Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆရာဖေမြင့်(ထာဝရလေးစားသူ)

ဘာသာတရားကျေးဇူး၊
အမိအဖ များကျေးဇူး၊

သင်ဆရာမြင်ဆရာ၊ကြားဆရာတို ့ကျေးဇူး.၊

လေးစားအတုယူအားကျရပါသောစိတ်ထားရှိသူတို ့ကို

လူရယ်လို ့ဖြစ်လာတဲ ့ဘဝမှာ.တခါခွင့်ရယ်ကြုံ

ရေဆန်ပြန်စီးခွင်ပြုပါ။ ။

ဆရာ ဖေမြင့်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅-ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။ ဆေးကျောင်းသား ဘဝမှ စတင်၍ စာပေရေးသားခဲ့သည်။

၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေ လုပ်ငန်း တစ်ခုတည်း ကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။

တက္ကသိုလ် ကျောင်းသား ဘဝက စ၍ စာများ စတင် ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန် ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုယ်ရေး ဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ် စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချ စိတ်ပညာ ဆိုင်ရာ စာပေများ ရေးသား ပြုစုခဲ့သည်။

“စာပေ ဂျာနယ်” ကို စတင် စီစဉ်သူ တစ်ဦး ဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်း အထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာ လက စတင်၍ “ဒီလှိုင်း မဂ္ဂဇင်း” ၏ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်လျက် ရှိသည်။

ဇနီး ဒေါ်ခိုင်နွယ်ဦး၊ သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် တို့နှင့်အတူ အင်းစိန် မြို့နယ် နံ့သာကုန်း ရပ်ကွက် အဝေရာ လမ်းတွင် နေထိုင်လျက် ရှိပါသည်။

ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စသည့် စာအုပ်များသည် ဆရာ ဖေမြင့်၏ အောင်မြင် ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာ ဖေမြင့်သည် လူသုံးကုန် ပစ္စည်း ရောင်းသူများနှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသား စာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည်။

ဖေမြင့် ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

၁။ ဆေးရုံ (Arthur Hailey ၏ The Final Diagnosis)- (၁၉၇၅ ခုနှစ်)

၂။ လူနာဆောင် အမှတ် (၆) (Anton Chekhov ၏ Ward Six) – (၁၉၇ရ ခုနှစ်)

၃။ အချစ်ဦး ( Ivan Turgenev ၏ First Love ) – (၁၉၈၈ ခုနှစ်)

၄။ ကျွန်းနှင့် အခြား ဝတ္ထုတိုများ – (၁၉၉ဝ ပြည့်နှစ်)

၅။ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ – (၁၉၉၂ ခုနှစ်)

၆။ ချုံကြားမှ ဘုံဖျားသို့ – (၁၉၉၃ ခုနှစ်)

၇။ မရဏာနုဿတိနှင့် အခြားဝတ္ထုတိုများ – (၁၉၉၃ ခုနှစ်)

၈။ မဟာ ကရုဏာရှင်များ – (၁၉၉၃ ခုနှစ်)

၉။ စိတ်၏ သတ္တိစွမ်းများ – (၁၉၉၃ ခုနှစ်)

၁၀။ မူမှန်စိန် မူမှန်အတွေး မူမှန် အကျင့်အကြံ (၁)- (၁၉၉၃ ခုနှစ်)

၁၁။ သင့်စိတ် သင့်အတွေးအကြံများ အတိုင်းတာ – (၁၉၉၃ ခုနှစ်)

၁၂။ အပြောင်မြောက်ဆုံး ဘဝတခု တည်ဆောက်ခြင်း – (၁၉၉၄ ခုနှစ်)

၁၃။ စိန်မြေဧကများစွာ – (၁၉၉၅ ခုနှစ်)

၁၄။ ဘဝ ဒဿနာ ရသစာများ – (၁၉၉၅ ခုနှစ်)

၁၅။ မူမှန်စိန် မူမှန်အတွေး မူမှန် အကျင့်အကြံ (၂)- (၁၉၉၅ ခုနှစ်)

၁၆။ လူသုံးကုန်ပစ္စည်း ရောင်းဝယ် သူများနှင့် အခြား ဝတ္ထုတိုများ – (၁၉၉၅ ခုနှစ်) အမျိုးသား စာပေဆုရ
၁၇။ ဒေးကာနက်ဂျီ – (၁၉၉၆-ခုနှစ်)

၁၈။ မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား – (၁၉၉၆- ခုနှစ်)

၁၉။ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ် – (၁၉၉၇- ခုနှစ်)

၂၀။ ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် – (၁၉၉ရ ခုနှစ်)

၂၁။ နှလုံးသား အာဟာရ ရသစာများ (၁) – (၁၉၉၈ ခုနှစ်)

၂၂။ စနစ်တကျ လေ့ကျင့် တည်ဆောက်ထားသော စိတ်၏ သတ္တိ စွမ်းအားများ – (၁၉၉၈ ခုနှစ်)

၂၃။ ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင် စည်းရုံးနည်းများ – (၁၉၉၈ ခုနှစ်)

၂၄။ ကိုယ်ထူး ကိုယ်ချွန်သမား အတွက် လက်စွဲ စကားများ – (၁၉၉၈ ခုနှစ်)

၂၅။ ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်တဲ့သူ – (၁၉၉၈ ခုနှစ်)

၂၆။ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ – (၁၉၉၉ ခုနှစ်)

၂၇။ ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ – (၁၉၉၉ ခုနှစ်)

၂၈။ နှလုံးသား အာဟာရ ရသစာများ (၂) – (၂ဝဝဝ ပြည့်နှစ်)

၂၉။ မည်သို့ပင်ဖြစ်စေ – (၂ဝဝဝ ပြည့်နှစ်)

၃၀။ နှလုံးသား အာဟာရ ရသစာများ (၃) – (၂ဝဝ၁ ခုနှစ်)

၃၁။ ဂျီးနီယပ် (စ်) ထူးချွန် ထက်မြက်မှု စာစု – (၂ဝဝ၂ ခုနှစ်)

အချက်အလက်များက”မြန်မာဝီကီ”> http://wikimyanmar.co.cc/ မှကူးယူ၍ဖော်ပြသည်

ထာဝရလေးစားသော
ရွှေအိမ်စည်

8 comments

  • ရွှေဘိုသား

    July 29, 2011 at 9:46 am

    ၂၀။ ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် – (၁၉၉ရ ခုနှစ်)
    ဖတ်ဖူးသမျှထဲမှာတော. တော်တော်အကြိုက်တွေ.မိတယ်
    ဒါပေမဲ.လည်း အခုတော. ဝန်ထမ်းလုပ်နေရတုန်း

  • lusoegyikoko

    July 29, 2011 at 10:00 am

    လူနာဆောင်အမှတ်ခြောက်က်ိုကြိုက်တယ်

  • MOEPWINTPHYU

    July 29, 2011 at 10:04 am

    ဆရာဖေမြင့်ရေးတဲစာအုပ်တွေကြိုက်တယ်
    ဘာကြာင့်ခုထိမချမ်းသာသေးတာလဲတဲ
    အဲဒီစာအုပ်ကိုကြိုက်တယ်

  • နိုင်ကြီး

    July 29, 2011 at 2:51 pm

    မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား ကို ဖတ်ဖတ်ပြီး အားတင်းခဲ့ပေမယ့်လည်း ခုထိဘာမှ ဖြစ်မလာ သေးဘူး

    • ရွှေအိမ်စည်

      July 29, 2011 at 4:42 pm

      ကိုနိုင်ကြီးရ..
      ကျနော်ဆို…..မွေးစားသား(သမိး)ပေါ့
      ဒါပေမယ့်….ကျနော်ဘဝအတွက်တော့…ဆရာ ့စာအုပ်တွေ က ကျနော်မိဘတွေ၊မိဘစကားတွေ
      နောက်ကျနော့်မွေးစားမိဘ(အဖေ) က…ဆရာဖေမြင့်လို ကျနော်ကိုပျိုးထောင်ခဲ ့တယ်ဗျာ

      တနေ ့နေ ့တော့ဖြစ်လာမှာပါဗျာ…
      အားမလျှော ့လိုက်ပါနဲ ့

  • hmee

    July 29, 2011 at 4:25 pm

    ဆရာဖေမြင့် စာအုပ် တော်တော်များများကို ကြိုက်လို့ ဝယ်စုထားတယ်။ သိပ်တော့ မစုံသေးဘူး။

  • pan pan

    July 29, 2011 at 5:02 pm

    “မရဏာနုဿတိနှင့် အခြားဝတ္ထုတိုများ”စာအုပ်တော့ ခဏခဏဖတ်တယ်
    တစ်အုပ်လုံးကြိုက်တယ်
    အဲဒီစာအုပ်ထဲက “ဖြစ်တည်မှု ဝေဒနာ”ဆိုတဲ့ ဝတ္ထုကို အကြိုက်ဆုံးပဲ

  • maung hninkharr

    July 29, 2011 at 7:25 pm

    နှလုံးသား အာဟာရ ရသစာများ ၁၊၂၊၃၊ ကို တော်တော်ကြိုက်တယ်။ ခဏခဏ ပြန်ပြန်ဖတ်တယ်။

Leave a Reply