Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှစေချင်သည် မြန်မာသမီးပျိုတွေ

soulflyAugust 13, 20111min39517

ယနေ့ခေတ် မြန်မာမိန်းကလေးကို မြင်နေရတာ တလွဲ ဆံပင်ကောင်းနေသလိုပဲ။ ဝတ်စားဆင်ယင်ပုံတွေက နိုင်ငံခြားပုံစံတွေဖြစ်လာကြတယ်။အဖော်အချွတ်တွေ များလာကြတယ်။ဘုန်းကြီးကျောင်းနဲ့ ဘုရားပေါ်မှာတောင် မလိုက်မဖက် အဖော်အချွတ်တွေ တွေ့နေရတယ်။တစ်ချိန်က မြန်မာသမီးပျိုကို လုံမပျိုတွေလို့တောင်တင်စားခေါ်ခံခဲ့ကြရတာပါ။အခုတော့ မလုံမပျိုလို့တောင် ပြောင်းခေါ်ရမလိုပဲ။ မြန်မာမလေးတွေ သတိပြုမိစေချင်ပါတယ်။မြန်မာနိုင်ငံမှာမွေး မြန်မာရေသောက်ပြီး မြန်မာလိုမနေနိုင်ကြတော့ဘူးလား မြန်မာသမီးပျိုတွေ…။

17 comments

  • zawmyothu

    August 13, 2011 at 11:20 am

    ခေတ်ရေစီးကြောင်း လိုက်ရင်း
    ရေစီးကြောင်းထဲက ပြန်မတက်နိုင်သူတွေပေါ. ဟီးးးးးးးး

  • Mee2

    August 13, 2011 at 11:24 am

    ဒါက မနေ ့က ယဉ်ကျေးမှုဝန်ကြီးဌာနမှာလဲတာဝန်ရှိပါတယ်။ညောင်ရမ်းမင်းဆက်ခုနစ်ဆက်မြောက် ဘဲအင်းစားစံမင်းလက်ထက်မှာ မြန်မာ့ယဉ်ကျေးမှုနဲ ့မဆီလျော်ခဲ့ရင် ပြင်းထန်စွာအရေးယူခဲ့သလို ယခု ဝန်ကြီးများကိုလဲ အစချီပြီး ပြင်းထန်စွာစအရေးယူရမည်

  • koyinmaung

    August 13, 2011 at 4:22 pm

    ကမာ္ဘကြီးကလဲပျက်စီးဘို့နီးနေပါပြီ.. တားလို့လဲရတော့မှာမဟုတ်ပါဘူး တကမာ္ဘလုံးအတိုင်းတာနဲ့ယဉ်ကျေးမှု့တွေပျက်စီးနေကြတာပါ…

  • ဝိညာဉ်ပြာ

    August 14, 2011 at 3:23 pm

    အော်Mee ရ ဲ ့အဲ့လို အရေးယူဖို ့မပြောနဲ ့လေ သူတို ့သားသမီးတွေ တောင် မြန်မာဝတ်စုံ ဝတ်ဖူးတဲ ့ရက်တွေကို လက်ချိုးရေကြည် ့ခိုင်းလိုက်ပါအုန်းကွယ်……..

  • Moe Z

    August 14, 2011 at 3:40 pm

    မှန်ပါတယ် ဘုရားကျောင်းကန်သွားတဲ့အခါမှာ မြန်မာဆန်ဆန်လုံချည်နဲ့မှ တင့်တယ်ပါတယ်၊ ဒါပေမယ့် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့အတူရင်ဘောင်တန်း အလုပ်လုပ်ကိုင်နေရတဲ့ခေတ်မှာ နေရာတကာလုံချည်ပြင်ဝတ်နေဖို့ အဆင်မပြေပါဘူး။ သရုပ်ပျက်မဟုတ်ဘဲ လုံလုံခြုံခြုံဝတ်လို့ရတဲ့ အဝတ်အစားတွေအများကြီးရှိပါတယ်။ သူ့နေရာနဲ့သူ ဝတ်တတ်ဖို့ပဲ အရေးကြီးတယ်။ ခံယူချက်က အဓိကပါ…

  • Gipsy

    August 14, 2011 at 5:42 pm

    ခေတ်ရဲ့ရေစီကြောင်းကတော့ လိုက်၍ မမှီ ပြေးလေပြီ …
    ဒီထက် ဆိုးမလာ ဖို့ပဲဆုတောင်းနေရတော့မယ်…
    ဘုရားကျောင်းကန် တွေမှာ တွေ့နေမြင်နေရတာတော့ အဆိုးတစ်ကာ့ အဆိုးဆုုံးပါပဲဗျာ….
    ကို်ယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အနှစ်သာရတွေ ၊ ဘာသာရေးရဲ့ အဆုံးအမတွေ ပျောက်ကွယ်တော့မှာလား..

  • naynaykyaw

    August 14, 2011 at 6:26 pm

    အင်းလေသူ့နေရာနဲ့သူဝတ်ရမှာပေ့ါ
    ဘုန်းကြီးကျောင်းဆိုထဘီ
    live show ဆိုရင်တော့လန်းပေါ့

  • အပြင်မှာအမြင်မတော်အောင်ဝတ်တာက သူများသားသမီး ဝတ်တာကို တစ်ခြားလူကသွားပြောရင်ဟာသကြီးဖြစ်နေမယ်။
    အုပ်ချုပ်သူက အာဏာနဲ့တားလုုို့လဲ့ရမှာမဟုတ်ဘူး။
    ဖြစ်နိုင်တဲ့နည်းလေးပြောပြမယ်။
    မိန်းကလေးတစ်ယောက် လူမြင်မကောင်းအောင်ဝတ်လာတာကိုတွေ့ရင်
    အဲဒီမိန်းကလေးအိမ်က အုပ်ထိန်းသူ အဖေ အမေရယ်
    သူ့အထက်က အမတွေအကိုတွေကိိုရယ်ပါဒဏ်တပ်လိုက်။
    ကိုယ့်အိမ်ကလူကို နိုင်အောင်အရင်ပြော။
    နောက်မှသူများအိမ်ကလူကို လိုက်ပြော။
    ဒါသဘာဝအကျဆုံးဘဲ။

  • pan pan

    August 15, 2011 at 8:56 am

    အဲဒါလည်း မီဒီယာတွေနဲ့ အသက်ဆိုင်ဆုံးပဲ
    သူတို့ပယောဂမကင်းဘူး
    ဝတ်တဲ့လူချည်း အပြစ်ပြောနေလို့မရဘူး
    ရောင်းသူရှိရင် တစ်ယောက်မဟုတ်တစ်ယောက်တော့ ဝယ်မိမှာပဲ
    အဲတစ်ယောက်ဝတ်မိရင် နောက်ထပ်လူတွေလည်း လိုက်ဝတ်ရင်း ပွားလာမှာပဲ

  • etone

    August 15, 2011 at 10:49 am

    ပို့စ်ကို ဒီထက်ရှည်ရှည်လေး ရေးပေးလျှင် ပိုပြီး ဆွေးနွေးလို့ ကောင်းပါလိမ့်မယ် … ။

    မနေ့က စီးတီးမက်နဲ့ ….. တော်ဝင်စင်တာ ခဏရောက်သွားတယ် … အားလုံး လန်ပျံထွက်နေတာ … ကိုယ့်ကိုယ်ကိုယ်လုံလုံခြုံခြုံ ဝတ်မိတဲ့ ကျွန်မတောင် ပြတိုက်ထဲသွား ရပ်နေလျှင် ကောင်းမလားတွေးမိတယ် .. ။ လုံလုံခြုံခြုံဆိုလို့ … မြန်မာအကျီ င်္ နဲ့ ထမိန် ဝတ်သွားတာ မဟုတ်ဘူးနော် … ဒီအတိုင်း ပေါ့ပေါ့ပါးပါး ဘောင်းဘီ ကွာတားလောက်နဲ့ … အကျီ င်္ ပွပွပဲ ဝတ်သွားခဲ့တာ … ။
    သူတို့ကို သူတို့ တကယ့်ကို စလက်ဘရစ်တီတွေများလားမှတ်တယ်… စကတ်တိုတွေ .. အကျီ င်္ရင်စည်းတွေနဲ့ချည်းပဲ … ။ တချို့ကတော့ မိဘတွေတောင် ပါလာသေးတယ်… တချို့က အတွဲလေးတွေနဲ့ … ။ ဘယ်လို မိဘတွေက သားသမီး ဒီလို ဖင်ပေါ် ခေါင်းပေါ်သွားတာ မိန့်မိန့် ကြီး ထိုင်ကြည့်နေသလဲ မပြောတတ်တော့ဘူး … ။ ဘာပဲဖြစ်ဖြစ် ကောင်မလေး အတော်များများ .. အရှက်မရှိတော့ဘူး ။

    • နွယ်ပင်

      August 15, 2011 at 11:23 am

      ဒါက ဒီလိုရှိတယ် etone ရဲ့
      အခုက ဒီလို မပေါ်တစ်ပေါ်လေး ဟိုပေါ်ဒီပေါ်လေးဝတ်မှ
      လူရာဝင်တာတဲ့ နောက် ဘယ်နေရာသွားသွား သွားတဲ့နေရာကို မကြည့်နဲ့
      ကိုယ်ဝတ်ချင်တာကို ဝတ်မှ လူပိုကြည့်တာတဲ့ ..
      အခုနေအချိန်က လုံလုံခြုံခြုံဝတ်တယ်ဆိုတာက (ဘောင်းဘီကွာတားလောက်နဲ့ … အကျီပွပွ)
      ကို မဆိုလိုတော့ဘူး …… ဒီလိုဝတ်ပုံမျိုးက အန်တီတွေ ဝတ်နေကြပြီ ဆိုပဲ …
      အဲတော့ ခေတ်မှီချင်ရင် တိုတက်ကြပါစီု့….. 😛

      • etone

        August 15, 2011 at 1:59 pm

        ဒါဆို ဘစ်ကနီပြေးဝယ်လိုက်ဦးမယ် နွယ်ပင်ရေ… ။ ဒီအသက်နဲ့ … အန်တီတန်းတော့ မဝင်ချင်သေးပါဘူး … 😀 ကားတိုးစီးတဲ့ အခါ မမြင်သင့်တာတွေ မပေါ်အောင် .. ခါးပတ်ဖို့သပတ်တထည်ပါ ဆောင်ထားရမယ် .. 😛 အတော်ပဲ .. ရေးကူးကန်လည်း သွားလို့ရတယ် ။ 😀

        • pan pan

          August 15, 2011 at 2:13 pm

          မetone ရေကူးကန်တကူးတကသွားစရာမလိုပါဘူး
          မြို့ထဲသွားရင်းလာရင်း ရေကြီးတာနဲ့ကြုံရင် ဆင်းကူးလိုက်ရုံပဲ 😀

  • မပေါ်စကောင်း ပေါ်စကောင်း
    ကောင်းကောင်း ပြောလို့ကောင်း၊
    ဘယ်သူပေါ်ပေါ် မပေါ်ပေါ်
    လှမှ တို့ ကကြည့်မယ်နော်။

  • windtalker

    August 15, 2011 at 3:08 pm

    အင်းပြောရတော့ ခက်သား
    သူများမိန်းခလေး တွေ
    ဝတ်ချင်သလို ဝတ်တာကို တွေ ့ရင်သာ
    ကြည့်ချင်တာ ကြည့်ခဲ့တာ
    ကိုယ့် အမ၊ညီမ တွေ လိုက်ဝတ်ရင်
    စိတ်တို ဒေါသ တော့ အဖြစ်သား
    ခက်တော့ ခက်ပါရဲ ့

  • kai

    August 16, 2011 at 3:45 am

    http://stuffmomsendsme.posterous.com/fw-shopping-mall-in-beijingunbelievable
    BVC—Shopping Mall in Beijing…Unbelievable !!!

    This is in China….. Lian Wah Square shopping mall in Beijing.

    Can you believe this is happening in China?
    You would think China is the last place for you to see this.
    China may still be communist but certainly it has opened up more than thewest in this case!
    Where can you see this in the Shopping Mall in the west ?
    China has certainly changed!

    ကဲ… ဒို့ရွာသားတွေ… ဘာပြောချင်ကြသလည်း… သိချင်သား.. 🙂

  • PEACEMAKER

    August 16, 2011 at 8:07 am

    သူများထက် ထူးချင် ထွင်ချင် ထင်ပေါ်ချင်တဲ့စိတ်ကြောင့်ပါ။ အထူးသဖြင့် လူငယ်လူရွယ်တွေ။ လှပချောမောတဲ့သူတွေဆိုရင်တော့ ပိုပြီးပြချင်တာ မဆန်းဘူးပေါ့။ ဒီခေတ်ဖက်ရှင်ရေစီးကြောင်းက အရှိန်ပြင်းတယ်။ ပိတ်ထားလို့ မရဘူး။ ဒီတော့ လူငယ်တွေကို ဒူးနေရာဒူး တော်နေရာတော်… အဲဒီလစ်မစ်ကိုသိအာင် ထိမ်းမတ်ကူညီပေးရမှာပေါ့။

    ဘာတဲ့ အပြောမတတ်တော့ ဆဲ
    အထိုင်မတတ်တော့ ဖြဲ
    အဝတ်မတတ်တော့ ?

Leave a Reply