မြန်မာနိုင်ငံ ရဲချုပ်အရည် အချင်း
တော်ပါတယ်….
အရမ်းကိုတော်ပါတယ်လို့ပဲ အသိအမှတ်ပြုပါရစေ။
သင်္ကြန်ဗုံးပေါက်ကွဲမှုကို ၂ ပတ် တည်းနဲ့ လက်ရ ဖမ်းဆီးနိုင်တယ်ဆိုတာကိုက တော်တော်ချီးကျူးသင့်တဲ့ အရည်အချင်း ပါပေပဲ။
ဟုတ်ပါတယ်။ ပေါက်ကွဲတဲ့ နေရာက ကျွန်တော်တို့ မမြင်နိုင်တဲ့ သဲလွန်စတွေကို ရှာဖွေပြီး ရအောင်ဖေါ်ထုတ်နိုင်ခဲ့ တာ နည်းနည်းနောနော အရည်အချင်းမှ မဟုတ်တာဗျာ။
ကွန်ဂရက်ကျူလေးရှင်းဆိုပြီး ကျွန်တော်တို့ အားလုံးချီးကျူးလိုက်ရအောင်……
“ ကွန်ဂရက်ကျူလေးရှင်းပါ”
သင်္ကြန်မှာ လူအများကြီးသေတာကို ၂ ပတ်နဲ့ ဖမ်းဆီးဖေါ်ထုတ်နိုင်တယ်ဆိုတော့ ဗဟန်းက (၅)လောင်းပြိုင် လူသတ်မှုဆိုရင်တော့ ၂ ရက်နဲ့များ ဖေါ်ထုတ်နိုင်လေမလားပဲ…..
ဒါပေမယ့် ၂ နှစ်သာပြည့်တော့မယ် ထင်တယ် အခုထိ မဖေါ်နိုင်သေးတာက ………..?????
2 comments
laypyay
May 8, 2010 at 4:58 pm
ခက်နေပါပြီ အကိုရယ်.. ကိုယ့် ရဲချုပ်တွေ အရည်ချင်းလဲ ကိုယ်သိနေတာ ပြောပါနဲ့ဗျ.. ဂုဏ်မြောက်နေပါမယ်..။
etone
May 10, 2010 at 9:48 am
ရှူးတိုးတိုးပြောပါ …..5လောင်းပြိုင်အကြောင်းလား ။ အီးမေလ်းတွေထဲမှာတောင် အဲ့ဒါက ပြန့်နေပြီလေ ကိုကျော်ကြီး အဲ့ဒီစာမရသေးတာဖြစ်ပါလိမ့်မယ် ။