“အိမ်ပြန်ချိန်လေးများ”
“အိမ်ပြန်ချိန်လေးများ”





လူတိုင်း လူ တိုင်း ဟာ ဝမ်း ရေး အတွက်
နေ့ တိုင်း လုပ်ငန်းခွင် ဆီကို သွားကြရ ပါတယ်။
တစ် နေ့ တာ ကုန်ဆုံးလို့ အလုပ်ပြီးရင်တော့ အိမ်ကို ပြန်လာ ရ စ မြဲပါ။
ဒီ အိမ်ပြန်ချိန်ဟာ
စီး စရာ ယာဉ် ရှိ ရင် လဲ ရှိမယ်
ခြေ သာလျင် ယာဉ် ရှိ ကုန်၏ ဆို တဲ့ မင်း ဘူး ဦးဩ ဘာသ ရဲ့ စာ သား လို လဲ ဖြစ ်ချင် ဖြစ်မယ်။
အေး ဆေး လဲ ပြန ်ရင် ပြန် ရမယ်
တက်သုတ် ရိုက် ရင် လဲ ရိုက်ရ မယ်
နီး ရင် လဲ နီး မယ်
ဝေးရင်လဲ ဝေးမယ်။
ဒါပေမယ့် လူ တစ်ယောက်အတွက် ပြန် စရာ အိမ်တော့ ရှိ မယ်လေ။
ဒါ ကြောင့် လဲ အိမ်ပြန်ချိန် ဆို တာ လေး က အသက်ဝင် နေ တာ ပေါ့။
ကိုပေါက်ရဲ့ စ နက် ရှော့ မဟုတ် တဲ့ လက်ဆော့ လို့ ရလာ တဲ့ အတွေး များ
7 comments
Mr. MarGa
June 13, 2014 at 9:39 am
လေးပေါက် ရေ
လူတစ်ယောက် အတွက် ပြန်စရာ အိမ် တော့ ရှိမယ်လေ ဆိုတာကိုမြင်ပြီး
ပြန်စရာ အိမ် မရှိတဲ့သူတွေ၊
အိမ် လို့ မခေါ်နိုင်တဲ့ အိမ် ကို ပြန်ရမယ့်သူတွေကို တွေးမိတယ်ဗျာ
စကားမစပ် ဆိုင်ကယ်လေးနဲ့ အိမ်ပြန်ချိန်လဲ မပါပါလား
ကိုပေါက်(မန္တလေး)
June 13, 2014 at 1:35 pm
ဃဃ ရေ ဆိုင်ကယ်နဲ့ပုံလဲရှိ ပါ တယ်
တောသဘာဝ လေး ပေါ်လွင်အောင်လို့ပါ
kyeemite
June 13, 2014 at 11:18 am
တိုက်တိုက်ဆိုင်ဆိုင်ဗျ…ကိုပေါက်ပို့စ်လေးထဲကလို ကျုပ်တို့လည်း နေ့တိုင်းအိမ်ပြန်ကြရပါတယ်…
လတ်တလော ရန်ကုန်ကလူတွေမှာတော့..အိမ်ပြန်ချိန်ကို ကြောက်နေ၊ စိုးရိမ်နေရတယ်ဗျာ…
ဒီနေ့အပြန်အိမ်ကိုဘယ်ချိန်ပြန်ရောက်မှာပါလိမ့်..ဆိုပြီး..ရင်မောနေရတယ်…
ကျုပ်ဆို စက်ရုံနဲ့အိမ် ၄၅ မိနစ်ခရီးကို ၂ နာရီကြာတယ်…ကိုယ်ပိုင်အချိန်တွေ လမ်းမှာကုန်ရော
ကိုပေါက်(မန္တလေး)
June 13, 2014 at 3:27 pm
ဟုတ်ပ ကိုမိုက်ရေ
ရန်ကုန်မှာမိုးရွာတာနဲ့ လမ်းပေါ်ရေ တွေ ကျော်နေတာ မြင်ရ တာ စိတ် ညစ် စရာ ကြီးဗျာ
အရီးခင်
June 14, 2014 at 4:28 pm
တစ်ချိန်ကတော့ အိမ်ပြန်ချိန်က ဗီလိန်ပါဘဲ။
နံပါတ် ၄ ပုံကို အကြိုက်ဆုံး။ :-))
ကိုပေါက်(မန္တလေး)
June 14, 2014 at 6:20 pm
ကိုလတ် ကြီး
ကျနော်တို့ တစ် တွေ ပြန်စရာအိမ်ရှိတာ ကံ ကောင်း ပါ သေး တယ်
lu lu
June 16, 2014 at 7:25 pm
လေး ပေါက် ရဲ ့အနုပညာ ဆန်ဆန် အ တွေးလေးတွေ နဲ ့ဖော်ပြ

ထားတဲ့ဓာတ်ပုံ လေးတွေမြင် မှ ကိုယ့်ပတ်ဝန်းကျင် မှာ ဒီလို သဘာဝဆန်ဆန်
အလှတရားတွေ ရှိပါလား လို ့သတိထားမိ တော့တယ်
ကျေးဇူးပဲ လေးပေါက် ရေ