မြန်မာပြည်၊ ပညာရေး၊ လူငယ်နှင်. အလုပ် အကိုင်

မြန်မာပြည်တဲ.။ နှစ်ပေါင်းထောင်နဲ.ချီပြီးရပ်တည်ခဲ့တဲ့ ကျနော်တို့ နိုင်ငံ..။အရာရာဟာ အောက်ကျနောက်ကျဖြစ်နေပါလားလို.တွေးမိတိုင်း ကျနော် ဘယ်သူ.ကိုအြပြစ်ပြောရမယ်မသိ..။ သေချာတာက ကျနော်တို. ညံ့တာလဲ ပါပါလိမ်.မယ်။ ဒီလောက် ရေနံ၊ တွင်းထွက် ၊ ရေထွက်ပစ္စည်း၊ မြေလွတ်မြေရိုင်း ။သစ်တောထွက်၊  ပေါင်းစုံတဲ. သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ကျနော်တို. နေတဲ. နိုင်ငံ… ပြည်သူတွေ ဘာကြေင်.များ ဆင်းရဲတွင်း နက်နေရတာလဲဗျာ..။ ဘာကြေင်. နိုင်ငံတကာ (ဆောရီး.. အာရှမှာတောင် မျက်နှာ ငယ်ရပါတယ်)  မယှည်နိုင်ရတာလဲ။ ဘာမှ သယံဇာတ မရှိတဲ. တိုင်းပြည်တွေတောင် ချမ်းသာ နေကြတာ မျက်မြင်ပဲလေ… ကျနော်တို. ဘာတွေမှားနေကြတာလဲ.. ဘာတွေများလို.နေကြတာလဲ ကျနော်မတွေးတတ်တော.ဘူး…..။

ပညာရေးတဲ.  မူလတန်း အလယ်တန်း မှကတည်းက ကျူရှင်ထားမှ အောင်တဲ.စနစ်… ငွေပုံအောမှ ထူးချွန်မယ် ပညာရေးတဲ.လားဗျာ…။နောက်ပိုင်း ိဆိုလဲ ဘွဲ.ရ အလုူပပ်လက်မဲ. ဆိုတဲ.ဂုဏ်ထက် သာမန်လူလတ်တန်းစားတွေမှာ မပိုခဲ.တာ ကျနော်ကိုယ်တွေ.ပါ။ အလုပ်ရှိခဲ.ရင်တောင် လမ်းစရိတ်၊ ထမင်းချိုငိ.၊ အဝတ်အစားဖို.နဲ. ရတဲ. လခက ဘာများ ကျန်မှာတဲ.လဲ ဗျာ..။  သူငယ်ချင်း တစ်ချို.ကတော. ဆိုက်ကားနင်းတာကို ပိုစိတ်ဝင်စားနေလေရဲ.။ ဘယ်သူမျက်နှာမှ ကြည်.ပြီး အလုပ်မလုပ်ရသလို တကယ်ကြေိုးစားရင် ၁ လကို  ၁ သိန်းခွဲလောက် ရတယ်ဆိုပဲ။  သေချာတာကတော. လူငယ်တွေ ပညာရေးစနစ်ကို အယုံအကြည်မရှိတော.တာပဲ ။ ပညာရေးက သူတို.အရင်လူတွေကိုရော သူတို.ကိုရော ဘာအာမှခံချက်မှ မပေးနိုင်တာ သူတို.သိနေကြတယ်လေ။  ရတဲ. ဘွဲ၊ ဝါသနာ နဲ. လုပ်ရတဲ. အလုပ်က တလွဲ။ စားဝတ်နေရးဆိုတဲ. နီးရာဓား ကိုကြောက်ရတော. ဒါလဲ ဂရုမစိုက်နိုင်သလို ငွေရရင်ပြီးရော ဆိုတဲ. အတွေးမျိုးတွေ ဝင်နေကြတယ် လို. ကျနော်မြင်တယ်။

မွန်းကြပ်လွန်းလို. ဒီစာကိုရေးတာပါ… သူကြီးရော ၊ ရွာသူရွာသားတွေရော ကျနော်တို. ဘာဆက်လုပ်သင်.လဲ ကြံပေးကြပါဗျာ…။ ကျနေည်တိူ. မြန်မာပြည် ၊ ပညာရေး၊ လူငယ် နဲ. အလုပ် အကိုဆိုတာ ကျနော်တို. ဘာတွေဆက်လုပ်သင်.လဲ ဘာတွေဖောက်ထွက်သင်.လဲ၊၊၊၊????????????????????????????

20 comments

  • parlayar46

    August 4, 2011 at 8:49 pm

    နေပါဦးမောင်ရဲ့ ..။
    ( မောင် ဆိုတာက ကျုပ်လို ရှေးလူကြီးများက လူငယ်ကလေးများကို ချစ်ခင်စွာ ခေါ်တဲ့စကား။ )

    လူငယ်တွေ ပညာရေးစနစ်ကို အယုံအကြည်ရှိရအောင် အဲသည်တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေထဲမှာ ပညာတတ်ဘယ်နှစ်ယောက်များ မြင်ဘူးလို့လဲ ??

    ကျူရှင်ဆိုတာကတော့ မူကြိုပထမနှစ်မှာကတည်းက တက်ရတာပါ။ အဲသည်ကတည်းက ကျူရှင်တက်မထားရင် မူကြိုဒုတိယနှစ်ရောက်ရင် စာမလိုက်နိုင်တော့ဘူး။

    မောင်ရင်တို့ ဘာဆက်လုပ်သင့်သလဲဆိုတော့ ပညာတတ်တွေ အသုံးဝင်တဲ့ခေတ်ကိုရောက်အောင် ကြိုးစားကြပါ..လို့ …။

    • Foreign Resident

      August 5, 2011 at 4:18 am

      Agree with Parlayar46,

      I feel very sad to say it, but,

      “ မြန်မာပြည်ကဘွဲ့” ရတာကို ပညာတတ်ထင်နေကြတယ်
      မြန်မာပြည်က ကျောင်းပြီးလို့ဘွဲ့ရတာ မြန်မာစာဖတ်တတ်တဲ့အဆင့် ပဲ ရှိတယ်
      I don’t believe, Myanmar graduates are educated.

      ဘာဆက်လုပ်သင့်သလဲဆိုတော့ ပညာတတ်တွေ အသုံးဝင်တဲ့ခေတ်ကိုရောက်အောင် ကြိုးစားကြပါ…
      တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေထဲမှာ ပညာတတ်ဘယ်နှစ်ယောက်များ မြင်ဘူးလို့လဲ ???
      Topple the military government, otherwise no way.

    • Foreign Resident

      August 6, 2011 at 8:31 am

      Do you really think our military government want
      ” တကယ်ပညာတတ် လူငယ်တွေပေါ်ထွန်းလာမှာ “.

      They intentionally made ” လူထုကြီးကို ပညာမတတ်အောင် တမင် လုပ်နေတာ ”

      They frequently said ” ပညာတတ်ရင် ဒုက္ခပေး လိမ့်မယ် ပုန်ကန်လိမ့်မယ် ”

      Don’t forget,
      the military regiments which participated (ပုန်ကန်) in 1988 revolution are,
      1. Medical ( ပညာတတ်, Doctors & all soldiers = 8 std passed )
      2. Defense Industry ( ပညာတတ်, Engineers & all soldiers = 8 std passed )
      3. Air Force ( ပညာတတ်, all soldiers = 8 std passed )
      4. Navy ( ပညာတတ်, all soldiers = 8 std passed )
      5. Paratrooper ( Lay Htee – 16 ) ( the best of bests (educated ပညာတတ်) in military )

      Therefore, they really hate “ပညာတတ်”.

  • ဘုန်းသန့်ခန့်

    August 4, 2011 at 9:00 pm

    ကျွန်တော်တို့ ခံစားနေရတာက ကျောင်းပြီးရင် ဘာလုပ်မလဲပေါ့။ ဒါပေမယ့် ကျောင်းမပြီးခင်မှာရော ကျွန်တော်တို့ ဘာလုပ်နေခဲ့ကြလဲ။ သူတို့ မပေးရင် ငါတို့ ဘယ်နည်းနဲ့ ရအောင်ရှာမလဲဆိုပြီး ကြိုးစားကြဖူးလို့လား။ ကျွန်တော်အပါအဝင်ပါပဲ ပေလိုက်တေလိုက်နေနေခဲ့ကြတယ်လေ။ ဖြစ်သင့်တာက ကျွန်တော်တို့ ရရာနေရာမှာ ရတဲ့ ပညာကို တကယ်သိအောင်ကြိုးစားမယ်။ ပြီးရင် ပြန်မျှဝေမယ်။ စာအုပ်တွေဖတ်မယ်။ မသိရင် သိမယ်ထင်တဲ့လူကို မေးမယ်။ တစ်နေ့မှာပေါ့ ပညာတတ်တဲ့ လူတွေ လိုအပ်လာမှာပါ။ ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်က ကြိုးစားနေဖို့တော့လိုတယ်။ ကျွန်တော်တော့ အဲလိုပဲ ခံယူထားပါတယ်။ မရမှ မရတာလို့ ပြောနေရုံနဲ့ ရလာမှာမှ မဟုတ်တာပဲ။ ကြိုးစားရအောင်ဗျာ။

  • MaMa

    August 4, 2011 at 9:18 pm

    ဘယ်အသက်အရွယ်မှာမဆို သင်ယူနေဖို့ လေ့လာနေဖို့တွေကတော့ မဖြစ်မနေလုပ်သင့်တာပေ့ါ။ ကျမတို့ သူငယ်ချင်းတွေထဲမှာတောင် ခေတ်နဲ့အညီ အင်တာနက်ဝင်ကြည့်ဖို့ကို အသစ်လေ့လာရမှာမို့ မကြိုးစားချင်တော့ဘူးဆိုပြီး လက်လျှော့ထားကြသူတွေ ဒုနဲ့ဒေး။

  • ရာဇဝင်လူဆိုး

    August 4, 2011 at 10:18 pm

    ဟုတ်ကဲ.ပါ.. အားလုံးကို ကျေးဇူးပါပဲ။ ကျနော် ၁ဝ တန်းဖြေပြီးကတည်းက ပညာရေးကို အယုံအကြည်မရှိတော.လို. အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို သင်ယူလေ.လာခဲပါတယ်။ မဖြစ်မနေတော. ဘွဲတစ်ခုရအောင်ယူလိုက်ပါတယ် .. ရတဲ.ဘွဲ.ကအကျိုးမပေးပဲ အပြင်ကသင်ယူတဲ.ပညာက ကျနော်ကို မြေတောင်မြှောက်ပေးပြီး ကိုယ်ပိုင်သင်တန်းကျောင်းတစ်ခု ဖွင်.နိုင်သည် အထိ ပညာတွေပေးခဲကြပါတယ်… ဒါဆို ကျနော်တို. ယူလိုက်တဲ.ဘွဲ့က အချိန်ကုန်စေတာလား ကျနော်တို.ကို။ ဒါဆို လူငယ်ထုတွေအတွက် သူတို.ဘဝ ၊ သူတို.ပညာရေး ၊ သူတို. အသက်မွေးဝမ်းကျောင်းမှုတွေကို သူတို.ကြိုးစားနေရက်နဲ. ဘယ်အရာတွေ ၊ ဘယ်လိုပေါ်လစီတွေက အာမခံပေးနိုင်မယ် ဆိုတာ …ကျနော်လေ…..

  • unclegyi1974

    August 4, 2011 at 10:26 pm

    ကျောင်းစာတွေဖတ်ပြီးပညာတတ်ထင်နေကြတာကိုး
    ကျောင်းပြီးလို့ဘွဲ့ရတာ
    မြန်မာမှာကစာဖတ်တတ်တဲ့အဆင့်ရှိတယ်ပြောရင်စိတ်ဆိုးကြအုန်းမယ်
    သူများနို်င်ငံတွေကပညာနဲ့လုပ်စားနေကြတာ
    ဒီမှာကသစ်ခုတ် ကျောက်တူး ရွှေကျင် ……………အလုပ်ကြမ်းတွေလုပ်ပြီးငွေရှာနေကြတာ
    ပညာရေးအတော်ပြုပြင်ယူရအုန်းမှာပါ

    • Foreign Resident

      August 5, 2011 at 4:21 am

      သူများနို်င်ငံတွေကပညာနဲ့လုပ်စားနေကြတာ
      ဒီမှာကအလုပ်ကြမ်းတွေလုပ်ပြီးငွေရှာနေကြတာ

  • nature

    August 4, 2011 at 11:16 pm

    တိုးတက်တဲ့နိုင်ငံတွေကို လေ့လာပြီး သူတို့ ဘာတွေ လုပ်နေလဲ။ ဘယ်လိုတိုးတက်လာလဲ။ ဘာကြောင့်တိုးတက်နေသလဲ ဆိုတာမှန်မှန်ကန်ကန် လေ့လာပြီး Trace လိုက်ဖို့လိုပါမယ်။
    စိုက်ပျိုးရေးကို အခြေခံပြီး တိုးတက်လာတာလား။ ဘယ်နည်းတွေသုံးပြီးစိုက်လဲ။ဘာတွေစိုက်လဲ။ ဈေးကွက်က ဘယ်မှာရှိလည်း။ ဈေးကွက်ကို ဘယ်လိုထိုးဖောက်မလဲ။
    စက်မှုကိုအခြေခံပြီးတိုးတက်ရင် လျှပ်စစ်မီး လုံလောက်ဖို့ အရေးကြီးတယ်ထင်တယ်။ စက်ပစ္စည်း၊နည်းပညာ၊ ဈေးကွက်၊ တွေအရေးကြီးပါတယ်။
    ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လုပ်စရာ အလုပ်တွေ အများကြီးရှိပါတယ်။ export လုပ်တဲ့နိုင်ငံ တွေ တော်တော်များများက import အားကောင်းတဲ့မြန်မာပြည်ဈေးကွက်ကို တော်တော်လေး မျက်စိ ကျကြပါတယ်။
    အကွက်မြင်တဲ့ အတွေ့အကြုံရှိတဲ့လုပ်ကိုင်နိုင်တဲ့ မြန်မာပြည်သားတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်ကောင်းလို့ အမြတ်အစွန်း ကောင်းသွားရင် ဒါငါ့ဟာဆိုပြီး လုပ်တတ်တဲ့သူများကိုလည်း ကြောက်နေရပါတယ်။
    ကျနော့်အမြင်ကတော့ မြန်မာပြည်သားတွေဟာ ဈေးကွက်ထိုးဖောက်မှုမှာ အင်မတန် အားနဲပါတယ်။ ရေရှည်အတွက် quality ကောင်းကောင်းကို ထုတ်လုပ်ဖို့ထက် ဆူလွယ်နပ်လွယ်ကို ပိုစိတ်ဝင်စားကြတာများတယ် တယ်ထင်ပါတယ်။

    သယံဇာတများပြီး ဘာဖြစ်လို့ဆင်းရဲရလဲဆိုရင်တာ့ ပြောရခက်ပါတယ်။စီးပွားရေးအမြင် အားနဲပြီး အလေအလွင့်များလို့ထင်ပါတယ်။

  • that naing oo

    August 4, 2011 at 11:48 pm

    ကျွန်တော်ကတော ့ ဘာမှတော ့မပြောချင်ပါဘူး….ဟုတ်နေတာကိုးဗျ

  • pan pan

    August 5, 2011 at 9:16 am

    “ဝမ်းနည်းစရာကောင်းလောက်အောင် တွေ့ကြုံရတာ
    ကလေးသူငယ်များမှာ ဘတ်စ်ကားစပယ်ယာ
    သတင်းစာ ရှောက်သီးဆေးပြား ရေခဲချောင်းနဲ့ မြေပဲလှော်ပါ
    တကြော်ကြော်အော်ကာ ရောင်းနေရရှာ
    ရသမျှအမြတ်ကလေးများနဲ့ ရောင့်ရဲတင်းတိမ်နေတာ
    ပညာ..ပညာ…ပညာမရှိလို့ အခုလိုဖြစ်ရတာ” (ဆရာကြီးအောင်သင်း မြောက်ဥက္ကလာ ဈရပ်ကွက်ဟောပြောပွဲမှာ ဆိုသွားတဲ့သီချင်းပါ၊ အလိုက်က မီးဘေးရှောင်လို့ မလောင်ခင်တားကြပါအလိုက်)

    ——————————————————————
    အရာရာအောက်ကျနေတာက ကျွန်စိတ်ရှိတဲ့လူတွေ များနေလို့။

  • yaungchikha

    August 5, 2011 at 10:21 am

    ဘွဲ့ရ၊ အလုပ်လက်မဲ့ဆိုတာက နိုင်ငံတိုင်းမှာရှိနိုင်ပါတယ်၊ ကျမတို့ နိုင်ငံမှတင်မဟုတ်ပါဘူး၊ ရထားတဲ့ ဘွဲ့နဲ့ အခုကိုယ်လုပ်နေရတဲ့အလုပ်က ကျမတို့ သာမာန်လူလတ်တန်းစားတွေအတွက် တခြားစီဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်ရပ်တည်တဲ့နေရာမှာ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နိုင်ရမယ်လို့ထင်ပါတယ်……..

  • zawthulay

    August 5, 2011 at 1:38 pm

    ဒီလောက်သယံဇာတာတွေပေါပြီး မချမ်းသာတာလည်းဆိုတော့ ကျွန်တော့်အထင် သူတို့ တရုတ်နဲ့အိန္ဒယ ကိုရောင်းပြီးသွားပြီထင်တယ် .. မြန်မာပြည်ရဲ့ နေရာတိုင်းမှာ တရုတ်ပိုင်နဲ့ အိန္ဒိယပိုင်တွေချည်းပဲ .. ကျွန်တော်တို့နေတဲ့နေရာတောင် တရုတ်ပိုင်လို့ပြောတာပဲ.. ပညာရေးကတော့ ပြောချင်တော့ဘူး.. ဘာလို့ဆိုတော့ ဒီမှာ အထက်တန်းဆိုတဲ့အဆင့်က ဟိုမှာအောက်ဆုံးရှိသေးတယ်.. စာမေးပွဲဖြေဆိုတာလည်း ကျက်ဖြေချည်းပဲ.. ဆိုတော့ လူငယ်တွေရဲ့စိတ်ဓါတ်တွေ သေးသိမ်နေတာလဲ အဲဒါကြောင့်တွေပဲ..

  • zawthulay

    August 5, 2011 at 1:39 pm

    ဒီလောက်သယံဇာတတွေပေါပြီး မချမ်းသာတာလည်းဆိုတော့ ကျွန်တော့်အထင် သူတို့ တရုတ်နဲ့အိန္ဒယ ကိုရောင်းပြီးသွားပြီထင်တယ် .. မြန်မာပြည်ရဲ့ နေရာတိုင်းမှာ တရုတ်ပိုင်နဲ့ အိန္ဒိယပိုင်တွေချည်းပဲ .. ကျွန်တော်တို့နေတဲ့နေရာတောင် တရုတ်ပိုင်လို့ပြောတာပဲ.. ပညာရေးကတော့ ပြောချင်တော့ဘူး.. ဘာလို့ဆိုတော့ ဒီမှာ အထက်တန်းဆိုတဲ့အဆင့်က ဟိုမှာအောက်ဆုံးရှိသေးတယ်.. စာမေးပွဲဖြေဆိုတာလည်း ကျက်ဖြေချည်းပဲ.. ဆိုတော့ လူငယ်တွေရဲ့စိတ်ဓါတ်တွေ သေးသိမ်နေတာလဲ အဲဒါကြောင့်တွေပဲ..

  • Mee2

    August 5, 2011 at 2:29 pm

    ကျွန်မအမြင်လေးတခုကိုပြောချင်ပါတယ်။အပြစ်ဖြစ်ပြီး ဟိုငြိသည်တိုက်ဖြစ်ခဲ့ပါရင် နားလည်ခွင့်လွှတ်ပေးကြစေချင်ပါတယ်နော်။ဆရာ၊ဆရာမတွေဆိုတာ ခုရောနောင်ပါဆက်ရှိနေကြမှာပါ။ဒါပေမယ့် စဉ်းစားလို ့မရတာတခုက မြန်မာပြည်မှာ အမြင့်ဆုံးလို ့သတ်မှတ်ထားတဲ့ ဆယ်တန်းမှာ တစ်ဘာသာ ပျမ်းမျှခြင်း လေးဆယ်၊တချိ ု့ ငါးဆယ် (ရမှတ်နော်)ရတဲ့ သူတွေ ကျောင်းဆရာ ဆရာမ ဖြစ်လာတယ်။အဲဒီထဲမှာ မသမာခိုးချတဲ့နည်း၊တံစိုးလက်ဆောင်ထိုးသိပ်တဲ့နည်းနဲ ့ဆရာဖြစ်လာသူတွေရှိနေတယ်။အမှန်တွေနော်။ဒီလို သူတွေ ကို ဆရာအဖြစ်ခန် ့တဲ ့သူတွေကပိုတော် တာလား၊ဆရာလုပ်မယ့်သူတွေကပို ချော် သလား စဉ်းစားပေးကြပါရှင်။အမှန်တော့ ကျွန်မတို ့ရဲ ့အနာဂတ် ကလေးတွေ အတွက် ရင်လေးစရာပါ။ပညာရေးစနစ်ကို တိုင်းတာမယ့် စံပေတံ ကျိ ုးသွားပီ ထင်ပါရဲ ့နော်

  • moethidasoe

    August 5, 2011 at 3:55 pm

    တို့ ငယ်ငယ်ကလေးက စလို့ တက္ကသိုလ် ပြီးတဲ့အထိ ကျူရှင် ဆိုတာ မရှိခဲ့တဲ့ ကာလပါ
    ဆယ်တန်းတုန်းကဆို နယ်မှာ ဆိုတော့ ကျောင်းမှာ သင်ပေးလိုက်တာ စိတ်ထဲ မရှင်းရင် ဆရာမ အိမ်ကို လိုက်ပြီး မေးလို့ ရတယ် .. တပြားမှ မပေးရဘူး ..
    အဲဒီတုန်းက ဂုဏ်ထူးထွက်တော့ ဆရာမက တယောက်ကို ၁၀ဝ ကျပ်စီ ဆုချတယ် (အဲဒီတုန်းက ဆရာမ လစာ ၄၄ဝ ကျပ်) .. ဖူလုံအောင် သုံးလို့ ရတဲ့ အချိန် ဖြစ်တယ် .. နာ သုံးနာကို လိုက်နာကျင့်သုံးဖို့ အဆင်ပြေနေသေးတယ်
    အခုတော့ .. နာသုံးနာထက် ဗိုက်နာတာက ပိုလာတော့ သင်ကြားရေးမှာ အာရုံစိုက်ဖို့ အားနည်းလာတယ်
    ဗိုက်နာတာ ကုဖို့ ကြိုးစားရင်းနဲ့ အဲဒီအကျင့်အချို့က အသားသေသွားလို့
    နောက်တချက်က ကျောင်းသားတွေကလဲ မိဘတွေကြောင့် ကျူရှင်ဆိုတာကို တက်ရပြန်ရော .. ဒါနဲ့ပဲ
    ပညာရေးက ထင်သလို မဖြစ်လာပြန်
    နောက်ပြီး ဆယ်တန်းနောက်ပိုင်း ဆက်တက်ရတဲ့အခါမှာ ရွေးချယ်ရေးကို သက်ဆိုင်ရာတက္ကသိုလ်တွေက မလုပ်ရပဲ ပညာရေးဝန်ကြီးဌာနကပဲ ရွေးချယ်ပေးတာ ဖြစ်နေတယ်
    ဒီတော့ ဆရာဝန် မဖြစ်ချင်ပဲ ဆရာဝန် ဖြစ်ချင်စိတ်မရှိပဲ မိဘ တိုက်တွန်း အမှတ်မီ တဲ့လူတွေဆေးကျောင်း ရောက်လာတယ် .. ကျောင်းပြီးတော့ ဆရာဝန်ကောင်း ဖြစ်မလာဘူး (တော်တဲ့ ဆရာဝန်တော့ ဖြစ်ကောင်းဖြစ်မယ်)
    ဒီလိုပဲ တခြားဘာသာရပ်တွေမှာလဲ ဖြစ်နေတယ်
    ကိုယ် စိတ်ဝင်စားလို့ တက်ချင်တဲ့ ဘာသာရပ်ကို တက်ခွင့်ရမှ အဆင်ပြေမယ့် လောကမှာ
    အမှတ်ဆိုတာကြီးက လာ ချုပ်ထားတော့လဲ
    ဖြစ်ချင်တိုင်း မဖြစ် မဖြစ်ချင်တာ ဖြစ်တဲ့ လောကကြီးကို ပြုပြင်ချင်လို့ တယောက်ထဲက လုပ်လို့ မရတဲ့ အခြေအနေမှာ xxxxxxxxxxxxxxx

  • char too lan

    August 5, 2011 at 4:08 pm

    ဒီရွာထဲမှာပဲပြောပြောနေကြတာပါ
    ပညာရွှေအိုး လူမခိုး ရွှေအိုးရှိမှ ပညာရ တဲ့
    ကျနော်လဲ ဒါကျက်ဒါဖြေနဲ့အောင်ခဲ့ရတာဆိုတော့
    နောက်လူတွေကို ဘာလုပ် ညာလုပ်လို့ မပြောရဲဘူး 🙁

  • etone

    August 5, 2011 at 4:26 pm

    ကျွန်မတွေ ့ဖူးတဲ့လူဆိုလျှင် အတန်းပညာ အားဖြင့် ဘယ်နှတန်းမှ မနေခဲ့ရဘူး .. ။
    စီးပွားရေးလုပ်တာမှာ အရမ်းကို ကျွမ်းကျင်ပြီး အကွက်မြင်တယ်.. ။ အတန်းပညာမသင်ခဲ့ရပေမဲ့ … ဆိုရှယ်သုံးဖို့ … သင်ထားတဲ့ အင်္ဂလိပ်စာများ နေတစ်ဗ် စပီကာလား မှတ်ရတယ်.. လုံးဝကို လက်ဖျားခါတယ် ။

  • soethuya7

    August 5, 2011 at 6:33 pm

    အရင်ဆုံးမြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဓါတ်တွေကိုပြင်ရမယ်……

  • ရာဇဝင်လူဆိုး

    August 6, 2011 at 12:01 am

    အားလုံးရှု.ထောင်.ပေါင်းစုံက ဆွေးနွေးကြတာ အရမ်းကောင်းကြပါတယ်..။ အမြင်အမျိုးမျိုး နဲ. မတူတဲ.အတွေးတွေရလိုက်ပါတယ်..ဒါပေမယ်..တစ်ခုုခု တစ်ယောက်ယောက် ကို အပြစ်တင်နေမယ်. အစား.. ကျနော်တို. ဘာတွေဆက်လုပ်သင်.လဲ ဆိုတာ မတူတဲ.အတွေးတွေနဲ. ဖောက်ထွက်တွေးကြရအောင်ဗျာ…

Leave a Reply