လိပ်စာကဒ် ပေးတိုင်းမယူပါနဲ့။ ( အထူးသဖြင့် မိန်းကလေးများ )

Mobile HouseAugust 14, 20111min1467
လိပ်စာကဒ် ပေးတိုင်းမယူပါနဲ့။ ( အထူးသဖြင့် မိန်းကလေးများ )
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ
ကုမ္ပဏီ အရောင်းကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့
လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်
ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ်
တက်သွား ခဲ့တယ်။ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ

နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအား
ခေါင်းကိုက်လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က
လာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့
အနံ့ပါ။ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့

လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။
သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။ အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့
ကားက တခြားကို မောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူး ခေါင်းကိုက်
ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား… လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့

ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက
‘BURUNDANGA’ လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။ အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ
မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်းပါတယ်။ ပိုဆိုးတာက ဒီဆေးက
ပါးစပ်ထဲ ဝင်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။ ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာ စာရွက်
ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင် တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ် လာနိုင်တာတွေ
အများကြီး ရှိပါတယ်။ ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့
မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေ ရှောင်ရှား နိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်။

4 comments

  • windtalker

    August 14, 2011 at 11:54 pm

    ညီငယ် အကို ဦးဦး လား မသိရပါသော
    ဘလက်ပရင့် ရေ
    အမျိုးသမီး များ အတွက် စေတနာ နဲ ့
    သတိပေး ပို ့စ်တင်ပေးတာ ကို တော့ အသိအမှတ်ပြုရမှာပါ
    သို ့ပေသည့်
    ဘလက်ပရင့် တင်တဲ့ အခုပို ့စ် ဟာ
    ရွာထဲ မှာ
    မည်သူမှန်း မမှတ်မိတော့ပါ
    တင်ထားပြီးသား ပို ့စ်တစ်ခု ဖြစ်နေပါတယ်
    ဘလက်ပရင့် အနေ နဲ ့ စာရေးချင်တာကို နားလည် မိပါတယ်
    ကျွန်တော် လည်း ၄ လပိုင်းကုန် က မှ ဒီကို ရောက်တာပါ
    ရွာထဲ မှာ တင်ထားပြီးသား ပို ့စ်များ ကို အရင်ဖတ်စေချင်ပါတယ်နော်
    ဘာရယ်လို ့မဟုတ်ဘူးနော်
    ကော်ပီ အုန်းကျူး ကိစ္စကို အရေးထားလို ့
    ခင်မင်စွာနဲ ့ပြောပြလိုက်ရတာပါနော်

  • blackprince72

    August 15, 2011 at 12:01 am

    ဟုတ်ကဲ့ ။ကျေးဇူး ပါ ။ဟိုး အရင် ကဟာတွေ မဖတ်ရသေးလို့ ပါ ။ဖတ်ထားလိုက် ပါမယ် ။

  • kai

    August 15, 2011 at 12:33 am

    http://myanmargazette.net/39531/economic-news-international-news-news-industry-people-in-the-news-us-news-news/hoax?et_comment_like=63031

    ပေါက်တတ်ကရ..ဇတ်လမ်းဆင်ထားတာဖြစ်ပါကြောင်းနဲ့..အောက်မှာ… မဟုတ်ကြောင်း သတင်းကိုပါပူးတွဲပေးလိုက်ပါကြောင်း..
    =====================
    http://www.security-faqs.com/the-burundanga-business-card-drug-hoax.html
    http://www.onlykaty.com/opinion/th-woman-and-the-burundanga-business-card/
    ==
    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။
    ==

  • zawthulay

    August 15, 2011 at 10:10 am

    ကောင်းပါတယ်.. ဒါမျိုးတွေ မိန်းကလေးတွေ ရှောင်နိုင်တာပေါ့ ဒီလိုမျိုးတွေက တော်တော် မကောင်းဘူးနော်

Comments are closed.