Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဖရိကသို့ ဗုဒ္ဓသာသနာ ပြန့်ပွားပြီ

Good IdeaAugust 6, 20111min50212

အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို
၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့
အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁ဝ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို
နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ
အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး
ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကို
ဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး
စားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာ
အတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်း
လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့
အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။
သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကို
တွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာ
ဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။
ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှ
မှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်
တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာ
သူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့
ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။
ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။
ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်
နတ်ကောင်း နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)

အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေ
အားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ
ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့
စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့
လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်
Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်
သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာ
ဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကို
ရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။

တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ Tathagata
Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့
သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့
သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့
သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော
ရဟန်းဘဝကို ခံယူလိုက်တယ်။

ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံ
တောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို
ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။
မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကို
အားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှ
မရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်း
စားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။
နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာ
ပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊
သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံ
ဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်
၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း
အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်
အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေက
သူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့
ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်
ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။

အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တဩဖြစ်ရတယ်။
သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်
ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့
သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူ
စိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။

ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့
မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်
အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့
ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကို
ဖွင့်လစ်နိုင်ခဲ့ပါတယ်။

သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲ
အမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်
ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး
တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော
အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်း
သိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ
ချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ
ဖြစ်လာကြပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့
ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊
သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွ
အဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက
စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံ
စနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာ
ဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့
မယ်တော်ကြီးက အလွန်တရာ အံ့ဩခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း
စက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်း
ရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာ
ရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်
ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကို
တာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။

အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး
လောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်
ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်း
သားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊
နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကို
တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့
အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။

ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ
ညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံး
တတ်ရောက်ခွင့်ရခဲ့ပါတယ်။
King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooro
ဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီး
ဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။

ယူဂန်ဒါနိုင်ငံ Kampala
မြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်
ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက်
တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့
ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့
ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာ
လေ့လာနိုင်ပါတယ်။
Uganda Buddhist Centre
Plot 31, Garuga Road, Bulega, Entebbe
P.O.Box 16650, Kampala
UGANDA
Telephone: +256-(0)414-662203
Mobile phone: +256-(0)782-159985
E-mail : ugandabuddhistcentre@gmail.com
Web site: http://www.ugandabuddhistcentre.org

စာကြွင်း
စစ်ကိုင်း၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်
 နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီး တွင်
ဥိးဇင်းနှင့် ထိုဆရာတော် ဆုံဖြစ်ခဲ့ပါသည်
ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့်
ထေရဝါဒဗုဒ္ဓဘာသာဝင် လူဥိးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်း
သိခဲ့ရပါသည်။

ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ ကုသိုလ်တရား ပွားများနိုင်ရန်ရည်ရွယ်၍ အရှင် ဝရသာမိ၏ ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။

အားလုံးကို လေးစားလျှက်…

Good Idea

12 comments

  • kai

    August 6, 2011 at 1:40 am

    ဘာရယ်မဟုတ်ပါဘူး..။ အရှင်ကောဝိဒ မန္တလေးဂေဇက်အတွက်ရေးပေးဖူးတဲ့..စာတပုဒ်သတိရမိလိုက်လို့..။
    အောက်မှာ..မူရင်းအတိုင်း.. ကုဒ်လိုက်ပါကြောင်း… 🙂
    အာဘော်မှာ..မိမိတို့နှင့်မသက်ဆိုင်ကြောင်း..။ မသိကြောင်း..။ မရှိကြောင်း..။ ကြောင်း..ကြောင်း…။ 🙂
    =================================

    စာရေးသ ူရန်ကုန်နေတုန်းက “အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော်”ဆိုပြီးဘုတ်အကြီးကြီးတွေ ကျောင်းတွေရဲ့ဝင်ဝမှာလည်းကောင်း၊ သူတို့စီးတဲ့ကားမှန်မှာရေးထားတာတွေ တွေ့တော့ တော်တော့်ကိုအထင်ကြီးမိပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ “ငါတို့နိုင်ငံကဆရာတော်တွေ ကမ္ဘာအရပ်ရပ်ကိုလှည့်ပြီး ငါတို့ရဲ့သာသနာစည်ပင်ထွန်းကားလာအောင်လုပ်ဆောင်နေကြတယ်”လို့တွေးပြီးတော့ပါ။

    စာရေးသူအမေရိကန်ပြည်ထောင်စုကို ဒုက်ခသည်ဘဝနဲ့မတော်တဆရောက်လာပြီးတဲ့နောက် မြန်မာပြည်မှာ တွေးခဲ့တဲ့အတွေးနဲ့လက်တွေ့အမြင်နဲ့က ကွာဟနေလို့ပါ။ ဘာကြောင့်လဲဆိုတော့ ထိုဆိုင်းဘုတ်အကြီးကြီးတွေနဲ့ဆရာတော်တွေက အမေရိကားကိုလာ၊ အမေရိကားမှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာ နှစ်ပတ်တစ်လသီတင်းသုံးပြီး မြန်မာပြည်နဲ့အလှမ်းဝေးပြီး အမေရိကားမှာနှစ်ရှည်လများ နေထိုင်ကြတဲ့မြန်မာပြည်သား အနည်းငယ်ကိုသာတရားဟောပြီး အလှူဝတ္ထုတွေယူပြီးပြန်သွားကြတာကိုပါပဲ။ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုစိတ်နဲ့ရေးသားတာမဟုတ်ပါ။ တို့မြန်မာဘုန်းတော်ကြီးတွေ တစ်ခုခုလိုနေသေးတယ်ဆိုတာကို အားမလိုအားမရဖြစ်မိလို့ရေးလိုက်ခြင်းသာဖြစ်ကြောင်း စာဖတ်ပရိသတ်များနားလည်စေလိုပါတယ်။
    http://myanmargazette.net/12088/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit

    • MaMa

      August 6, 2011 at 1:51 pm

      လောကသဘာဝမို့ ရဟန်းတော်တွေထဲမှာလည်း အရိယာတွေချည်း မဖြစ်နိုင်တာပါ။ ကောင်းအောင်လုပ်နေတာတွေလည်း ရှိတာမို့ မကောင်းတာကိုမကြည့်ပဲ ပံ့သကူကောက်သလို ကောင်းတဲ့အချက်လေးတွေကို ရွေးချယ်ကြည့်ပြီး မေတ္တာပွားရမယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။ အဲသလိုပဲ နိုင်ငံရပ်ခြားမှာ ဒုက္ခအမျိုးမျိုးခံပြီး (ဗုဒ္ဓဘာသာဝင်ရှားပါးလို့ ဆွမ်းကွမ်း ရှားပါးတယ်။ ဝိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ အခက်အခဲတွေ ရှိတယ်။) အမှန်တကယ် သာသနာပြုနေကြတဲ့ ရဟန်းတော်တွေ အများကြီး ရှိပါတယ်။
      သီလ၊ သမာဓိ၊ ပညာ ပြည့်ဝတဲ့ ရွှေတောင်ကုန်းဆရာတော်ကြီး ဦးပဏ္ဍိ တည်ထောင်ထားတဲ့ အမေရိကန်က Tathagata Meditation Center TMC ရဲ့ သာသနာပြုနေတာတွေကို ချွင်းချက်မရှိ အပြည့်အဝ သက်ဝင်ယုံကြည်ပါတယ်။
      ယခုလို ယူဂန်ဒါနိုင်ငံမှာ သာသနာပြန့်ပွားအောင် ခက်ခက်ခဲခဲနဲ့ ဆောင်ရွက်နိုင်ခဲ့တာကို သာဓုခေါ်ပါတယ်။

  • pannu

    August 6, 2011 at 1:58 am

    ဒီပို့စ်လေး ဖတ်ရတာ ကြည်ကြည်နူးနူးဖြစ်မိပါတယ်
    လူမျိုးခြားတစ်ယောက် လုပ်ခဲ့သလို မလုပ်နိုင်သေးပါလားလို့ သံဝေဂ လဲရမိပါတယ်
    သတိပေးနေသလိုမျိုးလဲ ခံစားလိုက်ရပါတယ်

  • shwe ni

    August 6, 2011 at 4:38 am

    ကြည်နူးစရာကောင်းလိုက်တာ ဆရာတော် ကြည့်ရတာအရမ်းအေးချမ်းတာ ပဲ
    အခွင့်အရေးရမယ်ဆို မြန်မာမှာပဲ နေချင် သီ တင်းသုံးချင် ပါတယ်ဆိုတဲ့ ရဟန်းတော်ရယ် အမေရိကန် ဆရာလေး တပါးရယ်နဲ့တွေ့ဘူးတယ်

  • yaungchikha

    August 6, 2011 at 10:47 am

    ပီတိဖြစ်မိပါတယ်၊ ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင် စွမ်းဆောင်ပေးတဲ့ ဆရာတော်ကိုလည်း ဒီနေရာနေ ဦးခိုက်ရှိခိုးလိုက်ပါ၏။……

  • aungnng87

    August 6, 2011 at 10:59 am

    လူတွေဟာ သူ.ကံနဲ့သူ၊ သူ.ပါရမီနဲ.သူလာတာကြီးပါဘဲ။ ဖြစ်ချိန်တန်လို.ဖြစ်ရမယ်ဆိုရင် ဘယ်အရာကမှတားဆီးလို.မရပါဘူး။ ဖြစ်ချိန်မတန်သေးဘူးဆိုရင်လည်း ဘယ်လောက်ကြိုးစားကြိုးစားမရနိုင်သေးပါဘူး။ ဒီဆရာတော်ဆိုရင်အာဖရိကလိုနေရာမျိုးမှာမွေးဖွားလာတာပါ။ဗုဒ္ဒဘာသာ သာသနာပြုဖြစ်ရမဲ့အကြောင်းပါလာတော့.အိန္ဒိယရောက်သွားရတယ်။ သူသွားတာကပညာသင်သွားတာ..။
    ဗုဒ္ဒဘာသာရေးအတွက်သွားတာမဟုတ်ဘူး။ ဟိုကျတော့ထိုင်းကဆရာတော်တွေနဲ.တွေ.ရတာ.။ ဘာဘဲပြောပြောဗုဒ္ဒဘာသာအတွက်တော့ဂုဏ်ယူစရာပေါ့။

  • ဆူး

    August 6, 2011 at 8:33 pm

    ဆရာတော် ရဲ့ အလုပ်အတွက် ဝမ်းမြောက်ဝမ်းသာ သာဓု ၃ကြိမ် ခေါ်ဆိုပါတယ်။
    သူများ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်တာ.. ပါရမီ အထုံ ပါခဲ့လို့ ဖြစ်ပါလိမ့်မယ်။

  • nature

    August 6, 2011 at 8:35 pm

    ဗုဒ္ဓဘာသာဝင် တစ်ဦးမှ မရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်း
    စားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်း သိလျှက်နှင့် သာသနာပြုဖို့ ဆုံးဖြတ်ခြင်းမှာ ဗုဒ္ဓတရားတော်များကို လေးနက်စွာ ယုံကြည်လေးစားသူတယောက်အဖြစ် လေးစားမိပါသည်။
    ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု။

  • weiwei

    August 8, 2011 at 10:35 am

    ဖတ်ရင်းနဲ့ စိတ်ကြည်နူးမှုဖြစ်ရပါတယ် … သာဓု သာဓု သာဓု

  • padonmar

    August 8, 2011 at 11:18 pm

    ဆရာတော် အရှင်ဗုဒ္ဓရက္ခိတကို လေးစားမိပါတယ်။
    ဒီစာတင်ပေးတဲ့ Good Idea ကိုကျေးဇူးတင်ပါတယ်၊သာဓုပါ၊

  • zoe

    August 8, 2011 at 11:57 pm

    စိတ်ဝင်စားသူ များ ဆရာတော် သီတင်းသုံး နေတဲ့ ယူဂန်ဒါ က ကျောင်းနေရာကို FACEBOOK ပေါ်မှာ UGANDA BUDDHIST CENTRE page ကို “like” လုပ်ပြီး ဖူးမျှော် နိုင်ပါတယ် ။

  • pan si

    August 9, 2011 at 10:37 am

    ဗုဒ္ဓဘာသာပြန့်ပွားလာတာ…ဝမ်းသာစရာသတင်းပါ..shre လိုက်ပီနော်

Leave a Reply