Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆင်ဖြူတော်ကြီး စပ်ဖြီးဖြီး aircraft carrier

တရုတ်လေယာဉ်တင်သင်္ဘော
ထိုင်ဝမ်လေယာဉ်တင်သင်္ဘောဖျက်ဒုံးကျည်

တရုတ်ပြည်က သူ့ရဲ့ပထမဆုံး ပေ၉၉ဝအရှည်ရှိ လေယာဉ်တင်သင်္ဘောကို မန်ဒရင်းပင်လယ်ပြင်မှာ စမ်းသပ်ရေချ မောင်းနှင်လိုက်ပြီမို့ တရုတ်တို့ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးအင်အားနဲ့အတူ ချဲ့ထွင်လာတဲ့ စစ်အင်အားတည်ဆောက်မှုကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ တရုတ်ပြည်မနဲ့ပြိုင်ဖက် ထိုင်ဝမ်နိုင်ငံကလည်း တနေ့ထဲမှာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘောဖျက်ဒုံးပျံကို ထုတ်ပြန်ကြေငြာလိုက်တယ်။ လေယာဉ်တင်သင်္ဘောတစီး လည်ပတ်လှုပ်ရှားဖို့ဆိုတာ အလွန်ရှုပ်ထွေး၊ ကုန်ကျစရိတ် နှစ်စဉ် ဒေါ်လာဘီလျံ ချီတယ်လို့ ဆရာဦးဘိုဘိုကျော်ငြိမ်း ဘာသာပြန်တဲ့ ဆောင်းပါးတပုဒ်မှာ ဖတ်ဖူးပါတယ်။

သူ့တစင်းထဲသွားလို့ မရဘဲ ရေငုပ်သင်္ဘောများ၊ ဒုံးပျံတင် ဖရီးဂိတ်စစ်သင်္ဘောများ၊ ထောက်ပို့ သင်္ဘောများ တလှေကြီးနဲ့ ဆင်ဖြူတော်ကို အခြားဆင်များခြံရံသလို ထားရတာပါ။ မိမိကမ်းလွန်ပင်လယ်ပြင် သာမက တကမ္ဘာလုံးရှိ နိုင်ငံတကာပင်လယ်ပိုင်နက်မှာ လှုပ်ရှားနိုင်တဲ့ ပင်လယ်ပြာသင်္ဘောအုပ်စစ်စစ်ဆိုလို့ အမေရိကန်တနိုင်ငံထဲ ရှိမယ်ထင်ပါတယ်။ သူ့နောက်မှာ ဗြိတိန်၊ ပြင်သစ်တို့ ရှိပါလိမ့်မယ်။ ကုန်ကျစားရိတ် များလွန်းလို့ ရုရှားနိုင်ငံတောင် လိုက်မတုနိုင်ပါဘူး။ နည်းပညာမရှိတာထက် ကုန်ကျစားရိတ်မတတ်နိုင်တာပါ။

သို့ပေမဲ့ ပင်လယ်ထဲသွားလာလှုပ်ရှားနေတဲ့ အခြေစိုက်စခန်းမရှိရင် ပင်လယ်ပြင်စိုးမိုးရေး၊ ရန်သူကို အလစ်ဝင် သို့မဟုတ် ကြားဖြတ်တိုက်ခိုက်ရေးမှာ တပမ်းရှုံးတာကြောင့် နိုင်ငံများသည် လေယာဉ်တင်သင်္ဘော ဝယ်ယူ၊ တည်ဆောက်ကြဖို့ ကြိုးပမ်းပါတယ်။ ထိုင်းနိုင်ငံမှာ ရုရှားနိုင်ငံမှ ဝယ်ထားတဲ့ လေယဉ်တင်သင်္ဘော အသေးစားရှိနေပြီး မြန်မာနိုင်ငံလည်း ရဟတ်ယာဉ်တင်သင်္ဘော ဆောက်နေတယ်ကြားလို့ ဝမ်းသာဝမ်းနည်း ဖြစ်မိပါတယ်။ ရဟတ်ယာဉ်တင်ဆိုပေမဲ့ အရွယ်အစား၊ နည်းပညာအရ အပေါ့စားလေယာဉ်တင်သင်္ဘောအဖြစ် ပြောင်းနိုင်လို့ နိုင်ငံငယ်အများ ကိုယ်နိုင်ရာက စကြပုံရပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေကြတော့ ပင်လယ်ရပ်ခြားက သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ပင်လယ်ပြာရေတပ် လိုအပ်ပါတယ်။ တော်ရုံတန်ရုံ မငြိမ်သက်မှုဖြစ်ရင် လေယာဉ်တင်သင်္ဘောလွှတ်ပြီး ဗုံးကြဲ၊ ဒုံးပျံနဲ့ခွင်းရုံပါပဲ။ တခုတော့ရှိတယ် ဘယ်လောက်လိုအပ်လိုအပ် ကျောထောက်နောက်ခံ ဓနအင်အားမရှိရင် အလကားပါ။ ဓနအင်အားဆိုတာကလည်း မိမိရဲ့ စီးပွားရေးအင်ပါယာ ဘယ်လောက်ကြီးကျယ် ပြန့်ကားနေလဲ ဆိုင်ပါအုံးမယ်။ စီးပွားရေးအခြေမခိုင်ဘဲ အရင်းရှင် အနောက်အုပ်စုနဲ့ နေရာတကာ ပြိုင်မိုက်မိတဲ့ အရင်းမဲ့ ဆိုဗိယက်ပြည်ထောင်စု ပြိုကွဲသွားတာ သာဓကပါ။ ကျနော့်ဘကြီးပြောဖူးတယ်။ အင်္ဂလိပ်အစိုးရ အသုံးစရိတ် ဘတ်ဂျက်ဆွဲတဲ့အခါ ၄ဝရာနှုန်းကို ဆောက်ပြီးသား လမ်း၊ တံတား၊ အိမ်ယာများအတွက် ဖယ်ထားပေးရိုး ထုံးစံရှိလို့ အရှည်တည်တံ့ ခိုင်မြဲပါတယ်။

ငယ်စဉ်ကထဲက မဆလကထုတ် နိုင်ငံတကာသတင်းစာစောင် ဖတ်နေကြမို့ ကမာ္ဘ့အရေးကိစ္စတွေနဲ့ ရင်းနှီးနေပါတယ်။ ဒုတိယကမာ္ဘစစ်အပြီးမှာ လေယာဉ်တင်သင်္ဘောများကို အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာတော့ ဆိုဗီယက်ပြည်ထောင်စုက ရေပေါ်ခေါင်းတလားကြီးများလို့ လှောင်ပြောင်ရယ်မောတာ မှတ်မိ ပါတယ်။ သူတို့ကို အချိန်မရွေး ဒုံးပျံနဲ့ပစ်ခွင်း နှစ်မြှုပ်ပစ်နိုင်တယ်ပေါ့လေ။ ၁၉၆၂ခုနှစ် ကျူးဘားအရေးအခင်း ပေါ်လာတော့ နေရာဒေသခြင်း ဝေးကွာလွန်းတဲ့ ဆိုဗီယက်တို့ အရေးနိမ့်ပါတယ်။ လမ်းခုလတ်မှာ ဆိုဗီယက် သဘောင်္တွေကို အမေရိကန်ရေတပ်က ကြားဖြတ်ဟန့်တားနိုင်လို့ပါ။ နောက်ပိုင်းလည်း ဒီလိုပဲ ငြင်းခုံကြရင်း အမေရိကန်ရေတပ်ကို ဘယ်သူမှ ယှဉ်နိုင်သူ မရှိတော့ပါဘူး။

တကယ်တမ်း ကိုယ်လိုအင်အားရှိတဲ့ ရန်သူနဲ့ စစ်ဖြစ်ရင် ဆိုဗီယက်တို့ပြောတာ ဟုတ်ပုံရပါတယ်။ U.S. သည် ဒုတိယကမာ္ဘစစ်ပြီးကထဲက နည်းပညာအရ ထိုက်ထိုက်တန်တန် ရန်သူနဲ့ စစ်မဖြစ်ဖူးသေးပါဘူး။ ဂြိုလ်တုကနေ ဆက်သွယ်ထိန်းချုပ်တဲ့ လေဆာပဲ့ထိန်းဒုံးပျံစနစ် ဒီလောက်တိုးတက် ထွန်းကားနေတဲ့ခေတ်မှာ ဘောလုံးကွင်း နှစ်ကွင်း၊သုံးကွင်းစာလောက် ကြီးမားတဲ့ ရေပေါ်သွားသင်္ဘောဆိုတာ ပစ်မလွဲပစ်မှတ်ဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေရှိတဲ့ အဆိုးကိုကြောက်ပြီး မလုပ်ဘဲ နေပြန်တော့ အရေးကိစ္စရှိရင် သူများ ဦးတာ ခံရပါတယ်။ ကျနော်တို့ လူမှု၊ စီးပွား နယ်ပယ်တွေမှာ အလားတူဆန်ဆန် ပြသနာများကို တွေ့ဖူးမှာပါ။ အိမ်ထောင်ပြုဖို့ကို နောက်တွန့်နေသူ လူပြိုအပြိုကြီးများ၊ နိုင်ငံဂျားထွက်၊ မထွက်သင့် စဉ်းစားရင်း အသက်ကြီး သွားကြသူများ၊ ဝန်ထမ်းအလုပ်ထွက် ကိုယ်ပိုင်စီးပွားလုပ်သင့်မသင့် စဉ်းစားရင်း အချိန်ကုန်သွားသူများတို့ကို ယခုပို့စ်နဲ့ စပ်ဆက်တွေးကြည့်နိုင်ပါတယ်။ ရေရှည်အလားအလာ ၊ ကိုယ့်လက်ရှိ အနေအထားအရ တန်ပြန် ထိုးနှက်ဖို့ကိုပဲ ပြင်ဆင်ရင်းနဲ့ လိုအပ်အသုံးဝင်မှုအချို့ မျက်ကွယ်ပြုရတဲ့အခါ ကိုယ့်လမ်းကိုယ် ပိတ်သလို ဖြစ်တတ်တာကို ဘာရယ်မဟုတ် စဉ်းစားအတွေးနယ်ချဲ့မိပါတယ်။

The table below does not include, aircraft carrying submarines, seaplane tenders, escort carriers or merchant aircraft carriers

Number of aircraft carriers by operating nation

Country

Total

In service

In reserve

Decommissioned

Under construction

Never completed

United States

67

11

1

55

2

12

United Kingdom

40

1

0

39

2

12

Japan

20

0

0

20

0

4

France

8

1

0

7

0

7

Russia

5

1

0

4

0

2

Australia

3

0

0

3

0

0

Canada

3

0

0

3

0

0

Italy

2

2

0

0

0

2

India

2

1

0

1

3

0

Spain

3

2

0

1

0

1

Brazil

2

1

0

1

0

0

Argentina

2

0

0

2

0

0

Thailand

1

1

0

0

0

0

Netherlands

1

0

0

1

0

0

China

1

1

0

0

0

0

Germany

0

0

0

0

0

5

† Includes only carriers that have been commissioned into service

မှတ်ချက်။ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်သွားတဲ့ ယူကရိန်းနိုင်ငံက သူအမွေရလိုက်တဲ့ ဆောက်လက်စ လေယာဉ်တင်သင်္ဘောကို အင်ဂျင်၊ လက်နက်တွေဖြုတ်ပြီး တရုတ်ပြည်ကို ကိုယ်ထည်အခွံဗလာသက်သက် ရောင်းခဲ့သည်။

 

လေကြောင် 🙂

8 comments

  • ogre

    August 14, 2011 at 10:20 am

    အဟောင်းကိုပြန်ပြင်ထားတဲ့ တရုတ်စက်နဲ့
    လေယာဉ်တင်သင်္ဘောက ကောင်းနိုင်ပါ့မလား
    ကျုပ်အထင်တော့ နိုင်ငံတစ်ကာကို ဟန်ရေးပြသက်သက်စစ်လက်နက်ပစ္စည်းထင်တာပဲ..။။

  • မီးမီး သော်

    August 14, 2011 at 11:11 am

    ကျွန်မတို ့မြန်မာ ပြည်မှလဲ ပြည်ပနိုင်ငံများကို စိန်ခေါ်တဲ့ အနေနဲ ့မှောင်ခို စက်လှေ အကြီးကြီးများကို အပြိ ုင်အဆိုင်ပြေးဆွဲနေကြကြောင်းပါ။တန်ဖို းရှိ ကျွန်းသစ်၊ပျဉ်းကတိုး၊သင်္ကန်းသား၊စကားသား ရှိသမျှ သစ်အကုန် ပြည်ပနိုင်ငံများကို မှောင်ခို လုပ် ဆိုင်ရာစစ်တပ်၊ရေတပ်၊ပြည်နယ်အာဏာပိုင်များပါ ထိုးကျွေးကြ၍အကြီးကြီးအကျယ်တင်ပို ့နေကြပါသည်။ အနာဂတ်ကမ္ဘာကို စိန်ခေါ်ပါတော့မယ် ။တောပါပြောင်အောင်ခုတ်၊ရှိသမျှတွင်းထွက်ကုန်အောင်တူး၊ဆန့်နိုင်သမျှမိမိအိတ်ကပ်ထဲထိုးသိပ်ထည့်ကြတော့မည်။ေ နာက်ထပ်လှေတမျိ ုးထွန်းကားနေပါသေးတယ် ။ပြည်နယ်ထဲရှိသမျှ ခိုင်းနွားအသန် ့များကို စက်လှေကြီးများပေါ်တင်၍တဖက် နိုင်ငံ ဘင်္ဂလားဒေရှ် သို ့ပို ့နေ၍ ပင်လယ်အော်တလျှောက် နွားလှေဟုခေတ်စားနေလေသည်။ စက်လှေတစီးလျှင် နွားအကောင်ရေ ၂၀ဝ ခန် ့၊တချိ ု့စက်လှေ များ ကုန်ချိန် ပိဿာ ၃သိန်းခန် ့တင်ဆောင်လျှက် တဖက်နိုင်ငံတွင် ပြည်တွင်းရတနာ များကို သူခိုးဈေးနှင့် ရောင်းချနေကြရပါတယ်။ ဆိုင်ရာပြည်နယ်အာဏာပိုင်များမှာလဲ ယုခုအလုပ်တွင် ရှယ်ယာပိုင်ဆိုင်သူ ၊မတည်၍ အမည်ခံခိုင်းထားသူများရှိနေကြသည်။နောက်ပိုင်း ဘယ်နည်းဘယ်ပုံရှင်းကြမည်မသိပါ။ အားလုံးသပွတ်အူလိုက်ခိုးစားနေကြ၍ ဝေစားမျှစား တည့်နေကြသေးဧ။်။ကျွန်မပြောချင်တာ သူများ တွေက aircraft carrier ပြောနေကြွားနေကြတဲ့အချိန်မှာ ရွှေမြန်မာများ ခိုးစားနေကြလေသတည်း

  • windtalker

    August 14, 2011 at 12:10 pm

    အကောင်ကြို ရေ
    များလိုက်တဲ့ သင်္ဘော အရေအတွက်တွေပါကလား
    ပေါင်း ၆ရ အင်ဆားဗစ် ၁၁ ဆိုတော့က
    ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ် ပဲပေါ့နော်
    ယူကေ တောင် အစီး ၄ဝ အင်ဆားဗစ် က ၁
    ရပ်ရှန်း တောင် ၅ စီး အင်ဆားဗစ် က ၁ ဆိုတော့က
    သူနဲ ့ရေတပ်ချင်း စစ်ဖြစ်မယ့် နိုင်ငံကတော့
    ကိန်းဂဏန်း နဲ ့တင် အရှုံးပေးသင့်ပါတယ်

    • Foreign Resident

      August 14, 2011 at 2:25 pm

      Dear Wind Talker,
      For your information,

      “ Military Expenditure, for 2010, in Billion ”
      —http://en.wikipedia.org/wiki/List_of_countries_by_military_expenditures—
      World Total = 1630
      1. USA = 698
      2. China =114
      3. France = 61.3
      4. England = 57.4
      5. Russia = 52.6

      အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေး အသုံးစရိတ်က ၂၀၁ဝ ခုနှစ်တွင် ဒေါ်လာ ၇၀ဝ ဘီလီယံ နီးပါး ရှိခဲ့သည်။
      တရုတ် အပါအဝင် အခြား စစ်ရေး အင်အားအကြီးဆုံး နိုင်ငံ ၁ရ နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် သာလွန်သည်။

      USA military spending = 698 Billion 😛

      People’s Republic of China + France + United Kingdom + Russia +
      Japan + Germany + Italy + Saudi Arabia + India + Brazil +
      Australia + South Korea + Spain + Turkey + Canada +
      Israel + United Arab Emirates + Taiwan = 696.6 Billion 🙂

      USA military spending = 698 ÷ 1630 x 100
      = 42.8 % of total global military spending 🙁

      After the Cold War Era, USA became hyper power
      ( one & only super power in the whole world ).
      At that time, US secretary of defense boasted,
      their military could fight & win two fronts at the same time.
      ( eg, they can fight Russia & China at the same time & win the war )
      😛

  • alinsett

    August 14, 2011 at 1:28 pm

    ဗဟုသုတ ရ စရာလေးတွေ တင်ပေးလို ့ကျေးဇူးပါပဲ။

  • aung soe moe

    August 14, 2011 at 6:48 pm

    ကောင်းတယ်ဗျာ

  • thit min

    August 14, 2011 at 7:11 pm

    First. Bullet train (shinkensen)
    Second. Aircraft carrier
    …….
    Let’s wait and see for second.

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 14, 2011 at 9:59 pm

    %#@!*&^%$~+| တရုပ်တွေ

Leave a Reply