“ဇာတ်လမ်းကောင်းတွေကို သိမ်းထားတဲ့အင်းလျား………..” (အပိုင်းနှစ်)











“ဇာတ်လမ်းကောင်းတွေကို သိမ်းထားတဲ့အင်းလျား………..” (အပိုင်းနှစ်)
ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ အင်းလျားကို ပိုသွားချင်ပါတယ်။
ခရစ်စမတ်နေ့က ကိုချောတင်ပေးတဲ့ပုံတွေကို ကြည့်မိတော့ ရောဂါက ပိုရင့်လာသလိုပါဘဲ။
အဲဒါနဲ့မနက်ငါးနာရီလောက်အိပ်ယာထ။
ဘတ်စကားမှတ်တိုင်ပြေး။
အင်းလျားကိုသွားချင်ရင်ဘယ်နားမှာဆင်းရလဲမေးတော့
ကုက္ကုိုင်းမှာဆင်းလို့ပြောပါတယ်။
ကျနော်က မြောက်ဥက္ကလာဘက်က လမ်းဝမှတ်တိုင်က တက်လာတာကိုးဗျ။
ညကမေးထားတာက ကားခက ငါးဆယ်ဘဲပေးရတယ်လို့ပြောထားတော့ ရာတန်ထုတ်ပေးလိုက်တာ
ကားဆရာက လူကိုကြည့်ပြီး အထူးကား 200 လို့ပြောပါတယ်။
နောက်ကျော်သွားမှာစိုးလို့ ကုက္ကိုင်းရောက်ရင်ပြောနော်လို့မှာတော့
ဘယ်ရွာကလာလဲမသိဘူးလို့ပြောလိုက်သံကြားလိုက်ရသလို။
အဲဒါနဲ့ကုက္ကိုင်းရောက်တော့ဆင်းလိုက်ပါတယ်။
အခုရောက်နေတာအင်းလျားကန်အရှေ့ဖက်ဆိုတော့ အနောက်ဆင်းတဲ့လမ်းအတို်င်း
ခပ်သွက်သွက်လေးလျောက်လို်က်ပါတယ်။
သွက်ဆိုလမ်းမပေါ်မှာ ကျနော်တစ်ယောက်ထည်းရယ်ဗျာ။
နောက်မှသိတာ ကျနော်သွားနေတာ တက္ကသိုလ်ရိ်ပ်သာလမ်း။
ဘယ်ရမလဲ လမ်းမှာတွေ့သမျခလုပ်နှိပ်သွားတော့ ရောက်တတ်ရာရာဆိုတဲ့ပုံးလေတွေရသပေါ့။
ဒါနဲ့လမ်းကွေ့ရမယ့်နေရာလဲရောက်ရော လမ်းလျောက်နေသူတွေကိုမေးရတာပေါ့ အင်းလျားကန်
ကိုသွားမှာဆိုတော့ သူတို့ သွားတဲ့မြောက်ဘက်ကိုချိုးလိုက်လို့ပြောတာနဲ့ နေအထွက်အမှီကိုရောက်အောင်
အမြန်ပြေးရပါတယ်။
တော်ပါသေးရဲ့ နေအထွက်ကိုမှီလိုက်ပါတယ်။
ရောက်တာနဲ့ ဓါတ်ပုံတွေတဖျပ်ဖျပ်ရို်က်တာပေါ့။
ရိုက်ရင်းတောင် စိုင်းထီးဆိုင်သီချင်းလေးကို လေချွန်မိပါသေးတယ်။
“မောတော့မောတာပေါ့ …………..ဒါပေမယ့် မမောဘူး။
ညောင်းတော့ ညောင်းတာပေါ့ …………..ဒါပေမယ့်မညောင်းဘူး”
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(13-1-12)
15 comments
ကိုပေါက်(မန္တလေး)
January 13, 2012 at 8:47 am
တကယ်တော့ အင်းလျားကန်ဆိုတာ လူပေါင်းများစွာရဲ့လွမ်းမောစရာကောင်းတဲ့ဇာတ်လမ်းပေါင်းများစွာကိုသိမ်းထားတာအမှန်ပါဘဲ။
ဒီပုံလေးတွေမြင်တယ်ဆိုရင် ပါဝင်ပါတ်သက်ဘူးခဲ့တဲ့ကာယကံရှင်တွေရဲ့စိတ်
အတိတ်ကိုခဏလေးတော့နောက်ပြန်ပြေးမယ်ထင်တာပါဘဲ။
aye.kk
January 13, 2012 at 9:21 am
ကိုပေါက်လက်ရာတွေကနှစ်သက်စရာတွေချည်းပါဘဲ..
ပန်းချီပြခန်းလေးတောင်ဖွင့်လို့ရရင်ကောင်းမယ်ထင်တယ်နော်..။
ဲ
ကိုပေါက်(မန္တလေး)
January 13, 2012 at 9:28 am
aye.kk ရေ အခုလိုပြောပေးတာကျေးဇူးပါ။
ဒါပေမယ့်ကျနော့်လက်ရာတွေက ပညာရှင်တွေအကဲဖြတ်ရင် စာမေးပွဲကျတတ်ပါတယ်။
သူတို့သတ်မှတ်ထားတဲ့ သီအိုရီတွေနဲ့မကိုက်ညီတဲ့ လက်ရာတွေမို့ပါ။
ကြောင်ကြီး
January 13, 2012 at 10:35 am
အင်းလျားမှာ
မြင်းနွားကို
အတင်းသွား
သင်းထားရာ
ပျင်းမသွား
ရင်းစားလို့
ဒင်္ဂါးမရှာ
နင်းပြားခမျာ
စဉ်းစားကာ
နေရတယ်
ဒင်းကုလားရယ်
ဖစ်မဖစ်ရဘလေ…။
Harumoto
January 13, 2012 at 10:50 am
ဦကြောင်ကြီး..
အင်းလျားမှာ
မြင်းနွားကို
အတင်းသွား
သင်းထားရာ……ဆိုတော့
လူတွေရော သင်းမှာလား..
ဒါဆို အင်းလျား မသွားတော့ပါ….။
bluerose
January 13, 2012 at 10:53 am
နံပတ် ၈ ကပုံနဲ့ နံပါတ် ၆ ကပုံမှာကွာတာကအောက်ဘက်နားက
ဆိုင်းဘုတ်လေးကနံပါတ် ၆ မှာမပါပဲနံပါတ် ၈ မှာပါနေတာပါ
ဟုတ်တယ်နော်လေးလေးပေါက်
bluerose
January 13, 2012 at 10:55 am
နံပါတ် ၈ မှာကပျံနေတဲ့ငှက်ကလေးလည်းမရှိတော့ဘူး
weiwei
January 13, 2012 at 11:08 am
ကိုဘလက်အင်းယားပုံလေးတွေတင်ပေးကထဲက မနက်စောစောသွားချင်နေတာ … အိမ်မက်ထဲမှာပဲ သွားဖြစ်နေတော့တယ် …. ကျွန်မနေတဲ့နေရာကနေ မိနစ် ၂ဝ လောက် လမ်းလျှောက်ရင် အင်းယားကန်ကို ရောက်နိုင်တယ်လေ …
ကျွန်မမောင်လေးဆီမှာ ပြောင်းပါတဲ့ကင်မရာကြီးဝယ်ထားတာတွေ့မိလို့ လက်တည့်စမ်းကြည့်ချင်နေတယ် … ကိုင်ကြည့်တာတောင် တော်တော်လေးနေလို့ သူ့ဆီကငှားသုံးဖို့ မဝံ့မရဲဖြစ်နေသေးတယ် … ဒါပေမယ့် ရွာထဲက ဓါတ်ပုံတွေကို အားကျလို့ ရိုက်ချင်ပါသေးတယ်
ကိုပေါက်(မန္တလေး)
January 13, 2012 at 12:24 pm
မဝေရယ်
သွားချင်တာများပြောလိုက်ပေ့ါ ။
ကင်မရာလေးနေရင် ကူသယ်ပေးမှာပေါ့.
ကိုပေါက်(မန္တလေး)
January 13, 2012 at 12:31 pm
blueroseရေ
ကန်ဘောင်ပေါ်ကရိုက်တာနဲ့အောက်ဆင်းရိုက်တာရယ်။
ငှက်ကလေးပါတာရယ် မပါတာရယ်ကွာသွားတာပါ။
pooch
January 13, 2012 at 2:08 pm
လေးပေါက် နံပါတ်၁ဝ ကို အကြိုက်ဆုံးပဲ ကြည့်ရင်းလွမ်းလိုက်တာ ဘာလွမ်းလို့ လွမ်းမှန်းလည်း မသိဘူး
ငပေါက်ဖော်
January 13, 2012 at 2:16 pm
ကန်ရေပြင်ကို ကြည့်ငေးရင်း ကိုယ်စီ ဒဏ်ရာတွေကို ရေတွက်နေ..
အိုးရေ့..အိုးရေ
thit min
January 15, 2012 at 2:52 pm
အင်းလျားရေ ဟာ ၁၉၈၈ မတိုင်မီက အရိပ်မထင်ပါဘူးတဲ့။
၁၉၈၈ နောက်ပိုင်း ရေထဲမှာဘာရှိလို့ အရိပ်ထင်ရတာလဲဆိုပြီး
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ပြဒါး ဆိုတဲ့ကဗျာတပုဒ်ရေးဘူးပါတယ်။
မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပြီးသားလို့ပြောပါတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင်
တိုကျိုကစာပေဟောပြောပွဲမှာပြောသွားတာပါ။
ပြန်ရှာတာတွေ့ရင်တင်ပေးပါ့မယ်။
~~~~~~~~~~~~~~~~~~~~~~~
ကိုပေါက်(မန္တလေး)
January 15, 2012 at 4:35 pm
ကိုသစ်ရေ
ပြန်ရှာပြီးလဲတင်ပေးပါ။
ပန်းခရမ်းပြာအကြောင်းလဲပြန်ဖော်ပေးပါ။
ကျနော်က ကြားသာကြားဘူးတာ မထိခဲ့ရဘူးလေ။
thit min
January 15, 2012 at 5:14 pm
ပြဒါး
—-
အင်းလျားရေ
ကြည်ပါလျှက်
အရိပ်မထိုး
အင်းလျားကန်
ခုခါနောက်ပေမဲ့
ရေအောက်မှာဘာတွေရှိ
မှန်ကြည့်သလိုမျိုး။
မောင်စိန်ဝင်း(ပုတီးကုန်း)