Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပင်ညောင်ညို ကိုဆိတ်ဖွားရယ်…………………..

ညောင်ပင်တွေက အသက်ရှည်တာများပါတယ်။
နောက်ထူးခြားတာကတော့ ပင်စည်ကနေအမြစ်ဖြစ်တာပါဘဲ။
ဒီနေရာကလူတွေကတော့ ညောင်ပင်က ကျနေတဲ့အမြစ်ပွားတွေကို အောက်ကနေခြင်းနဲ့ခံထားပါတယ်။
ကျနော်မြင်ရတာတော့ တွဲလောင်းကျနေတဲ့ညောင်မြစ်က စုစုပေါင်း 5ခု

သဘာဝက ဖန်တီးတဲ့အလှက လူသားတွေတည်ဆောက်တာထက်အပုံကြီးသာပါတယ်။
ဒါကတော့ ဘေးဘက်ကမြင်ကွင်း။
ဒါလေးကတော့ ရှေ့တည့်တည့်က မြင်ရတဲ့ မြင်ကွင်းလေးပေါ့။
ဒါကတော့ အပေါ်ပိုင်းက လှပစွာ သဘာဝက ဖန်ဆင်းထားတာလေးပေါ့။
ဒါလေးကလဲအပေါ်ပိုင်း ပင်စည်တွေဖြာနေတဲ့ပုံပါဘဲ။
ဒါကတော့ ဘေးဘက်က အနီးကပ်။
ဒါကတော့ ရှေ့တည့်တည့်အနီးကပ်
ဒီအပင်တွေကအပေါ်ဆုံးအပင်က မိုးကုတ်မှာတစ်ပင်
မိုးကုတ်အသွားလမ်းက ရွှေညောင်ပင်ဆိုတ့နေရာ မှာတွေ့ရသပေါ့။

ဒီအပင်ကတော့ ဆပ်သွားဖူးပင်တဲ့ဗျာ။
အမြင့်ကြီး အသီးတွေတောင်ရှိနေသေးတယ်။
ဒီလောက်မြင့်တဲ့ ဆပ်သွားဖူးပင် ဒီတစ်ခါဘဲမြင်ဘူးသေးတယ်။
မထူးပေမယ့်လှတယ်ထင်လို့တင်ပေးလိုက်ပါတယ်။

18 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2011 at 11:20 pm

    ထူးဒယ် ထူးဒယ်
    ညောင်မြစ်ဒွေဂို ခြင်းနဲ့ ထည့်ထားဒါလဲထူးယ်
    ညောင်ဘင် အောက်မာ ဘာသီးဒွေလဲ ပိန္နဲသီးဒွေလားသိဘူး( ရောင်းဒါလား?)
    ညောင်ဘင်အောက်ဂ အလှူဂံဘုံးဂ အထူးဇန်းဇုံးဘဲ

  • ပိန္နဲသီးပါဗျာ။
    တစ်လုံးဝယ်လာပါတယ်။
    ကားပိသွားတော့မစားဘဲလွှင့်ပစ်လိုက်ရပါတယ်။
    ခင်ဗျားအစဖော်မှ ပိုတောင်နှမျောသွားပြီနော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2011 at 11:26 pm

    အပေါ်ဂနေရီရင်
    လေး ငါးခြောက်ပုံမြောက်ဂညောင်ဘင်ဆိုရင်
    ရွာဂို ရေလယ်သဒိရဒယ်
    ကျနော် ငယ်ငယ်ဂဆို ရွာမာ
    ညောင်ဘင်ဂျီး အဲ့ဒီထက် ကြီးဒယ်
    သရဲခြောက်ဒယ်ပြောဂျဒါ့ဘဲ ကျနော်ဒေါ့ ၁ ခါမ မထိဘူးဘူး
    ဒါဘေမဲ့
    အဲ့ဒီနေရာဂို
    ညဘက်ဖြတ်သွားလို့ ၈ရင် ဂဲလုံးဂို သေးနဲ့ပန်းဘီး
    ညောင်ဘင်ဂို ဂဲနဲ့ထုဘီးပြေးဒါ မှတ်မိဒယ်

  • MaMa

    August 6, 2011 at 6:09 am

    ပေါက်ပေါက်ရှာရှာ ကြည့်တတ် မြင်တတ်လို့ ကိုပေါက်လို့ နာမည်ရတာ ဖြစ်မယ်။ 🙂 ဘယ်မှာများတွေ့လာပါလိမ့်။ ထူးထူးဆန်းဆန်း။
    ဆပ်သွားဖူးပင်ကလည်း မြင်တော့ မြင်ဖူးတယ်။ ဆပ်သွားဖူးပင်မှန်း မသိဘူး။ ကိုပေါက်ပြောမှပဲ သိတော့တယ်။

  • မမရေ
    ပထမ ခြင်းခံထားတဲ့ညောင်ပင်က မိုးကုတ်မိုတယ်ကနေ တောင်ဘက်ကိုသွားတဲ့လမ်းမှာ။
    နောက်ညောင်ပင်ကြီးကတော့ မိုးကုတ်သွားတဲ့လမ်းကရွှေညောင်ပင်မှာ။
    ဒီထက်ဆန်းတာက ညောင်ပင်အခေါင်းထဲကို နောက်ထပ်သစ်ပင်တစ်ပင်က ဝင်ပေါက်နေတော့ ငုံထားသလိုဖြစ်နေတာ။
    ကားဆရာက ရပ်မပေးလို့ ဓါတ်ပုံမရိုက်ခဲ့ရဘူး။
    မမပြောတာမှန်တယ်။
    အဘွားက ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် ကိုပေါက်လို့ခေါ်တယ်။
    သူငယ်ချင်းတွေကတော့ ပေါက်ကရပြော ပေါက်ကရလုပ်လို့ ကိုပေါက်လို့ခေါ်တယ်။
    အခုကင်မရာလေးကဈေးပေါလို့ကိုင်နိုင်တော့ ပေါက်ကရ ပါရိုက်လို့ရသွားတာပေါ့ဗျာ။

  • etone

    August 6, 2011 at 10:08 am

    ဆပ်သဖူးဆိုတာ ဒါမျိုးကိုး .. သီချင်းထဲမှာသာ ကြာဖူးတာ ဘယ်လိုပုံလဲ မမြင်ဖူးဘူး လေးပေါက်ရဲ့ ။
    ညောင်ပင်ရဲ့နွယ်က ပင်စည်ကနေ အမြစ်ပြန်ဖြစ်တာ ထူးခြားတဲ့မြင်ကွင်းလေးပါ .. ကျေးလက်ဒေသမှာပဲ တွေ့နိုင်တာမို့ … မြင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ။

  • aungnng87

    August 6, 2011 at 10:36 am

    ကိုယ်ကြားဖူးတာတော့ ဆပ်သဖူးကတရုံ၂ရုံ ကျေးတွေကအုံ…ဆို.။ ခုတော့ဘဲ့နှယ့် ထန်းပင်ကြီးကျနေပါလား။
    ညောင်မုတ်ဆိတ်တွေကိုသေသေချာချာ စည်းပြီး အောက်ကနေ ခြင်းနဲ.ခံထားသေးတယ်။ခြင်းထဲမှာကမြေကြီးတွေလား။ သာယာတယ်နော်။ အဲနားမှာသွားထိုင်ကြည့်ချင်တယ်။ လေလေးကတဖြူးဖြူး။ ဘေးကမြက်ခင်းလား ၊ စပါးခင်းလား။ မြေသင်းနံ.ကပျံ့ပျံ..။ လွမ်းတယ်ကွယ်…..

  • စုံ စုံ

    August 6, 2011 at 11:12 am

    လေးပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ထားတာတွေကို
    ကျမတို့ကမျက်စိဆော့ပြီးလိုက်လိုက်ကြည့်နေတာ
    နေရာစုံကိုရောက်ဖူးသွားတာဘဲ
    ကိုယ့်ဘာသာကြည့်ရင်ညောင်ပင်ဘဲမထူးဆန်းဘူးဆိုပြီးနေမှာ
    အခုလေးပေါက်ရိုက်ပြမှာဘဲသေသေချာချာသဘာဝတရားကို
    ခံစားမိနေတော့တယ်
    ရှဲရှဲနီနော်လေးလေးပေါက်

  • ဟုတ်တယ်ဗျ ကျနော်တွေ့ဘူးတဲ့ဆပ်သွားဖူးပင်ကလဲ
    အုံလိုက်ကြီးတွေ မြေပြင်မှာပေါက်နေတာ။
    အခု မြင်ရတာဆန်းလို့မေးကြည့်တော့
    ဆပ်သွားဖူးပင်တဲ့။
    အဲဒါနဲ့တင်ပေးလိုက်တာ။
    အဲဒီနေ့က မိုးတွေရွာတော့ ပုံကြည့်ရတာနည်းနည်းလေးမဲနေတယ်။

  • manawphyulay

    August 6, 2011 at 1:09 pm

    ဒီလိုအပင်ကြီးမျိုးတွေ ရန်ကုန်မှာတဖြည်းဖြည်းရှားလာပြီနော်။ အပင်ရိပ်က အတော့်ကို အေးချမ်းမှာပါပဲ။ အဲလိုအပင်အောက်တွေ့ဆိုရင် ရန်ကုန်မှာ ဈေးဆိုင်တွေ တန်းစီနေမှာမြင်ယောင်သေးတယ်…..

  • windtalker

    August 6, 2011 at 1:35 pm

    မျက်လုံး ကို အေးသွားတာပဲ
    ကြည့်ရတာ စိတ်ချမ်းသာ လိုက်တာဗျာ
    ကိုပေါက် ရဲ ့ကျေးဇူးတော် တွေ နဲ ့မို ့
    အခုလို မြင်တွေ ့ခွင့်
    သိခွင့်ရတာ မို ့
    အရမ်းကို ကျေးဇူးတင်မိသဗျာ
    ကျေးဇူး ပါပဲ နော်
    အန်ကယ်ပေါက်

  • hmee

    August 6, 2011 at 8:12 pm

    လေးပေါက် ဒီမှာလည်း ညောင်ပင်တန်း ရှိတဲ့လမ်းရှိတယ်။ ဦးနုလမ်းတဲ့ ဝန်ကြီးချုပ်ဦးနု လာတုန်းက မြန်မာပြည်က မျိုးယူပြီး စိုက်ပေးခဲ့တာတဲ့။ ဟာဇီးလီးယားဆိုတဲ့ မြို့မှာ ရန်ကုန် ဝင်ဒါမီယာလို ရပ်ကွက်ပေါ့။

  • မမှီလည်းအဲဒီမှာရှိနေတုန်းဓါတ်ပုံတွေရိုက်တင်ပေးသင့်တယ်လို့ထင်ပါတယ်။
    မရောက်ဘူးသူများအတွက် ဗဟုသုတပေါ့ဗျာ။

  • hmee

    August 6, 2011 at 9:45 pm

    လေးပေါက်ကို အားကျလို့ အခုတလော ခရီးသွားရင် မှတ်တမ်းပုံတွေရိုက်ထားတယ်။ တော်တော်များနေပြီ။ လေးပေါက်ရေ တင်မှာပါ အခုတော့ မဟုတ်သေးဘူးနော်။ တင်တဲ့ အခါကြရင် ဆက်တိုက်ကို တင်ပြစ်လိုက်မယ်။ 🙂 😛

  • ဒီမှာတော့ ပုံတင်မယ်ဆိုရင် ကော်နက်ရှင်ကောင်းမှတင်လို့ရတယ်။
    ပုံအတင်ကောင်းတဲ့နေ့ဆို စာမရေးဖြစ်တော့ဘူး။
    စာအညွှန်းလေးတွေကလဲ လှတပတဖြစ်အောင်ထည့်ချင်တယ်ဆိုတော့ ပိုစ်တပုဒ်ရေးတာထက်တောင်
    ကြာတယ်ထင်သေးတာပဲဗျ။
    ကိုပေါက်က ဝါသနာရှင်ပါဗျာ။

  • pooch

    August 7, 2011 at 12:51 pm

    လေးပေါက် ရယ် ကိုဆိတ်ဖွားကို ကြည့်ဖို့ နာရီဝက်စောင့်လိုက်ရတယ် ဒါပေမဲ့ စောင့်ရကျိုးနပ်သွားတယ် ဒီရက်ပိုင်း အနော့်အိမ်ကလိုင်းဘယ်လို ဖြစ်သွားတယ် မသိဘူး ခါတိုင်းထက်ကို ပိုဆိုးတယ်… ဟင်း…. ပြောချင်တော့ပါဘူး… လေးပေါက် ရဲ့ စိတ်ရှည်နိုင်စွမ်းရည် သီးခံနိုင်စွမ်းလေးများ ရရင် ခဏလောက်ငှားချင်တယ် အင်တာနက်သုံးရင် သုံးဖို့…..

  • pan pan

    August 8, 2011 at 10:44 am

    ဆပ်သဖူးပင်ဆိုတာ ခုမှမြင်ဖူးတော့တယ်
    အစက ချုံပုတ်လား၊ အပင်ငုတ်စိလား
    သရက်ပင်လိုလား ဘာမှန်းကိုမသိတာ
    ဒါပေမယ့် ဒီလိုထန်းပင်လိုပုံမျိုးဖြစ်လိမ့်မယ်လို့ ထင်တောင်မထင်မိဘူး

  • AKKO

    August 8, 2011 at 12:50 pm

    ရွာတွေ မရောက်ဖြစ်တာ ကြာလို့ ဒီလို မြင်ကွင်းမျိုးတွေ မတွေ့ရတာ ကြာပြီ ။ ကျေးဇူးတင်တယ် ကိုပေါက်ရေ။

Leave a Reply