Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

NLD ဗဟိုကော်မတီဝင်အချို့စုစည်း၍ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီထောင်မည်

klnMay 10, 20101min2115

NLD ဗဟိုကော်မတီဝင်အချို့စုစည်း၍ အမျိုးသားဒီမိုကရေစီအင်အားစုအဖြစ် ပါတီတည်ထောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့်အခြေအနေ၊ ပါတီဖွဲ့ရခြင်းအကြောင်းတို့ကို “ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force)ဆိုပြီး ထောင်မှာပါ။ ကျွန်တော်တို့ NLD မှာပါတဲ့သူတွေ၊ လူငယ်တွေနဲ့အခြားသူတွေပါပါတယ်။ ၆.၅.၂၀၁ဝကမှ ဆွေးနွေးတိုင်ပင်ပြီး ဖွဲ့လိုက်ကြတာပါ။ ပါတီဖြစ်မြောက်ရေးအဖွဲ့မှာ ကျွန်တော်ရယ်(ဒေါက်တာသန်းငြိမ်း)၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းဝင်း၊ ဦးစိုးဝင်း(မကွေး၊ ဆိပ်ဖြူ)၊ တွံတေးဦးသာဆိုင်၊ ဦးတိုးပို(ရေဖြူ-တနင်္သာရီ)အပြင် လူငယ်တွေနဲ့ အပြင်ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အခြားကျွန်တော်တို့အပေါ်ယုံကြည်သူတွေလည်းပါပါတယ်။ ပြည့်စုံဖို့ခုမှ စုစည်းနေဆဲပါ။ အခုဖြစ်မြောက်ရေးအဖွဲ့ကိုဖွဲ့ပြီးပါပြီ၊ အထက်ကိုလဲ တင်ပြထားပါတယ်။ လောလောဆယ် မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်မှာ ဖွင့်ဖို့ပြင်ဆင်နေပါတယ်။ တရားဥပဒေအရ ပြောရင် NLDက ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ NLDနဲ့လုံးဝကို ပတ်သက်ဆက်နွယ်မှုမရှိတော့ပါဘူး။ ဘာဖြစ်လို့ ပါတီထောင်ရသလဲဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ NLDတုန်းကမလုပ်နိုင်ခဲ့တဲ့ ပြည်သူ့အပေါ်ထားတဲ့ကတိတွေကို မဖြည့်ဆည်းနိုင်သေးတဲ့အတွက် ထပ်ပြီးဖြည့်စွက်ဆောင်ရွက်ပေးချင်လို့ပါပဲ။ ပါတီမှတ်ပုံတင်ခွင့်ကိုတော့ မေလ လယ်လောက် တင်ဖြစ်အောင်လို့တော့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ NLDအင်အားစုတွေ ဒီမိုကရေစီအင်အားစုတွေကို စုစည်းသွားမယ်။ တိုင်းပြည်အတွက် လုပ်သွားမယ်။ မျိုးဆက်သစ်တွေအတွက် ချပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်ပါတီကိုမှ အဓိကပြိုင်ဖို့မရှိပါဘူး။ ဘယ်ပါတီပဲလာလာ၊ ဘယ်သူပဲဝင်ပြိုင်ပြိုင်ပါ။ ကျွန်တော်တို့ကတော့ ပြည်သူရဲ့ထောက်ခံမှုရအောင် လုပ်သွားမှာပါ။ ပြည်သူတွေအနေနဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ပြည်သူ့ဘက်မှာရပ်တည်ပြီး အကျိုးပြုမယ့်အဖွဲ့အစည်းတွေကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်အောင်တော့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူ ဒေါက်တာသန်းငြိမ်းက ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။

5 comments

  • zeitgeistguy

    May 10, 2010 at 5:43 am

    အထက်ပါ National Democratic Force ရဲ့ ပြောကြားခြင်းတွေကိုကြည့်ခြင်းအားဖြင့် အဲဒီ့ ပါတီ ဟာ NLD ရဲ့ သစ္စာဖောက်လူအင်အားတစ်စုက ပါတီ ထောင်လိုက်တာဘဲလို့ကျွန်တော်တို့ကတော့မြင်တယ်။ အဲဒီလိုပါတီ မျိုးကိုကျွန်တော်တို့ ပြည်သူတွေက လုံးဝ မထောက်ခံသင့်ဘူးလို့ကျွန်တော်တို့ကတော့မြင်တယ်။ ဒီ လူကြီးပိုင်း တစ်စုဟာ စစ်အစိုးရရဲ့ လက်အောက်မှာ NLD ကမသိအောင်နေခဲ့တာကြာပြီဆိုတာသိသာတယ်။ သူ့တို့ရဲ့အာဘော်တွေကိုကြည့်အားဖြင့်သိနိုင်ပါတယ်။ NLD ကိုသစ္စာရှိတဲ့သူတွေက ဒါမျိုး ဆိုတာလုံးဝမလုပ်နိုင်ဘူးဆိုတာယုံကြည်တယ်။ NLD ပါတီ ကိုတောင် သစ္စာမရှိနိုင်တာ ပြည်သူတွေကိုဘယ်လိုလုပ်ပြီး သစ္စာရှိနိုင်မှာလဲ။ NLD ပါတီပြတ်ပျယ် ပြီဆိုတာနဲ့ တခြားကို အမြန်ပြေးကပ်တယ် ဆိုတဲ့ ပါတီမျိုးကို……..။
    ပြည်သူတွေက အရူးတွေမဟုတ်ဘူးဆိုတာကို National Democratic Force နဲ့အနေနဲ့ သိသင့်ပါတယ်။ လူငယ် အကုန်လုံးက ဝင် မပါချင် ဝင်မပြောကျတာ မသိ လို့တော့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။

  • Sithu

    May 10, 2010 at 12:41 pm

    to zeitgeistguy,

    “အထက်ပါ National Democratic Force ရဲ့ ပြောကြားခြင်းတွေကိုကြည့်ခြင်းအားတြင့် အဲဒီ့ ပါတီ ဟာ NLD ရဲ့ သစ္စာဖောက်လူအင်အားတစ်စုက ပါတီ ထောင်လိုက်တာဘဲလို့ကျွန်တော်တို့ကတော့မြင်တယ်”
    ကျွန်တော်သာ ရတန်းကျောင်းသားလေးလောက်ဆိုရင် အဲလိုမြင်မိမှာပါဘဲ us vs them အမြင်သာသာပဲရှိပါတယ်
    “ဒီ လူကြီးပိုင်း တစ်စုဟာ စစ်အစိုးရရဲ့ လက်အောက်မှာ NLD ကမသိအောင်နေခဲ့တာကြာပြီဆိုတာသိသာတယ်။ သူ့တို့ရဲ့အာဘော်တွေကိုကြည့်အားတြင့်သိနိုင်ပါတယ်။”
    အပြောလေးသုံးလေးကြောင်းနဲ့ အူထဲထိ သိပါတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီး တိုးတက်တာ ကြာလှရော့ရှိမယ်
    “NLD ပါတီ ကိုတောင် သစ္စာမရှိနိုင်တာ ပြည်သူတွေကိုဘယ်လိုလုပ်ပြီး သစ္စာရှိနိုင်မှာလဲ”
    သူတို့ သစ္စာရှိခဲ့လို့ နောက်ဆုံးအချိန်ထိ ရှိခဲ့တာပေါ့ ပါတီ ဆုံးဖြတ်ချက်ကို လက်ခံခဲ့တာပေါ့ ခုပါတီ ဆိုတာ မရှိတော့တဲ့ အခြေအနေမှာ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု လွတ်လွတ်လပ်လပ်ချခွင့် မရှိသင့်တော့ဘူးလား။ နောက်ဆက်တွဲ ပြန်မေးချင်တာက ပြည်သူကို သစ္စာရှိဖို့ အဓိကလား NLDကို သစ္စာရှိဖို့ အဓိကလား။

    တကြောင်းဆွဲ အတွေးအခေါ်နဲ့ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြောရဲတာ ကိုယ့်သဘောပါ။ မဝေဖန်လိုပါ။ ဒါပေမယ့် “ကျွန်တော်တို့” “လူငယ်အကုန်လုံး” ဆိုတာမျိုးတော့ နာမည် မတပ်စေချင်ပါ။ ချွင်းချက်အနေနဲ့ လူငယ်အသင်းအဖွဲ့ တစ်ခုခုရဲ့ ခေါင်းဆောင်ပိုင်းက ပြောဆိုမှုမျိုးတော့ လက်ခံနိုင်ပါသေးသည်။ သို့သော် အထက်ပါcommentရေးသားသူသည် ဟုတ်မည် မထင်ပါ။

  • zeitgeistguy

    May 12, 2010 at 7:31 am

    အနာပေါ် ဒုတ်ကျလို့ နာနေတာလား ကိုစည်သူ။ အမှန်တရားကို ကျွန်တော် တို့ ပြောပိုင်ခွင့်မရှိဘူးလား။ NLD ရဲ့ ထုတ်ပြန်ချက်တွေက ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ အကြိမ်ကြိမ် ထုတ်ပြန်နေရဲ့သားနဲ့ ခု လို NLD က လူတစ်စု က ပြန်လည် ရွေးကောက်ပွဲ ဝင်တယ်ဆိုတော့ NLD ရဲ့ ဆုံးဖြတ်ချက်တွေ ဟာ တန်ဖိုးမဲ့ရာရောက်နေတာပေါ့။ ဒီလို သစ္စာဖောက်လူတစ်စုကိုတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ဘယ်တော့လက်ခံမှာ မဟုတ်ဘူး။ အောက်မှာ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် မေးခွန်းများ ကိုဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    လူထုကို သစ္စာမဖောက်တဲ့ ပါတီသည် ရုပ်ဖျက်လှည့်ဖြားပြီးလည်း ရွေးကောက်ပွဲဝင်မည် မဟုတ်

    ယမန်နေ့က ဆရာဦးဝင်တင်နဲ့ တွေ့ဆုံစဉ်မှာ ပထမဦးဆုံးမေးသည့် မေးခွန်းက မေ ရ ရက်နေ့မှာ ဘာတွေ ဖြစ်သလဲ ဆိုတာဖြစ်ပါတယ်။ မေ ၆ ရက်မှာ ၂၀၁ဝ ရွေးကောက်ပွဲဥပဒေကြောင့် တရားဝင်ပါတီ မဖြစ်တော့ဘူးလို့ ဆိုနိုင်တာကြောင့် ပါတီဝင်များက ပါတီဌာနချုပ်မှာ စုဝေးခဲ့ကြပြီး ဖြစ်ပါတယ်။ နောက်တရက်မှာ ဘာဖြစ်သေးသလဲ၊ စစ်အုပ်စုက ပါတီကို မည်သို့ အနှောက်အယှက်ပေးရန် ကြိုးစားသေးသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

    “အခုအချိန်ထိကတော့ ပုံမှန်ပါပဲ။ ၄ ရက်နေ့မှာ ပါတီနဲ့ မဟာမိတ် စီအာရ်ပီပီတို့ နောက်ဆုံး အစည်းအဝေးသဘောမျိုး လုပ်ကြတယ်။ ၆ ရက်နေ့မှာ နောက်ဆုံးနေ့တခုအဖြစ် ပါတီမှာ ပါတီဝင်တွေ စုဝေးကြတယ်။ ရ ရက်နေ့မှာ နယ်မြေလုံခြုံရေးတွေက ပါတီရုံးတဝိုက်က ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေကို မဖွင့်ရဘူးလို့ တားမြစ်ထားတယ်။ သောကြာနေ့မှာ ပါတီရုံးခန်းက ပုံမှန်ပဲ ရှိနေပါတယ်။ နောက် အမေရိကန်သံတမန်တွေ ဘာတွေက လာမယ် တွေ့မယ် စသည်ဖြင့် ပြောနေသံတွေ ကြားနေတော့ လောလောဆယ် ဘာမှ မဖြစ်သေးဘူးလို့ ပြောရမှာပေ့ါ”

    ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ရွေးကောက်ပွဲကို အဆုံးစွန် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက် ယခုနောက်ဆုံးရွေးကောက်ပွဲ မှတ်ပုံတင်ခြေလှမ်းအနေနဲ့ လက်ရှိ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲသည် ရွေးကောက်ပွဲ ဖြစ်မြောက်စေဖို့အတွက် အတိုက်အခံများကို နည်းလမ်းမျိုးစုံနဲ့ ပယ်ရှား ဖြေရှင်းပစ်မယ်ဆိုတာက သူတို့စစ်အုပ်စုသမိုင်းတလျောက်မှာ ထင်ရှားတဲ့ သာဓကတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ ဆွေးနွေးဖြစ်ပါတယ်။

    အဲသည်မှာ ဆရာ့ကို မေးတဲ့ အချက်ကတော့ ၂၀၁ဝ ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးရက်နဲ့ အမီမှာ အင်န်အယ်ဒီပါတီက ခေါင်းဆောင်ဟု ဆိုသူ ၄ ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနဲ့ ဦးသန်းငြိမ်းတို့က အမျိုးသားဒီမိုကရေစီ အင်အားစု အမည်နဲ့ ပါတီ မှတ်ပုံတင်လိုက်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ မိခင်ပါတီရဲ့ အားလုံး တစုတဝေးတည်း ဆုံးဖြတ်ချက်ဖြစ်တဲ့ ၂၀၁ဝ ရွေးကောက်ပွဲဥပဒေမှာ ထပ်မံမှတ်ပုံမတင် – ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၎င်းတို့ကိုယ်တိုင် လက်ခံထားခဲ့ပြီးမှာမှ မိခင်ပါတီမှ စွန့်ခွာတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

    “ကျနော့်အနေနဲ့ကတော့ ဒါဟာ ပါတီတွင်း ကိစ္စပဲလို့ သဘောထားပြီး၊ ဘာမှ ပြောမနေဘူးလို့ အစက သဘောထားတယ်။ နောက်ပိုင်းမှာ အခုလို သူတို့က အဖွဲ့ချုပ်ကို စွန့်ခွာပြီး ပါတီထောင်တယ်။ ပြီးတော့ သူတို့တွေ ပါတီတွင်းမှာကော၊ ပါတီပြင်ပမှာကော ပြောဆိုမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်လာတယ်။ အဲသည်တော့ ကျနော့်အနေနဲ့ ခုလိုမျိုး စောစောစီးစီး ရှင်းထားနိုင်မှ တော်မယ်လို့ ထင်ပါတယ်။

    ပထမသဘောထားကတော့ ဦးခင်မောင်ဆွေတို့အုပ်စုက ကျနော်တို့နဲ့အတူ ဒီမိုကရေစီရေးအတွက် လုပ်ခဲ့ကြသူတွေကပဲ။ အကျဉ်းထောင်ဒဏ်တွေ ကျခဲ့တယ်။ အဲသည်လိုမျိုးနဲ့ တွေးပြီးတော့ အခုချိန်မှာ သူတို့ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပါတီကနေ စွန့်ခွာသွားတာကို ဘာမှ ပြောမနေတော့ပါဘူးလို့ သဘောထားပါတယ်။ သူတို့နဲ့ သဘောချင်းတူတဲ့သူတွေလည်း သွားချင်သွားကြပါစေ၊ ပါတီရဲ့ ရပ်တည်ချက်ကို လက်မခံနိုင်လို့ သူတို့ဖာသာ ရပ်တည်ချင်လို့ သွားကြတာပဲလို့ တွေးပေးထားသေးတယ်။

    သို့သော် သူတို့လုပ်ခဲ့တာတွေကို ပြန်ကြည့်တဲ့အခါကျတော့ သူတို့က ပါတီတွင်းမှာလည်း ဟိုးတုံးကတည်းက ပါတီကို သူတို့ရဲ့လူနည်းစုသဘောထားနဲ့ စည်းရုံးလှုံဆော်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အများစုရဲ့ တညီတညွတ်တည်း သဘောထားနဲ့ သူတို့သဘောထား မကိုက်ညီပြန်တော့လည်း ပါတီရဲ့ အားလုံးဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောဆိုပြီးကာမှ တဖက်မှာ ဒါကို ဆန့်ကျင်တဲ့ အယုံအကြည် မရှိတာမျိုး ပြောတယ်။ နောက်ဆုံးတော့ ၂၀၁ဝ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီး ပါတီ သွားထောင်တယ်။ ဒါမျိုးကိုတော့ ကျနော်တိ်ု့က မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြောရတော့မယ်”

    အဲသည်မှာ ဦးခင်မောင်ဆွေတို့ အုပ်စုရဲ့ ပါတီတွင်း ပါတီပြင်ပက လှုပ်ရှားမှုတွေ၊ ပြောဆို စည်းရုံးမှုတွေက ဘယ်လိုမျိုး အကြောင်းအရာတွေ ဖြစ်နေသလဲ။ ဘယ်လိုမျိုး လှုပ်ရှားလာတာမျိုးတွေ မြင်လာရသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

    “ဥပမာအားဖြင့် ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ရွှေကို ကြည့်ကြမယ်။ အခုအချိန်မှာ ဦးအောင်ရွှေက အများရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ ရပ်တည်တယ် လို့ ပြောလို့ရတယ်။ မတ်လ အစည်းအဝေးတွေမှာ နောက်ဆုံးအချိန်အထိ ဦးအောင်ရွှေဖက်က ရွေးကောက်ပွဲဝင်ကြဖို့ အဆိုတင်သွင်းခဲ့သူ တဦး ဖြစ်တယ်။ အဆိုပြုတယ်၊ ရှုံးတယ် ဒါပေမယ့် ဦင်္းအောင်ရွှေက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ အခုအချိန်ထိ် ပါတီထဲမှာ ရှိနေတယ်။

    သို့သော်လည်း ဦးခင်မောင်ဆွေတို့ အုပ်စုကတော့ နောက်ဆုံးအချိန်အထ်ိ ပါတီတွင်းမှာ နေပြီးတော့ ပါတီဝင်တွေကို ခွဲထုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို သစ္စာရှိပါတယ်။ ပါတီ ပျက်စီးသွားတာကို မလိုလားပါဘူး ဆိုပြီး စကားလုံးတွေ သုံးစွဲပြီးတော့ တဖက်ကလည်း သူတို့က ဥပဒေတွင်းက လုပ်ကြမှာလို့ ပြောတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ ဥပဒေပြင်ပရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ ဥပဒေမလိုက်နာဘူးဆိုတဲ့စကားနဲ့အတူ အကြမ်းဖက်သမားတွေ လိုလို၊ ယူဂျီတွေလိုလို ပါတီကို ထိခိုက်နစ်နာအောင် လုပ်နေသလို ဖြစ်နေတယ်။

    နောက်ပြီးတော့ ဦင်္းဉာဏ်ဝင်း ထောက်ပြခဲ့သလိုမျိုး – ပါတီရဲ့ ဆုံးဖြတ်ချက်၊ အားလုံးဆုံးဖြတ်ချက်နဲ့ ပါတီက ၂၀၁ဝ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တယ်။ ဒါကို လိုက်နာမယ်လို့ ပြောထားပြီးသားကနေ သူတို့က ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဆိုတော့ သူတို့က ပါတီကို သစ္စာရှိတာ မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိတယ်လို့ ဆိုရအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့သဘောထား ပြောခဲ့ပြီးပြီ။ ပါတီကို ထပ်ပြီး မှတ်ပုံမတင်ဘူး။ ဒါကို အားလုံးက ကြားသိပြီး ဖြစ်တယ်။ ဒါပေမယ့် သူတို့က တဖက်က အင်တာဗျုူးတွေမှာ ဒေါ်စု ဆုံးဖြတ်ချက်တွေ သဘောထားတွေနဲ့ ပတ်သက်ပြီး ထိခိုက်တဲ့ သဘောထားတွေ ပြောလာပြန်တယ်။ ပြောကြတဲ့အထဲမှာ ဒေါ်စုကို ခေါင်းဆောင်နေရာက နေရာပေးထားမယ်တို့၊ ခေါင်းဆောင်အဖြစ်ကို ကြိုဆိုပါတယ်တို့ ပြောလာပြန်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ ရပ်တည်ချက်ကို ဘယ်လိုမျိုး ဆက်လက်သယ်ဆောင်မှာမို့လို့ သူတို့တွေက ၂၀၁ဝ ရွေးကောက်ပွဲဥပဒေအောက်မှာ သွားပြီး မှတ်ပုံတင်ကြရတာလဲ။ ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်က ၂၀၁ဝ ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ပါတီနဲ့ သက်ဆိုင်မှာလဲ – လို့ အငြင်းပွားစရာ ဖြစ်လာတယ်။”

  • zeitgeistguy

    May 12, 2010 at 7:35 am

    အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် မေးခွန်းများအပြည့်အစုံကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

    http://www.mgpala.com/2010/05/blog-post_11.html

  • zeitgeistguy

    May 15, 2010 at 10:11 am

    ကျွန်တော်ကို်ယ်တိုင် ဝေဖန်တာမဟုတ်တော့ဘူး။ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝေဖန်ထားတာပါ။ ဖတ်ကြည့် လိုက်ပါ။

    ဧရာဝတီ Friday, May 14, 2010
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ကြောင်း သိရသည်။
    ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
    “ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

    ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့မှာပင် ပါတီ သစ်တခု ဖွဲ့စည်းခဲ့ကြသည်။
    NDF ကို ဒေါက်တာသန်းငြိမ်းက ဦးဆောင်ဖွယ်ရှိပြီး ယခုလလယ်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်မည်ဟု ခန့်မှန်းရသည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

    စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အရ ပျက်ပြယ်သွားပြီးဖြစ်သော NLD ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။
    “လောလောဆယ်မှာ ဗဟို အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသား ဧည့်သည်တွေ လက်ခံတွေ့ဆုံတာမျိုး၊ နိုင်ငံရေး အစည်းအဝေး လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ ဒေါ်စုက မှာလိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
    ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။

Leave a Reply