိုက်လို့ဝတော့ မနက်ခြောက်နာရီကျော်နေပြီ၊ ဒါပေမယ့် လူအသွားအလာနည်းတော့ အင်းလျားကန်မြောက်ဘက်ကိုသွားပြီး ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတော့ ကားမစီးဘဲလမ်းလျောက်ပြန်ဘို့ဆုံးဖြတ်လိုက်တဲ့အခါ ………………………………….   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (13-1-12)