အညာဒေသဘယ်ကစ
“မွေးဌာနီ အညာရပ်ဆီသို့ ရော်ရည်မျော်မှန်း စိတ်ဝယ်တမ်းတ မှန်းဆကာရည် တမ်းတပါသည် လှည်းလမ်းကြောင်တစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ်လိမ်တတ်တာ မြင်ယောင်သေးတော့သည် အညာဌာနီတစ်ခါလာမည်။ ကျွန်တော်အတွက် တော့မေ့မရ ပါလေပြီ။” ဆိုတဲ့သီချင်းလေးလို ဘယ်အရပ် ဘယ်အခြေအနေရောက်နေပါစေ.. မွေးဌာနီကို လွမ်းကြတာကိုယ်ဆီဖြစ်ကြလိမ့်မည်…။
အညာမြေ မှာ ဖုန်လုံးတွေလဲရှိမယ်..။ နေပူမယ် ပြီးတော ရေငန်မယ်..။ မြို့ကြီးပြကြီးလို လူနေမှု အဆင့်အတန်း မြင့်မည်မဟုတ်..။ ဒါပေမဲ့ စိတ်ကသတိတယလွမ်းမိတာလည်းအညာဒေသလေးပါ..။ ဖုန်းတွေထူတဲ အညာမြေ..။ နေပူတဲ့ အညာမြေ..။ ရေငန်တဲ့ အညာမြေ..။ တိုက်တွေ ကားတွေနဲ အခန်းအနားမဟုတ်ဘဲ တဲဂုတ်အိမ်ထောင်ကလေး၊ကိုယ်ပိုင်အိမ်ဝိုင်းလေးတွေနဲ ့အညာရပ်က မွေးဌာနီသာပါ..။
ဒါပေမယ့်ကျမကတော့မွေးဌာနီမဟုတ်ပေမဲ ့လည်းလွမ်းတတ်ပါတယ်..။
အညာဒေသလို ့ဘာကြောင့်ခေါ်လည်း…အညာဒေသဆိုတာ.ဘယ်ကစတယ်ဆိုတာ အညာသူအညာသားတွေ ကသိချင်မှသိကြပါလိမ့်မယ်..။
ကျမကတော့အညာနဲ ့ပါတ်သတ်တဲ ့စာတွေ မွေနှောက်တတ်သူမလို ့ကျမဖတ်ရှူ ့ဘူးတဲ ့(စာကိုး-လူထုဒေါ်အမာ)လို ့ဆိုချင်ဆို…ကျမ အသိလေး အညာချစ်တတ်သူတိုင်းကိုပေးဝေပါမယ့်…..
ဧရာဝတီမြစ်ကြီးရဲ့ အထက်ပိုင်းမှာ ရှိတဲ့ဒေသတွေကို မြစ်ညာကမို့ အညာဒေသ ၊ မြစ်ရဲ့အောက်ပိုင်းဒေသတွေကို အကြေအောက်အရပ်ရယ်လို့ ခေါ်ကြပါတယ်။
အဲဒီလိုအညာဒေသနှင့် အောက်အရပ်ရယ်လို့ ခွဲခေါ်ကြသလို ပဲခူးရိုးမ ရှမ်းရိုးမ အစရှိတဲ့ တောင်စဉ်တောင်တန်းတွေရဲ့ တည်ပုံ အနေအထားကြောင့် မုတ်သုံလေကို အမှီပြုပြီး ရွာသွန်းတဲ့မိုးကလည်း အောက်နှင့် အညာမှာ ကွဲပြားမှုရှိနေပြန်ပါတယ်။
အညာဒေသတွေမှာ မိုးရေချိန် ၃ဝလက်မကျော် ၄ဝလက်မလောက်ရွာပေမယ့် အောက်အရပ်တွေမှာတော့ ၁၀ဝလက်မကနေပြီး ၂၀ဝလက်မထိ ရွာတတ်ပါတယ်။
ဒါ့ကြောင့် ဧရာဝတီမြစ်ကြီးမှာ ဟင်္သာတနားမရောက်ခင် မြစ်ကြီးတစ်မွှာ ၊ ညောင်တုန်းနှင့် မအူပင်ကြားမှာတော့ မြစ်တွေအမွှာမွှာ ကွဲပြီး ပင်လယ်ထဲဝင်ကြရ။ ဧရာဝတီတိုင်းခေါ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသကြီး အဖြစ်ရောက်သွားရပါတယ်။
အညာနှင့်အောက် အဲသည်လို ရေမြေအနေအထား ကွာခြားတာ၊ မိုးလေဝသကွာခြားတာတွေကြောင့် အသီးအပင်ပေါက်ရောက်တာချင်းလည်း မတူကြဘူး။
တောတောင် နှင့်တကွ အင်းအိုင်မြစ်ချောင်းကို အမှီပြုပြီး ရှင်သန်ပေါက်ပွားရတဲ့ ကျေးငှက်တိရိစ္ဆာန်သားငါးလည်း နည်းနည်းတော့ ကွဲပြားပါတယ်။
လူ့အတတ်ပညာတွေ သိပ်မတိုးတက် မထွန်းကားသေးတဲ့ ကာလမှာ တောတောင်ရေမြေနဲ့ ရာသီဥတုက လူတွေကို အများကြီး စိုးမိုးခဲ့ကြပါတယ်။
စွတ်စိုထိုင်းမှိုင်းမှုကို လူတွေကြောက်ကြတော့ ခြောက်သွေ့တဲ့ အရပ်တွေမှာပဲ လူနေကထူထပ်တယ်။
တကောင်းတို ့၊ ပုဂံတို ့ ၊ အင်းဝတို .။စဉ်ကိုင်းတို ့ ၊ ရွှေဘိုတို ့၊၊အမရပူရတို ့၊ မန္တလေးတို ့စတာတွေမှာ မင်းနေပြည်တော်တွေ ထူထောင်ခဲ့ကြပါတယ်။
နောက်တော့ လူ ့လောကရဲ ့တိုးတက်မှုတွေကြောင့် မိုးများတဲ့အရပ်ဟာ စိုက်ပျိုးလို့အလွန်ဖြစ်ထွန်းတဲ့ဒေသ ဆန်စပါးစိုက်ရောင်းရင် ဈေးကွက်ရှိတယ် ဆိုပြီး အောက်အရပ်ဟာ စပါးစိုက်တဲ့ဒေသကြီးဖြစ်လာပြီး တဖြည်းဖြည်းနဲ့ လူစည်ကားများပြားလာခဲ့ပါတယ်။
သည့်နောက်နိုင်ငံရဲ့ ထွက်ပေါက်ဟာ ပင်လယ်ပဲဆိုတာ သိကြတော့ မြို့တော်လည်းအညာမဆန်တော့ပဲ လူတွေကသာ အောက်အရပ်ကို အစုန်များလာတာပေါ့။
အဲသည်တော့ ရှေးကလို အညာ နှင့်အောက် ကွဲပြားခြားနားမှုနည်းပါးပြီး ရောနှောရင်း တစ်မြေတည်းတစ်ရေတည်း ဖြစ်သွားပါတော့တယ်။
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
9 comments
ရွှေဘိုသား
July 30, 2011 at 10:32 pm
အခုတော. ရာသီဥတု တွေဖောက်ပြန်နေပြီ မရွှေအိမ်စည် ရေ
အညာလည်း မသာယာတော.ဘူး
တောင်သူတွေ အကြွှေးထူးနေကြပြီ
ရွှေအိမ်စည်
July 30, 2011 at 10:38 pm
အဲ …..ဟိုသတင်းကြားပြီးပြိလား…
ဆင်းရဲသားပပျောက်တော့မယ်..တော်…
ထုတ်ချေးနေပြီတဲ ့……
စီမံကိန်းနြ ့ကိုလုပ်နေတာပါတော်ရယ်…………..
kai
July 31, 2011 at 4:22 am
ပုပ္ပားမီးတောင်က.. လွန်ခဲ့လေပြီးတဲ့နှစ်သိန်းသန်းချီက တော်တော်သောင်းကျန်းပုံပေါ်တယ်…။
အဲဒီမိးတောင်ပေါက်ကွဲမှုကြောင့်… ဧရာဝတီဟာ.. မီးတောင်ကိုရှောင်ပြီး ကွေ့ကောက်စီးဆင်းရတယ်..။
ကွေ့ကောက်စီးဆင်းရတော့.. ရေချိုအရများပြီး… အဲဒီအညာဒေသဟာ.. စိမ်းလန်းစိုပြေသွားပုံရပါတယ်.။
အဲဒီလိုနဲ့.. ပုဂံမင်းနေပြည်ကို.. မြန်မာတွေထောင်တာပေါ့…။ အိနိ္ဒယ၊တရုတ်ကုန်သည်တွေ အဝင်အထွက်များပြီး.. အင်မတန်စည်ကားပုံရပါတယ်..။ အခွန်အတုတ်နဲ့တင်.. ဝင်ငွေလည်း နည်းမယ်မထင်မိဘူး..။
တိုင်းသူပြည်သားတွေမဆိုနဲ့.. နန်းတွင်းမှာတင်.. ကုလားမယူ..။တရုတ်မယူ..။ စသဖြင့် မြန်မာတွေ အိုကေစိုပြေကြပုံပေါ်ပါတယ်..။
ပုဂံဆေးရေးပန်းချီတွေမှာ.. အသားအရောင်..အမျိုးစုံနဲ့ ..ရေးချန်ရစ်တာတွေ အခုထိတွေ့နိုင်သေးတာပဲ..။
ပြည်သူလူထု.. မြို့သား၊ရွာသားတွေဆိုရင်.. တော်တော်လေးသွေးနှောကြမယ် တွေးကြည့်လို့ရနိုင်မှာပါ..။
သူတို့ဟာ.. အခုခေတ်..ကျုပ်တို့ရဲ့..ဘိုးဘေးဘီဘင်တွေပဲ..။
ဒါပေမဲ့.. ရှေးပိရမစ်တွေလိုပဲ.. ပုထိုးတွေအဆောက်များသွားတာမို ့..လိုအပ်တဲ့အုပ်တွေဖုတ်ရဖို့.. ထင်းမီး..သစ်ပင်တွေခုတ်လှဲတာကစပြီး.. သစ်တောတွေပြုတ်ပြုတ်ပြုန်းသွားပုံရတယ်..။
လူလုပ် သဘာဝဘေးပေါ့နော…။
အဲဒီအချိန်..ပုဂံခေတ်ကနေ… အနှစ် ၁၀၀ဝ ကြာတဲ့အခါ.. အထက်အညာဒေသဟာ… အခုလိုအခြေအနေမြင်ကြရမှာပါ..။
ဒါက..အညာဒေသရဲ့.. နှလုံးသား.ပုဂံရဲ့.. ခန့်မှန်းမိသလောက်သမိုင်း… 🙂
ကြောင်ကြီး
July 31, 2011 at 4:57 am
အညာဒေသမှ ဟိုးအရင်တုန်းက ရှုံးပျံငှက်ကြီးတွေရှိတယ်။ သူတို့ကဘယ်လောက်ကြီးသလဲဆို ဂေါ်ဇီလာ ဆယ်ဆလောက်ရှိတယ်။ အစာစားရင် ဆင်၊ ကျား၊ ခြင်္သေ့၊ ဝက်ဝံ၊ ငါးမန်း၊ ဝေလငါးတို့မှ စားတာ။ နောက်တော့ သဂျီးပြောသလိုပဲ သစ်ပင်တွေခုတ်လှဲလွန်းတော့ သူတို့အတွက် အစာရေစာတွေ ရှားပါးပြီး မျိုးတုံးပျောက်ကွယ်သွားတာ….။
windtalker
July 31, 2011 at 12:05 pm
အိုဘဲ့ ရွှေအိမ်စည်
တစ်ခါ တစ်ရံ ဆီ အညာအရပ် မှာ
ရှိခဲ့ဖူးတဲ့
မောင်မောင်ရား (ပဋိက္ကရား) ကိုများ
မေ့လျော ့နေပြီလေစ
ဆူး
July 31, 2011 at 10:38 pm
အခုတော့ သမိုင်းတကျော့ပြန်လို့ နေပြည်တော် ဆိုတာ ဖြစ်နေပါပြီ။
ကိုပေါက်(မန္တလေး)
July 31, 2011 at 11:12 pm
ဇာတိကိုချစ်တတ်မှ လူမျုးိကိုချစ်တတ်မယ်။
တစ်ချို့ကတော့ဇာတိကိုနားမလည်တော့
ဘာမဟုတ်တာလေးနဲ့ မြန်မာဖြစ်ရတာကို ရှက်တယ်ဆိုတဲ့လူတွေကို သနားတယ်။
မြန်မာဖြစ်ရတာ ရှက်တယ်ဆိုတော့ ဘယ်လူမျိုးဖြစ်ချင်လဲလို့မေးရတော့မယ်ထင်ပါတယ်။
windtalker
July 31, 2011 at 11:36 pm
ကိုပေါက် နှယ်
ဆိုမာလီ တွေ ခေတ်ကောင်းနေတဲ့ အချိန်
သူ ့ခဗျာ လဲ
အခြေမခိုင်တော့
စိတ်ယိမ်းသွားရှာမှာပေါ့
လုပ်ပါစေ
စီးပွားရှာခက်နေတာပဲဟာ
pan pan
August 1, 2011 at 11:11 am
ဘာပဲပြောပြော မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အစစအရာရာ ပြည့်စုံနေပါတယ်
သူ့နေရာနဲ့သူ အကျိုးမဖြစ်တာ မရှိပေမယ့်လို့ ရှားပါးနေတာကတော့ သိပ်ကျေနပ်စရာတော့မဟုတ်ဘူး