Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငါဘာတွေ ပြောနေမိပါလိမ့်…။

black chawJune 13, 20141min82137

မင်္ဂလာဆောင်ရအောင် အချစ်ရယ်…အထိအတွေ့ကို အားမရနိုင်တော့ပြီ…။

အဲဒါ ကိုင်ဇာ နဲ့ မေဆွိ ဖလန်းဖလန်း ထစဉ်အခါက အနမ်းပန်းစီးရီးထဲ…ပါခဲ့တဲ့ သီချင်းပေါ့…။
ကိုင်ဇာတို့က ခပ်ရှင်းရှင်းပဲ…။ ဝင်္ကဝုတ္တိတွေ သိတ်မသုံးတတ်ဘူး…။ ဝေ့ဝိုက်မနေဘူး…။
ဒဲ့ပဲ…။
အထိအတွေ့ကို အားမရနိုင်တော့လို့ မင်္ဂလာဆောင်ရအောင် ဆိုပြီး ချစ်သူကို ရွှေနားတော်သွင်း
သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့လေသတဲ့…။
အဲဒီ အထိအတွေ့ ဆိုတာ ဘာကြီးလဲဗျ…။
သက်ကြီးဝါကြီးရွာသားကြီးတွေ ဖြစ်တဲ့ ကိုပါ တို့ ကိုမိုက် တို့ ကိုနေကြီး တို့ ကိုဆာမိ တို့ လင်းကြစမ်းပါဦး…။
ဘလက်ကြီးကတော့ အသက်က ၃ ဒါဇင် ကျော်ကျော်လေးပဲ ရှိသေးတော့ အထိအတွေ့ဆိုတာကြီးနဲ့
သိတ် မရင်းနှီးသေးဘူးပေါ့…။ ဟေးဟေး…။
အခုတလော မင်းသမီးလေးတွေ တစ်ယောက်ပြီးတစ်ယောက်မင်္ဂလာဆောင်နေကြတာ…
ကိုင်ဇာကြီးသီချင်းလိုဆို အထိအတွေ့ကို အားမရနိုင်တော့လို့ များလား…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။ (Credit to ကျောက်စ်)
ပူပူနွေးနွေး မင်္ဂလာဆောင်သွားတဲ့
ဆုရွှန်းလဲ့ ရဲ့ သတို့သား ကား မောင်ဇေယျာဝင်း ဟူလို…။
အဲဒီ မောင်ဇေယျာဝင်းလေးက စင်္ကာပူ က တဲ့…။ အလုပ်က ခွင့်မရလို့ ဆိုလား မင်္ဂလာဆောင်ပြီးတာနဲ့
စင်္ကာပူ သို့ ပြန်ရပါတယ်တဲ့…။
အဲဒီလို မယ်တစ်ရွာ မောင်တစ်မြို့ ဖြစ်မယ့် အရေးကို ကြိုမြင်လို့ ဆုရွှန်းလဲ့ကြီး က စင်္ကာပူ နိုင်ငံသား ခံယူတော့မှာတဲ့…။
ယောင်နောက်ဆံထုံးပါ ပေါ့ဗျာ…။
မောင်ဇေယျာဝင်းလေးကို ရွေးချယ်ရတာကတော့ တဲ့ သူ့မှာ ကောင်းတာတွေ အများကြီး ရှိလို့ပါတဲ့…။
ဒါတောင် မယူရသေးလို့ ယူပြီးသွားရင် ကောင်းတာတွေ ထပ်တွေ့ပြီး
အချစ်တွေ တိုးသထက်တိုးလာဦးမယ့် သဘောခင်ဗျ…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လုပ်သွားမှာပါတဲ့…။
ဟန်းနီးမွန်းကတော့ ဖိလစ်ပိုင် နိုင်ငံက ကျွန်းတစ်ကျွန်းတဲ့…။
ချိုမြိန်ပါစေကွယ်…။

ချမ်းမီမီကို ရဲ့ မင်္ဂလာပွဲကတော့ အရမ်းအရမ်းကို လူပြောသူပြောများခဲ့တယ်ပေါ့နော်…။
ကွယ်…ပြောစရာတွေ ရှိလို့နေမှာပေါ့…။ သိတ်ဖွတာပဲ…။
သတို့သား နာမည်က မောင်စိုးထွန်းရှိန် ဟူလို…။
အောင်မယ် ရည်းဇားသက်တမ်းက သုံးနှစ်ခွဲတဲ့…။
ရည်းဇားသက်တမ်း သုံးနှစ်ခွဲဆိုတော့…တော်တော် ခရီးရောက်နေလောက်ပြီပေါ့နော်…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
အင်…ရည်းစားသက်တမ်း သုံးနှစ်ခွဲ ဆို ချမ်းမီမီကို ၁၈ နှစ်သမီးလောက်ကတည်းက ရည်းစားဖြစ်ကြတာပေါ့…။
ဟေးဟေး…ဒံပေါက်ဆိုက်လေးပဲ…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
ကိုင်ဇာ့ သီချင်းအလိုတော် အရဆိုရင် အထိအတွေ့ကို အားမရနိုင်တော့လို့များလားမသိ…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
သတို့သား မောင်စိုးထွန်းရှိန်လေးက

ကျွန်တော်တို့ ၂ ယောက်ရဲ့ ဟန်းနီးမွန်းကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်းပေးပြီး
လကမ္ဘာကို သွားချင်တာ မဟုတ်ဘူး..။ သွားကို သွားဖြစ်မှာပါ…။

လို့ ပြောသွားခဲ့တာကို 8 Days ဂျာနယ်က ဖေါ်ပြသွားခဲ့ပါတယ်ဗျာ…။
သေချာလှချည်လား ကိုကို ရယ်…။ ပိုက်ဆံရှိတိုင်း လကမ္ဘာကို သွားလို့ရသတဲ့လား…။
ဖြူသီ ကြီး ငယ်ငယ်တုန်းက ဆိုဖူးတဲ့ စီးရီးစ် တစ်ခွေ ရှိတယ်…။
ပလူတိုမှာ နှစ်ယောက်တည်း တဲ့…။
အဲဒီတုန်းကတော့ ဖြူသီကြီးက သိတ် စိတ်ကူးယဉ်တာပဲ လို့ ဘလက်ကြီးက ထင်ခဲ့မိတာပေါ့…။
အခု ချမ်းမီမီကို တို့ လင်မယားနဲ့ တွေ့တော့မှ စိတ်ကူးယဉ်တာမဟုတ်မှန်း သိတော့တယ်…။
လကမ္ဘာ မှာ နှစ်ယောက်တည်းပေ့ါ…။
သောက်ဖို့စားဖို့ ရိက္ခာတွေဘာတွေလည်း ထည့်သွားဖို့ မမေ့နဲ့ဦးဗျ…။
လကမ္ဘာဆိုတော့ ဈေးသည်တွေ ရှိမှာမဟုတ်ဘူး…။
အားရှိမယ့် အစားအစာတွေလည်း ယူသွားဖို့လိုမယ်နော့်…။
နွားနို့တို့ ကြက်ဥတို့ ဖီးကြမ်းငှက်ပျောသီးတို့…ပြီးတော့ သုတ်စားဖို့ ဆေးဘဲဥတွေ ဘာတွေလည်းပါပေ့စေ…။
မြဟင်္သာလေး တစ်ဆွဲလောက်နဲ့ နှမ်းလုံးကြိုင်မြစ်တို့ ဘာတို့…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
လကမ္ဘာ သွားမယ်ဆိုတာ စစ်တောင်းမြစ် မဟုတ်ဘူး…တဲ့ ကမ်းဝေးရေ…။ ဧရာဝတီ မြစ်ကြီး တဲ့ဟ…။
အော်…ချမ်းသာလိုက်ကြတာ…။
ဟန်းနီးမွန်းတာတောင်…မြန်မာငွေ ဘီလီယျံ ၃ဝ လောက်သုံးမယ်တဲ့လား ကွယ်…။
လှိုင်သာယာမှာရှိတဲ့ ကျွန်တော်တို့ ညီမလေးတွေ တစ်နေ့လုပ်ခ ကျပ် ၃၀၀ဝ လောက်ရဖို့ ဆန္ဒပြနေရရှာသတဲ့…။
(Credit to မောင်သာချို)
ဒီကြားထဲ ဒုသမ္မတကြီးက လူတစ်ယောက် တစ်နေ့ ကျပ် ၂၀၀ဝ လောက်ရရင် အိုကေပါတယ် ဆိုပြီး အချွန်နဲ့ မပြန်တယ်…။
ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ နိုင်ငံ ရောက်ရှိနေတဲ့ အဆင့်က…။(ပြောတော့ဘူး ပြောတော့ဘူး ပြောကို ပြောချင်တော့ဘူး)။
အဲဒါ အဲဒါတွေကို ဥပေါက္ခာ ပြုလို့ ဟန်းနီးမွန်းစရိတ်ကြီးပဲ မြန်မာကျပ်ငွေ ဘီလီယျံ ၃ဝလောက် သုံးမယ်လို့
ဘယ်လို နှလုံးသားမျိုးနဲ့ ပြောရက်ကြတာတဲ့လဲ…။
ဘယ်လို ပါးစပ်မျိုးတွေက ပြောထွက်ကြတာတဲ့လဲ…။
ဒုက္ခသည် စခန်းတွေက ဒုက္ခရောက်နေကြရှာသူတွေကို တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးကြပါဦးဗျာ…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
မောင်စိုးထွန်းရှိန်လေးသည်လည်းပဲ နုနုထွဋ်ထွဋ် ဇနီးမယားလေးအတွက် လူ့အခွင့်အရေးအပြည့်ပေးထားပါတယ်တဲ့…။
အနုပညာ အလုပ်တွေကို ဆန္ဒရှိရင် လုပ်နိုင်ပါတယ်တဲ့…။
တော်သေးတာပေါ့ဗျာ…။
ကျွန်တော့် မိတ်ဆွေ နိုဇိုးမိ ကြီးက ချမ်းမီမီကို သရုပ်ဆောင်တာကို သိတ်ကြိုက်တာ…။
ချမ်းမီမီကိုလေး ယောက်ျားယူသွားတော့ သူသရုပ်ဆောင်တဲ့ ဗီဒီယိုတွေ
မကြည့်ရတော့ဘူး…ဆိုပြီး အသည်းကွဲနေသေးတာဗျ…။
ကဲ ကိုနိုဇိုးမိ ရေ…ခင်ဗျား သိတ်ကံကောင်းပါတယ်ဗျာ…။
သူ့ယောက်ျားကြီးက သရုပ်ဆောင်ဆက်လုပ်ခွင့်ပြုပါတယ်တဲ့…။
ကိုယ့်ကိုယ်ကို သတ်သေမယ် ဘာညာလည်း လုပ်မနေနဲ့တော့ဗျ…။ မိန်းမနဲ့ ကလေးတွေ မျက်နှာလည်း ထောက်ပါဦး…။
အဲ..အဲ..တစ်ခုတော့ ရှိတယ်နော်…ချမ်းမီမီကိုလေး မိုက်တယ်ဆိုပြီး စိတ်လွတ်လက်လွတ်ပြစ်မှားနေတတ်တဲ့
ခင်ဗျားရဲ့ စိတ်တွေကို လည်းထိန်းချုပ်ထားဖို့လိုလိမ့်မယ်ဗျ…။
ဒု…သ…န…သော လေးလည်း သတိပြုပါဗျာ…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
ဟေးဟေး…။
(အပျော်ပါဗျာ)
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။

37 comments

  • ဦးကျောက်ခဲ

    June 13, 2014 at 8:58 am

    အဟိ… ပြောရဦးမယ် ဦးဦးဘလက်ရယ်…
    အဲ့လူကြီး ဘုမသိဘမသိ လွှတ်ကြွားတာလား ၊ ခလေးကို အိပ်မက်ပေးတာလား မသိ…
    Space Tourism ဆိုတာ စိတ်ကူးယဉ်အဆင့်မှာပဲ ရှိပါသေးသတဲ့…
    သေသေချာချာ မပြင်ဆင်ထားပဲနဲ့ ကမ႓ာပတ်လမ်းကြောင်းကနေ ထွက်ဖို့မလွယ်သေးပါဘူးတဲ့…
    အမေရိကန်တွေတောင် လကမ႓ာကို ဒုတိယအကြိမ် မဆင်းရသေးပါဘူးတဲ့…
    ( အခုအထိ လကမ႓ာကို လူတွေခြေချတာ လက်မခံနိုင်သေးသူတွေ ရှိပါ၏ )
    အဟစ်… မဟေမာရဲ့ သီချင်းကို ဂျော်လကီးသံနဲ့ ဆိုပြရရင်…
    ♫ ♫ ယုံလား… ယုံရင်ပြောပြဖို့ စိတ်ကူးပြီးသားကွယ် ♫ ♫ … အဟစ်စ်စ်စ်
    😀

  • black chaw

    June 13, 2014 at 9:12 am

    @ ဦးကျောက်ခဲ ;
    ဟေ့လူကြီး…အထိအတွေ့ကို အားမရနိုင်တော့လို့
    မင်္ဂလာဆောင်တာလား ဟင်င်င်???
    ဟယ်…ငါဘာတွေ မေးနေမိပါလိမ့်…။
    😀

    • ဦးကျောက်ခဲ

      June 13, 2014 at 9:36 am

      အာဟင့်… အဲသည့် ဦးကိုင်ဇာဂျီးက အဆင့်ကျော်တယ်…
      ကျောက်စ်တို့က သူ့ရဲ့ အရင် သီချင်းဟောင်း…
      “တယ်လီဖုန်းလေးနဲ့ ခြစ်ကြမယ်” အဆင့်ပဲရှိသေးတာ…
      အခုတော့ ဖုန်းဖိုးမတတ်နိုင်တော့လို့ပါ ခင်ဗျ…
      ဟမ်… ဘာတွေဖြေမိတယ် မသိ… ဟီ ဟိ
      😀

      • ROssI

        June 13, 2014 at 12:44 pm

        အူးလေးဟောင်ကောင်ချစ်တီး ကတော့…ပိုင်သဗျာ ..ဖုန်းဖိုးမတတ်နိုင်လို့ လူကိုသိမ်းသတဲ့ …..

        :mrgreen:

  • surmi

    June 13, 2014 at 9:30 am

    ဟုတ်ကဲ့ ;
    ကျနော်များ လကမ္ဘာဖုန်းဆိုးမြေ အပန်းဖြေစခန်းက ကြိုဆိုပါတယ်
    အဆင်ပြေရင် ပရလောကကိုလည်း လေ့လာရေးသွားလို့ရပါတယ်ခင်ဗျ :mrgreen:

    နေရာကတော့ .…

    http://myanmargazette.net/198776
    :kwi:

  • kyeemite

    June 13, 2014 at 9:40 am

    အဲဒီ အထိအတွေ့ ဆိုတာ ဘာကြီးလဲဗျ…။
    သက်ကြီးဝါကြီးရွာသားကြီးတွေ ဖြစ်တဲ့ ကိုပါ တို့ ကိုမိုက် တို့ ကိုနေကြီး တို့ ကိုဆာမိ တို့ လင်းကြစမ်းပါဦး…။

    အောင်မယ်…အောင်မယ်…ဘုရားနဲ့ တရားနဲ့ နေတဲ့ ရွာလူကြီးတွေကိုများ မလေးမခန့်နဲ့
    နာစွန်နားဖျားရပ်ကွက်က ကျောင်းဒကာ…ဒီမယ်ကျုပ်ပြောမယ်…“အထိအတွေ့” ဆိုတာ
    ခီများကြီးသေသေချာချာသဘောပေါက်ချင်ရင်တော့…ရွာထဲက ကျုပ်မိတ်ဆွေ ကိုနို့စို့မိ ဆိုတဲ့လူဂျီးကို
    သွားမေးဗျ…သူကဒီဖက်မှာကျွမ်းတယ်…လက်တွေ့ပြမယ်ဆိုပြီး ခီများကို သူသွားနေကျ မာဆတ်ကိုတောင်
    စရိတ်ငြိမ်းခေါ်သွားလိမ့်အုံးမယ်…
    ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။ 😀

  • black chaw

    June 13, 2014 at 9:42 am

    @ surmi ;
    မေးထားတာလေးကျတော့ မသိချင်ယောင်ဆောင်သွားတယ်…လူဆိုး…။
    😀

  • Mr. MarGa

    June 13, 2014 at 9:43 am

    ဟေ့လူရီးး
    ကလေးရမှ မင်ဂါဆောင်မယ်ဆိုတဲ့ အောင်လ လေး သတင်းက ဘယ်နားကျန်နေခဲ့တာတုန်းး
    အယ်…ငါလဲဘာတွေပြောနေမိပါလိမ့် 😀

    • black chaw

      June 13, 2014 at 9:57 am

      @ Mr. MarGa ;
      အခုလောလောဆယ် အဲဒီသတင်းထည့်လိုက်ရင်
      ရွာထဲက ရွာသားလူပျိုတွေ အတုယူမှားမှာစိုးလို့
      ဖြုတ်ထားလိုက်တာ…။
      အံစာတုံးကြီးက အတုသိတ်ခိုးတတ်တာ…
      တော်ကြာ…သားလည်း အောင်လလိုပဲ မင်္ဂလာဆောင်မယ်လုပ်နေရင်
      မလွယ်ဘူး သကြားရေ…။
      အဲဒါကြောင့်ဟ…။
      😀

  • black chaw

    June 13, 2014 at 9:52 am

    @ kyeemite ;
    နိုဇိုးမိကြီးလား…။
    တစ်ချိန်လုံး ဖုန်းကို စိုက်စိုက်ကြည့်ပြီး
    ပြုံးတဲ့အခါ ပြုံးလိုက်၊ ရယ်တဲ့ အခါ ရယ်လိုက်၊
    ဒေါသထွက်တဲ့ အခါထွက်လိုက်ဖြစ်နေလို့
    သူ့မိန်းမက မသင်္ကာဖြစ်ပြီး စစ်ဆေးရေးဝင်တယ်တဲ့ဗျာ…။
    အဲဒီမှာပဲ ရှဲမယ်…လိုက်မယ်…ဆိုပြီး တစ်ချိန်လုံး အော်အော်နေတဲ့ ကိုနိုဇိုးမိကြီးဟာ
    ဖေ့ဘုတ် စွဲနေတာကို သိပြီး
    အခု ဖေ့ဘုတ်လုံးဝမသုံးရဆိုပြီး အမိန့်ထုတ်လိုက်တယ်လေ…။
    ခင်ဗျာ…သနားစရာပါဗျာ…။
    😀

  • Wow

    June 13, 2014 at 10:42 am

    လကမ္ဘာပို့ပေးမယ်ဆိုပီး အကြီးကြီးလဲပြောလိုက်ရ … ခရီးစဉ်ရှိတဲ့ အခါမှ သွားဂျဒါပေါ့ မိန်းမရယ် ဆိုပီး… ပိုင်သကွာ :mrgreen:

  • black chaw

    June 13, 2014 at 10:45 am

    @ Wow ;
    အဲဒါက အလိမ်ခံမယ့်လူလည်း ရှိဦးမှဗျ…။

  • myatpone nya

    June 13, 2014 at 10:51 am

    သူ့ကုသိုလ်​နဲ့သူပါ …….။ ဆင်​းရဲတဲ့သူမှာ ဆင်​းရဲရတဲ့ အ​ကြောင်​းချိပါတယ်​……..။ ချမ်​းသာတဲ့သူမှာ ချမ်​း သာရတဲ့ အ​ကြောင်​းချိပါတယ်​……..။ အမ်​ ငါ ဘာ​တွေ ​ပြော​နေမိပါလိမ်​့ ဒလိမ်​့ဒလိမ်​့………..

  • black chaw

    June 13, 2014 at 11:01 am

    @ myatpone nya ;
    ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာကျေးဇူးပါ မြတ်ပုည ရေ…။
    ဟုတ်ပါတယ်ဗျာ…။
    သူ့ကုသိုလ် နဲ့ သူပါ…။
    မုဒိတာ ပွားပါတယ် ခင်ဗျ…။
    😀

  • ရွှေတိုက်စိုး

    June 13, 2014 at 11:06 am

    အော် ကျောင်းဒကာ ရယ် ကိုရင့်လို အသက် ၃ဒါဇင်ကျော် ကတောင် အထိအတွေ ကို မသိရင်… ကျုပ်တို.လို ဆယ်ကျော်သက်လေးတွေ ဆို ဝေလာဝေးပေါ့… ကြုံခြင်စမ်းပါဘိဗျာ…
    ကိုရင် အထိအတွေ.အားမရရင်… နှစ်ယောက်နှိပ်ခိုင်းပေါ့ဗျာ…. ဟေးဟေးဟေ့…..

    သူတို.ဟာသူတို. လကမာ္ဘသွားသွား တာဝတိန်သာသွားသွား ကျုပ်တို.တော့ အခု ရေခပ်ထုတ်နေရတယ်ဗျို…… ချမ်းမီမီကိုလေးတော့ ကိုနိ.စို.မီကြီး အစား နှမျောသား… သူလေးကို ရန်ကင်းစင်တာမှာ အရှင်လတ်လတ် လတ်လတ်ဆတ်ဆတ် တစ်ခါလားပဲ မြင်ဘူးတယ်.. အော… အခုတော့.. အထိအတွေ.အားမရလို. မောင်ဂလာဆင်လိုက်ပီဆိုတော့… အဟေးဟေးဟေး.. အတွေ.မကြုံ မရှိရှာတော့ ကောင်မလေး တနားချာလေးဖစ်နေတော့မယ်နော်……….အာဟိ..

  • black chaw

    June 13, 2014 at 11:17 am

    @ ရွှေတိုက်စိုး ;
    အနှိပ်ခန်းက
    အဆိပ်ပန်းလေးတွေ အကြောင်း
    တစ်ပုဒ်လောက်ရေးပါဦးလား ရွှေတိုက်ရေ…။
    မင်းတို့က အနှိပ်ခန်း အမြဲတမ်းရောက်နေတာဆိုတော့
    ကိုယ်တို့အတွက် ဗဟုသုတ ရတာပေါ့…။
    😀
    အာဟီး…။

    • ရွှေတိုက်စိုး

      June 13, 2014 at 1:51 pm

      အမယ်အမယ် အမှတ်က ဝင်ယူသွားသေး… အေးပေါ့လေ… ခင်ဗျားကြီးက ၄၂ ကျော်တော့ လုပ်ရဲပြီပေါ့.. ဟဟဟဟဟ..
      မနူးမနပ်ကလေးဆိုတော့ ပြောပြရအုံးမှာပေါ့… လူကဖြင့်သွေးတောင်ဆုံးတော့မယ် အနှိပ်ခန်းက အဆိပ်ပန်းတောင် မနမ်းဘူးဘူးဒဲ့… အံ့ဩဘ …. ဒါများသူကိုသူ ဘလက်ချောဒဲ့…. ဟဟဟဟဟဟ ခွီခွီ

  • ROssI

    June 13, 2014 at 12:49 pm

    အခြေသတင်းကြီးနေတဲ့ ရွှေမင်းသမီး ကတော့…
    အော်ဇီဂျော်လကီ ဒယ်ရန်ဟေ့ယက်စ် ရဲ့ to the moon and back ကို ကြွေသွားလို့ထင်ပါရဲ့ဗျာ…
    အာဟိ…

    လကမာ္ဘ ထက် လသာ ကိုသွားတာကမှ အရသာစိစိ ဝါးရအုံးမယ်…။

    အာကာသ ဝတ်စုံဆိုတာ အရေးပေါ် အခြေအနေအတွက် 600ml လောက် ပါတဲ့ build-in သေးအိုး ပါ တွဲထား ရတာတဲ့ …
    ကျောင်းဒကာရဲ့ ….

    ဆေးရုံက ဆီးပိုက်တန်းလန်း နဲ့ လူနာတွေ သွားပြေးမြင်မိဒယ်..။

    ဟိ

    :mrgreen:

    • ကေဇီ

      June 13, 2014 at 2:11 pm

      အမီးကတော့ စယ်ဘေ့ဂါးဒင်း ဂျော်လကီလေးရဲ့ တူသမွန်းအန်ဘက် ကိုကြွေတယ်။
      :chit:

      သများကြိုက်လို့ခြောက်လားးး ခြောက်တာကိုပဲ ကြိုက်မိလားမသိတဲ့ထဲမှာ သူတို့လဲ ပါတယ်။
      😥

    • black chaw

      June 13, 2014 at 7:45 pm

      @ ROssI ;
      အေးကွယ်…လူပြောစရာကြီးကို ဖြစ်ကရော…။
      :mrgreen:

  • Novy

    June 13, 2014 at 1:11 pm

    ဒီတခါတော့ တို့စရာ မြည်းစရာ အကြောင်းလေးတွေပေါ့လေ

    အဲဒါ အဲဒါတွေကို ဥပေါက္ခာ ပြုလို့ ဟန်းနီးမွန်းစရိတ်ကြီးပဲ မြန်မာကျပ်ငွေ ဘီလီယျံ ၃ဝလောက် သုံးမယ်လို့
    ဘယ်လို နှလုံးသားမျိုးနဲ့ ပြောရက်ကြတာတဲ့လဲ…။
    ဘယ်လို ပါးစပ်မျိုးတွေက ပြောထွက်ကြတာတဲ့လဲ…

    တို့စရာ မြည်းစရာ အတွက် သိန်းတရာ ကုန်ချင်ကုန်ပါစေ
    သီလှရှင် ဆန်းတစ်လုံးတော့ နှမြောမှာပေါ့လေ

    • black chaw

      June 16, 2014 at 5:10 pm

      @ Novy ;
      ကျေးဇူး…။
      @ Crystalline ;
      မုဒိတာ ပွားပါလေ…။
      :mrgreen:
      @ ကေဇီ ;
      အိမ်ထောင်ပြုရင် ဘယ်ကို ဟန်းနီးမွန်းကြမလဲဆိုတာ
      ကြိုအင်တာဗျူးထားလိုက်ပါတယ်ဗျာ…။
      :mrgreen:
      @ Alinnset ;
      ဒါမျိုးက ရိုးတိုးရွတကို ဖြစ်တာမျိုးခင်ဗျ…။
      :mrgreen:
      @ ကိုပေါက် ;
      လူကြီးတွေက အဲဒါမျိုးတွေပဲ ဖြေချင်နေကြတာတဲ့ ကိုပေါက်ရေ…။
      :mrgreen:
      @ Foreign Resident ;
      ဟုတ်ပါတယ် ဗျာ…။ သူတို့သွားလိုရာကို သွားနိုင်ကြပါပြီ…။
      သူတို့ကိုလွတ်လပ်ခွင့်လည်းပေးလိုက်ပါသည်။ ဟေးဟေး…။
      :mrgreen:
      @ naywoon ni ;
      ကိုနေကြီးက တရားဟောလည်း သိတ်ကောင်း…။
      :mrgreen:
      @ Paing Lay ;
      အတွေးပဲကွယ်…။ ဘယ်သူ့မှ အားမနာနဲ့ တိယား…။
      တွေးချင်သလိုသာတွေးချပလိုက်…။
      :mrgreen:
      @ အရီးခင် ;
      ပို့မယ့်ပို့ လကို ရောက်အောင်ပို့မှ ပေါ့အစ်မရယ်…။
      :mrgreen:
      @ အာဂ ;
      ဦးဘလက်ကြီးက ဒုန်းသိတ်ဝေးတယ်ညီလေးရေ…။
      ဟိုဒင်းဟိုဟာဆိုတာ ဘာကိုပြောတာလဲဗျ…။
      သိတ်နားမလည်ဘူးရယ်…။
      :mrgreen:

  • Crystalline

    June 13, 2014 at 1:24 pm

    အဲလူကြီး လေထွားတာတော့ မပြောချင်တော့ပါဘူး… သူ့အကြောင်းမသိတဲ့သူတွေတော့ အားကျမှာပေါ့… သူ့အကြောင်းသိသူတွေကတော့ … :mrgreenn: ချမ်းမီမီကိုလေးကို စန်ဒရာဘူးလော့ခ်နေရာမှာထားပြီး မြန်မာဂရက်ဗတီကားသာရိုက်ပါလို့… :mrgreenn:

  • ကေဇီ

    June 13, 2014 at 2:13 pm

    ကျန်းးးး
    မင်းသမီးတွေ အပြိုင် အဟွာပြုနေကြတာ။
    အဟွာ = အိမ်ထောင်

    မဖစ်ဘူးးး
    သများ သီတင်းလည်း မကြာမီကြေညာမယ်။

    😀

    • ကေဇီ

      June 13, 2014 at 2:14 pm

      အဲလေ။
      နာ ဘာတွေ ပြောမိနေပါလိမ့်??
      😀

  • alinsett (gazette)

    June 13, 2014 at 2:17 pm

    မင်ဂါဆောင်တဲ့သတင်းတွေ ကြားရင်
    ရိုးတိုးရွတဖြစ်လာလွန်းလို့
    စိတ် ပြောပါတယ်

    :mrgreen:

  • Ma Ma

    June 13, 2014 at 6:22 pm

    အဲ- ငါဘာတွေ ဖတ်မိနေပါလိမ့် :kwi:

    • kyeemite

      June 17, 2014 at 11:47 am

      အန်တီမမ ကွန်မန့်ကို ကျုပ်လည်းအတော်သဘောကျသွားလို့ အသံထွက်တောင်ရီမိတယ်…
      စိမ်းထိုက်ပါတယ် ရဲဘော်ဘလက်ရေ :mrgreen:

  • black chaw

    June 13, 2014 at 7:52 pm

    ကဲ…ဒီလို ဘလက်ချောကြီးရဲ့
    ပေါက်ကရလျှောက်ရေးထားတဲ့ ပို့စ်မျိုးကို
    ဝင်လည်းဖတ်တယ် ကွန်းမန့်လည်းရေးသွားတဲ့အတွက်
    BC ပါဗျာ…။
    ဟေးဟေး…မမ စတား ၂ လုံးဖြစ်သွားပြီ…။
    အဲဒါ…နာလုပ်တာ…နာလုပ်တာ…။
    :mrgreen:

    • Ma Ma

      June 13, 2014 at 8:23 pm

      ဟုတ်ပ့ါ။
      ကိုမဲချောကို ကျေးဇူးတင်ပါတယ်။ 🙂
      အဲ- မမ စတာလုံး ဖြစ်သွားပြီလို့ ဖတ်မိသွားကြရင်တော့ ဒုက္ခပဲ။ :mrgreen:

  • Foreign Resident

    June 14, 2014 at 9:23 am

    အဲဒီ ကိစ္စ နှင့် ပါတ်သက်ပြီး ပြောချင်နေတာ ။

    အဲဒီ ဦးစိုးထွန်းရှိန် က သူ့တို့ လကမာ္ဘ ဟန်းနီးမွန်း အတွက် ၊
    ဒေါ်လှ သန်း ၃ဝ ( မြန်မာငွေ သိန်းပေါင်း ၃ သိန်း ) သုံးမယ် ဆိုတဲ့ ကိစ္စမှာ ၊

    ၁ ။ အဲဒီငွေတွေဟာ အစိုးရကို မှန်မှန် ကန်ကန် အခွန် ဆောင်ပြီးသား ၊
    တရားဝင် ရထား / ရှိနေ တဲ့ ငွေဖြူတွေ ၊ ဟုတ်သလား ။
    တရားဝင် ရထားတဲ့ ငွေဖြူတွေ ဟုတ်နေရင် ဘာမှ ပြောစရာ မရှိပါ ။

    ၂ ။ အဲဒီ သူပိုင်ဆိုင်တဲ့ ငွေဖြူ နှင့် ၊ သူများကို မတရား သွားမလုပ်သရွေ့ ၊
    သူဘာသာသူ လကမာ္ဘ ဘဲသွားသွား ၊ နိဗ္ဗာန် ဘဲသွားသွား ၊ OK ပါ ။

    ၃ ။ သူ့ ပိုက်ဆံ ကို လှူသင့်တယ် ဘာညာ ဆရာကြီး လုပ်မနေပါနှင့် ။
    ဒီလောက် ပိုက်ဆံ ရှာတတ် / ရှာနိုင်တဲ့ လူ တစ်ယောက်ဟာ ငတုံး မဟုတ်ပါဘူး ။

    လှူ ရင် ကုသိုလ် ရတယ် ဆိုတဲ့ ကိစ္စ ကလည်း ၊ ယုံကြည်တဲ့သူက ယုံကြည် ပေမယ့် ၊
    မ ယုံကြည်တဲ့သူအတွက် ကလည်း ဒါဟာ ပိုက်ဆံဖြုန်းတာလို့ မြင်မှာဘဲ ။
    ကိုယ့် ယုံကြည်မှု နှင့် ကိုယ်ပါ ၊ ကိုယ် ယုံတိုင်း သူများကို သွားယုံခိုင်းလို့ ရမလား ။
    ဒါ ၊ သူ့ ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ ။

    တစ်ချို့က ဘုရားကို ရွှေသင်္ကန်းကပ်တာ ကုသိုလ်ရတယ် လို့ထင်ပေမယ့် ၊
    တစ်ချို့ကတော့ သူ့မိန်းမဟာကို ရွှေချတာက ပို အကျိုးများတယ်လို ထင်ချင်ထင်မှာပေါ့ ။

    သူ့ ယုံကြည်မှု နှင့် သူ ပါ ၊ သူ့ ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ ။

    • Foreign Resident

      June 14, 2014 at 9:31 am

      အ ဟီး ဟီး ၊ နားလည်မှု လွဲသွားမှာ စိုးလို့ပါ ။
      ” သူ့မိန်းမဟာကို ရွှေချတာ ” ဆိုတာကလေ ၊
      သူ့မိန်းမ ရဲ့ လက်စွပ် တို့ နားကပ် တို့ ၊
      အဲဒဟာတွေကို ရွှေချတာ ကို ပြောတာပါ ။
      အ ဟီး ဟီး ဟီး ။

      အို ၊ ဘာပဲ ပြောပြော ၊ တခြား မင်းသမီး မေါ်ဒါယ် တွေ ၊
      နိုင်ဂျန်ဂါးသားတွေ နှင့်ဘဲ ယူနေတဲ့ အချိန်မှာ ၊
      ချမ်းမီမီကို လေးကမှ ပြည်တွင်းဖြစ်ကို အားပေးရှာတယ်လို့ ၊
      အကောင်းဖက်ကနေ မြင်ကြည့်လိုက်စမ်းပါ ။

  • naywoon ni

    June 14, 2014 at 11:20 am

    အထိအ​တွေ့ဆိုတာ ​ဖော တက်​ပလက်​ ပါကွယ်​ သိချင်​ရင်​ တရားစာအုပ်​​တွေမှာ ရှာဖတ်​ကြည်​့ပါ ။ အနိတ္တစ ဒွတ်​ခ အနဂ္ဂ 😛

  • Paing Lay

    June 14, 2014 at 3:22 pm

    ဒီစာကိုဖတ်ပြီး အနော်ဘာတွေ တွေနေမိပါလိမ့် 😀

  • အရီးခင်

    June 14, 2014 at 4:38 pm

    လကမ္ဘာသွားချင်သူ ရှိတယ်လား။
    အဂါင်္ဂြိုလ်တော့ သွားချင် ပွဲစားလုပ်ပေးမယ်။
    သို့ပေသည့် အပြန်လက်မှတ်မပါ။
    အဲဒီကနေ “လ” ကို ဆက်သွားပေါ့။ :-))))))))))))

    {
    Want to go to Mars?
    Dutch organisation Mars One says it will open applications imminently. It would be a one-way trip, and the company hopes to build a community of settlers on the planet.
    17 April 2013 Last updated at 01:12
    Applicants wanted for a one-way ticket to Mars
    By Melissa Hogenboom BBC News
    }

  • အာဂ

    June 16, 2014 at 4:52 pm

    မသိလို့နားမလည်တာလေးမေးချင်မိတယ်။ နားနဲ့ မနာ…နာချင်တာနဲ့ နာပါကုန်။ အဲလ ကမ္ဘာက ဆွဲငင်အား သိပ်မရှိတော့ ဝတ်စုံကြီးတွေဝတ်ထားရမယ်ထင်တယ်နော့်.။ ဒါမှမဟုတ်ချွတ်ထားရင်လည်း အခန်းအထဲထဲမှာပေါ့နော်။အဲဒီကျရင် ကြင်ဦးစ ဇနီးမောင်နှံ ဟိုဒင်း ဟိုဟာပြုရင် ဘယ်လိုလုပ်ကြမလဲလို့ ပေါ့နော်..။ နောက် အဲဒီမှာ အဲလို ဟိုဒင်းဟိုဝါပြုရင် ကလေးရော ရနိုင်ပါ့မလားလို့ပေါ့နော်…။ ဥဏ်သိပ်မမှီတော့ မတွေးတက်ဘူးပေါ့နော်..။

Leave a Reply