N+ 050811 မြန်မာနိုင်ငံဆင်းရဲရခြင်း

natureAugust 6, 20111min50422

စိတ်ဝင်စားသူများအောင် မဲဆွယ်တဲ့ အနေနဲ့ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တပ်ထားပါတယ်။

အခုပိုစ့်ကို ရက်လနှစ်နဲ့ ခေါင်းစဉ်တပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ၈လ ၂၀၁၁ကို 8/11 လို့ရေးပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်တော့ နောက်လ ၉လဆို 9/11 လို့ရေးရင် ဘင်လာဒင်နဲ့မှားပြီး ဝိုင်း သမကြမဲ့ ရွာသားများကို ကြောက်လို့ ကိုယ်အန္တရာယ်ကြိုကာကွယ်တဲ့ အနေနဲ့ ပြောင်းလိုက်တာပါ။

ကြိုတင်ပြီး စကားခံ လိုတာကတော့ ကျနော်ဟာ ပညာရှင်တဦး မဟုတ်ပဲ ကိုယ့်ဘဝ အတွေ့အကြုံက ရရှိလာတဲ့ ထင်မြင်ချက်ကလေးတွေကို ရေးခြင်းဖြစ်လို့ မှားတာ အားနဲချက်တွေရှိတာတွေရှိရင် ခွင့်လွှတ်သီးခံဘိ်ု့ တောင်းပန်ပါတယ်။ (သီးမခံပဲ ကွန်မန့်ပေးလဲ ၃ပွိုင့်ရတယ် 🙂  )

မကြာမီက မြို့ပတ်ရထားခတွေတက်မယ်။ပန်းဆိုးတန်း-ဒလ ကူးတို့ကူးခကိုယခင် ကျပ် ၁ဝ ကောက်ခံလျှက်ရှိရာမှ ယခု ဩဂုတ်လ တစ်ရက်မှ စတင်၍ ကျပ် ၅ဝ သို့ပြောင်းလဲ ကောက်ခံလျှက်ရှိပါတယ် ….လို့ပါလာပါတယ်။ တကယ်ဆိုရင် ၁ဝနဲ့ ပုဂ္ဂလိကတွေ ဆွဲမယ်ဆိုရင်ပြုတ်တာကြာပါပြီ။ သဘောင်္ဝယ်တဲ့စရိပ် ၊ ဒီဇယ်ဆီ၊ ဝန်ထမ်းတွေအတွက် စားလောက်ပြီးသင့်တင့်မျှတတဲ့ စရိပ်  နဲ့ အခြားစရိပ်တွေအာလုံးးတွေထည့်ပေါင်းလိုက်ရင် ၅ဝ ကျပ်ဆိုတာကရောမြတ်ပါသလား။ သင်္ဘောပြင်ဆင်ဘို့ ဒေါက် တက်ဖို့စရိပ်ကိုရော ကာမိပါသလား။၅ဝကျပ်  ဆိုတဲ့နှုန်းကို များတယ်ဆိုရင် ၅ဝနှုန်းနဲ့ ပြေးနို်င်မဲ့ ပုဂ္ဂလိကတွေကို ဖိတ်ခေါ်လိုက်ပါ။ ကားခတွေတက်ရင် လစာတွေလည်းတက်လာပါလိမ့်မယ်။

ဒါပေမဲ့ အစိုးရဆီက အမြဲ ဈေးသက်သက်သာသာနဲ့ ရလာတဲ့ပြည်သူတွေရဲ့ အရိုးစွဲနေတဲ့ အယူအဆကို ပြင်ရတော်တော်ခက်ပါလိမ့်မယ်။

စီးပွားရေးကို စီးပွားရေးဆန်ဆန် အာဏာမသုံးပဲ တူညီသော ယှဉ်ပြိုင်မှုနဲ့လက်ရှိ အခြေအနေကို မှန်မှန်ကန်ကန် နားလည်းပြီး လုပ်မှ စီးပွားရေးသဘောကို နားလည်နိုင်ပါတယ်။ အာဏာကြီးပြီး ကိုယ်လုပ်တိုင်းဖြစ်နေရင် စီးပွားရေးသဘောကို နားလည်ဖို့ခက်ပါတယ်။ တကယ်ဖြစ်ပျက်နေတဲ့ လက်ရှိပေါက်ဈေးတွေကို အာဏာနဲ့ မသတ်မှတ်ပဲ စီးပွားရေးအရ ဖြစ်သင့်တာတွေကို အမှန်အတိုင်း နားလည် သဘောပေါက်လက်ခံဘို့ လိုပါတယ်။

လူမှုရေး၊ စီးပွားရေးတွေလုပ်တဲ့အခါ အများစုဟာ ကိုယ့်ဘက်ကို သာကိုယ်ကြည့်တတ်ကြပါတယ်။ ဥပမာ- ဈေးဝယ်တဲ့သူဖြစ်ရင်ဈေး အသက်သာဆုံး အပေါဆုံး နဲ့ လိုချင်တယ်။ ဈေးရောင်းတဲ့သူ ဖြစ်ရင် အမြတ်များများနဲ့  ရောင်းချင်တယ်။၂ဘက်စလုံကကြည့်ရင်မှန်ကန်တဲ့ မျှတတဲ့နှုံးတခုဖြစ်ဖို့ အရေးကြီးပါတယ်။

အရောင်းအဝယ်လုပ်တယ်ဆိုတာ ထိုက်သင့်တဲ့ အကျိုးအမြတ်တခု ရ ရပါမယ်။ ဝယ်ရင်းဈေး ၊ သယ်ယူပို့ဆောင်စရိပ် ၊ ငွေတိုး ၊ လုပ်သားခ ၊ ဝန်ထမ်းစရိပ်စတဲ့ စရိပ်အားလုံးပေါင်ပြီး ထိုကသင့်တဲ့  အမြတ် ရာခိုင်နှုံးတခု တင်ရောင်း ရပါတယ်။ ဒါကတော့ရိုးရိုးရှင်းရှင်း  ဝယ်ရောင်းသဘောကို ဝယ်ရောင်းလုပ်နေတဲ့ သူတွေက သင်စရာမလိုပဲ လုပ်ငန်းလက်တွေ့ အတွေ့အကြုံ အရ ကျွမ်းကျင်ပြီးသားပါ။

ဝယ်ရင်းဈေး ထက် ရောင်းဈေးက ပိုရင်မြတ်မယ်။ ဝယ်ရင်းဈေးထက် ရောင်းဈေးက နဲရင်ရှုံးပါတယ်။ ရှုံးရင် ဆင်းရဲမယ်။ မြတ်ရင်ချမ်းသာမယ်။ ဒါရိုးရိုးရှင်ရှင်း လူတိုင်းနာလည်တဲ့ သဘောလေးပါပဲ။

နိုင်ငံတော်အကြီးအကဲပိုင်းနဲ့ပတ်သက်ပြီး လုပ်ငန်းအဆင်ပြေနေသူများလည်း မှန်မှန်ကန်ကန် ထိုက်ထိုက်တန်တန် အခွန်ဆောင်ဖို့လိုပါလိမ့်မယ်။

အရင်အစိုးရ လက်ထက်က တက်တက်ခြင်း တိုးတက်ရေးအတွက်အလုပ်ရုံ ဆွေးနွေးပွဲတွေလုပ်တာတွေ့ဖူးတယ်။ တွင်ခုံမှာ sensor ထည့်ပြီး လုပ်တဲ့အကြောင်းလေးဆွေးနွေးတာ တွေ့ဖူးပါတယ်။ သူများနိုင်ငံတွေမှာ ဒုံးပျံလွှတ်နေချိန်မှ ကိုယ်က  အပ်ကို စထွင်သလိုဖြစ်နေတယ်လို့ထင်ပါတယ်။

တိုးတက်ဖို့ နည်းလမ်းကောင်းတခုကတော့ copy  method လို့ထင်ပါတယ်။ တိုးတက်တဲ့နိုင်ငံတခုက ကုမ္ပဏီ တခုဟာ ပစ္စည်းတမျိုးဝယ်ရင်  ပုံစံတူ ၃ခုဝယ်တယ်တဲ့။ တခုကို original ထားပြီး တခုကို ဖြုတ်ပြီး လေ့လာတယ်။ လိုရင်နောက်တခုကို ထပ်လေ့လာပြီး copy ကူးတယ်လို့ ကြားဖူးပါတယ်။

မဆလလက်ထက် မြန်မာပြည် ဘာဖြစ်လို့သယံဇာတပေါရဲ့သားနဲ့ ဆင်းရဲရလဲဆိုတော့ တော်တော်တွေးရခက်ပါတယ်။သစ်ပင်တွေကိုလည်းတပင်ခုတ်ပြီး ၃ပင်ပြန်စိုက်ရမယ် ဆိုတဲ့ policy လဲမရှိတော့ သစ်တောတွေလည်းဖြေးဖြေးပြုန်တီးပြီး ရာသီဥတုတွေလည်း တဖြေးဖြေး ဖောက်ပြန်လာပါတယ်။ သေချာတာကတော့ ဝင်ငွေထက် ထွက်ငွေများနေတာပါပဲ။ စစ်တပ် အသုံးစရိပ်တွေဟာလည်းမနဲပါဘူး ။ ဓါက်ဆီတွေကိုလည်း အရှုးံးခံ ရောင်းခဲ့ပါတယ်။ ရှုံးတဲ့နောက်တော့ ဘယ်လိုလုပ်ချမ်းသာနိုင်မလဲ။ တနိုင်ငံလုံးရဲ့ သယံဇာတတွေကို အာဏာနဲ့ တဦးတည်းစီမံခန့်ခွဲခဲ့ပြီးပြည်တွင်းမှာ အရှုံးခံရောင်းခဲ့ပါတယ်။ ။ ကောင်းစားသွားတာကတော့ အောက်ခြေဝန်ထမ်းတွေပါပဲ။

တိုးတက်တဲ့နိုင်ငံတွေမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ အတွေ့အကြုံရှိတဲ့ သူတွေဟာ သူ့တာဝန်နဲ့သူ အလုပ်တာဝန်တွေကိုခွဲဝေလုပ်ကိုနေတာကိုတွေ့ရပါတယ်။ ဦးဆောင်တဲ့သူဟာ အရေးကြီးပြီး policy ကို ရေးဆွဲရာမှာ အတွေ့အကြုံ ဗဟုသုတ စိတ်ကောင်းစေတနာ ရှိဖို့လိုပါတယ်။ Policy ကိုရေးဆွဲပြီး လက်တွေ့ကျင့်သုံးရာမှာ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းဖို့လိုပါတယ်။ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးဖို့လည်းလိုပါမယ်။

တိုးတက်ဖို့အတွက် အင်ပို့အစားထိုး ဦးစာပေးမလား အိပ်စပို့ဦးစားပေးမလား ၊ စက်မှုကို ဦးစားပေးမလား ၊စိုက်ပျိုးရေးကို ဦးစားပေးမလား ဆိုတဲ့ မေးခွန်းလေးတခုကို ကြားဖူးပါတယ်။ ကဏ္ဍတွေခွဲဝေလုပ်ကိုင်ပြီး ဖြစ်နိုင်သလောက် ဘက်စုံဒေါင့်စုံကအားပေးရမယ်ထင်ပါတယ်။ ဘဏ်ချေးငွေတွေချပေးခြင်း ၊ နည်းပညာပေးခြင်း ၊ ဈေးကွက်သတင်းပေးခြင်းတို့ကို website ထောင်လုပ်သင့်တယ်ထင်ပါတယ်။ ထောင်ထားတဲ့ website တွေကို လူတိုင်းအလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် သတင်းစာ မဂ္ဂဇင်း ဂျာနယ်တွေမှာ မထည့်မနေရ ထည့်ပေးသင့်ပါတယ်။

မြန်မာပြည်မှာ လုပ်စရာအလုပ်တွေအများကြီးရှိပါတယ်။ တိုးတက်တဲ့အာရှနိုင်ငံအများစုဟာ မတိုးတက်သေးတဲ့ import အားကောင်းတဲ့ မြန်မာပြည်ဈေးကွက်ကို အလွန်ပဲ စိတ်ဝင်စားကြပါတယ်။ လုပ်မယ်ဆိုရင် Production လုပ်ငန်းတွေ အများကြီးလုပ်စရာရှိပါတယ်။ လျှပ်စစ် မီးမှန်ဖို့တော့ အရေးကြီးပါတယ်။

 

 

 

 

22 comments

  • pay sote sote

    August 6, 2011 at 9:46 am

    ပိုစ့် နဲ ့တော့ဆိုင်မဆိုင်မသိဘူး တစ်ခုတော့တွေးမိတယ်ဗျ သယံဇာတ မျိုးစုံကို ခေါင်းအုံးအိပ်နေတဲ့ မြန်မာတွေနဲ ့ မီးတောင်တွေဖင်ခုထိုင်နေတဲ့ နိပွန်တွေ နိုင်ငံချင်းသာလဲပြီးနေလိုက်ကြရင် ဘယ်လိုနေမလဲမသိဘူးနော့…

    • pan pan

      August 8, 2011 at 10:40 am

      အဖေ့ကိုမေးဖူးတယ်
      မြန်မာနိုင်ငံမှာ သယံဇာတတွေပေါပြီး ဘာလို့ဆင်းရဲနေတာလဲလို့
      ရှိတာတွေ ထုတ်ရောင်း ဖြုတ်ရောင်းမှတော့ ဘယ်လောက်ပေါများနေပါစေ ဆင်းရဲမှာပဲတဲ့
      အလုပ်မှ ကောင်းကောင်းမလုပ်တာကိုတဲ့
      ဘယ်လောက်ချမ်းသာတဲ့အိမ်ဖြစ်ဖြစ် အလုပ်မလုပ်ဘဲ ရှိတာရောင်းစားနေရင် တဖြည်းဖြည်း မွဲမှာပဲ

      • nature

        August 8, 2011 at 6:00 pm

        သယံဇာတပေါတယ်ဆိုတာ ထိုက်သင့်သလောက်မှန်ပါတယ်။ သယံဇာတတွေကို ရှေ့ကထုတ်ယူရင် နောက်ကသယံဇာတတွေကို ပျိုးထောင်ဖို့လိုပါတယ်။ မဆလ လက်ထက်က ဒီလိုစီမံကိန်းတွေလည်း ကြားဖူးခဲ့ပါတယ်။ အကောင်အထည်ဖော်ရာမှာတော့ အောက်ခြေ ဝန်ထမ်းတွေရဲ့အားနည်းချက်ကြောင့်ဖြစ်မလာပါဘူး။
        ဆုတောင်းလေးတခုကြားဖူးပါတယ် ။ စီးပွားဥစ္စာ ဒီရေအလားတိုးတက်ပါစေဆိုတာ။ ဒီရေဆိုတာ ရှေ့က သုံးရင်တခါတည်းကုန်သွားတယ် မရှိပါဘူး၊ ရှေ့ကခပ်လိုက်ရင် နောက်ကပြည့်နေပါတယ်။ ဒီလိုပါပဲ ရှေ့ကသုံးပြီဆိုရင် နောက်က ဒိထက်မကဖြည့်မှ သယံဇာတပေါမယ်ထင်ပါတယ်။
        သယံဇာတ ပေါတယ်ဆိုတာလဲ ကျွန်တော် အနေနဲ့ သံသယရှိပါတယ်။ သယံဇာတတွေ ရှိတယ်လို့ပဲ ပိုဆိုချင်ပါတယ်။
        တကယ်ပေါ တယ်ဆိုရင် သယံဇာတတန်ဘိ်ုးကို ရှိတဲ့ လူဦးရေနဲ့စား ကြည့်ပြီး ၃၆၅ (တနှစ်စာ) နဲ့ထပ်စားကြည့်ပါ။ ဒီသယံဇာတ တွေကို မြန်မာပြည်သူတွေ စားစရိပ်၊ ကျန်မာရေး၊ ပညာရေး ၊ စစ်ရေး အထွေထွေအသုံးစရိပ်အတွက် တနှစ်စာလောက်ရဲ့လားလို့။

  • နီလေး

    August 6, 2011 at 10:15 am

    ကိုယ်ကိုယ်တိုင်နေနေတဲ့နိုင်ငံဆိုတော့ တိုးတက်စေချင်တာတော့အမှန်ပါ

  • padonmar

    August 6, 2011 at 7:03 pm

    “အစိုးရဆီက အမြဲ ဈေးသက်သက်သာသာနဲ့ ရလာတဲ့ပြည်သူတွေရဲ့ အရိုးစွဲနေတဲ့ အယူအဆကို ပြင်ရတော်တော်ခက်ပါလိမ့်မယ်။”
    subsidize programme for grassroot people ကတော့ နိုင်ငံတော်တော်များများမှာရှိရပါတယ်။
    ဆင်းရဲတြဲ့ပြည်သူတွေ သက်သက်သာသာခရီးသွားဖို့ သက်သာတဲ့ ဘတ်စကားခ၊ရထားခ၊သင်္ဘောခ များဖြစ်အောင် ရထားတဲ့ အခွန်ငွေတွေထဲကသုံးပေးတာမျိုးပါ၊
    ကားစီးနိုင်တဲ့လူတန်းစားအတွက် စက်သုံးဆီဈေးပေါပေါ မရောင်းပေးသင့်ပါ၊
    ဆင်းရဲတဲ့လူထုကို အလုပ်ပေးနိုင်တဲ့ အိမ်တွင်းလက်မှုလုပ်ငန်းတွေ၊အထည်ချုပ်စက်ရုံတွေ၊ယဉ်ကျေးမှုထိန်းသိမ်းတဲ့ တိုင်းရင်းသားရိုးရာ အစားအစာနဲ့ အထည်ထုတ်လုပ်မှုတွေ၊ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့recycle plant တွေကတော့ အစိုးရကဖြည့်ပေးသင့်တဲ့အလုပ်တွေပါ၊
    တိုင်းပြည်ချမ်းသာချင်ရင် (၁)ပြည်သူကိုအသိဉာဏ်ဖြည့်ပေးရပါမယ်။
    (၂)ခေါင်းဆောင်ကောင်းရှိရပါမယ်။

    • nature

      August 8, 2011 at 7:55 pm

      ကျနော့်အမြင်ကတော့ တိုင်းပြည်ချမ်းသာချင်ရင် အရင်ဆုံးလက်ရှိဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့လိုပါမယ်။ ဝေဖန် အကြံပေးတာတွေကို လက်ခံစဉ်းစားဖို့ လိုပါမယ်။

  • alinsett

    August 6, 2011 at 7:35 pm

    ကိုယ်နေတဲ ့နိုင်ငံကို ကိုယ် ပြန်မြင်ရသလောက်တော့…….နိုင်ငံပျက်ကြီးတစ်ခုလို ပဲ..။မြို ့ဟာလည်း..မြို ့ပျက်ကြီးတွေ လိုပဲ..။ တိုးတက်မှု ဆိုတာ..ကို မတွေ ့ရပဲ..ပိုပိုပြီး..ဆင်းရဲ….လာတာကိုပဲ မြင်နေရတယ် ။ ကိုယ်က ပဲ အဆိုးမြင်နေမိသလား..။

  • MaMa

    August 6, 2011 at 8:35 pm

    pay sote sote ရေ အသစ်ပေမယ့် လက်စောင်းထက်တယ်လို့ပဲ ပြောရမယ်။ (သယံဇာတ မျိုးစုံကို ခေါင်းအုံးအိပ်နေတဲ့ မြန်မာတွေနဲ ့ မီးတောင်တွေဖင်ခုထိုင်နေတဲ့ နိပွန်တွေ )
    အဲဒီစာက တော်တော်ထိရောက်တယ်။

  • susunosuki

    August 8, 2011 at 2:06 pm

    ”ဒါပေမဲ့ အစိုးရဆီက အမြဲ ဈေးသက်သက်သာသာနဲ့ ရလာတဲ့ပြည်သူတွေရဲ့ အရိုးစွဲနေတဲ့ အယူအဆကို ပြင်ရတော်တော်ခက်ပါလိမ့်မယ်။” ဆိုတာကို သဘောမတူပါ။ အရိုးစွဲတယ်ဆိုတာ စွဲခွင့်ရနေတုန်းမို့စွဲကြတာ၊ စီးပွားရေးလုပ်ငန်းရှင်အချို့ ၊ အစိုးရဝန်ထမ်းနဲ့ ပေါင်းပြီးအခွန်ရှောင်တယ်ဆိုတာ လုပ်လို့ရနေသေးလို့လုပ်ကြတာ၊ တရုတ်မှာလို လာဘ်စားသူ သေဒဏ်ဆို ဘယ်လုပ်ရဲတော့ မလဲ။

    • nature

      August 8, 2011 at 8:19 pm

      …စီးပွားရေးလုပ်ငန်းရှင်အချို့ ၊ အစိုးရဝန်ထမ်းနဲ့ ပေါင်းပြီးအခွန်ရှောင်တယ်ဆိုတာ လုပ်လို့ရနေသေးလို့လုပ်ကြတာ…
      ကိုယ့်ချွေးနဲစာနဲ့ ဝန်ထမ်းငှား ပစ္စည်းဝယ်ရင်း အဆောက်အဦးဆောက်( ငှား) လို့ရတဲ့အထဲက ၄၀% အခွန်ပေးရမယ်ဆိုတော့လည်းများပါတယ်။ ဒီနှုန်းကိုသာ ကြပ်ကြပ်မတ်မတ်ကောက်ရင် စီးပွားရေး ကမောက်ကမ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စင်္ကာပူမှာဆို ၁၀%-၁၅% လောက်ပဲရှိတယ်လို့ ကြားမိပါတယ်။ နိုင်ငံတော်ကလည်း နည်းလမ်းရှာပြီး ပျားလည်းစွဲသာ ရှဉ့်လဲရှောက်သာတဲ့နည်းကို ရှာနေတယ်လို့ ထင်ပါတယ်။

      ..တရုတ်မှာလို လာဘ်စားသူ သေဒဏ်ဆို ဘယ်လုပ်ရဲတော့ မလဲ။…
      ကိုယ်သာဆရာဖြစ်လို့ကိုယ့်တပည့်တယောက်ကို လာဘ်စားလို့ သေဒဏ်ပေးမယ်ဆိုရင် –
      ကျနော့်အမြင် အရင်ဆုံးစဉ်းစားသင့်တာကတော့ – ငါရောဆရာတာဝန်ကြေသလားဆိုတာကိုပါ။ နှမ်းစေ့လောက်သူ့အပြစ်ကို အရင်မကြည့်ပဲ အုန်းသီးလောက်ရှိတဲ့ ကိုယ့်အပြစ်ကို အရင်ကြည့်သင့်ပါတယ်။ ကိုပေးတဲ့လစာဟာ သူတို့မိသားစု စားလို လောက်ငှရဲ့လား။ ပိုလျှံရဲ့လားဆိုတာ အရင်ဆုံး ကြည့်သင့်ပါတယ်။ မလောက်ငှဘူးဆိုရင်တော့ ကိုယ့်ဘက်က အရင်ဆုံးပြင်သင့်ပါတယ်။
      ကိုယ်ပေးလို့ မလောက်ငှပဲနဲ့ လာဘ်စားလို့ သေဒဏ်ပေးပြီဆိုပါဆို့…
      ကောင်းပြီ၊ သင်ဒီနေရာမှာရောကနေပြီ လို့ စဉ်းစားကြည့်ပါ။ သင် အငတ်ခံမလား လာဘ်စားမလား တချက်ကိုယ်ချင်းစာ စဉ်းစားစေလိုပါတယ်။ မလောက်ငှသောလစာနဲ့လုပ်သူတွေကိုလာဘ်စားလို့ သေဒဏ်ပေးမယ်ဆို တဖြေးဖြေးနဲ့ ဒီနေရာမှာ လုပ်မဲ့သူ တွေရှိနိုင်တော့မှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါ ကျနော့်အမြင်ပါ။
      ကိုယ်ပေးတဲ့လစာဟာ လုံလောက်ဖူလုံနေရဲ့သားနဲ့ လုပ်နေတယ်ဆိုရင်တော့ ကိုယ့်ဖက်က တာဝန်ကြေနေပြီ ၊ အရေးယူသင့်ပါတယ်။ သေဒဏ်ဆိုတာကတော့ ပြင်းလွန်းပါတယ်။

  • naywoonni

    August 8, 2011 at 7:37 pm

    မြန်မာနိုင်ငံဆင်းရဲရခြင်း အကြောင်းကို 9-5-2011 နေ့ တောင်ငူ စာပေဟောပြောပွဲမှာ ဆရာမ ဂျူးက
    ၁။သဘာဝ သယံဇာတ ထောင်ချောက် ၂။ပြည်တွင်းစစ်
    ၃။အိမ်နီးချင်းဆိုးများပတ်ဝန်းကျင်မှာ ရှိနေခြင်း
    ၄။စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာ ပြသွားခဲ့ပါတယ်…။

  • kai

    August 9, 2011 at 12:26 am

    ကျုပ်ကတော့ မတူတဲ့အတွေးနဲ့.. မှတ်တမ်းကျန်ရစ်အောင်… ဒီလိုရေးထားချင်ပါတယ်.။
    မြန်မာနိုင်ငံဆင်းရဲရခြင်း အကြောင်းက…
    ၁) ဘာသာရေးအစွန်းရောက်လွန်းမှု
    ၂) လူဦးရေနည်းလွန်းခြင်း
    ၃) စင်္ကာပူ 🙂

    အသေးစိတ်သိချင်ရင်..ဆိတ်ငြိမ်ရာနေရာရှာ နှဖူးပေါ်လက်တင်… စဉ်းစားပေတော့…။

    • Foreign Resident

      August 9, 2011 at 3:10 am

      Dear villagers,
      I don’t think our population is too small.
      ( in comparison with land area )

      Please see in —http://en.wikipedia.org/wiki/Land_area—
      ( Population in Million / Land Area in square mile )
      Myanmar = 50 M / 253, 950 sq-mi
      Australia = 22 M / 2, 941, 300 sq-mi

      Australia’s Land area is 11 times more than Myanmar,
      Where as population is less than half.

      • kai

        August 9, 2011 at 3:40 am

        Country Name: Population Area (Sq. Km.) Population Density (Sq. Km.) Area (Sq. Mi.) Population Density (Sq. Mi.)
        1 China 1,339,190,000 9,596,960.00 139.54 3,705,405.45 361.42
        2 India 1,184,639,000 3,287,590.00 360.34 1,269,345.07 933.27
        7 Bangladesh 164,425,000 144,000.00 1,141.84 55,598.69 2,957.35
        21 Thailand 63,525,062 514,000.00 123.59 198,456.43 320.10

        ဘေးကအိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်တဲ့အခါမှာ.. မြန်မာပြည်ဟာ.. ကမ္ဘာ့၁နဲ့၂ကြား..။ ရနဲ့ ၂၁ကြားရှိနေတာမို ့.. 🙂 🙂

  • thit min

    August 9, 2011 at 4:56 am

    One important thing is allocation of these natural resources than the point of abundant natural resources. According to a survey of an economist, a country which has abundant natural resources becomes underdeveloped while relying on their natural resources.I think that he says about the natural resources that need to do value added things (eg. furniture instead of wood, furniture is a value added thing here).In case of crude oil (petroleum) that no need to do value added, a country can get rich, of course.
    So, I want to analysis “how to allocate” and for what, for where, in when,by whom or for who to allocate.
    Why?????
    Just my opinion.

  • ကြောင်ကြီး

    August 9, 2011 at 9:36 am

    public transport (bus, subway, railway), public utilities (gas, electricity, water) စတဲ့ ဝန်ဆောင်မှုတွေက ကုန်ကျစရိတ်များပြီး အမြတ်အစွန်းထက် အမျာပြည်သူ သက်သာချောင်ချိရေး ဦးစားပေးရလို့ အစိုးရထိန်းချုပ်မှုအောက် ဒါမှမဟုတ် အစိုးရထောက်ပံ့မှုမပါဘဲ ရပ်တည်ဖို့ မလွယ်ပါဘူး။
    ကုန်ကြမ်းရောင်း ကုန်ချောသွင်းတဲ့ ဘဝကနေ ကိုယ်တိုင်ထုတ် ကိုယ်တိုင်ရောင်း (value added) ဖြစ်ဖို့ မြန်မာပြည်မှာ ဆွေးနွေးပွဲတွေလုပ် စီမီနာတွေကျင်းပ ပြောကြဆိုကြတာ အရင်က ရှိပါတယ်။ ထင်သလောက် မလွယ်ပါဘူး။ သူများဂွင်ကို သွားလုဖို့ဆိုတာ ကိုယ်ကသူများထက် သင့်တော်ကောင်းမွန်တဲ့ အာမခံချက်နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးမှ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုသယ်လာမဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်မှာပေါ့။ နအဖလက်ထက်မှာ ဒါတွေကို မြင်လို့ ဦးတေဇ၊ ဦးဇော်ဇော် တို့လို တိုင်းရင်းသားလုပ်ငန်းရှင်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။ သို့ပေမဲ့ပေါ့လေ တထွာမြင်တဲ့ညဏ်နဲ့လုပ်ခဲ့တော့ တထွာလောက်ပဲ ခရီးရောက်တာပေါ့။

    • thit min

      August 9, 2011 at 10:48 am

      Transportation,communication, water supply, energy supply,health security, education are called infrastructure. The things and matters of infrastructure are called public goods. Every government takes fully responsibility for the public goods by using money that is governement-expenditure. The government-expenditure comes from government-revenue that is “tax”.(Thus, all of producer’ tax, consumer’tax, income tax,social tax, estate and gift tax, and customs duties are tax revenues for a government)So, the greater the private sectors, the taxe revenues are more much, of course.
      The value added process to enter ” a market” relys on three steps of progresses.The first is learning by doing (joining to technician or technology from abroad), second is learning by desing(producing same products with same technology), third is learing by innovation(producing “new” products with “new” technology).
      China gets her high development by using only first and second process.

  • thit min

    August 9, 2011 at 3:57 pm

    ချမ်းသာတဲ့သူတွေကို ကြိတ်ပြီး ဆဲရင်းဆဲရင်း ဆင်းရဲရပါတယ် ဆိုတဲ့ဟာသ တစ်ခုတော့ ကြားဖူးခဲ့ပါတယ်

  • naywoonni

    August 9, 2011 at 7:39 pm

    ကိုခိုင်ရေ………. ကျွန်တော်တွေးကြည့်တာကတော့
    ၁။ ခြံခတ်ခံရခြင်း
    ၂။ အမြင်မကျယ်ခြင်း
    ၃။ ကိုယ့်ကိုကိုယ်ရှေ့တန်းတင်လွန်းကျခြင်း
    ၄။ ကိုယ်ချင်းစာနာမှု နဲပါးခြင်း
    ၅။ အများအတွက်လို့ ပြော ပြောပြီး ကိုယ့်အိတ်ထဲကိုယ် ထည့်နေခြင်း တို့ဘဲဗျ…။
    အဲဒါရေး ပြီး တင်မလို့ စာစီနေတယ်..။ ဒီခေါင်းစဉ်ကိုပဲ ပြန်သုံးရင် nature ကြိုက်ပါ့မလား မသိဘူးနော်…။

  • nature

    August 12, 2011 at 6:48 pm

    naywoonni ရေ၊ ဒီခေါင်းစဉ်ပဲပြန်သုံးလဲ ကျနော်အနေနဲ့ကန့်ကွက်စရာလုံးဝမရှိပါ။ ဒီမှာကတော့ လွတ်လတ်စွာကိုယ့်အမြင်ကို ရေးသားနိုင်ပါတယ်။

    …၂။ အမြင်မကျယ်ခြင်း
    ၃။ ကိုယ့်ကိုကိုယ်ရှေ့တန်းတင်လွန်းကျခြင်း
    ၄။ ကိုယ်ချင်းစာနာမှု နဲပါးခြင်း
    ၅။ အများအတွက်လို့ ပြော ပြောပြီး ကိုယ့်အိတ်ထဲကိုယ် ထည့်နေခြင်း တို့ဘဲဗျ…။…

    ဒါတွေကိုလည်းထောက်ခံပါတယ်။

  • Don Juan Ronald

    August 12, 2011 at 11:46 pm

    တရုတ်တယောက်ပြောသောဗမာပုံပြင်~~~~~~

    ၁၉၇ဝနှစ်နောက်ပိုင်းအနောက်နိုင်ငံတွေမှာကွန်ပျူတာစပြီးခေတ်စားလာသည်၊ မဆလခေတ်ကနိုင်ငံဥေဿျှာင်နံပါတ်ဝမ်းကြီးသည် ဗိလပ်နိုင်ငံသို့ကျန်းမာရေးစစ်ဆေးဖို့သွားလေ့ရှိပါသည်၊ အဲဒီအချိန်မှာဗိလပ်မှာလည်း ကွန်ပျူတာခေတ်စားစပြုလာသဖြင့်၊ကွန်ပျူတာသည်လိုအပ်သော data တာသွင်းလိုက်ရင်နောက်နှစ်၂ဝမှ ဘာဖြစ်လာနိုင်မည်ဆိုတာအတိအကျတွက်ပေးနိုင်သည်၊ ၎င်းကိုကြားသိရသောနံပါတ်ဝမ်းကြီးသည် နဂိုမှဗေဒင်ဝါဿနာအလွန်ပါသည့်အလျောက်၊ ချက်ချင်းဗိလပ်သို့ဆေးစစ်ရန်နှင့် ကွန်ပျူတာကိုသွားလေ့လာရန်ထွက်ခွာသွားသည်။
    ဗိလပ်သို့ရောက်၊ဆေးစစ်၊ပြီးရင်းသူ့တပည့်ကို လန်ဒန်ကွန်ပျူတာ centre မှာသွားပြီးေ နာက်လာမည့်၁ဝနှစ်ကြရင် ဗမာပြည်ကြီးဘယ်လိုအခြေနေဖြစ်လာနိုင်သည်ကိုတွက်ခိုင်းလိုက်ပါသည်၊ အတန်ကြာသူ ့တပည်တော်သည်မျက်နှာရှံ ့မှဲ ့၍ပြန်လာသည်ကိူတွေ ့ရပြီး၊မေးကြည့်သောအခါ၊ကွန်ပျူတာကေ နာက်၁ဝနှစ်ကြာရင်ပြည်ထောင်စုဆိုရှယ်လစ် သမ္မတနိုင်ငံတော်၏ပြည်သူများသည်၊ လူတယောက်လျှင်အောက်ခံဘောင်းဘီတထည်တည်းသာ ကျန်တော့မည်တဲ့၊
    နံပါတ်ဝမ်းကြီးသည်အရမ်းစိတ်ဆိုးပြီး “ဗမာပြည်ကြီးဟာငါမတက်လာခင်တုံးကအာရှမှာအချမ်းသာဆုံး၊ ငါတက်လာတော့၊ အရပ်သားတွေရဲ ့ဆိုင်တွေ၊ ကုမ္ပဏီကြီးသေးတွေ၊ စက်ရုံနဲ ့ကျောင်းတွေအာလုံးကိုလုယက်သိမ်းယူထားတယ်၊ ကျပ်တရာတန်နဲ ့ငါးဆယ်တန်ကိုလည်းလုယက်သိမ်းယူထားတယ်။ ဗမာပြည်တပြည်လုံးရွှေထွက်တယ် ၊ရေနံဆီ၊ခဲမဖြူ၊သတ္တုပေါင်းစုံလည်းထွက်၊ ကမာ္ဘပေါ်မှာဆန်အများဆုံးရောင်းသည်၊အကောင်းဆုံးသောကျောက်စိမ်း၊နီလာပတ္တမြား၊ ကျွန်းသစ်များ၊ငါးနှင့့်ရေပစ္ပည်းများထွက်တယ်၊ ဘယ့်နဲ့ဒီအဖြေထွက်တာလည်း၊ပြန်သွားတွက်ခိုင်းစမ်း”
    အတန်ကြာသော်သူ ့တပည်တော်သည်ခေါင်းငိုက်စိုက်ကျပြီး မျက်နှာရှံ ့မှဲ ့၍ပြန်လာကာနံပါတ်ဝမ်းကြီးကိုတွေ ့လိုက်တာနှင့် ရှိက်ကြီးတငင်ငိုချလိုက်ကာ “အဖေကြီးရယ် ကွန်ပျူတာကေ အာက်ခံဘောင်းဘီးတောင်ပါမလာတော့ဘူးလို ့ပြောတယ်တဲ့”
    တကယ်တော့နံပါတ်ဝမ်းကြီးဟာ သူအဖြေကြိုသိပြီးသား ၊ဗေဒင်ဆရာဟောထားတယ်လေ။
    ဒီတခါနံပါတ်ဝမ်းကြီးသည် စိတ်မဆိုးတော့ဘဲ၊ပြုံးပြုံးလေးနဲ ့“ သားကြီးရေ၊ေ အာက်ခံဘောင်းဘီတထည်အတွက်နဲ ့ဝမ်းနည်းးစရာမလိုပါဘူးကွာ၊ ကွန်ပျူတာလည်းမှန်သားဘဲ၊ ငါတို ့ဗမာတွေကအောက်ခံဘောင်းဘီမှသိပ်မဝတ်ကြတာ ”ဟုအရှက်ပြေဖြီးလိုက်လေတတည်း။
    ဟားဟားဟား~~~~ ဟားဟားဟား~~~~ ဟားဟားဟား~~~~

  • ရှေးတုန်းက ရှင်ဘုရင်တွေကို ”ဘဝရှင်”လို့ခေါ်တယ်။ ဘဝတွေရဲ့အရှင်သခင်။ တိုင်းပြည်ချမ်းသာချင်ရင် အဲဒီ သောက်သုံးမကျတဲ့ ဘဝရှင်တွေအကုန်လုံးကို ရှင်းရမှာဗျ။ သဘာဝသယံဇာတဆိုတာ ကြားရတာတောင် ရှက်စရာပါ။ human resource ဆိုတာ ဘယ်နားရောက်သွားပြီလဲ။ လူသယံဇာတ (ကာယ+ဉာဏစွမ်းအား)

Leave a Reply