ဘော့လုံးကစားကြမယ်

ဘော့လုံးကစားကြမယ်
အလုပ်ပိတ်ရက်ဘုရားသွား၊
မဒမ်ပေါက်က ကျနော်ကိုထားပြိး
ဘုရားကန့်တော့၊
ပျင်းတာနဲ့ ဘုရားဝင်းထဲလျောက်တော့
ကလေးတွေဆော့နေတာကိုတွေ့တော့
ထုံးစံအတိုင်းလက်ဆော့မိတာလေးပါ။
“အပူပင်ကင်းတဲ့ကလေးလေးဘဝကို
တစ်ခါပြန်ပြီးရချင်သေးတယ်”ဆိုတဲ့
ဆရာစိုင်းခမ်းလိတ်ရဲ့စာသားက
နားထဲကိုအလိုလိုရောက်လာသလိုလို
………………………………….
ကိုပေါက်လမ်းသလားနေသည်
3-2-2013









9 comments
ဗုံဗုံ
February 13, 2013 at 9:58 am
ဖေပေါက်ဂျီး အဲ့ဒါ ကုသိုလ်တော် ထဲလား ဘုရားကို မရောက်တာ ကြာလို့သိပ်မမှတ်မိတော့ဘူး :mrgreen:့ ကလေးတွေကြည့်ပြီး အားကျလို့ မိဗုံတို့လည်း ဘောလုံးသွားကန်မလို့ အဲ့ဒီအခါကျရင် ဒါ့ပုံရိုက်ပြီးတင်ပေးအုံးနော်
ခင်ခ
February 13, 2013 at 11:36 am
မိဗုံရေ ကုသိုလ်တော် ဘုရားဝင်း အခင်းပုံစံတွေမဟုတ်လို့ ကုသိုလ်တော် တော့ မဟုတ်လောက်ဘူး။
ကျောက်တော်ကြီး ဘုရားဝင်းထဲလို့တော့ ထင်တယ်ဗျ။
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:18 pm
ကိုခမှန်၏
ဒီပုံလေးတွေက ကျောက်တော်ကြီးဘုရားဝင်းထဲမှာရိုက်ထားတာပါ။
မောင်ပေ
February 13, 2013 at 10:58 am
ဘော့လုံးကစား
အဒေါ့်ဖုန်းငှား
ချော့ပြုံးတအား
ရှော့သုံးမခါး
ဆော့ကုန်းငထွား
ပျော့မုန်းငဖား
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:20 pm
ငဖားဆိုရင် အလုပ်မဖြစ်တာများ၏။
ငထွားဆိုရင်ကြားက ခါးနာတတ်၏။
မခါးရှော့သုံးရင် လုံးလုံးကြိးမှားတတ်၏။
တအားချော့ရင်တော့ ပြုံးချင်ပြုံး မပြုံးရင်တော့
အဒေါ့်ဖုန်းငှားပြီးဘော့လုံးကစားလို့ ကုန်သွားရင်တော့ အိမ်က ဆင်းဘို့ပြင်ပေတော့။
surmi
February 13, 2013 at 2:05 pm
အောင်မလေးဗျာ
လိုင်းများပြောင်းသွားသလားလို ့ ဟဲဟဲ
ခေါင်းစဉ်ဖတ်ပြီး ကြောင်နေမိတာ
လက်စသပ်တော ့……. ဂလိုကိုးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:22 pm
လိုင်းမပြောင်းပါဘူး ကိုဆာမိရယ်
ဘောလုံးက ကျနော်အတွက်ကွင်းစိမ်းပါ။
မောင်ပေတို့လိုင်းလေဗျာ
တောတွင်းပျော်
February 13, 2013 at 9:31 pm
အောက်ဆုံး ၃ပုံက စောင်းတန်းနဲ ့ကလေးတွေ မပါရင် ဓါတ်ပုံရိုက်ဖို ့တော်တော်ကောင်းတဲ ့
မြင်ကွင်းဖြစ်မှာပဲ။
ကိုပေါက်(မန္တလေး)
February 13, 2013 at 10:36 pm
စောင်းတန်းမပါဘဲရိုက်ထားတဲ့ပုံလေးတွေ ကို တစ်ခါတင်ဘူးပါတယ်ဗျ။
နောက်နေ့အားမှလင့်ရှာပြီး ပြန်တင်ပေးပါမယ်။