သားချစ်သောအမေ
သို ့
သားချစ်သောအမေ …..
သား… ဒီစာကို အမေ အတွက် ရေးနေတဲ့အချိန်မှာ
အမေဟာ…ဆိုးဝါးတဲ့ဝေဒနာကိုခံစားရင်း အားငယ်စွာနဲ့
ရှိနေမယ်ဆိုတာ သားသိပါတယ်အမေ၊
ဝမ်းနည်းခြင်း အားငယ်ခြင်းနဲ့အတူ အားကိုးစရာ၊
အားထားစရာ သား တစ်ယောက်ကလည်း အဝေးကြီးမှာမို ့လို ့ ရင်ထဲက
နင့် နေအောင် အမေ ခံစားနေရမှာပေ့ါ ။
ဒါဟာ လူသားတိုင်းမှာ ရှိကြတဲ့ သဘာဝခံစားချက်မျိုး ပဲ မဟုတ်လား။
ဒါပေမယ့် ဘာသာရေးနဲ ့ တွေးကြည့် ပြန်တော့ ဒီလို ဝေဒနာတွေဟာ လူတိုင်းလူတိုင်း
မလွဲမသွေ ကြုံ ့ တွေ့ရမှာဆိုတာ ကိုလည်း ….အမေ့ကို ပြောပြချင်ပါတယ်။
တစ်ကယ်တော့…သားတို ့တွေဟာ ကိုယ့်ဆန္ဒနဲ ့ကိုယ် သွား နေကျတဲ့ ခရီးသွားတွေပါ။
မရပ်မနား သွားနေရတဲ့ ခရီးသွားတွေပါ။
ဘယ်ဘူတာမှာဆင်းသွားမယ်ဆိုတာကိုလည်း
မပြောတတ် ကြဘူး။
ရုတ်တရက်ဆင်း သွားကာမှ လက်ပြပြီး နှုတ်ဆက်သွားကြတယ်။
အဂ်လိပ်လိုဆိုရင် ” see you” လို ့ပဲပြောနိုင်ကြတယ်အမေ ။
ဘယ်တော့ ပြန်ဆုံကြမယ်ဆိုတာ မသိ ကြဘူးလေ။
ကိုယ့်ဆန္ဒ နဲ ့ကိုယ် ဆိုတဲ့ အတိုင်း …သားလည်းအရင် ဆင်းရင်ဆင်း သွားမယ်။
လူဘဝကို ခု ချက်ချင်းလာပြီး အလောတကြီ းနဲ
့ဆင်း သွား ကြ တဲ့ သူ တွေ လဲ အများကြီး ပေါ ့။
အမေ လည်း အသိဘဲ လေ …သားကို ထားပြိး…သားထက်အရင်
အတူတူဆင်းသွားကြတဲ ့သူတွေ …သား က အမေ နဲ ့နေ ခဲ ့ရတာတွေ ကို…
ဘယ်သူ ့ ကို မှ ပြောပြခွင့် မရလိုက် ကြဘူးလေ။
သား ဖြစ်ဖြစ် အမေ ဖြစ်ဖြစ် လက်မပြခင်မှာ တစ်ခြားဘူတာခရီးကိိုု
ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်အောင် ကြိုတင်ပြင်ဆင်မှုလေး တွေ
လုပ်စေချင်တယ် ။
အဲဒါကတော့ ဗုဒ္ဓ ဟောထားတဲ့ ဓမ္မတရားကို နားလည်ခြင်းကျင့်ကြံ
ခြင်း ဟာ တစ်ခုတည်းထဲသော ပြင်ဆင်မှုပဲအမေ..။
လူရယ်လို ့ မှ မဟုတ်ဘူး အရာရာတိုင်းဟာ
အဆင့်တစ်ခု ကနေ အဆင့်တစ်ခုကို ပြောင်းလည်း ကြတဲ့ သဘော..သဘာဝ …ရှိတယ်။
မတည်မြဲ ဘူးဆိုတဲ့ သဘော ပေါ့၊ ” ရေ” ကိုဘဲ ကြည့်လေ …အပူပေါ်မူတည်ပြီး အစိုင်အခဲ၊ အရည်၊
အငွေ့ ဆိုပြီး ၊ အဆင့် တစ်ခု ကနေ အဆင့်တစ်ခု ပြောင်းနေ တာပါ။
နှာခေါင်းကနေ ‘လေ’ တစ်ခါ ရှု ပြီး နောက်တစ် ခါ
ရှ ုနေ တဲ့ ကြား လေး မှာ ဘဲ ‘သွေးအဟောင်း တစ်ခု ပြီးသွားပြီး ၊သွေးသစ် တစ်ခုဖြစ် လာ တယ်။
ခန္စာ တခု ပျက်ပြီး ရင် နောက် ..ခန္စာ တခု ဖြစ် လာ တယ်၊
ဒါကို အမေ (သို ့ ) သား တို ့က ပြုပြင်လို့ ဖန်တီးလို ့ မရဘူး ၊
ဒါ့ကြောင့် သားတို ့ ခန္ဓာ ကို သားတို ့မပိုင်ဘူးလို ့ ပြောတာပေါ့။။
လူ ကျတော့ ” နာမ်တရား “ဆိုတာ အပို ရှိ လာတော ့
အဆင့်တစ်ခုက နေတစ်ခုကို ပြောင်းချိန်မှာ “ခံစားတယ် “ဆိုတဲ့ ဝေဒနာ ဆိုတာ
ပေါ်လာတယ်။
အဲဒိ ့ ပေါ်လာတဲ့ ဝေဒနာကို နာမ်တရားရှိလို ့ပေါ်လာတာ ဆိုတာကို
သတိမမူမိရင် ၊ ဒီဝေဒနာကို “လိုချင်တယ်၊ မလိုချင်ဘူး” ဆိုတဲ့
နာမ် တရား ရဲ ့ သဘာဝဖြစ် စဉ် နောက် ကို လိုက် မိ ရာကနေ လိုချင်တယ် မလိုချင်ဘူးကို
စွဲလမ်းမှု ဖြစ်လာပြီး ၊
လိုတာ ကို ရ တော ့ ‘လောဘ’၊။
လိုတာ ကို မရဘဲ၊ မလိုတာ… ကို …ရတော ့ ‘ဒေါသ’၊
အဲဒီ နှစ်ခု ကြောင့်….. အမှန်တရား ကို မသိတော့တဲ့ “မောဟ”ဆိုတာပေါ်လာတယ်။
အဲဒီအခါ မှာ လက်တွေ ့ ဖြစ် လာအောင် ကံသုံး ပါး နဲ ့
အားထုတ် ရာ က နေ ‘သံသရာ ‘ကို ….လည်စေတဲ့ အ ကြောင်း တခု …လုပ်မိ ရက် သား ဖြစ်
သွား တာ ကို မသိ လိုက် ကြ ဘူး ပေါ ့၊၊
အကြောင်း တခု ပြု လိုက် ရင် အကျိုးဆို တာ ရှိ စမြဲ မဟုတ်လား။
အဲလို နဲ ့ခရီးသွားဘဝကနေ မဆုံးသောခရီးကို
ဒီလိုမျိုး ဒုက္ခ တွေအမြဲခံစားနေရင်းသွားနေကြရမှာပဲ။
ခရီးသွားတစ်ယောက်ဘဝကနေ လွတ်မြောက်တဲ့နည်းဖြစ် တဲ့ ဓမ္မ ကို နားလည်လာရင်
အားငယ်စိတ်ညစ်တာတွေပျောက်သွားမှာ သေချာပါတယ်။
သားကိုယ်တိုင်လည်းနားလည်နိုင်အောင် ကြိုး စား နေ ပါ တယ် ၊၊ အမေလည်း…ကြိုးစားပါ။
အမေ က သားထက် ပို ပြိးသိမှာ ပါ အမေ။
ချစ်သောသား
ရွှေအိမ်စည်။
ဘဝပေါင်းများစွာ တော်စပ်ခဲ့ကြသောအမေများသို ့ဂါရပြု ကျေးဇူးဆပ် ကန်တော့ရင်း
ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူ အမည်ထိ ကူးပြီးဝေဌာနိုင်ပါသည်။
11 comments
pan pan
August 23, 2011 at 2:25 pm
အမေ့ကိုသတိရလိုက်တာ
အမေဆုံးတာ သုံးနှစ်ပြည့်တော့မယ်
ရွှေအိမ်စည်
August 24, 2011 at 1:41 pm
ပန်လည်းမေမေ မရှိဘူးပေါ့…
……………….
ငယ်ငယ်ကတော့မေမေတွေ (မွေးစားမိဘတွေ ဆုံးသွားကြတယ်)
ကလေးဘဝဆိုတော့..သိပ်နားမလည်သေးခဲ ့ဘူး…
….ဒါပေမဲ ့သတိယတယ်…အချိန်တိုင်းပေါ့…
စိတ်ကူးနဲ ့ဘဲ ကြည်နူးးနေခဲ ့တာဘဲ….
ဒီလိုစာတွေ တကယ်တော့..မရေးချင်ဘူး..
ကျမမှာက..သူငယ်ချင်းအရမ်းများတယ်လေ..
သူတို ့တွေ မိဘကိုတန်ဘိုးမထားတာမြင်ရရင်တော့..
ကျမကရေးပြီးဘလော ့လိုလို..
သတိပေးစာလိုလိုပေးပြီးဖတ်စေရတာပါဘဲ…
မိတ်ဆွေ သူငယ်ချင်းတွေ ကလည်း..ကျမရဲ ့ဆွေမျိုးတွေ ဘဲပေါ့
thit min
August 24, 2011 at 5:12 pm
“”ကျမမှာက..သူငယ်ချင်းအရမ်းများတယ်လေ..
သူတို ့တွေ မိဘကိုတန်ဘိုးမထားတာမြင်ရရင်တော့..””
….သိတ်မှန်တာဘဲ….ပြောပြလဲမထူးတာများတယ်လေ..ဘယ်လို်ဘယ်ညာ ပေးတတ်ကြတယ် ..
thit min
August 24, 2011 at 5:25 pm
ဘယ်လို်ဘယ်ညာ ဆင်ခြေ ပေးတတ်ကြတယ် .. ..။မပြင်ကြဘူး….။ကိုယ်ကိုတ်ိုင်မိဘဖြစ်လာရင်တော့..
နားလည်နိုင်ကောင်းပါရဲ ့…။.
နွယ်ပင်
August 23, 2011 at 2:29 pm
ရေးထားတာလေးကို သဘောကျတယ် ရွှေအိမ်စည်ရေ
အမေတစ်ယောက်နေရာကရော သားတစ်ယောက်ရဲ့နေရာကရော
ခံစားပြီးဖတ်သွားပါတယ် ……..
etone
August 24, 2011 at 4:05 pm
ဒါဆို နွယ်ပင်က အမေဖြစ်တော့မှာလားဟင် .. ဟိဟိ … ထူးခြားရင် မောင်းတီးနော် 😛
နွယ်ပင်
August 24, 2011 at 4:20 pm
အင် အခုမှ ဖတ်မိတယ် ဖြစ်သေးပါဘူး etone ရယ် ထူးခြားရင်းမောင်းမဟုတ်ဘူး
စည်ပါတီးလိုက်မယ် ဟီး … 😛
R Ga
August 24, 2011 at 4:37 pm
ထူးခြားရင် စည်ပါတီးလိုက်မယ်ဆိုတော့ မြန်မာစည်လား၊ ဒဂုံလား၊ အေဘီစီလား၊ ဘာကိုတီးမှာလည်းပြောပြပါဦး ။ စည် ပါတီးမယ်ဆိုတဲ့အဆိုကို တော့ကြိုဆိုတယ်။
ဒါမှ ကလေးက စည်တီးပြီထွက်လာမှာပေါ့။ နောက်တာနော်
ရွှေအိမ်စည်
August 24, 2011 at 4:50 pm
နွယ်ရေ…စည်တီးပြီးထွက်မဲ ့တူတူ….
အမည်ပါတခါတည်းမှည့်ပေးမယ်….
စည်သူလို ့…..
…..
လောကမှ…”စည်သူ”ဆိုရင်..မကြည်ဖြူတဲ ့သူတစ်ယောက်မှမရှိဘူးနော်
ဒါမှ ငါနာမည်လည်းပါမှာ
မီးမီး သော်
August 23, 2011 at 3:23 pm
အမေ ကို ့သတိရသလို. ဆရာကြီးဦးသုခ ကိုလဲ သွားမြင်ယောင်မိပါတယ်။စာရေးသူပြောတဲ ့ထိကို ကူးယူသွားပါတယ်နော်။
mandalarthu
August 24, 2011 at 1:28 pm
Great topic this is! Lovely dhamma words to mothers.
Good words for yr beloved mother.
Yes,we are travellers of long journey.
We will be travellers before we reach our goal.
Thanks for sharing such good ideas.