“နံနက်ခင်းအင်းလျားကအလှ………အစုံအစုံသော…….”
“နံနက်ခင်းအင်းလျားအလှက………….. အစုံစုံသော”(ကိုချောနောက်ကလိုက်ကြည့်ခြင်း)
အင်းလျားကန်ဘောင်ပေါ်ရောက်တဲ့အခါ တောင်ဘက်ခြမ်းက ပုံတွေကိုအရင်ရို်က်ပါတယ်။
အဲဒါကို အမှတ်တစ်အဖြစ်တင်ပေးလိုက်ပါတယ်။
ကိုချောရိုက်ဘူးတဲ့နေရာလေးတွေကိုလိုက်ရို်က်ပါတယ်။
လမ်းလျောက်သူ လေ့ကျင့်သူ အပျော်လာသူအစုံပါဘဲ။
နောက်အင်းလျားဆိုတာ လူပေါင်းများစွာရဲ့ပျော်စရာ ကြေကွဲစရာဇာတ်လမ်းတွေကို သိမ်းဆည်းထား
ရာနေရာအဖြစ်လဲ စိတ်ထဲမှာ မှတ်သားမိပါတယ်။
အဲဒါတွေကို နေရာပေါင်းစုံကရိုက်ပြီးတော့ အမှတ်နှစ်အဖြစ်တင်ပေးလိုက်ပါတယ်။
အခုအင်းလျားမြောက်ဘက်ခြမ်းရောက်တော့ လဲ မနက်ခင်း အလှက အတော်လေးကိုလှပလို့
အသက်ဝင်ပါတယ်။
တကယ်ကိုစုံလင်သောအလှတွေနဲ့ပြည့်စုံနေတဲ့အင်းလျားပါဘဲ။
ဓါတ်ပုံရိုက်လို့ဝတော့ မနက်ခြောက်နာရီကျော်နေပြီ၊
ဒါပေမယ့် လူအသွားအလာနည်းတော့ အင်းလျားကန်မြောက်ဘက်ကိုသွားပြီး
ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတော့ ကားမစီးဘဲလမ်းလျောက်ပြန်ဘို့ဆုံးဖြတ်လိုက်တဲ့အခါ
………………………………….
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(13-1-12)
17 comments
ကိုပေါက်(မန္တလေး)
January 13, 2012 at 8:42 am
ဒါကတော့ ကိုချောရိုက်ပြီးသားနေရာလေးတွေကို ထပ်ပြီးရိုက်ကြည့်မ်ိတာပါ။
အောင် မြင်
January 13, 2012 at 8:53 am
လာလည်သွားပါတယ်ခင်ဗျား၊၊
fatty
January 13, 2012 at 9:05 am
နံပါတ်(၁)ပုံလေးကိုတွေ့တော့ ကိုပေါက်ရဲ့ အိုင်ဒီယာကိုမချီးကျူးဘဲမနေနိုင်တော့ပါဘူး။
blackchaw
January 13, 2012 at 9:07 am
ကိုပေါက်ရေ။
လူတကာတွေ ကျန်းမာရေးအတွက်
လမ်းလျှောက်သူလျှောက်
လေ့ကျင့်ခန်းလုပ်သူလုပ် နေကြတဲ့အချိန်မှာ
မနက်အစောကြီး လုပ်ငန်းခွင် ဝင်နေရရှာတဲ့
မျက်ခင်းပြင်ကို ရေလောင်းနေတဲ့
ဝန်ထမ်းမလေးတွေကိုရော
မရိုက်ခဲ့ဘူးလားဗျာ။
ပုံ ရ က ကျွန်တော် ရိုက်ခဲ့တဲ့ ပုံတစ်ပုံနဲ့ တော်တော်ကြီးကို တူတယ်ဗျာ။
ကိုပေါက်(မန္တလေး)
January 13, 2012 at 9:10 am
နောက်ကလိုက်ပါတယ်ဆိုမှ တူပါတယ်လုပ်နေပြန်ပြီ။
ဒီကိုချောကတော့ နော်………………..
blackchaw
January 13, 2012 at 9:22 am
မဟုတ်ပါဘူးဗျာ။
ကိုပေါက် ရိုက်ချက်နဲ့တူလို့
ဂုဏ်ယူဝံ့ကြွားစွာပြောတာပါ။
နောက်တစ်ခါ ကင်မရာ တစ်ယောက်တစ်လုံးနဲ့
အတူရိုက်ကြမယ်ဗျာ။ အဲဒါ…..။
ကိုပေါက်(မန္တလေး)
January 13, 2012 at 9:29 am
နောက်တစ်ခါလာရင် တကယ်အတူသွားမယ်။
ရွာထဲက ဝါသနာရှင်တွေစုပြီးတော့ပေ့ါနော်။
kyawmonkhant
January 13, 2012 at 10:59 am
ကိုပေါက်ရေ ကျနော်လဲ ဓာတ်ပုံတင်တတ်သွားပြီ၊ နောက်ဆို လက်ဆော့တော့မယ်။ ကိုပေါက်အားကျလို့။
yaungchikha
January 13, 2012 at 11:26 am
နံပါတ် ၄ နဲ့ နံပါတ် ၆ ပုံကို သဘောကျတယ်၊ နံပါတ် ၄ မှာရေးထားတဲ့ ဦးပေါက်ရေးထားတဲ့ စာသားကိုလည်း သဘောကျတယ်…………..
Anzartone
January 13, 2012 at 11:37 am
ဝဲဂယက်ထနေတဲ့ ပုံလေးကတော့ တကယ်ပါပဲ … ။ အောက်က ကဗျာပုံစံ စာသားလေးနဲ့ စပ်လိုက်တော့ အလန်းဖြစ်သွားတာပေါ့ဗျာ ။ကျွန်တော်တော့ ကူးသွားတယ်ဗျို့ … 😀
windtalker
January 13, 2012 at 11:58 am
ကန်ရေပြင်ကို ကြည့်ငေးရင်း
ဒဏ်ရာတွေကို ရေတွက်ခဲ့တာပေါ့နော်
pooch
January 13, 2012 at 3:13 pm
၁ ၊ ၄၊ ၆ ကအလှဆုံးပဲ ကူးသွားပြီ
cobra
January 13, 2012 at 4:58 pm
အရမ်းလွမ်းနေတဲ့အချိန်မှာဒီပုံတွေကိုတွေ့
လိုက်ရတော့ပိုဆိုးသွားတယ်ဗျာ
ရေးထားတဲ့စာကလည်းတိုက်ဆိုင်လိုက်တာ
ဘယ်လိုမှမခံစားနိုင်ဘူး
ကိုပေါက်(မန္တလေး)
January 13, 2012 at 6:00 pm
ကော်ဘရာ ပေါ်မလာ ဘယ်ဆီများရောက်နေတာ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 13, 2012 at 6:11 pm
ကလေးလေးက ရေထဲကို ခဲချ။ရေပြင်မှာတော့ ဂယက်ထ။ ကျနော်တို့ နေ့စဉ်ဖြတ်သန်းရာ ဘဝထဲမှာလဲ သူများချသွားတဲ့ ဂဲလေးကြောင့် ဂယက်တွေထကျန်ခဲ့ဘူးပါတယ် ပုံနဲ့စာနဲ့က တကယ်ကို အတွေးပွားစေမိပါတယ်ဗျ
ကျွန်တော့်ဘဝမှာလည်း သူများတွေကြောင့် ဘယ်နှစ်ခါလောက် ဂယက်ထခဲ့သလဲဆိုတာ ပြန်ပြောင်းစဉ်းစားနေမိအောင်
ဖော်စွမ်းပေးနိုင်ခဲ့ပါတယ် ……………………………
ငပေါက်ဖော်
January 13, 2012 at 6:24 pm
ကိုးနက်ရှင် မကောင်းတာနဲ ့ခုမှကြည့်ရတယ်
အပေါ်ဆုံးက ပုံးတွေနဲ ့ပုံ ခိုက်ဒယ်ဗျာ..
ကိုပေါက်(မန္တလေး)
January 13, 2012 at 10:09 pm
ပေါက်ဖော်ရယ် ပုံးတွေနဲ့တော့ မခိုက်ပါနဲ့
ပုလင်းလောက်ဆိုတော်ပြီနော်။
တွမ်………………….