“အိမ်ထောင်ကျတာ ထောင်ကျတာ နှင်.တူလျှင်”
အကယ်၍သာ အိမ်ထောင်ကျခြင်းသည် ထောင်ကျခြင်းနှင့် ညီမျှခဲ့သော်
1. ရည်းစားနှင့်လမ်းသလားသူ = အချုပ်ကားနှင့် ခရီးသွားသူ
2. Gtalk ဖြင့် အချိန်မှန်သတင်းပို့ရသူ = ခြေချုပ်ခံဝန် မှန်မှန်လက်မှတ်ထိုးရသူ
3. ရည်းစားရှိသော်လည်း ချက်ပြုတ်ကျွေးမည့် လင်ငယ်ရှိသူ = အချုပ်ကားစီးသော်လည်း ထိုင်ခုံရသူ
4. ရည်းစားစိတ်ဆိုး၍ မရှိရှိတာ ဝယ်ချော့ရသူ = အချုပ်ကားစီးရသည့် အပြင် ဓာတ်ဆီဖိုးပါပေးရသူ
5. သူ့ကို ကြိုက်သောစော်ရှိသော်လည်း ငြင်းသူ = အချုပ်ကားကို လမ်းကြုံစီးခိုင်းသော်လည်း ငြင်းသူ
6. ကြိုက်သောမိန်းမနဲ မရဘဲ အိမ်ထောင်ကျလာသူ = အမှုမှားပြီး ထောင်ချခံရသူ
7. မိန်းမရပြီးမှ မိန်းမက ပွစိပွစိအလုပ်ခံရသူ = ထောင်ထဲတွင် မိလ္လာဘုတ်ကိုင်ရသူ
8. မိန်းမရပြီးမှ ခယ်မကိုကြံသူ = ထောင်မပြောင်းဘဲ အဆောင်သာပြောင်းချင်သူ
9. မိန်းမမသိအောင် အနှိပ်ခန်းသွားသူ = ထောင်မှူးအလစ်တွင် ဆေးလိပ်ခိုးသွင်းသူ
10. မိန်းမနှင့် အဆင်မပြေသော်လည်း အဆင်ပြေသယောင်ယောင်ပြောသူ = ပြစ်ဒဏ်လျှော့ပေါ့မှုကိုမျှော်၍ လိမ်လည်ထွက်ဆိုသူ
11. မိန်းမရပြီးသော်လည်း မိန်းမကို အဝေးမှာထားသူ = သက်သာရန် ရည်ရွယ်ပြီး တစ်ကျွန်းသို့ရှောင်နေသူ
12. မိန်းမနားငြီးသော်လည်း ယောက်ခမနှင့် အဆင်ပြေသူ = ထောင်ကျသော်လည်း အခန်းလူကြီးနှင့် အဆင်ပြေသူ
13. တစ်ခုလပ် = ထောင်မှ “တရားရှင်” လွတ်လာသူ
14. မုဆိုးဖို = ထောင်မှ “တရားသေ” လွတ်လာသူ
(ဝနေဆွ)
5 comments
007James
August 6, 2011 at 8:09 pm
မုဆိုးမ=ရမန်ကြီးချုပ်ခံရပြီးမှ လွတ်သူ
thit min
August 7, 2011 at 12:14 pm
ကတိပေးမိ၍မိန်းမယူရန်ကြို်းစားနေရသူ =ထောင်ကျရန် မိ်မိ ကိုုယ်ကိုအမှုဆင်နေသူ
naywoonni
August 7, 2011 at 7:54 pm
http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A80001&xgs=1&xg_source=msg_share_post
ဒီပို့စ်ကို ထပ်တွေ့ လိုက်ရတဲ့လင့်ကလေးပါ…။ ဘယ်လိုဖစ်တာလဲ ? ဟိုမှာက သဇင်လေးလို့ ဖော်ပြထားတယ်..။ တစ်ယောက်ထဲ ဆိုရင်လည်း နာမယ်တူသင့်တယ်လို့ ထင်တယ်လေ…။ ဘယ်နေရမှာမှ ခရက်ဒစ်ပေးမထားဘူး..။ တစ်ခုခုတော့ မှားနေပြီ ထင်တာပဲ…။
zawmyothu
August 8, 2011 at 8:38 am
ဒီပို.စ်ကိုမူရင်းရေးသားသူ သိချင်ရင် facebook က Myanmar jokes မှာသွားဖတ်လိုက်ပါ
မူရင်းရေးသားသူတွေ.ပါလိမ်.မယ် credit က from facebook လို. tag ပေးထားပါတယ်
ကျေးဇူးတင်ပါတယ်။
ကြောင်ကြီး
August 8, 2011 at 8:59 am
ကျူးလွန် ကတိပေးပြီးမှ ထွက်ပြေးသူ = ထောင်ပြေး
လက်ထပ်ပြီးမှ စွန့်ခွာထွက်ပြေးသူ = ရဲဘက်ပြေး