“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”
1 အင်းလျားရဲ့ လှညနေ အပြာမှာ ပန်းနုစွက် လှိုင်းကြက်ခွပ်တွေက ကမ်းကိုတဖျပ်ဖျပ်နဲ့........
2 ရေပြင်ကကျယ်ကျယ် ဆည်းဆာအရိပ်မှာ တိမ်အရောင်တွေ ဖြာသန်းနေပုံက ဘိလပ်ပြန်သန်းရဲ့ လှေကလေးကို လှော်မည ဘေးမသန်းဘဲ အေးချမ်းတော့မည်ဆိုတဲ့ သီချင်းစာသားလေးကို နားထဲမှာ အလိုလိုကြားမိသယောင်ယောင်
3 ညောင်းရင်စောင်းကြည့်ရအောင် ကျနော်က တော့ ကန်ဘောင်ပေါ်လှဲအိပ်ပြီးခလုပ်နှိပ်လာတာလေ
4 ပန်းကလေးတွေရှိနေတဲ့လမ်းကလေး အဝေးမှာ ပန်းနုရောင်ဆည်းဆာ လေ.........ခပ်လှမ်းလှမ်းမှာက ချင်ချောင်းရိပ်သာ
5 တောင်ဘက်ကန်အကွေ့ကမြင်ကွင်း ချင်းချောင်းရိပ်သာဘုံကျောင်းက ဝိုုးတဝါး
6 ဒီပုံလေးက တော့ လက်ဆော့ တာအစစ်ပါဘဲ.......
7 ဆည်းဆာချိန်ဆိုတာ အရုပ်ဆိုးသူတောင်လှသတဲ့အဲတော့......
8 အတော်လေးလှပသော ချစ်စရာ့ဆည်းဆာပါ
9 ဆည်းဆာရိပ်နဲ့ကန်ရေပြင် မြင်သူဘဝင် မှာ အလွမ်းတွေဆင်နေသလိုဘဲနော်
10 ရင်ဖိုလှိုက်မောအောင်လှတယ်လို့ထင်ပါတယ်။
11 ဒီပုံကတော့ ညီလေး ဂီဂီရဲ့ သင်ခန်းစာအတိုင်း ရိုက်ကြည့်တာပါ
“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”(5)
6-1-12 နေ့ညနေခင်းရောက်တော့ လူက အဝေးတစ်နေရာရောက်နေပါတယ်။
အဲတော့ အင်းလျားညနေခင်းကို မှီအောင် အပြေးအလွှားလာခဲ့ရပါတယ်။
ဘတ်စ်ကားမှတ်တိုင်ကို မလွန်အောင် ခေါင်းထွက်ထွက်ကြည့်ရပါတယ်။
ကုက္ကိုင်းမှတ်တိုင်လဲရောက်ရော မြန်မြန်လေးဆင်းပြီး အင်းလျားပေါ်တက်လာတော့
ကြည်နူးဖွဲ့ဆင်နေကြတဲ့စုံတွဲလေးကို မြင်ရတော့ အဆိုတော်ကြီးမာမာအေးရဲ့
“အင်းလျားမှာဆုံစို့မောင်ရယ် ……လှညနေအေးအေးဝယ်” ဆိုတဲ့သီချင်းတစ်ပိုင်းတစ်စက
ခေါင်းထဲရောက်လာပါတယ်။
အင်းလျားကန်ညနေခင်းကတော့ လှပပါတယ်။
ဒါတောင် ကျနော်ရောက်တဲ့နေ့ က တိမ်အခင်းက သိပ်မလှပါဘူး။
ညနေရင့်လေ တိမ်အရောင်တွေက ညို့မိူင်းလို့လာလေ ပိုပိုလှလေပါဘဲ။
ခဏလေးရောက်ခဲ့ရတဲ့ အင်းလျားရဲ့လှပတဲ့ညနေခင်းကတော့
ကျနော့်အတွက် မမေ့နိုင်စရာ……………..
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(14-1-12)
Post Views: 251
6 comments
ကိုပေါက်(မန္တလေး)
January 14, 2012 at 8:35 am
ရန်ကုန်မှာက ကော်နက်ရှင်မကောင်းဘူး။
မန်းလေးမှာကသိပ်မစွံဘူး။
ဒါပေမယ့် ရသလောက်ကြိုးစားပြီးတင်ပေးလိုက်ပါတယ်။
ဖွင့်ရခက်တယ်ဆိုတာ ကြာတယ်ဆိုတာသိပေမယ့် ………………………
Diamond Key
January 14, 2012 at 11:37 am
ကိုပေါက်ရေ၊ အတော်ကြိုးစားလာတာပါလား။ အိုင်ဒီယာကတော့ လုံးဝ အလန်းတွေဗျာ။ ပုံလေးတွေကလည်း ညက်တယ်။ ဇွဲကိုလည်း ချီးကျူးပါတယ်ဗျာ။ 😀
ငပေါက်ဖော်
January 14, 2012 at 11:45 am
မိုက်တီးထက်ပြင်းတဲ့ ရိုက်ချက်ပဲ..
လှဲအိပ်ပြီးတောင် ခလုတ်နှိပ်လိုက်သေးသတဲ့
လန်ထွက်နေဒယ်..ဟီး.ဟီး..
နောက်တစ်ခေါက်လာရင် ပညာတွေသင်ပေးသွားဦးကွဲ ့..
အဘလဲ ရိုက်ချင်လာဘီ
😆
pooch
January 14, 2012 at 4:02 pm
လေးပေါက်ရယ် အစောင်းလွန်ပြီး ရေထဲပြုတ်ကျသွားမှာတောင် စိုးရတယ် ….
စောင့်ရတာနဲ့ တန်အောင်ကို ပုံတွေက အလွန်လှကြောင်းပါ…
ဒါနဲ့ စုံတွဲပုံလေးတွေ ဘာလို့မတင်တာလဲ…. 🙂
windtalker
January 14, 2012 at 6:02 pm
ပုချ် က စုံတွဲပုံမြင်ချင်ရင်
ပုချ် နဲ ့ဘိုးဘိုးပေ နဲ ့ပုံ ကို ဦးပေါက် ကို ရိုက်ခိုင်းလိုက်မယ်လေ
နော
ဟီဟိ
ကိုပေါက်(မန္တလေး)
January 14, 2012 at 4:31 pm
စုံတွဲပုံလေးတွေမတင်တာ သူတို့ကို ကိုယ်ချင်းစာလို့ပေါ့ကွဲ့။
တော်ကြာ ဝဋ်လည်နေမှာစိုးလို့ပေါ့ကွဲ့။