We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
52 comments
ကိုပေါက်(မန္တလေး)
August 10, 2011 at 8:16 am
ဝမ်းသာစရာ သတင်းကောင်းလေးပါဘဲ။
weiwei
August 10, 2011 at 9:00 am
အင်တာနက်ဖွင့်ဖွင့်ချင်း ဒီပို့စ်ကို မြင်လိုက်ရတာ မင်္ဂလာရှိသွားပါတယ် …
ကောင်းတယ်လို့ချီးကျူးတဲ့အတွက်လဲ ဝမ်းသာပါတယ် … နောက်ထပ်ရေးဖို့ အားရှိသွားတာပေါ့ ..
့ပုံနှိပ်သတင်းစာမှာ ဖော်ပြဖို့ရပါတယ် … ကျေးဇူးအများကြီးတင်ပါတယ် …
ဒါပေမယ့် ကိုယ့်ဟာကိုယ်တော့ အများကြီးလိုသေးတယ်လို့ ခံစားရလို့ (တရုတ်ကားထဲကလိုပြောရရင်) … မခံယူဝံ့ပါ …
etone
August 10, 2011 at 9:02 am
ကွန်ကရက်ကျူလေးရှင်းပါ မဝေနဲ့ မဆူးရေ …
ကြောင်ကြီး
August 10, 2011 at 9:07 am
ကြောင်ကြီးကိုတော့ ပလေးဘွိုင်းမဂ္ဂဇင်းမှာ ကာဗာပုံအတွက်သုံးချင်လို့တဲ့။ သူတို့က မော်ဒယ်တွေနဲ့ စုံတွဲအရိုက်ခံရမယ်တဲ့။ ကျနော်က ရွာသူတွေထဲက စိတ်ဝင်စားသူရှိရင် အရင်ဦးစားပေးရမယ်လို့ တောင်းဆိုထားတယ်။ အဲဒါသဘောတူရင် အန်တီဝေကိုဆက်သွယ်တဲ့ ဦးလေးကြီးဆီကို အမြန်ဆက်သွယ်ပါ…။
မှတ်ချက်။ ရွာထဲက ဂျော်လကီအုပေါင်ဆိုသူကိုတော့ ပလေးဂွိုင်းစာအုပ်မှာ အေကိုက်သူများခေါင်းစဉ်နဲ့ အင်တာဗျူးထည့်ပေးမယ်ပြောတယ်။ အားလုံးဝမ်းသာပေးကြပါ..။
Foreign Resident
August 10, 2011 at 9:18 am
Congratulation မဆူး နှင့် မဝေဝေ !!!
akswe
August 10, 2011 at 9:29 am
Warm hearted Congratulation to Sue and Ma Wei .
နှစ် ယောက် စလုံးကို လေးစားစွာနဲ. လှိုက်လှိုက် လှဲလှဲ ချီးကျူးပါတယ် ။
ကြိုးစားမှုနဲ့ ရေးသားခဲ့တဲ့ စာတွေ ရဲ့ စာပေ စေတနာ အတွက် မေတ္တာ ရောင်ပြန် ဟပ်ပါပြီ။
ဆူးနဲ့မဝေ ကိုယ်စား ပျော်ရွင်ဝမ်းသာမိရပါတယ်။
ဒီကော်မန်.ဟာ မှတ်မှတ် ရရ MG မှာကျွန်တော့ရဲ့ ၁၀ဝ မြောက် ရေးတဲ့ စာဖြစ်နေတဲ့အပြင်
ဆူးနဲ့မဝေတို့ရဲ့ဝမ်းသာစရာ သတင်းကို ကော်မန့်ရေးရတဲ့ အတွက်လည်း ပိုပြီးဝမ်းသာ ရပါတယ် ။
ကြိုးစားလိုက်ကြပါဦး ကလေးတို့ရေ။
နောက်ထပ် လာမယ့် အခြားသော MG ရှိ စာရေးကောင်း သူများရဲ့ မင်္ဂလာရှိ သတင်းကောင်းတွေ ကို စောင့်မျှော်နေပါတယ်။
မေတ္တာဖြင်.
ဘဆွေ
Foreign Resident
August 10, 2011 at 9:29 am
Dear mandalay1875,

If you publish မဆူး နှင့် မဝေဝေ Articles in ရတနာပုံနေပြည်တော် ပုံနှိပ်သတင်းစာ,
Kindly let us know which edition & date &
If possible, please give us the down load links.
Thanks.
mandalay1875
August 10, 2011 at 3:23 pm
ွှTo Foreign Resident…
Thanks for the asking.
I will let you know when we publish it.
mandalay1875
zawmyothu
August 10, 2011 at 9:36 am
စာရေးကောင်းတဲ.သူတွေ ကိုမြေတောင် မြှောက်ပေးတဲ.
သတင်းကြားရတော. ဝမ်းသာတယ်ဗျာ
ကွန်ကရက်ကျူလေးရှင်းပါ မဝေနဲ့ မဆူး။
PaukPhaw
August 10, 2011 at 9:42 am
ဝမ်းသာချရာပဲ..
အွန်း…
ဒါပေမဲ့..တားတို ့တီတီတွေကိုတော့ အပျော်ကြံရဘူးနော်..
စိတ်ချမယ် တိုမောင်မောင်ကြည်..
ဒါပါဗြဲ…
nozomi
August 10, 2011 at 9:46 am
ဆူးမမ နဲ့ မဝေကြီး တို့အတွက် ဂုဏ်ယူဝမ်းသာပါ၏
သူပြောတဲ့ သတင်းစာက ဒီ MG နဲ့အတူတူပဲလား အတူတူဆို ခါတိုင်း သူကြီးပဲ ဆက်သွယ်နေတာတွေ့လို့ မေးကြည့်တာ
mandalay1875
August 10, 2011 at 3:37 pm
To nozomi…
ရတနာပုံနေပြည်တော်သတင်းစာ က မြန်မာနာမည်စစ်စစ်ပါ။ ပုံနှိပ်တဲ့သတင်းစာပါ။
စာမျက်နှာ၃၂ မျက်နှာ (ရောင်စုံ၁၆မျက်နှာ၊အဖြူအမဲ ၁၆မျက်နှာ)ရှိပါတယ်။
အမေရိကန်နိုင်ငံတဝန်းကိုအခမဲ့ဖြန့်ချိပါတယ်။ စောင်ရေ ၁၂၀၀ဝ ပါ။
ဂျပန်၊စင်္ကာပူ၊ထိုင်း၊မြန်မာပြည်ကိုလည်းဖြန့်ချိပါတယ်။
၁ရလက်မx၁၁လက်မ အရွယ်အစားဖြစ်ပါတယ်။
အမေရိကန်မှာထုတ်ဝေတာဆိုတော့ အင်္ဂလိပ်နာမည်က Mandalay Gazette ပါ။
ရတနာပုံနေပြည်တော် = Mandalay
Gazette = သတင်းစာ
ကျေးဇူးပါပဲ။
aungnng87
August 10, 2011 at 10:03 am
ဆူးနဲ.ဝေဝေ တို.ရဲ.အော်မြင်မှုအတွက်ဝမ်းသာပါတယ်။ အမှန်ပြောရရင်မန်းဂေးဇက်ထဲကိုဝင်လာခဲ့တာမှာ
ဆူးရေးတဲ့သာသာရေးpost တခုကိုဖတ်မိသွားပြီး ဒီဝက်ဆိုဒ်ကအဆင့်မြင့်ပါလားဆိုပြီးစိတ်ဝင်စားပြီးနေ.တိုင်းနီးပါးဖတ်မိသွားရင်းနဲ.မန်ဘာဝင်လာခဲ့တာပါ။
ဝမ်းသာပါတယ်။
ရာဇဝင်လူဆိုး
August 10, 2011 at 10:10 am
ဝမ်းသာစရာသတင်းပါပဲ…မဆူး နဲ့.မဝေ ရေ… ဟိုးအရင်ကစာအုပ်တစ်အုပ်မှာ ကဗျာတစ်ပုဒ်ပါဘူးတာကို ကျနော်သေချင်လောက်အောင်ပျော်ခဲ.ဖူးတယ်..။ခုလဲ မဆူးနဲ.မဝေ အတွက်..ရွာထဲကလူတွေအတွက် ဂုဏ်ယူလွန်းလို. သေချင်လောက်အောင် ထပ်ပြီးပျော်လိုက်တော.မယ်..။ ( မှတ်ချက်.. သေရင်ဖဲဝိုင်းမထောင်ရ..။ မသာ နားညီမခံနိုင်ပါ )
နွယ်ပင်
August 10, 2011 at 10:20 am
ဆူးနဲ့ မဝေရေ Congratulation ပါနော်
နောင်လဲ ဒီထက်ကောင်းတဲ့ စာတွေကို များများရေးနိုင်ပါစေလို့ ………….
meelay
August 10, 2011 at 10:32 am
ဒီနေ့ အင်တာနက်ဖွင့်ဖွင့်ချင်း ဒီသတင်းကိုတွေ့လိုက်ရတော့ အရမ်းဝမ်းသာသွားတယ် … ကာယကံရှင်တွေတော့ ဘယ်လောက်ပျော်မယ် မသိ …. ဆူး နဲ့ မဝေအတွက် ဂုဏ်ယူပါတယ် …

Ko Ko Aung
August 10, 2011 at 10:35 am
ဝမ်းသာ ၊ ချီးကျူး ၊ ဂုဏ်ပြုပါတယ်။
ဘယ်စာလေးတွေ ရွေးချယ်ဖေါ်ပြတယ်ဆိုတာကို link ကလေးတွေနဲ့ ပြောပြပေးနိုင်ရင်တော့
အခြားစာရေးသူများလဲ ကြိုးစား အတုယူ နိုင်ကြတာမို့
MG ဆိုက်ရဲ့ အရည်အသွေး ပိုပိုပြီး ကောင်းလာမှာပါ။
အဲဒါအပြင် ဒီဆိုက်ထဲမှာလဲ တချို့စာမူကောင်းလေးတွေ ကွန်မင့်ကောင်းလေးတွေကို
Editor’s Choice စသည်ဖြင့် ရွေးချယ်သတ်မှတ်ပေးရင် ပိုပိုပြီးတောင် ကောင်းဦးမှာလို့ ထင်ပါတယ်။
mandalay1875
August 10, 2011 at 3:49 pm
ွှTo Ko Ko Aung…
မေးတာကိုကျေးဇူးပါ။
Link ကို ပုံနှိပ်ထုတ်ဝေပြီးရင် ပြောပြပါမယ်။
ဒီနေရာကနေ စာရေးသူအားလုံးကို ပြောချင်တာက-
ကိုယ့်စာမူအရမ်းကောင်းတယ်လို့ထင်တယ်ဆိုရင်…ပုံနှိပ်ထုတ်ဝေချင်တယ်ဆိုရင်…
သီးခြားဆက်သွယ်ချင်ရင်… အဆင်ပြေအောင် အီးမေးလ် နဲ့ Channel ဖွင့်ထားတာပါ။
ကျွန်တော့ Experience နဲ့ကူညီအားပေးသွားဖို့အဆင်သင့်ပါပဲ။
ကြိုးစားပြီးကူညီပါ့မယ်။
စုံ စုံ
August 10, 2011 at 10:39 am
ကြားရတဲ့သတင်းကတကယ်ဝမ်းသာစရာကြီးပါ
ဒီရွာထဲမှာ ဆူးနဲ့မဝေတို့ကိုထင်ပေါ်လို့စင်တော်ကရွေးကောက်သလို
တခြားသူများလဲ အလှည့်ရောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်
ဘာလို့ဆိုတော့ဒီရွာထဲမှာစာရေးကောင်းသူတွေအများကြီးကျန်ပါသေးတယ်
သူတို့အတွက်လဲခုလိုဝမ်းသာပေးချင်ပါသေးတယ်
MaMa
August 10, 2011 at 11:20 am
Congratulation Sue& WeiWei!
ကျမက MG ကို စဝင်လာတာ ဆူးနဲ့ ဝေဝေတို့ရဲ့စာတွေ၊ ခရီးသွားမှတ်တမ်းတွေနဲ့ ပေ့ါ။ အဲဒီစာတွေကို ဖတ်ရင်း ကွန်မန့်တွေကိုရေးရင်းနဲ့ပဲ ရွာထဲမှာ ပျော်မွေ့သွားရတာပါ။
ခုလို ရတနာပုံနေပြည်တော် ပုံနှိပ်သတင်းစာမှာ ဖော်ပြဖို့ ကမ်လှမ်းခံရတော့ ကာယကံရှင်တွေလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မှာပါ။ ကိုယ်ကလည်း ခင်မင်ရတဲ့ မိတ်ဆွေအနေနဲ့ ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။
ကြိုးစာမှုရဲ့ အသီးအပွင့်တွေကို ခံစားရတယ်လို့ပဲ မြင်မိပါတယ်။
ဆက်လက်ကြိုးစားအားထုတ်ပြီး ပိုမိုအောင်မြင်နိုင်ပါစေလို့……………………..
weiwei
August 10, 2011 at 11:39 am
အခုလို ဝမ်းသာပေးကြတာ ဂုဏ်ပြုကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် …
အမှန်အတိုင်း ဝန်ခံရရင်တော့ ကျွန်မ မပျော်နိုင်ပါဘူး … တာဝန်ရှိသွားသလို ခံစားရလို့ ပိုပြီးလေးလံသွားပါတယ် … တကယ်တော့ ကျွန်မရေးလိုက်တိုင်း အတွေးတိမ်တိမ်နဲ့ ခပ်ပေါ့ပေါ့လေးတွေသာ ရေးမိတာများပါတယ်။ စာရှည်ရှည်ရေးရမှာ ပျင်းတာလဲပါတာပေါ့ … သူကြီးကလဲ ၄ဝ ပဲ ပေးတော့တယ်ဆိုတော့ ပိုတောင်ပျင်းလာသေးတယ် …
researcher
August 10, 2011 at 12:47 pm
ဒီသတင်းကို သူကြီးက confirm လုပ်ပေးသင့်တယ်နော်။ MG ရွာသားတွေက MG အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ရင် သူကြီးကတဆင့် ပြောဆို ဆောင်ရွက်နေကြတာဆိုတော့…။ တခုခု ထူးခြားနေသလားလို့…။
MG ရဲ့ about us မှာ ဖေါ်ပြထားတဲ့ publisher Maung Maung Kyi ရဲ့ email address က mmk@myanmargazette.net ဖြစ်ပြီး ဒီ post မှာ ဖေါ်ပြထားတာက mandalaygazette1875@gmail.com ဖြစ်နေတယ်နော်။ MG ရဲ့ ကိုယ်ပိုင် domain address လဲ မဟုတ်ဘူး။ address ပြောင်းသွားတာလား။ သူကြီးက confirm လုပ်ပေးရင် ကောင်းပါမယ်…။
Foreign Resident
August 10, 2011 at 1:00 pm
Yes, Researcher,
You are smart.
Thu Gyee, say something.
mandalay1875
August 10, 2011 at 3:17 pm
To researcher…နဲ့ စာရေးသူအားလုံးသို့
comment ရေးပေးတာကျေးဇူးတင်ပါတယ်။
e mail လိပ်စာ mmk@myanmargazette.net က
မသိတဲ့လူ( ပြင်ပ)နဲ ့ဆက်သွယ်ရင် အဆင်ပြေအောင်လို့ ပါ။
နောက်ပြီးပုံနှိပ်သတင်းစာမှာပုံနှိပ်ဖေါ်ပြရင် (ဆက်သွယ်ရန်)အဆင်ပြေအောင်လို ့ပါ။
mandalaygazette1875@gmail.com က ဒီ ဝက်ဘ်ဆိုဒ် မှာ ရေးတဲ့ Log in နာမည်ပါ။
ဝက်ဘ်ဆိုဒ်မှာရေးတဲ့လူတွေဆက်သွယ်ရင် သီခြားသိနိုင်အောင် ယူထားတာပါ။
ဂရုတစိုက်ဖတ်ပြီး စေ့စေ့စပ်စပ်မေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်။
Confuse ဖြစ်သွားရင်တော့ Sorry ပါပဲ။
စိုးရိမ်ပြီးကြောက်နေမှာစိုးလို ့ နာမည်ပါထည့်ရေးထားပါတယ်။
ရတနာပုံနေပြည်တော်သတင်းစာထုတ်ဝေလာတာ ၅နှစ်ရှိပါပြီ။
ကိုယ်တိုင်ရေးတဲ့စာပေါင်းမနည်းတော့ပါဘူး။
ဒါပေမဲ့ ရေးတာတွေညံ့နေတယ်ထင်ပြီး ဘယ်တော့မှနာမည်မတပ်ဖြစ်ပါဘူး။
အခုလည်း ဗြုံးကနဲ ထရေးနေသလိုဖြစ်နေလို ့ ကိုယ့်နာမည်ကိုမတပ်ချင်ပေမဲ့
အားလုံးစိတ်ချအောင်နာမည်ထည့်ရေးတာပါ။
တခြားစာကောင်းရေးနေတဲ့လူတွေအများကြီးတွေ့ရဖတ်ရပါတယ်။
ပုံနှိပ်မီဒီယာအတွက် စာရေးသူ၊အယ်ဒီတာ၊ထုတ်ဝေသူတွေအပြန်အလှန်ဆက်သွယ်ရင်း
ပြင်ဖျက်ရင်းနဲ့ကြိုးစားရင်အကောင်းဆုံးစာမူဖြစ်လာမှာပါ။
ဒါကြောင့် နာမည်နဲ့ အီးမေးလ် ပေးရင်း ဆက်သွယ်တာပါ။
ဘာမျှထူးခြားတာမရှိပါဘူး။
အခုလိုစာမူခေါ်ချင်တဲ့စာကိုရေးချင်တာကြာပါပြီ။
မအားတာရယ်၊စာမူ ခေါ်ဖြစ်ရင် အခုလိုမေးဟယ်၊ဆွေးနွေးဟယ်နဲ့
အချိန်ပေးမဖြေပြန်ရင်လည်း တာဝန်မကျေသလို ဖြစ်မှာစိုးလို ့မရေးဖြစ်တာပါ။
ပြည်းတွင်းကအင်တာနက် ကွန်နက်ရှင်းမကောင်းတဲ့ကြားက
စာအရှည်ကြီးရေးနိုင်တဲ့ရေးနိုင်တဲ့သူတွေ
ဖွဲ့နွဲ့ပြီးရသမြောက်အောင်ရေးဖွဲ ့နို်င်တဲ့သူတွေကို
အမြဲအားပေးပြီးအထင်ကြီးနေလျက်ပါပဲ။
ကျွန်တော်က လူတိုင်းနဲ့ ဆောင်းပါရှင်/စာမူရှင်ကို Forum ပေါ်မှာအမေးအဖြေမလုပ်သင့်ဘူးထင်လို ့
သီသန့် ပြောဆိုညှိနိုင်းနိုင်အောင် အီးမေးလ်နဲ့ ဆက်သွယ်ခြင်းဖြစ်ပါတယ်။
ပုံနှိပ်မထုတ်ဝေခင်လူတိုင်းသိအောင် လျှောက်ပြောလျှောက်ရေးနေတာ
မဖြစ်သင့်ဘူးထင်လို့ အီးမေးလ်နဲ့ဆက်သွယ်ချင်တာပါ။
မရှင်းတာ၊ သံသယရှိတာကိုစိတ်ထဲ့ရှင်းသွားအောင်
ဆက်လက်မေးမြန်းဆွေးနွေးနိုင်ပါတယ်။
comment ရေးပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။
researcher
August 10, 2011 at 4:39 pm
သံသယ ရှိလို့ဆိုတာထက် စိတ်ထဲမှာ မရှင်းလို့ရယ်၊ သေချာမှုတခုကို ရချင်လို့ရယ်ပါ။ အခုလိုရှင်းပြလိုက်တော့ စိတ်ထဲမှာ ရှင်းသွားသလို သေချာမှုကလဲ ခိုင်မာသွားတာပေါ့။
Congratulation ပါ ဆူးနဲ့မဝေ။
pooch
August 10, 2011 at 2:14 pm
ဝမ်းသာပါတယ် ဆူးနဲ့ မဝေ.. ဆက်ရေးပါ အားပေးနေပါတယ်….
zaw min
August 10, 2011 at 3:11 pm
သူကြီးရေ…သတင်းအမှန်အကန်ဖြစ်ကြောင်းထုတ်ပြန်ပေးပါ၊ဒါမှ ကာယကံရှင်တွေရော၊ရွာသူရွာသားတွေအားလုံး အမှန်တကယ်ဝမ်းမြောက်ဝမ်းသာနဲ့ အားပေးနိုင်မှာပါ၊
ဤသတင်းမှန်ကန်ပါက အတိုင်းထက်အလွန်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျား…..ဒါမှလဲနောင်လာမဲ့မျိုးဆက်သစ် ကလောင်ရှင်များထက်မန်ပေါ်ထွက်လာနိုင်ပါသည်ဖြစ်ပါကြောင်း…..
မိုက်ကယ်ဂျော်နီအောင်ပု
August 10, 2011 at 3:59 pm
ဒီလိုဆို ဟန်ကျပြီဗျို့
အိုက်ဒီ သဒင်းဇာမာ ကြော်ငြာထည့်လို့ရနိုင်မလားဗျို့
လောလောဆယ်
နားကြပ်တောင်ရယ်
နားကြပ်ရယ် နှစ်မျိုးထည့်မယ်ဗျို့
ဆူး
August 10, 2011 at 4:16 pm
ဘကြီးပု.. ဝါး ၃လုံးနဲ့ အရင်းအနှီးထုတ်ပေးထားတဲ့ သွားကြားထိုးတံ လုပ်ငန်း မရှိတော့ဘူးလား..
ဆူး
August 10, 2011 at 4:18 pm
အခုလို စာမူ အတွက် ပြောတဲ့ အတွက် ဝမ်းမြောက်မိတာ အမှန်ပါပဲ..
မနက်က သူငယ်ချင်းများ ဖုန်းဆက်ပြောသလို ဖုန်းကို စာပို့ပြီးလည်း ပြောထားကြတယ်။
အခုမှ ဝင်ပြီး ကြည့်မိတာပါ။ ကျေးဇူးတင်ပါတယ်။
အခု ပေးထားတဲ့ ဂျီမေး ကို ဂျီတော့မှာ အပ်ထားလိုက်တယ်။
ဝမ်းသာပေးကြတဲ့ ရွာသူ ရွာသား အပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်။
thit min
August 10, 2011 at 5:51 pm
Congratulations SUU and WEI,
……..
S ound nice! How wonderful!
U seful pen, you are cool.
U ltimate-success will carry you do.
……………
W ow! Wow! we are clapping.
E veryone gives you bless-things.
I n your future, your words’re star-lighting.
………
With, kindly love. TM
shwe ni
August 10, 2011 at 6:41 pm
Congratulation , Wei Wei and Sue .
. They are born to be that talented
Deserve it
Thank you U Maung Maung Kyi too .
Hope to pick some more villagers who are really talented to get space somewhere else .
hmee
August 10, 2011 at 6:52 pm
ဟယ် သတင်းထူးကို အခုမှ ဖတ်မိတယ်။ ကိုယ်စား ဝမ်းသာပေးသွားပါတယ် ဆူးနဲ့ မဝေရေ။
naywoonni
August 10, 2011 at 7:08 pm
Congratulation ပါ ဆူးနဲ့ဝေ။ ဆူးတွေနဲ့ ဝေ အာ… ဟုတ်ပါဘူးနော်…။ ခုမှတွေ့လို့ လိုင်းမကောင်းတော့ Submit မရပဲဖြစ်နေလို့…။ကြာသွားတာ..။
padonmar
August 10, 2011 at 7:32 pm
သတင်းကောင်းလေး တဆင့်စကားကြားရလို့ ဝမ်းသာအားရ ဖွင့်ဖတ်ရပါတယ်။
Congratulations!!!!!!!!!!!!!!!!!
ဒီထက်ကြိုးစားနိုင်ကြပါစေ။
မြန်မာမှသည် ကမ္ဘာတိုင်ကျော်ကြားနိုင်ကြပါစေ။
moethidasoe
August 10, 2011 at 10:04 pm
ပြီးရင် ဝေဝေ့ ဟင်းချက်နည်း စာအုပ်ပါ ထုတ်ပေးပါလား
kai
August 10, 2011 at 11:58 pm
ပုံနှိပ်သတင်းစာရဲ့ ဖွဲ ့စည်းထားပုံအရ.. ဒေါက်တာမောင်မောင်ကြည်က ..အယ်ဒီတာတဦးဖြစ်ပါတယ်..။
အချက်အလက်တွေမှန်ပါတယ်လို့.. ကျုပ်အနေနဲ့.. ထောက်ခံလိုက်ပါကြောင်း..။
ကိုရင်researcher ရဲ့စေ့စပ်မှုကိုလည်း.. ချီးကျူးလိုက်ပါတယ်နော..။
researcher
August 11, 2011 at 9:30 am
ကျွန်တော်လို့ ရေးသားသုံးနှုံးနေပေမယ့် ကျွန်တော်က အမျိုးသမီးပါ သူကြီးရယ်။
etone
August 12, 2011 at 11:01 am
ဒါဆို ကိုရင် မဟုတ်ပဲ သီလရှင်ကြီးပေါ့နော် ဟီးဟီး … ။
(အားလုံးပျော်နေတဲ့အချိန် ပျော်ရအောင် စတာပါ … )
researcher
August 12, 2011 at 11:55 am
တော်သေးတာပေါ့ etone ရယ်။ သီလရှင်ကြီးမို့လို့။ ဆရာကြီးဆိုသေပြီပဲ…။
zaw min
August 11, 2011 at 12:55 am
ယခုလို ကိုခိုင်ကပါထောက်ခံပေးတဲ့အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်…Congratulation!!!..Sue & WeiWei…
mandalay1875
August 12, 2011 at 12:31 am
To Sue and Wei Wei…
မဆူး နဲ့ မဝေဝေ ကိုပဲ ဦးတည်ရေးတာပါနော်…
မဆိုင်တဲ့သူ က ကျွန်တော့ Credibility ကို သံသယဖြစ်လာတော့
စိတ်တောင်မကောင်းပါဘူး။
ကျွန်တော် က ဒီ ဝက်ဘ်ဆိုဒ်မှာအရေးနည်းပါတယ်။
သိပ်မရေးတော့သိပ်မသိဘူးပေါ့။
အဲဒီတော့ သံသယဖြစ်ခံရတာပါ။
မဆူး နဲ့ မဝေဝေ ကသံသယဖြစ်ရင် ခံသာပါတယ်။
အခုတော့…
ကျွန်တော့အီးမေးလ် နဲ့ နာမည်ပေးလိုက်ခြင်းဟာစာမူအတွက်
တရားဝင် ဆက်သွယ်ချင်လို ့ပါ။
ကျွန်တော့် ရေးပေးလိုက်တဲ့ အီးမေးလ်
mandalaygazette1875@gmail.com
or
mmk@myanmargazette.net
ဆီကိုအမြန်ဆုံး အီးမေးလ် ရေးလာပေးပါလို့…
စာမူအတွက်ပြောချင်လို့ပါ။
ဒီဝက်ဘ်ဆိုဒ်မှာ အယ်ဒီတာမလုပ်ပါဘူး။
ဒီဝက်ဘ်ဆိုဒ်မှာ အယ်ဒီတာမလုပ်ပါဘူး။
ဒီဝက်ဘ်ဆိုဒ်မှာ အယ်ဒီတာမလုပ်ပါဘူး။
စိတ်ပူနေတဲ့သူ စိတ်သိပ်မပူပါနဲ့လို့…
ကျွန်တော်စာရေးချင်ရင်ရေးလို ့ရအောင် Log in နာမည်တခု ယူထားတာပါ။
အခုသံသယဖြစ်နေသူတွေနဲ့ တန်းတူ member တယောက်ပေါ့။
Log in နာမည်မျိုးစုံ နဲ့ လဲရေးမနေပါဘူး။
အများသူငါလို ဝက်ဘ်ဆိုဒ် မျိုးစုံဖတ်ဖြစ်တယ်။
သဘောကျတာရှိရင် ပုံနှိပ်သတင်းစာ မှာထည့် ရင်ကောင်းမှာပဲ လို ့ မှတ်ထားပြီး
အခုလို ပဲစာမူပေးဖို ့ဖိတ်ခေါ်ဆက်သွယ်တာပါ။
News Story ကိုပိုဦးတည်ပါတယ်။
ဘယ်စာမူကိုရွေးတယ်လို့တောင်မရေးရပဲ
Congratulations တွေကိုတွေ့တော့ ပြုံးမိတယ်။
Congratulations မှာ ‘s’ ပါတယ်နော်
Congratulations မှာ ‘s’ ပါတယ်နော်
Congratulations မှာ ‘s’ ပါတယ်နော်
မဝေဝေ နဲ့ ဆူးရဲ့ ဝက်ဘ်ဆိုဒ် မှာလည်း အီးမေးလ် ပြန်ဖို့
ကျွန်တော့ အမျိုးသမီးကို comment မှာရေးခိုင်းမိပါတယ်။
ပြန်စာမရသေးလို ့ အခုလို ဆက်သွယ်တာပါ။
ရတနာပုံနေပြည်တော် ပုံနှိပ်သတင်းစာအတွက်
အခုလိုပဲ သတင်းရှာ ၊စာမူရှာ ဆက်သွယ်ပါတယ်။
အီးမေးလ်အကြောင်းပြောရရင်
mandalay gazette web site က
.com ဖြစ်လိုက်
.net ဖြစ်လိုက်
.org ဖြစ်လိုက်
hosting ပြောင်းလိုက်
web site …down လိုက် နဲ့ ဖြစ်ခဲ့ဘူးလို့
အီးမေးလ်တွေပျောက်ခဲ့ဘူပါတယ်။
mmk@myanmargazette.net နဲ့ဆက်သွယ်ဘူးတဲ့ စာရေးဆရာကြီးတယောက် ရဲ့
စာမူ နဲ့ အီးမေးလ် ပျောက်သွားဘူးတယ်။
အီးမေးလ် မရ…မရ နဲ့ ဖုံးဆက်ကြည့်တော့မှ ဒီ အီးမေးလ် ကြောင့်လို ့ သိရတယ်။
ဒါကြောင့် များသောအားဖြင့် ကျွန်တော် က personal e mail နဲ့ ပဲ ဆက်သွယ် ဖြစ်တယ်။
gmail.com
yahoo.com
hotmail.com
တို့ က ပျက်လေ့မရှိတော့
အီးမေးလ် မပျောက်လို ့ ပိုသုံးဖြစ်တယ်။
ဒီဝက်ဘ် ဆိုဒ် မှာဘာဖြစ်လို ့ သိပ်မရေးဖြစ်သလဲဆိုတော့
ရေးဖြစ် တင်ဖြစ်တဲ့သတင်း/ဓါတ်ပုံ တခုကို
သတင်းစာဖတ်ပရိသတ်တယောက် က ဖတ်ဘူးပြီးသား or ကြည့်ဖူးပြီးတာပါလို့
ပြောလာပါတယ်။
ဘယ်မှာလဲလို ့မေးကြည့်တော့ website မှာ လို့ဖြေပါတယ်။
အဲဒီတော့ website မှာ ဖတ်ဘူးတဲ့ ပရိသတ် ရာဂဏန်း (hit list) ထက်ပိုပြီး
ပရိသတ် ထောင်ဂဏန်းရှိတဲ့ သတင်းစာဖတ်ပရိတ် ကို ပေးဖတ်ရင် ပိုမကောင်းဘူးလားလို့
ပြန်မေးဖြစ်ပါတယ်။
ဒါကြောင့် web site မှာ ဖတ်ဘူးပြီးတာမဖြစ်အောင် သိပ်မရေးဖြစ်တော့ပါ။
ကျွန်တော့ဝိုင်းပြီးတော့မနှိပ်ကွပ်ပါနဲ ့…
ကျွန်တော်က ကြောက်တတ်ပါတယ်။
လွန်ခဲ့တဲ့၅နှစ်ကကျွန်တော် သတင်းစာစလုပ်ကတည်း ပြောဘူးပါတယ်။
ကျော်ကြားချင်လို ့ မဟုတ်ပါ
ငွေလိုချင်လို ့ မဟုတ်ပါ
စာရေးချင်လို ့ မဟုတ်ပါ။
ဆရာလုပ်ချင်လို့ မဟုတ်ပါ
နိုင်ငံရေးလုပ်ချင်လို့ မဟုတ်ပါ
မြန်မာတွေ အချင်းချင်း
ဆက်သွယ်နိုင်အောင်
သတင်းဖလှယ်နိုင်အောင် လို့ပါ။ ဒီလောက်ပါပဲ။
သတင်းစာကို ဝေဖန်ချင်တဲ့သူတွေကို
ရက်ရက်စက်စက် ပက်ပက်စက်စက် စော်ကားမော်ကားပြောခွင့်ပေးထားပြီး
ပြန်မငြင်းပဲ ပြုံးလေးနဲ့ နားထောင်ပေးတာ ၅နှစ်ရှိပါပြီ။
အဲဒီတော့သံသယရှိတာတွေဆက်လက်မေးနိုင်ပါတယ်။
မေးတဲ့သူတွေကလည်း ကျွန်တော်ဘယ်သူဘယ်ဝါပါ။ ဝါဘယ်လောက်ရင့်တယ်
ပြောပြီးကျွန်တော့ကိုဆုံးမနိုင်ပါတယ် နော်…
အခုလို အချိန်ပေးဖတ်ပေးတာကိုကျေးဇူးတင်ပါတယ်။
မဝေဝေ နဲ့ မဆူး အီးမေးလ် ရေးလာပေးပါနော်။
weiwei
August 12, 2011 at 10:04 am
အခုလို သေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် …
အခုတလော ကွန်နက်ရှင်မကောင်းတာနဲ့ အီးမေးလ်မဖွင့်ဖြစ်လို့ စာပြန်တာ နောက်ကျသွားပါတယ် ….
researcher
August 12, 2011 at 11:47 am
Sorry ပါ ဦးမောင်မောင်ကြည်…
ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ကာယကံရှင်တွေကတောင် ဘာမျှမပြောပဲ ကျွန်တော်ကဝင်ပြီး ပြောသလိုဖြစ်သွားတဲ့ အတွက် ဦးမောင်မောင်ကြည် အနေနဲ့ ခံရခက်သွားတယ်ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်။
ဦးမောင်မောင်ကြည် အပေါ်မှာ မယုံဘူး၊ ယုံတယ်ဆိုတာထက် MG မှာ post တခုအနေနဲ့ တက်လာတဲ့အတွက် ဖတ်မိပြီး source of information က ဘယ်ကလဲ ဆိုတာကို ပိုင်းခြား ၊ဝေဖန် ၊ ဆန်းစစ် ကြည့်လိုက်တဲ့ သဘောပါ။ မြန်မာလူမျိုးတွေက ယုံလွယ်တယ်..ဆိုတာမျိုး လူမျိုးနဲ့ချီ၊ ဘာသာနဲ့ချီပြီး ပြောခံရမှာစိုးလို့ မဆိုင်မှန်း သိပေမယ့် ဝင်ပြောလိုက်တာပါ။ ဒီ post က အရင် MG မှာ ပြောဆို ရေးသားနေကြ ပုံစံမဟုတ်ပဲ အလုပ်သဘော ပါလာတဲ့အတွက် ပိုပြီး ဂရုစိုက်လိုက်တဲ့ သဘောလဲ ပါ ပါတယ်။
MG website ကိစ္စနဲ့ပတ်သက်ရင် ကို kai ကလွဲလို့ ကျန်တဲ့ MG အုပ်ချုပ်ရေး အဖွဲ့၊ အယ်ဒီတာအဖွဲ့ အဖွဲ့ဝင် တွေ ကို MG အဖွဲ့ဝင် တော်တော်များများက မသိကြပါဘူး။ ဦးမောင်မောင်ကြည် အမည်ကို About us မှာ ဖေါ်ပြထားပေမယ့် Post တင်ခြင်း၊ Comment ရေးသားခြင်း မျိုးမရှိတဲ့အတွက် (ရေးရင်လဲ မိတ်မဆက်ထားရင် MG အဖွဲ့သားတွေက သိမှာမဟုတ်) ကိုယ်မသိတဲ့ လူတယောက်က တင်လာတဲ့ post အပေါ် ဆန်းစစ်မိတာ မျိုးဖြစ်သွားတာပါ။ သတင်းစာမှာ ဖေါ်ပြဖို့ စာမူဝယ်ချင်တာကအစ ကို kai ကပဲ အဖွဲ့သားတွေကို ဆက်သွယ် ပြောဆိုတာမျိုး တွေ့ဖူးတာဆိုတော့ ထူးခြားသလိုဖြစ်နေလို့ပါ။ နောက်ပြီး အလုပ်ကိစ္စ ဆက်သွယ် လာတာက ကိုယ်ပိုင် Domain နဲ့ address ရှိရဲ့ သားနဲ့ gmail နဲ့ဖြစ်နေလို့ address ပြောင်းသွားတာလား သေချာ အောင် မေးလိုက်တာပါ။ ဦးမောင်မောင်ကြည်ကို ကျွန်တော်တို့က မသိတဲ့အတွက် ကျွန်တော်နဲ့တကွ MG အဖွဲ့ဝင်တွေ သိထားတဲ့ ကို kai ကိုပဲ source of information မှန်ကန်ကြောင်း confirm လုပ်ပေးဖို့ တောင်းဆိုတာပါ။ Publisher ဦးမောင်မောင်ကြည် ဆီက လာတဲ့ information ဆိုရင် ကျွန်တော်တို့က ယုံပါတယ်။ ဒါပေမယ့် ဒီ information က Publisher ဦးမောင်မောင်ကြည် ဆီက လာတာ ဟုတ် ၊ မဟုတ် ကိုတော့ MG အုပ်ချုပ်ရေးပိုင်းကို သိကျွမ်းတဲ့ ကို kai က confirm လုပ်ပေးသင့်တယ် ထင်လို့ ကို kai ကို confirm လုပ်ပေးဖို့ တောင်းဆိုလိုက်တာပါ။
ဘာပဲပြောပြောလေ..ကာယကံရှင်မဟုတ်ပဲ ကိုယ်က ဆန်းစစ်မိတဲ့အတွက် ကျွန်တော် လွန်သွားပါတယ်။ ဒီအတွက်လဲ တောင်းပန်ပါတယ်။ MG အဖွဲ့ဝင်တွေက Community လေးတခုလို ဖြစ်နေတယ်လို့ ခံစား ထင်မြင် မိလို့ ဝင်ရေးလိုက်တာပါ။
ဆူး
August 12, 2011 at 3:11 pm
စာပြန်တာ နောက်ကျတာ စိတ်မရှိပါနဲ့ ရှင်..
ဆူးဝေဝေ ဆိုက် က ခဏခဏ ဟတ်ခံရတာနဲ့ အသစ်ပြန်ပြီး တင်လို့ ရတဲ့ အချိန်မှာ အကောင့်တွေ ပျက်နေပါပြီ။ အသစ်ပြန်မလုပ်ချင်တဲ့ အတွက် အဲဒီ ဆိုက်က ဒီတိုင်း ပစ်ထားတဲ့ သဘောလည်း ဖြစ်နေပါတယ်။ စာမူ ခေါ်တဲ့ စာလာတာလည်း မသိရခြင်း ဖြစ်ပါတယ်။ အီးမေး ကို အခုပဲ မဝေ ကဆီက နေ တဆင့် ဖော်ဝပ် ရလို့ ပြန်ထားလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ်။
padonmar
August 12, 2011 at 4:57 am
ကိုမောင်မောင်ကြည်ရယ်
ကျွဲမြီးမတိုလိုက်ပါနဲ့၊
မြန်မာပြည်မှာ အရာရာ ချင့်ယုံရတာ အကျင့်ပါနေကြလို့ပါ။
ကျွန်မတို့ရွာသားတွေက သဂျီးနဲ့ဘဲ အကျွမ်းဝင် သဂျီးတစ်မျက်နှာ တစ်ရွာမှတ်ပြီးနေနေကျဆိုတော့ သိကြားမင်းကြီးဆင်းလာလည်း ပွဲထဲက သီကြားဘဲထင်မိတာပေါ့။
၆လလောက်အတွင်းမှာ မနီလာစိန်အင်တာဗျူးဘဲ တစ်ခါဖတ်ဖူးတယ်၊ကိုမောင်မောင်ကြည်ဆိုတာ website ပိုင်ရှင်သူဌေးကြီး လို့ လူတိုင်းကထင်တာလေ၊သူဌေးအယောင်ဆောင်တဲ့ဇာတ်လမ်းတွေကလည်း ခံရနေကျဆိုတော့ သံသယဖြစ်မိတဲ့ရွာသားတွေ အပြစ်မဆိုပါနဲ့။
နောက်ပြီး ဆူးနဲ့ ဝေဝေ စာတွေဆို လူတိုင်းအားပေးလို့ comment အများကြီးရနေကျလေ။
ဘယ်စာမူရွေးရွေး ဝေးဟေးဟေး လေးတော့ လုပ်ခွင့်ပေးပါ။
ကျွန်မတို့ ဒီမိုကရေစီကို ဒီမှာဘဲရလို့ ဒီရွာမှာပျော်နေကြတာပါ။
MaMa
August 12, 2011 at 6:45 am
အရေးပိုင်မင်းရှင့်- နီးရာဓားကြောက်ပြီး နေလာရတဲ့ ရွာသူရွာသား အမိုက်အမဲလေးတွေကို ဗွေမယူပဲ သည်းခံခွင့်လွှတ်ပေးပါရှင့်။ နွားခြေရာခွက်ထဲက ဖားသူငယ်လို သဂျီးမင်းမျက်နှာ တစ်ရွာထင်ပြီး နေလာကြရတာမို့ အရေးပိုင်မင်းမှန်းမသိလို့ ပြောမိတာပါ။ အရေးကြီးက သွေးနီးကြဆိုသလို ရွာသူရွာသားအချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ အားပေးကြ၊ စိုးရိမ်ပေးကြတာကိုလည်း သည်းခံခွင့်လွှတ်စေလိုပါသည်။ (မနေ့တ တနေ့လုံး MG ကို ဖွင့်မရလို့ အရေးပိုင်မင်း ရွှေစိတ်တော်ညိုပြီး ရွာကိုများ ဖျက်ပစ်လိုက်ပြီလားလို့။) နောက်နောင် (အရေးပိုင်မင်းမှန်း သိသွားပြီဖြစ်၍) ယခုကဲ့သို့ မချေမငံ၊ မဆင်မခြင်၊ မဖြစ်ညစ်ကျယ်၊ မပြောမဆိုတော့ပါဘူးဟု အနူးအညွတ် ကတိပေးအပ်ပါသည်။

တညင်သား
August 12, 2011 at 8:52 am
ဟားးးးးးးးးးးးးးးးးးး ဟုတ်ပ!!!!!!!!!!!!!! ဦးမောင်မောင်ကြည်ရယ် မြန်မာပီသပါပေတယ်….. စိတ်မဆိုးပါနဲ့နော် ….ရွာသား/ရွာသူတွေက ဒီရွာအကြောင်းပဲသိတာလေ အဲဒါကြောင့် မေးတာ ဖြစ်မှာပါ သံသယ ဖြစ်လို့ရယ်တော့ ဟုတ်ပုံမပေါ်ပါဘူးဗျာ..သိချင်လို့ စပ်စုတာလောက်ပဲ နားလည်ပေးပါနော်…ဒီအဒေါ်ကြီး နှစ်ယောက်ကို မြေတောင်မြှောက်ပေးလို့ ဝမ်းသာလုံးနင်ပြီး….. ဦးမောင်မောင်ကြည် ကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါရစေခင်ဗျားးးးးးးး
Foreign Resident
August 12, 2011 at 10:28 am
your comments are very very funny




I cannot stop laughing it.
– သိကြားမင်းကြီးဆင်းလာလည်း ပွဲထဲက သီကြားဘဲထင်မိတာပေါ့။
– သဂျီးမင်းမျက်နှာ တစ်ရွာထင်ပြီး နေလာကြရတာမို့ “”အရေးပိုင်မင်း”” မှန်းမသိလို့ ပြောမိတာပါ။
– မနေ့တ တနေ့လုံး MG ကို ဖွင့်မရလို့ အရေးပိုင်မင်း ရွှေစိတ်တော်ညိုပြီး ရွာကိုများ ဖျက်ပစ်လိုက်ပြီလားလို့။
– နောက်နောင် (အရေးပိုင်မင်းမှန်း သိသွားပြီဖြစ်၍) ယခုကဲ့သို့ မချေမငံ၊ မဆင်မခြင်၊ မဖြစ်ညစ်ကျယ်၊ မပြောမဆိုတော့ပါဘူးဟု အနူးအညွတ် ကတိပေးအပ်ပါသည်။
– ဒီအဒေါ်ကြီး ( အဒေါ်ကြီး ) နှစ်ယောက်ကို
Foreign Resident
August 12, 2011 at 10:33 am
Dear mandalay1875 ( ဒေါက်တာမောင်မောင်ကြည် )




I think you got a very good nick name ( အရေးပိုင်မင်း )
Congratulations (s)
Just kidding naw, don’t take it seriously !!!
Thanks
researcher
August 12, 2011 at 11:52 am
Chairman Dr Zaw Htun ကိုလဲ ဘွဲ့တံဆိပ်တခုလောက် ဆက်ကပ်ရရင်ကောင်းမယ်နော်။ အရေးပိုင်ထက် မြင့်တဲ့ရာထူး..:)
မိုက်ကယ်ဂျော်နီအောင်ပု
August 12, 2011 at 1:39 pm
ဝေဖန်ခံတယ်ဆိုလို့ဝေဖန်လိုက်ဦးမယ်


ထုပ်ဝေသူအယ်ဒီတာကြီး ဦးမောင်မောင်သိုက် ဟုတ်ပါဘူးရောင်လို့ ဦးမောင်မောင်ကြည် ခင်ဗျား
ထုပ်ဝေသူအယ်ဒီတာသာပြောတယ် ကိုယ့်နာမည်တောင် မှန်အောင်မရေးနိုင်ဘူးဆိုဒေါ့
သူများ သံသယဖြစ်တာလည်းစိတ်ဆိုးနဲ့လေ
မောင်မောင်ကြည် လို့မရေးနဲ့ မောင်မောင်ကြည် လို့ရေး
ကိုယ့်ကိုယ်ကိုယ် ဘာဆိုတာကို သိစေခြင်ရင်လည်း
ခေါင်းပေါင်းလေး တိုက်ပုံလေးတော့ဝတ်ထားမှပေါ့
ခုတော့အဲ့လိုဟုတ်ဘဲနဲ့ လေးဘက်ထောက်ကြီးဝင်လာတယ်ဆိုတော့ကာ
ကိုယ်ဥစ္စာကိုလည်း ကိုယ်ပြန်ကြည့်ပါဦး ရေးထားတာကိုပြောတာ
ကျုပ် ( ကိုယ့်အဘလောက်ရှိလားတော့သိဘူး ဝန္ဒာမိပါ ) တို့သိထားသလောက်က
သဂျီးမင်းက အော်သာရိုက် ဆိုတော့
ဒီလိုလေးဘက်ထောက်နဲ့ဝင်လာပြီး
မန်ဘာတစ်ယောက်ကို ကြေးလာခေါ်တဲ့ပုံစံမျိုးကလည်း ဖြစ်မနေဘူးလား
ဆိုတော့ကာ ပထမတစ်ချက်က ဒီဆိုက်မှာက ပို့စ်တွေကို တင်တာနဲ့
ပေးတဲ့ပွိုင့်က တစ်မျိုးဆိုပေမယ့် သူဘာမှ အသုံးမချရင် ပုံမှန်ပေးတာဘဲ ရေးချင်တာရေး
သူ့ ( သဂျီးမင်း ) အဆို သတင်းစာမှာသုံးမယ်ဆိုရင် ပွိုင့်ကို သောင်းနဲ့ချီပြီးပေးတာဘဲ
ဒါကတစ်ကြောင်း
နောက်တစ်ခုက ဒီဆိုက်မှာက ပို့စ်တိုင်းကို ဘယ်သူမဆို ဝင်ပြီးပြောဆိုလို့ရတယ်ဆိုတာကို နားမည်ဘူးလား
( To Sue and Wei Wei…
မဆူး နဲ့ မဝေဝေ ကိုပဲ ဦးတည်ရေးတာပါနော်…
မဆိုင်တဲ့သူ က ကျွန်တော့ Credibility ကို သံသယဖြစ်လာတော့
စိတ်တောင်မကောင်းပါဘူး။)
သေလိုက်
ဒါ ခင်ဗျား ကျုပ်တို့ မန်ဘာတွေကို တော်တော်မိုက်မိုက်ရိုင်းရိုင်းစော်ကားလိုက်တာ
သံသယဖြစ်အောင် ရေးထားလို့ သံသယဖြစ်ကြောင်းပြောတာ ဘာဖစ်လဲ
ပြောရရင်တော့ အောလပုံဘဲ
ခုတောင်မှ ပြောပုံက မသိရင် ကျုပ်တို့ သဂျီးကိုခင်ဗျားက
နှဖားကြိုးထိုးပြီး ခိုင်းထားသလို ဘာလိုလို ဘာလိုလို မရှင်းရှင်းနဲ့
ပထမတော့ ဘယ်သိမတုန်းဗျ ကျုပ်တို့ သဂျီးကို လာဖိုက်တယ်ထင်သွားလို့
သံသယတွေရှင်းတာမြန်သွားလို့ ဟင်းဟင်းဟင်း
ရှိစေပေါ့နော
သတင်းစာ အယ်ဒီတာတစ်ယောက်အနေနဲ့ စာမူစခေါ်ကတည်းက
( အများသူငါလို ဝက်ဘ်ဆိုဒ် မျိုးစုံဖတ်ဖြစ်တယ်။
သဘောကျတာရှိရင် ပုံနှိပ်သတင်းစာ မှာထည့် ရင်ကောင်းမှာပဲ လို ့ မှတ်ထားပြီး
အခုလို ပဲစာမူပေးဖို ့ဖိတ်ခေါ်ဆက်သွယ်တာပါ။
News Story ကိုပိုဦးတည်ပါတယ်။)
ဒါကတော်တော် အရေးကြီးတဲ့ အကြောင်းကို သူများဝိုင်းဘေမှ ထုပ်ပြောတော့ခံပေါ့။
အဲ့သည်နှစ်ယောက်တည်းကို ဘဲပြောခြင်ရင် သူတို့ ရေးတဲ့ပိုစ့်မှာ ကော်မန့်ပေးပြီးဆက်သွယ်လိုက်ပေါ့။
ကျုပ်တို့ သဂျီးမင်း ဆူမှာကြောက်လို့ တော်ဘီ ဒါဗြဲ
…………………………..
…………………………..
လူတွေလည်းစိတ်ဝင်စားရအောင် သံသယတွေလည်း ရှင်းရအောင်
ဒီလိုအရေးသားလေး ဒီလိုပုံစံလေး ဘာညာပေါ့ဗျာ
အဲ့လိုမဟုတ်လို့ကတော့
ဪ…….တရုပ်အပြည်အကြောင်းကို ဗမာလိုရေးတတ်တဲ့မမကြီးနဲ့
သူ့အပေါင်းပါကိုမှရွေးခေါ်သလိုဖြစ်နေတော့
ကျန်တဲ့ စာရေးဆရာတွေ ဖီးလ်းတွေဘာတွေများ ကွေးကုန်မလားဘဲ