မျိုးကြီးမသွားချင်တဲ့နေရာ အမှတ်တစ်………….(သစ်ပင် ကြာပန်း နဲ့ရေပြင် တင်ကျန်တဲ့အရိပ်)











“မျိုးကြီး မသွားချင်ဘူးဆိုတဲ့နေရာ အမှတ်တစ် “ (သစ်ပင် ကြာပန်း နဲ့ရေပြင် တင်ကျန်တဲ့အရိပ်)
အသံချိုချိုလေးနဲ့ ဆိုတတ်တဲ့ရောခ်အဆိုတော်မျိုးကြီးရဲ့သီချင်းစာသားလေးထဲမှာ
“ကန်တော်ကြီးအင်းလျားလဲမသွားချင် မနေတတ်လို့………………………” ဆိုတဲ့စာသားလေးက
ကျနော်ရင်ကို အမြဲလိုလို လာလို့ထိရှပါတယ်။
ကိုယ်နဲ့ဆိုင်လဲမဆိုင်ဘဲနဲ့ပေါ့။
အဲဒါနဲ့တစ်မနက်ခင်း ကန်တော်ကြီးကို စောစောသွားဘို့ စိတ်ကူးပါတယ်။
မနက်ငါးနာရီအိပ်ယာထ ဘတ်စ်ကားဂိတ်ကိုပြေးပေါ့။
အစပိုင်းရွှေတိဂုံကိုဝင်နောက်မှ ကန်တော်ကြီးပေါ့။
မနက်စောစောဆိုတော့ ကားကလဲ တဝေါဝေါနဲ့မောင်းတာပေါ့ တကယ့်ကိုမြန်မှ မြန်ပါဘဲ။
ငေးရင်းမောရင်းနဲ့ပါသွားလိုက်တာ ကုန်းကျော်တံတားကိုမြင်မှ ဆူးလေကိုရောက်နေတာသိလိုက်ရပါတယ်။
အဲတော့လဲဘယ်အညံ့ခံမလဲ ဗျာ။
ဆူးလေမှာဆင်းဓါတ်ပုံတွေရိုက်ပေါ့။
မြို့တော်ခန်းမလဲရိုက်ပေါ့။
ပြီးတာနဲ့ကားဂိတ်ပြန်ပြေး။
ရွှေတိဂုံအပြေးအလွှားသွားလို့ ဓါတ်ပုံတွေရိုက်လုပ်ရပါတယ်။
ပြီးမှ ဆင်းလာပြီး ကြားသာကြားဘူး ရုပ်ရှင်ထဲမှာမြင်သာမြင်ဘူးင်္ပြီး မရောက်ဘူးသေးတဲ့ကန်တော်ကြီးကို
ဘယ်လိုသွားရလဲဆိုတာမေးရပါတယ်။
ခပ်တည်တည်နဲ့ဝင်သွားလို်က်တာ နောက်ကလိုက်ခေါ်မှ ဝင်ကြေးပေးရကောင်းမှန်းသိပါတယ်။
တစ်ခါဝင်300 ကျပ် လပြန် ကျန်းမာရေးလုပ်လိုသူများ တစ်လ2500။
ရန်ကုန်မှာအကြိုက်ဆုံးကတော့ ဘယ်နေရာသွားသွား ကင်မရာခွန်မပေးရတာပါဘဲ။
နို့မို့ရင်ကျနော်လက်ဆော့ပုံနဲ့ဆိုရင် ကင်မရာခွန်နဲ့တင်အတော်အီလောက်တယ်။
ကန်တော်ကြီးရောက်တော့ နေအတော်မြင့်နေပါပြီ။
အဲတော့ ရသလောက်ရိုက် ပြီးပြန်လာခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ သစ်ပင်တွေနဲ့ရေထဲအရိပ်ကျ
(ဂျော်နီချီးပေမကြိုက်တဲ့ပုံတွေပေါ့)ဘဲရခဲ့ပါတယ်။
နောက်နေ့ထပ်သွားမယ်ဆိုပြီးစိတ်ပိုင်းဖြတ်လို့ပြန်လာခဲ့ပါတယ်။
ရန်ကုန်ကန်တော်ကြီးကို ကျကျနနနှံ့နှံ့စပ်စပ်ရိုက်ရမှာပါ။
ဘာလိုလဲဆိုတော့ ရန်ကုန်ကန်တော်ကြီးအလှနဲ့ မန်းလေးကန်တော်ကြီးအလှကို
ချိန်ုထိုးကြည့်ချင်လို့ပါဘဲ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(16-1-12)
21 comments
စိန်-Lulin
January 16, 2012 at 9:32 am
ဦးပေါက် ဒ့ါပုံတွေမြင်တော့ .. 🙁 ဒီနေ့ ထမနဲ ထိုးပွဲ (လုပ်ပွဲ for ရိုက်ကွင်း) ငါးထပ်ကြီး ဘုရားမှာလေ. အဲဒါသွားရိုက်ချင်တာ . မအား တာနဲ့ မရိုက်ရဘူး .. 🙁
Thel Nu Aye
January 16, 2012 at 9:33 am
နံပါတ် ၉ နဲ့ ၁ဝ ပုံတွေကိုအကြိုက်ဆုံးမို့ယူထားလိုက်ပါတယ်။ အလုပ်ရှုပ်နေတာနဲ့တကူးတကမရောက်ဖြစ်လို့ပုံကြည့်ပြီးအလည်သွားခဲ့ပါတယ်။
Diamond Key
January 16, 2012 at 10:41 am
ကိုပေါက်ရေ၊ မျိုးကြီးမသွားချင်လည်း ကျွန်တော်ကတော့ သွားချင်တယ် 😀 အားကစားလေးဘာလေလုပ်ဖို့
ပုံ ၃ ၊ ၅ ၊ ၈ ကို အကြိုက်ဆုံး 😛
captainamerica
January 16, 2012 at 11:07 am
ကပေါက်ရေ မြကျွန်းသာမှာရောဒါ့ပုံရီုက်ဖို.အစီအစဉ်မရှိဝူးလား။မြကျွန်းသာမှာလည်း
ရှူခင်းလေးတွေလှဗာတယ်ဂျ…….
စိန်ပေါက်ပေါက်
January 16, 2012 at 11:27 am
မင်းသိဖို ့ကောင်းဒယ်….
သများကြိုက်တဲ့သချင်းလေးပဲဂျ.
မန်းလေးရောက်မှ ကန်တော်ကြီးထဲပတ်ပြီး. အတွဲလိုက်ချောင်းဦးမယ်
ညှင်း.ညှင်း.
MaMa
January 16, 2012 at 2:13 pm
ကိုပေါက်ရေ-
ကန်တော်ကြီးထဲက လေ့ကျင့်ခန်းလုပ်တဲ့ နေရာ (သီချင်းတွေဘာတွေ သွားသွားရိုက်တတ်တဲ့ဆီ) မရောက်ခဲ့ဘူးလား။ မနက်ပိုင်းဆိုရင် ရေပန်းလွှတ်တယ်။ ရွှေတိဂုံကိုလည်း အဲဒီကနေ လှမ်းမြင်ရတယ်။
pooch
January 16, 2012 at 3:28 pm
လေးပေါက်ရေ မျိုးကြီးက မသွားချင်ပေမဲ့ သွားချင်နေတဲ့သူတွေကတော့ အများကြီး ရှိပါသေးတယ်..
ပုံတွေ ရေထဲ အရိပ်ထင်နေတာ အလွန်နှစ်သက်မိကြောင်းပါ
နွယ်ပင်
January 16, 2012 at 3:38 pm
မျိုးကြီး မသွားချင်ပင်မယ့် နွယ်ပင်တို့တော့ ခဏခဏရောက်တယ် အိမ်နဲ့ နှီးလို့ … 🙂
ဒါနဲ့ လေးပေါက် ဟိုဘက်ကန်တော်ကြီး မျှော်စင်ကျွန်းရှိတဲ့ ဘက်ရော ရောက်ဖြစ်သေးလား
ပုံတွေအားလုံး သဘောကျတယ်
ကိုပေါက်(မန္တလေး)
January 16, 2012 at 4:10 pm
မျှော်စင်ကျွန်းရော မြကျွန်းသာရော မရောက်ခဲ့ဘူး။
ဒီနေရာလေးတောင် မနက်ငါးနာရီ ထထပြီးသွားလို့ရောက်တာ။
နောက်တစ်ခေါက် စိတ်ထဲမှာ မှတ်ထားလိုက်ပြီနွယ်ပင်ရေ။
ကိုပေါက်(မန္တလေး)
January 16, 2012 at 4:17 pm
မမရေ ရွှေတိဂုံဘုရား အရိပ်ထင်နေတဲ့ပုံက သိမ်းထားတယ် နောက်ပိုစ်မှာပါမယ်လေ။
windtalker
January 16, 2012 at 4:44 pm
မျိုးကြီး မသွားချင်ပေမယ့်
မောင်ပေ က တော့ အရမ်းသွားလည်ချင်မိတယ်
လိုက်ပို ့ပေးဘာ ကိုကိုပေါက်
ကိုပေါက်(မန္တလေး)
January 16, 2012 at 4:47 pm
မောင်ပေသွားချင်ရင်လောလောဆယ်မန်းလေးကန်တော်ကြီးက လက်ပန်ပင်အောက်ပို့ပေးမယ်လေ
windtalker
January 16, 2012 at 5:32 pm
သူချည်းဘဲလား
အမတ်ဂျီး လေးပေါက် ရဲ ့
ဟီဟိ
ကိုပေါက်(မန္တလေး)
January 16, 2012 at 8:49 pm
ထမင်းထုပ်နဲ့ရေဘူး ရယ်ဆောင်ပြီး တစ်နေကုန်အတွဲချောင်းခိုင်းမယ်မောင်ပေ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 16, 2012 at 9:03 pm
နံပါတ်တစ်ပုံကို နှစ်သက်မိတယ်
8 ကလေးကတော့ သဘောကျတယ်ဗျ
မျိုးကြီးလည်း မသွားချင်သလို ကျွန်တော်လည်း မသွားချင်ဘူး
(မှတ်ချက်။ သွားမည့်အဖော်မရှိသောကြောင့်ဖြစ်၏) …. 😛
ကိုပေါက်(မန္တလေး)
January 16, 2012 at 9:12 pm
ဒါလေးများမောင်ကင်းရာ အဖော်က အဲဒီရောက်မှရှာလဲရတယ်ဟ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 11:01 pm
ကိုပေါက်ကတွေးတတ်လိုက်တာဗျာ။မျိုးကြီးမသွားချင်တဲ့နေရာဆိုတော့ စဉ်းစားလိုက်ရတာဗျ။
အရမ်းလှတယ်ဗျာ။ရိုက်ယူတတ်တဲ့ အစွမ်းကို လေးစားပါတယ်နော့။
Novy
January 17, 2012 at 10:29 am
ကိုပေါက် ရဲ့ ရိုက်ချက်က မိုက်လှချီလား
1/2/7/8
ကို သဘောကျပါကြောင်း
ဝင်ရောက်အားပေးသွားပါသည်
ကိုပေါက်(မန္တလေး)
January 18, 2012 at 1:32 pm
အခုအချိန်တွင်အလကားကြည့်ရမည်ဖြစ်ကြောင်း။
နောင်တွင်ကျနော်ဓါတ်ပုံများကို ရုံသွင်းပြမည်ဖြစ်ကြောင်း။
(ဘဝင်မြင့်သွားရင် အဲလိုပြောမိမယ်ထင်တယ်လို့ စမ်းရေးကြည့်တာလေ)
etone
January 18, 2012 at 4:55 pm
ကန်တော်ကြီးထဲ မရောက်တာ အတော်ကြာပေါ့ ….ဓါတ်ပုံထဲကပဲ နောက်တခေါက်ပြန်သွားတော့မယ် … ။
ဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့ ဒီလောက် လှမယ်မှန်း မသိခဲ့ဘူးလေ … ကြည့်ရတာ အေးချမ်းလိုက်တာနော် ဒါတောင်လေးပေါက်ပြောတာ နေ့ပူတဲ့အချိန်တဲ့ … ။
အရိပ်ကောင်းကောင်းရလို့လားမသိဘူး … နေသိပ်မပူသလိုပဲနော် …
ကိုပေါက်(မန္တလေး)
January 18, 2012 at 7:07 pm
သိပ်နေမမြင့်သေးဘူး တုံမမရေ
အဲဒီနေ့က မနက်(7)နာရီလောက်တော့ရှိပြီ။
နေ့မြင့်တယ်ဆိုတာ အရုဏ်ဦးမမှီတာကို ပြောတာပါ။