ကျနော်တို့လူရဲ့ဝမ်းတစ်ထွာနဲ့သူတို့လူရဲ့ဝမ်းတစ်ထွာအပိုင်းနှစ်
ကျနော်မနက်စောစောထလမ်းလျောက်ချိန်ဆိုရင် အိမ်ဝင်းထဲကထွက်လာတဲ့
ရွှေမြန်မာတွေကိုတွေ့ရတတ်ပါတယ်။
ရွှေမြန်မာတွေကို ကြည့်လိုက်ရင်……………
အချို့တွေကတော့ လုပ်ငန်းပိုင်ရှင်
အချိုု့ကတော့ ကုမ္မဏီဝန်ထမ်း
အချို့ကတော့ ပျုံကျ
အချု့ိုကတော့ကျောက်ကုန်သည်
အချိုု့ကတော့ကယ်ရီ
အချိုကတော့ ဝယ်ရောင်း
အချုို့ကတော့ အတည်တကျအလုပ်မရှိ
အချိုကတော့ နေ့စား အလုပ်သမား
လူတန်းစားမျုိုးစုံ။
ဘဝအဖုံဖုံ။
သူတို့ဘက်ကလူတွေကလဲကျနော်တို့နဲ့သိပ်မကွာခြား။
ဒီဘက်မှာထူးခြားတာကတော့ ဆိုက်တွဲနင်းတဲ့ မိန်းမသားများကိုတွေ့ရတာပါဘဲ။
ပုံလေးတွေကို ကြည့်ရင်းသူတို့ဘဝကို ခံစားကြည့်ပါစို့လား။
ကိုပေါက်လမ်းသလားနေသည်
(14-6-2012)
Post Views: 1,150
26 comments
ကိုရင်မောင်
June 16, 2012 at 8:23 am
ကိုပေါက်ရေ….ကျနော်တို့ပြည်မထဲသွားယင်လေယာဉ်နဲ့လဲသွားသလို
ရွှေလီကလဲသွားကြပါတယ်…ဆရာပေါက်လိုတော့ဓါတ်ပုံတွေများများရိုက်မလာမိခဲ့ဘူး..
ဓါတ်ပုံတွေကြည့်ရတာသဘောကျတယ်ဗျာ…
ကျေးဇူးပါ…..
ကိုရင်မောင်
June 16, 2012 at 8:28 am
ပုံ 26 မှာအထမ်းသမားရောင်းနေတဲ့အသီးက လိုင်ချိ သီးတွေမို့လား
ဆရာပေါက်ရေ..ဒီအချိန်အပေါးဆုံးဘဲ…
ကိုပေါက်(မန္တလေး)
June 16, 2012 at 8:32 am
ဟုတ်ပါတယ် လိုင်ချီး(ကျနော်တို့အခေါ်လေချုသီးပေါ့)
ရွှေလီဆေးရုံကုန်းတံတားနားက ပုံစားတဲ့ထမင်းဆိုင်လေးရှေ့မှာတွေ့လို့ရိုက်လာတာပါ.
Shwe Tike Soe
June 16, 2012 at 8:56 am
ကြည့်ရှုအားပေးသွားတယ်နော် လေးပေါက် ဟွန်. သွားလဲ သွားနိုင်လဲ လူကြီး မုန်းထာအေ……. နောက်တစ်ခါခေါ်အုံး ဟိဟိဟိ 😀
အဂျစ်
June 16, 2012 at 9:00 am
ကြည့်သွား ၊ကူးသွားပါကြောင်း
မောင်ပေ
June 16, 2012 at 9:13 am
ဘီယာလဲမလာသေးပါလား လမ်းသလားသူကြီးရေ။
htet way
June 16, 2012 at 10:11 am
ပုံတွေကို ကြည့်ပြီး ဗဟုသုတရလိုက်ပါတယ်ဆရာပေါက်
ကျေးဇူးဗျား
cum min
June 16, 2012 at 11:24 am
အင်း….ဘာပြောရမလဲဗျာ…..အေးအေးဆေးဆေး10ပဲယူသွားတယ်နော့..
may flowers
June 16, 2012 at 12:12 pm
တရုတ်ပြည်ဘက်ခြမ်းပေမဲ့ ရွှေုမြန်မာတွေတော်တော်များတာပဲနော် လေးပေါက်။ ကြည့်ရှုအားပေး
သွားပါ၏။
pan pan
June 16, 2012 at 12:51 pm
ပုံ၃၆ကိုကြည့်ပြီး ကောင်မလေးကို သနားလိုက်တာ
စီးတဲ့လူကြီးတွေကလည်း ဝတုတ်ကြီးတွေ 🙁
ပုံ၄၁က ကယ်ရီကို ရဲမဖမ်းဘူးလားဟင်
ရဲမရှိတာမျိုးများလား 🙄
ကိုပေါက်(မန္တလေး)
June 16, 2012 at 1:10 pm
ပန်ပန်ရေ
အဲဒီမှာ အမျိုးသမီး ဆိုက်တွဲနင်းတာ
တက္ကစီမောင်းတာ အတော်များများတွေ့ခဲရပါတယ်။
ကယ်ရီက စိတ်မထင်ရင်ဖမ်းတယ်လို့ပြောပါတယ်.
pooch
June 16, 2012 at 1:29 pm
သမုဒ္ဒရာဝမ်းတထွာမို့သာပါပဲ။
ကိုပေါက်(မန္တလေး)
June 16, 2012 at 2:20 pm
မယ်ပုရေ
ကိုယ်ထမင်းကိုယ်ရှာစားရသူမှန်သမျှပင်ပန်းတာချည်းပါဘဲ။
ကံကောင်းသူက နည်းနည်းလုပ် များများရ
ကံမဆိုးသူက ကိုယ်လုပ်သလောက်ကိုယ်ရ
ကံမကောင်းသူက လုပ်ရတာများများ ရတာနည်းနည်းပေါ့။
ညလေး
June 16, 2012 at 3:20 pm
လေးပေါက်…..ရဲ.ပုံတွေကြည်.ပြီးဝေဖန်မယ်နော်……
ပုံ23-24-25 တွေကို “ထက်အောင်”စားသောက်ဆိုင်ကနေ….ရိုက်ထားတာနော်
ပုံ38 ကတော့ ခွဖုန်းဈေး ကလက်ဆောင်ပစည်းဆိုင်ရှေ…..
အားပေးသွားပါတယ်ဗျိုု……
YE YINT HLAING
June 16, 2012 at 4:12 pm
ဦးပေါက် ဒါတ်ပုံ လေး တွေကြည့် ပီး လွန်ခဲ့တဲ့ ( ၆ ) နှစ် လောက်က ရွှေလီ ကို ရောက်ခဲ့ တာလေး ပြန်သတိရမိတယ်၊ ဒါနဲ့ ဦး ပေါက် ဒါတ်ပုံ တွေ ထဲမှာ ရေပေါ် ဥယျဉ် ပါဘူးနော်၊ စကိတ် စီးလို့ ရတဲ့ နေရာလေဗျာ၊ ကျွန်တော် တို့ကို ကျုံးကော် လို့ ခေါ်တာ မြန်မာ လို့ ဆိုလိုတာမဟုတ်လား? အားပေးသွားပါတယ်ဗျာ၊
ကိုပေါက်(မန္တလေး)
June 16, 2012 at 4:12 pm
ညလေးရေ သေချာတာမှကွက်တိပါဘဲ။
ထက်အောင်စားသောက်ဆိုင်နံဘေးက အရင်က စာသင်ကျောင်း။
အခုတစ်ခေါက်ရောက်တော့ ဖျက်ပြီး ယွမ်ယိ ဆိုဆောင်နေတာ.။
ရွှေလီညမှ ကျနော်တို့လင်မယားရယ် ရုံးကကလေးတွေရယ်ဈေးသွားတော့ သူတို့ကဈေးဝယ်
ကျနော်ကလက်ဆော့ပြီး ခွဖုန်းဈေးမှာရိုက်တာထားအမှန်ပါဘဲ။
သူတို့ မြို့လေးက အဆောက်အဦတွေကပြောင်းလဲတာ မြန်သလိုဘဲနော်။
ကိုပေါက်(မန္တလေး)
June 16, 2012 at 4:15 pm
ရေပေါ်ဈေးဘက် ကို ကျနော်မရောက်ခဲ့ဘူးဗျ။
ကျုံးကို့ ဆိုတာ တရုပ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။
YE YINT HLAING
June 16, 2012 at 4:48 pm
ဪ၊၊၊ ဒါဆို၊၊၊ သူက ဒါ၊၊၊ တရုတ်ပြည်ကွ လို့ ပြောပီး ကြွားတာဖြစ်မယ်၊၊၊ ရွှေလီ မြို့ ကလည်း လှပါတယ်၊
ဦးဦးပါလေရာ
June 16, 2012 at 5:54 pm
ပုံလေးတွေစုံတော့ ကိုယ်တိုင်သွားကြည့်ရသလိုပါပဲ..။
37.သန့်ရှင်းရေးအဖွဲ့ ကိုတော်တော်သဘောကျတယ်။ အရမ်းကြီးပင်ပန်းပုံမရဘူး။ လူတော်တော်နိုင်ပုံရတယ်။ မြို့သန့်ရှင်းရေးအတွက် ဘယ်လောက်တောင် အကုန်ခံထားလဲမသိဘူး…။
ရွှေထီး
June 16, 2012 at 6:09 pm
မရောက်ဖူးပေမယ်. ရောက်ဖူးသလိုပဲ….ခံစားရတယ်ဗျာ..
အားပေးပါတယ်ဗျို့….ခင်တဲ့ ရွှေထီး..
ကိုပေါက်(မန္တလေး)
June 16, 2012 at 6:21 pm
ကိုပါရေ
ကျနော်နေခဲ့တဲ့ရက်ပိုင်းမှာမြင်ရသလောက် သူ့အပိုင်းနဲ့သူတာဝန်ပေးထားပုံရပါတယ်။.
ဒီလူက အစုန်အဆန်အမိူက်ကောက်နေတာကိုမြင်ရပါတယ်။
လမ်းကြိုလမ်းကြားမှာလဲ လိုက်သန့်ရှင့်းရေးလုပ်တဲ့လူရှိတယ်.
နောက်သူတု့ိသုံးတဲ့ တံမျက်စိးက သစ်ကိုင်းကိုလုပ်ထားတာ(ပဲစဉ်းငုံပင်လို့ပြောပါတယ်။)
အချိန်ပြည့် လိုက်လှည်းနေကြပါတယ်
အမိူက်သိမ်းသူမှာ ဆိုက်တွဲလေးပါ ပါတယ်။
ဖွထားလို့ပွတဲ့နေရာလေးတွေလဲရှိပါတယ်။
သူတို့ဆီကလူတွေက အမိူက်ပုံးထားတဲ့နေရာထိသေချာသွားပစ်တာလဲရှိပါတယ်။
80% အမိုက်ကင်းစင်ပါတယ်။
အားကျစရာကောင်းပါတယ်။
ကိုပေါက်(မန္တလေး)
June 16, 2012 at 6:30 pm
ကိုရွှေထီးရေ
သွားရင်းလာရင်း လက်ဆော့ထားတာလေးတွေပါ။
တစ်ချို့ပုံလေးတွေကျတော့ သူတို့လေးတွေပုံကိုမထင်ရှားစေချင်တော့ နောက်ကျောဘက်က တမင်ရိုက်တာပါ။
အချို့ကျတော့လဲ ဓါတ်ပုံရိုက်တာကို သဘောကျတော့ လက်တွေပြန်ပြသွား။
(စက်ဘီးစီးလာတဲ့ အမကြီးတွေအုပ်စုပေါ့)
တစ်ချို့ကျပြန်တော့ ဓါတ်ပုံအရိုက်ခံရမှာစိုးရွှံ့.
တစ်ချို့ကတော့သိတောင်မသိလိုက်။
မှတ်တမ်းတစ်ခုပြုစုတယ်လို့ သဘောထားပြီး မသေသပ် မလှပပေမယ့် အများကြည့်နိုင်အောင်
အတုယူနိုင်အောင် ကိုယ်ချင်းစာနိုင်အောင် ပြုံးအောင်တင်ပေးတာဖြစ်ပါတယ်။
Myo Min Oo
June 16, 2012 at 6:51 pm
ဗဟုသုတ အတွက် ကျေးကျေးပါဘဲ
etone
June 16, 2012 at 7:46 pm
လေးပေါက်ရေ .. သမုဒ္ဒရာဝမ်းတထွာချင်းတူပေမယ့် … သူတို့ ရှာစားပုံက စည်းကမ်းရှိတယ်နော် …. ။ လမ်းလေးတွေများ သပ်ရပ်နေတာပဲ … မြင်တာနဲ့ သန့်ရှင်းနေမှန်းသိပ်သိသာတယ် … ။
ဒီနိုင်ငံမှာလည်း သန့်ရှင်းရေး ကိစ္စကို အစိုးရကဆုပေးဒဏ်ပေး စနစ်နဲ ့အချိန်တိုင်းတာ တခုအတွင်းကျင့်သုံးလျှင် ….မြန်မာ နိုင်ငံက လမ်းတွေလည်းအဲ့ဒီလို သန့်ရှင်းလာလိမ့်မယ်ထင်တယ်နော် … နောက်ပြီးသန့်ရှင်းရေး ဝန်ထမ်းတွေကို လုပ်ခလစာပိုပေးတာမျိုးလေးတွေလည်း လုပ်သင့်တယ် ထင်တယ် …. ။
အလုပ်လာခေါ်မယ့်လူကိမျှော်နေတဲ့ မြန်မာတွေကိုကြည့်ရတာ စိတ်မကောင်းဘူး … ။
အာမခံချက်ဘာမှမရှိပဲ မရေရာတဲ့ … အချိန်ကိုမျှော်နေကြရရှာတာ ….. ။ 🙁
ကိုပေါက်(မန္တလေး)
June 16, 2012 at 10:19 pm
အီတုန်းရေ
သူတို့လေးတွေလာခေါ်မယ်သူကိုမျှော်နေတာတော့ အမှန်။
ဒါပေမယ် နေ့စားတစ်ယောက်ရဲ့ တစ်ရက်ဝင်ငွေက သူုတို့ ထမင်းဝအောင်စားနိုင်တယ်။
နောက်နေတတ်ရင် ပိုလို့စုနိုင်တယ်။
ဒီအကြောင်းက ပိုစ်တပုဒ်သတ်သတ်ရေးမှာပါ.
ဒါကြော်င့်အခုတော့ ဒီလောက်နဲ့ကျေနပ်.။
Aung Man
June 17, 2012 at 5:32 pm
်ဒေသန္တရပုံလေးတွေကြည့်ရလို့…
ကျေးဇူးအထူးတင်စရာမို့…ကျေးဇူးတင်ပါသည်….
အချိန်မရ…လျှာမရှည်တော့ပါ….