ကျွန်ုပ်၏ မိခင်ကြီးနှင့် နတ်ဒေဝါများ
ဝါဝင်ခါနီးနဲ့ ဝါထွက်တဲ့ အခါတွေမှာ ဆိုရင် ကျွန်ုပ်က အမြဲတမ်း ပျော်တတ်စမြဲ။
အကြောင်းကတော့ ကျွန်ုပ် မိခင်ကြီးက အိမ်မှာ ကိုးကွယ်ထားတဲ့ နတ်တွေကို ပူဇော်ပသရင်း နတ်တင်ပွဲလေး ပြုလုပ် တတ်သောကြောင့်ပင်။ နတ်တင်တဲ့ အချိန်ဆိုလျှင် ကျွန်ုပ်က မုန့်ဆီကြော်တို့၊ ငှက်ပျောသီးတို့ကို အလျှံအပယ် စားရတယ်။
အဲဒါအပြင် ဘဲဥတောင် အဆစ်ပါသေး။ သူများအိမ်တွေလိုတော့ ဗုံတွေ၊ ဆိုင်းတွေနဲ့ တီးလုံးသံတွေ ဆူညံနေပြီး အိမ်ထဲမှာ ကခုန်နေတဲ့ နတ်ကပွဲမျိုးတော့ မဟုတ်။
မိခင်ကြီး နတ်တင်တော့မယ် ဆိုရင် ကျွန်ုပ် ဝိုင်းဝန်း လုပ်ကိုင်ပေးရတာ မမောနိုင်ဘူး။ ဘယ် မောနိုင်ပါ့မလဲ။
နတ်တင်ပြီး ရင် စားရတော့မယ် ဆိုတာ ကျွန်ုပ်က သိနေတာကိုး။ ငယ်ငယ်တုန်းကတော့ ပျော်နေတာပဲ။
နတ်တင်ထားတဲ့ ဘဲဥ ဆိုရင် ကျွန်ုပ်က အရင်ဦးဆုံး စားရမှ။ မိသားစုထဲမှာ ကျွန်ုပ်က အငယ်ဆုံး ဆိုတော့ အလိုလိုက်ထားကြတယ်လေ။
ကျွန်ုပ်လည်း အသက်အရွယ်လေး ရလာတယ်။ စဉ်းစားတတ်တဲ့ အရွယ်လည်း ရောက်လာရော မိခင်ကြီးရဲ့ နတ်ကိုးကွယ်မှုဟာ ဘာအဓိပ္ပာယ် ရှိလဲ လို့ ကျွန်ုပ်တွေးလာ မိတော့တယ်။ အိမ်ထဲမှာ ဆိုရင် အုန်းသီးဆွဲကလည်း နေရာယူထားသေး။ ပြီးတော့ ဟိုဟာ၊ ဒီဟာ ဘာညာ ကွိကွ တွေကလည်း စုံလို့။ မိခင်ကြီးကတော့ အဲဒါတွေကို ရိုရိုသေသေနဲ့ ရှိခိုးနေခဲ့တာ တော်တော် ကြာခဲ့ပြီပဲ။
မိခင်ကြီး ကိုးကွယ်နေတဲ့ နတ်တွေအထဲမှာ အရက်သောက်တဲ့ နတ်၊ ပါးစပ်က အယုတ္တ အနတ္တ အမျိုးစုံကို အားရှိ ပါးရှိ ဆဲဆိုနေတတ်တဲ့ နတ်ကလည်း ပါသေး။ ဒီကြားထဲမှာ မှာ အူဝဲ အသံနဲ့ စကားမပီကလာ ပီကလာ ပြောပြီး ဘဲဥ ကိုမှ ကြိုက်တတ်တဲ့ ဟို အူဝဲ နတ်ကလေးကလည်း အဆစ် ပါနေပြန်သေးတယ်။ ငယ်ငယ်တုန်းကတော့ အဲဒီ အူဝဲ နတ်ကလေးကို ကျွန်ုပ်က သိပ်သဘောကျတာ။ သူ့ရဲ့ ဘဲဥတွေကို ကျွန်ုပ်က အမြဲတမ်း စားနေရတာကိုး။
အဲ…အူဝဲလေး နတ်ရဲ့ ဘဲဥတွေကို ကျွန်ုပ်က စားသာ စားရတယ်။ တခါတလေတော့လည်း ခပ်လန့်လန့်ပဲ။ အမေက ပြောဖူးတယ်။
အူဝဲလေး နတ်ကို ငါ့သား မရိုမသေ လုပ်မိရင် ငါ့သား ရူရူ ပေါက်တဲ့ အခါကျရင် ရူရူတွေ မထွက်အောင် သားရဲ့ ဟိုဟာလေးကို သူက သူ့လက်သည်းနဲ့ ဆိတ်ထားလိုက်လိမ့်မယ် တဲ့လေ။ ဟုတ်တာ မဟုတ်တာ အပထား အူဝဲလေး နတ်က ကျွန်ုပ်ကို ဆိတ်ထားလိုက်မှဖြင့်။ အမယ်လေး…. မဖြစ်သေးပါဘူး။ သူ့ကို ရိုရိုသေသေ ပူဇော်မှ ရမယ်။ ငယ်ငယ်ကတော့ ကြောက်ခဲ့ရတယ်လေ။
မြတ်စွာဘုရား ဟောတဲ့ အထဲမှာ တရား တစ်ပုဒ်ကို တွေ့လိုက်ရတယ်။ အရိယာပုဂိ္ဂုလ် ဖြစ်သွားတဲ့ သောတာပန် ဆိုရင်
ငါးပါးသီလကို လုံးဝ လုံခြုံသွားပြီ တဲ့လေ။ မိခင်ကြီး ရိုရိုသေသေ ရှိခိုးနေတဲ့ နတ်တွေ အထဲမှာ
ငါးပါးသီလကိုတောင် မလုံတဲ့ နတ်တွေ ပါနေပါပေ့ါလား။ အဲဒီလို နတ်တွေကို မိခင်ကြီးက ရိုရိုသေသေ ရှိခိုးနေတယ် ဆိုတော့ တစ်ခုခုတော့ ယွင်းနေပြီလို့ ကျွန်ုပ် ယုံကြည် လာတော့တယ်။ ပြီးတော့ ထေရဝါဒဗုဒ္ဓ သာသနာမှာလည်း ကံ ကံ၏ အကျိုးကို ယုံကြည်ပြီး ရတနာသုံးပါးကိုပဲ ကိုးကွယ် ဆည်းကပ်ရမှာ။
အဲဒီတော့ ကျွန်ုပ်က မိခင်ကြီးကို ပြောရပြီ။
“အမေ… ။အမေ ရှိခိုးနေတဲ့ နတ်တွေအထဲမှာ ငါးပါးသီလ မလုံတဲ့ နတ်တွေ အများကြီး ပါနေပါလား။ သားတို့၊ အမေတို့ကသာ ငါးပါးသီလ လုံနေကြမယ် ဆိုရင် အဲဒီ နတ်တွေ ထက်တောင် သားတို့က ပိုပြီး မြင့်မြတ် နေသေးတယ်။ ပိုပြီးတောလည်း အဆင့်မြင့်နေသေးတယ်”
“ဟဲ့ သားရဲ့။ အဲဒီ နတ်တွေက မင်းရဲ့ အဘိုး၊ အဘွားတွေ လက်ထက် ကတည်းက အမေတို့ ကိုးကွယ်လာကြတာလေ။ အရမ်းရမ်း လိုက်မပြောနဲ့ တော်ကြာ နတ်ကိုင်နေလို့၊ နတ်ပြုစားလိုက်လို့ တို့သားအမိ ဒုက္ခ ရောက်နေပါဦးမယ်”
“ဪ…အမေရယ်။ နတ်ကောင်းနတ်မြတ်တွေ ဆိုရင် လူတွေကို ဒုက္ခ ဘယ်ပေးပါလိမ့် မလဲ။ အမေပြောသလို သားတို့ကို အဲဒီ နတ်တွေက ဒုက္ခပေးလိမ့်မယ် ဆိုကတည်းက အဲဒီ နတ်တွေဟာ နတ်ကောင်းနတ်မြတ်တွေ ဖြစ်နိုင်ပါဦးတော့မလား?”
“အင်း… ငါ့သားပြောတာလည်း ဟုတ်တော့ ဟုတ်နေတာပဲ”
“ဟုတ်တော့ ဟုတ်နေတာ မဟုတ်ဘူး အမေ။ ဟုတ်ကို ဟုတ်နေတာ။ ဥပုသ်နေ့တွေ ဆိုရင် အမေက ဘုန်းကြီးကျောင်း သွားပြီး ရှစ်ပါးသီလ ယူပြီး အဲဒီ နေ့ ဆိုရင် ဥပုသ် စောင့်တယ် မဟုတ်လား”
“ဟုတ်တယ်လေ သား။ အဲဒါ ဘာဖြစ်တုန်း”
“အမေက ရှစ်ပါးသီလတောင် ယူထားပြီးပဲ။ အဲဒီ ရှစ်ပါးသီလကို မကျိုး မပျက်အောင် တည်ဆောက်ထားနိုင်တာကကို အဲဒီ နတ်တွေထက် အမေက အရမ်းကို မွန်မြတ်နေပြီ။ အဲဒီတော့ သားပြောချင်တာက သားတို့၊ အမေတို့ က အနည်းဆုံး အဆင့် မြတ်စွာဘုရား ဟောကြား ဆုံးမထားတဲ့ ငါးပါးသီလကို လုံအောင် ထိန်းထားနိုင်ရင် အဲဒီလို ငါးပါးသီလတောင် လုံအောင် မထိန်းနိုင်တဲ့ နတ်တွေကို ရှိမခိုးပါတော့နဲ့လား အမေရယ်”
“ဟုတ်တယ်။ ငါ့သားပြောတာတွေဟာ အားလုံး အမှန်တွေချည်းပါပဲ။ အမေတို့က မျိုးရိုးစဉ်ဆက် ကိုးကွယ်လာတာ ဆိုတော့လည်း တခါတလေ အခက်သား”
“အမေက ခက်ခဲနေရင် သားက အဲဒီနတ်တွေကို တခြားနေရာကို ပိုပေး လိုက်မယ်လေ။ ဝါဝင် ဝါထွက် နတ်တင်ပွဲလေး ပြုလုပ်နေမယ့် ကုန်ကျစရိတ်တွေကို ဝါဆိုကြမယ့် ရဟန်းသံဃာတွေကို လှူဒါန်းလိုက်မယ် ဆိုရင် ဘယ်လောက်များ ကုသိုလ် ကြီးလိုက်မလဲနော်”
“အောင်မလေး…ဒီနတ်တွေကို ရွေ့ဖို့တော့ ငါ့သား မလုပ်ပါနဲ့။ အမေပဲ လုပ်ပါမယ်။ နတ်ပြုစားရင် အမေ့ကိုပဲ ပြုစားပါစေ။ ငါ့သားကိုတော့ ပြုစားခံရတာ အဖြစ် မခံနိုင်ပါဘူး။ ဒီတစ်ဝါ ဝါထွက်ပြီးတာနဲ့ အမေကိုယ်တိုင်ပဲ အဲဒီ နတ်တွေကို မြို့ပြင်က တစ်နေရာရာမှာ နေရာ ပြောင်းပေးလိုက်ပါတော့မယ်”
“အမေရယ်… ကိုယ့်မှာသီလ လုံနေရင် ကုသိုလ်တွေက နေ့တိုင်း ရနေတာပဲ။ အဲဒီ နတ်တွေက ဘယ်လိုလုပ်ပြီး ပြုစားနိုင်မှာလဲ။ ဘာပဲ ဖြစ်ဖြစ် အမေကိုယ်တိုင်ကိုက အဲဒီ နတ်တွေကို စွန့်နိုင်တာက ကို ရတနာသုံးပါးကို ကိုးကွယ်နိုင်ဖို့အတွက် ပိုပြီးတော့ အချိန်တွေ ရလာတယ်လေ”
ကျွန်ုပ်လည်း ဆယ်တန်း အောင်ပြီး တက္ကသိုလ်ကျောင်း သွားတက်ခြင်းဖြင့် ခရီးထွက်နေရတယ်။ ကျောင်းပိတ်သောကြောင့် မိခင်ကြီးဆီ ပြန်ရောက်လာရော အိမ်က ဘုရားခန်းမှာ ဘာနတ်မှ မတွေ့ရတော့ဘဲ ရတနာ သုံးပါးကိုသာ ကိုးကွယ် ဆည်းကပ်နေတဲ့ မိခင်ကြီးကို တွေ့လိုက်ရတော့တယ်။ ဘုရားခန်းလေး တင့်တယ်လိုက်သည် ဖြစ်ခြင်း။
သိပ်ကို ဝမ်းသာဖွယ် ကောင်းလေစွ။ မိခင်ကြီးဟာ ယခင်က ဝါဝင် ဝါထွက် နတ်တွေကို ပူဇော်ပသနေတဲ့ အချိန်တွေ အစား အခုတော့ ဝါဝင် ဝါထွက်တွေမှာ ရတနာ သုံးပါးနဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်သက်ဝင်ရင်း ဘုရားကျောင်းကန် တွေမှာပဲ အချိန်တွေကို တန်ဘိုး ရှိရှိ အသုံးချနေပြီ။
အင်း… မိခင်ကြီးအတွက် သားမောင်ကျွန်ုပ် သိပ်ကို ဂုဏ်ယူနေမိပြီ။
ကျွန်ုပ်က မိခင်ကြီး နိဗ္ဗာန်လမ်းကို အတိမ်းအစောင်းမရှိ တည့်မတ်စွာ သွားနိုင်ဖို့ အတွက် တစ်ဖက်တစ်လမ်းက သာသာနာ ပြုလိုက်နိုင်ပြီလို့ ယူဆလိုက်မိ ပါတော့တယ်…
ချစ်သောသား
ရွှေအိမ်စည်
ကျနော်ကို နတ်တွေ အကြောင်း ပြောပြ ကူညီပေးသောကြည်သာ ကို ကျေးဇူးတင်ပါတယ်။
28 comments
pannu
September 6, 2011 at 12:51 am
မိခင်ကြီးအတွက်သာသနာ ပြုလိုက်နိုင်ပြီဆိုတော့ နို့တစ်လုံးကျေ ပြီလို့ယူဆလို့ရမှာပေါ့နော် ။
kai
September 6, 2011 at 1:17 am
မိန်းမတယောက်မှာ.. နို့က ၂လုံးရှိပါတယ်.။ ရင်၂မွှာပေါ့..။
အဲဒါကို.. ကလေးဖြစ်စဉ်က..စို့တဲ့..နို့တလုံးဖိုးပဲ.. အကြွေးဆပ်တာကျေတယ်လို့.. ပြောလိုရင်.နဲ့.. နို့တလုံးဖိုးဆိုတဲ့စကားဖြစ်လာတာပါ..။
ဆိုတေ့ာ.. သိဒ္ဓတ္တမင်းသား ကလေးက..အမေနို့လည်း စို့ခဲ့ရတာမဟုတ်..။ ( အမေက.. မွေးပြီး ခဏနေကွယ်လွန်သွားတာပါ)
ပြောလိုရင်းက…
ဂေါတမမြတ်စွာဘုရား.. လူသားတွေအတွက်.. လမ်းပြပေး.. ဟောပြောသင်ကြားပေးခဲ့တာတွေဟာ.. လူသားအားလုံးအတွက်… အင်မတန်ကျေးဇူးကြီးပါတယ်.။
အဲဒီလို.. နို့တလုံးစာလောက်နဲ့နှိုင်းပြောစရာအကြောင်းမရှိကြောင်းနဲ့.. အဲဒီစကားဟာ.. ဗုဒ္ဓကိုစော်ကားနှိမ့်ချလိုရင်းနဲ့..ပေါ်လာတဲ့စကားလို့ထင်ပါကြောင်း…။
ကြောင်ကြီး
September 6, 2011 at 9:12 am
နို့တလုံးဖိုးကြေကြေ နှစ်လုံးဖိုးကြေကြေ၊ နို့တစက်ဖိုးပဲကြေကြေ ဆိုလိုရင်း ကျေးဇူးမချေနဲ့၊ ကျေလို့မရဆိုတာ နားလည်ရင်ပြီးတာပဲဗျာ။ စေ့စေ့ပေါက်ပေါက်နဲ့ အပိုဆာဒါး ဥပမာဥပမေးယျ တင်စားချက် တလုံးမှ မပြောကြေးဆို သဂျီးလည်း သတင်းလွတ်လပ်ခွင့်၊ အမေရိကန် ကွန်စတီးကျူးရှင်ပါ ဘာညာကွကွကို ယုံကြည်ပါတယ် ဆိုတဲ့ စာသားတွေ ဖြုတ်ပြစ်လိုက်…။
kai
September 6, 2011 at 3:20 pm
အဲဒီနို့တလုံး ပြဿနာက.. ကျုပ်ပြောတာမဟုတ်…။
ဦးသုခက.. ပြောလည်းပြော..သူ့စာထဲလည်း..ထည့်ရေးသွားတာ…။
မေတ္တာသုတ်လား..မင်္ဂလသုတ်လား.. အဲဒီအကြောင်းရေးတဲ့..စာအုပ်ထဲမှာပဲ..။
ဆိုတော့..ကိုရင်ကြောင်ကြီး.. ဖိုက်ချင်ရင်..အဘဦးသုခနဲ့သာ..နတ်ပြည်တက်ဖိုက်ပေတော့…။ 🙂
ကြုံလို့.. သိကြားမင်း ကိုရင်မာဃတွေ့ရင်လည်း.. နှစ်တိုင်း သင်္ကြန်ဆင်းဆင်းကဲတာ.. ရပ်တန်းကရပ်ဖို့ ပြောလိုက်ပါ…။
MaMa
September 7, 2011 at 7:55 am
အဲဒီ နို့တလုံးဖိုးကြေတဲ့ကိစ္စကို အရှင်ဆန္ဒာဓိက က သူ့တရားမှာ ဟောထားပါတယ်။ ဘုရားမှာ ကြွေးမကျန်ပါဘူးတဲ့။
ကြောင်ကြီး
September 7, 2011 at 8:43 am
မိခင်နို့ဖိုး ကြေမကြေထက် ကြေတယ်မကြေဘူး ပြောနေခြင်းများကို ဝေဖန်ခြင်းပါ။ ကျေးဇူးဆိုတာမချေကောင်းသလို ကျွန်ခံဆပ်ဖို့လည်း မလိုဘူးလို့ ကျေးဇူးရှင် ၊ကျေးဇူးစား အကျွန်ုပ်ကြောင်ကြီးမှ ပြတ်ပြတ်သားသားပြောသည်။
ရွှေအိမ်စည်
September 7, 2011 at 9:44 am
ဦးကြောင်ကြီးကောမက်လေးတွေ ဖတ်ရင်..ကျနော်တကယ်သဘောကျတယ်။
….
ဘယ်ကောမက်ကိုမဆိုပါ..ပျော်ပျော်ရွှင်ရွှင်နေတတ်သလို..
ဟာသဉာဏ်လည်းပြေးပါရဲ ့…
ဂေဇတ်ကို..ကျနော်နဲနဲနှစ်သက်မိတာ…ကောမက်တွေကြောင့်ပါဘဲ
—————————-
အရာရာကိုထောက်ပြနိုင်စွမ်းရှိကြလို ့လည်း…
ဒီဂေဇတ်ကအဖွဲ ့ဝင်တွေလည်းလေးစားမိပါတယ်….
ဒါကလည်း….ကျနော်ကျင်လည်တဲ ့လူတွေနဲ ့မတူတဲ
ရိုးသားဖော်ရွေခြင်းအလှတရားလို ့မြင်မိပါတယ်…။
အရပ်ဒေသတခုနဲ ့တခုမတူသလို
အတွေးလည်းမတူနိုင်ပါဘူး..
ယဉ်ကျေးမှုတန်ဖိုးထားတဲ ့ရပ်ဝန်းလို ့
ဆိုနိုင်သလို….တစ်ယောက်ရဲ ့အမြင်နဲ ့တစ်ယောက်ရဲ ့အတွေး
ကူးလူးမြင့်တင်ခြင်းဖြင့်မန်းဂေဇတ်ဆထက်တပိုးတိုးတက်ပါစေ
ပျော်ရွှင်ပါစေ…
————————————-
ကျနော်လည်းမိဘအရင်းရဲ ့ကျေးဇူးမဆပ်ခဲ ့ရပါဘူး….
မွေးစားမိဘတွေကျေးဇူးလည်းမဆပ်ခဲ ့ရပါဘူး…
အခုတော့မြင်မြင်သမျှ..သားသမီးမွေးဖွားပေးသောမိဘအားလုံးက..
ကျနော်မိဘများဘိကဲ ့သို ့လို ့တွေးပါတယ်…..
ဆပ်စရာမိဘမရှိလို ့..ဆပ်ပါတယ်
ရှိရှိသမျှမိဘအားလုံးကိုယ်စားစိတ်ကူးအတွေးအနုပညာနဲ ့ဆပ်ပါတယ်
မိဘတိုင်းကတော့…သားသမီးဆီကကျေးဇူးဆပ်ဖို ့ရာပြန်မမျော်လင့်ပါဘူး…
ကျနော်တို ့ဘက်ကလည်း……မိဘဆန်ရေလေးပြန်စီးဆင်းပေးတဲ ့သဘောလေးပါ
နှစ်သက်မိသောကဗျာလေးပါ…….
ရေဆန်စီးခွင့်ပြုပါ…။
အမိအဖမေတ္တာ
တောင်ကျရေပမာစီး
အစုန်ခရီးနှင်
မမောမပန်းတသွင်သွင်ထွေးဖက်
ကောင်းရာညွှန်လတ်
အနွေးဓါတ်နှင့်မွန်းမံ
သောကတွေရင်စည်းခံလို့
သားဖို့၊သမီးအတွက်
နေ့စဉ်လဆက်
နှစ်အထပ်တည်တိုင်အောင်
ပင်ပန်းလှပြီနော်***
ဒါကြောင့်အမေ နဲ ့အဖေရေ
ထည်ကြည်စွာဘာဝနာနဲ ့
အေးချမ်းစွာတရားရိပ်နားပါတော့
သားတို ့တကြော့ပြန်
လောကဒဏ်ရေဆန်ခရီး
အမိအဖကျေးဇူးတခါခွင့်ရယ်ကြံ ု
ပြန်စီးခွင်ပြုပါ။ ။
nigimi77
September 6, 2011 at 2:51 am
ဒီမယ် ဘမျိုးဘိုးတူ ဘယ်သန် ရွှေအိမ်စည်။
ဇာတ်လမ်းက သိပ်ကို ရိုးလွန်းတယ်။ မြန်မာကား ဆန်ဆန် နောက်ဆုံးတော့ ညားကျလေသတည်း ဆိုတာနဲ ့ ခပ်ဆင်ဆင်ပဲ။
ခင်ဗျားမှာ သွပ်သွင်း ဘာသာရေးရဲ ့ အတ္တကလေး နည်းနည်း ရှိနေတယ်။ ဥပမာ……သာသနာပြုလိုက်နိုင်ပြီ ဆိုတဲ့ စကားလုံးမျိုးပေါ့။
ရည်ရွယ်ချက်ကတော့ ရိုးရာ မျက်ကန်း ကိုးကွယ်မှုနဲ ့ပါတ်သပ်ပြီး ထောက်ပြချင်တာတော့ ဟုတ်သလိုလိုနဲ ့ အဲဒါလေး တခုထဲနဲ ့ပဲ
ပေါ့သွားတယ်။
ရွှေအိမ်စည်
September 7, 2011 at 9:56 am
ဘမျိုးဘိုးတူ…
ဒါလေးထောက်ပြတော့သဘောကျမိပါသဗျ
တကယ်ဆိုရွှေအိမ်စည်..ခရစ်ယာန်ဘာသာမှ ပြောင်းလာသူတစ်ဦးပါ..
အသက်10နှစ်မှာ..ခရစ်ယာန်ဘာသာကိုးကွယ်သူမိဘနှစ်ပါး…
မရှိတဲ ့နောက်…ဘုရားကျောင်းနဲ ့ဝေးခဲ ့ပါတယ်…
အသက်12နှစ်မှာတော့…ကိုယ်ကြိုက်လို ့ဘာသာပြောင်းကိုးကွယ်ပါတယ်…..
အကယ်လို ့သက်ရှိထင်ရှားရှိနေသေးရင်တော့..
ကျနော်ဒီဘာသာပြောင်းမှာလားမပြောင်းဘူးလားတော့မသိဘူးခင်ဗျ
..ရိုးသားစွာဝန်ခံပါရစေ
ဒါတွေ ကြောင့်ဘဲ….မဲဆွယ်မိတယ်တူဟန်ရှိပါတယ်…
စိတ်ကလည်း…ဘရားကျောင်းလိုက်မယ့်သူမရှိတာပါနိုင်သလို
မတွေးတတ်ဘူး..ကလေးဘဝကအတွေးတွေ ကရိုးသားဖြူစင်မယ်ထင်မိပါတယ်
အခုချိန်မှာတော့ အမှန်တရားရှာဖွေမိတာပါမယ်
တရားရဲ ့သဘောကိုတော့လေ ့လာလိုက်စားဆဲပါ..
လိုက်မမှီသေးတဲ ့ကျနော်ရဲ ့ညံ့ဖျင်းမှုဘဲဖြစ်ပါလိမ့်မယ်
အခုချိန်ထိလည်း….လေ ့လာဆဲ
ကျေးဇူးပါ..ဒီလိုလေး..အသိပေးတာ..ကျေးဇူးပါ
koyinmaung
September 6, 2011 at 9:51 am
ဘာဘဲပြောပြောဝမ်းသာစရာပါ
ထေရဝါဒ ကိုးကွယ်တဲ့တို့နိုင်ငံမှာ
အသေဆိုးနဲ့သေတဲ့နတ်တွေ
မကိုးကွယ်တာ အကောင်ဆုံးဘဲ…..
မီးမီး သော်
September 6, 2011 at 11:46 am
ထိပ်ထားလေးရေ. ဒီနေရာလေးကိုပိုသဘောကျလို ့ပါနော့။
“””အူဝဲလေး နတ်ကို ငါ့သား မရိုမသေ လုပ်မိရင် ငါ့သား ရူရူ ပေါက်တဲ့ အခါကျရင် ရူရူတွေ မထွက်အောင် သားရဲ့ ဟိုဟာလေးကို သူက သူ့လက်သည်းနဲ့ ဆိတ်ထားလိုက်လိမ့်မယ် တဲ့လေ။ ဟုတ်တာ မဟုတ်တာ အပထား အူဝဲလေး နတ်က ကျွန်ုပ်ကို ဆိတ်ထားလိုက်မှဖြင့်။ အမယ်လေး…. မဖြစ်သေးပါဘူး။ သူ့ကို ရိုရိုသေသေ ပူဇော်မှ ရမယ်။ ငယ်ငယ်ကတော့ ကြောက်ခဲ့ရတယ်လေ။””
yawhan
September 7, 2011 at 9:37 am
ရွှေအိမ်စည်ဆိုတော့ ပဋိက္ခရားရဲ့ အမျိုးနွယ်မှတ်နေတာ….
*****************************************
ကျနော့်အမေကလဲ နတ်တွေ တအားကိုးကွယ်တာ အိမ်မှာ ဝက်သားမစားရတာအဆိုးဆုံးဘဲ၊ ဝက်သားစားချင်ရင် သူများအိမ်သွားချက်စားရတယ်။
ကိုယ်တွေကငယ်တော့ သူတို့နတ်ပွဲတွေပေးရင် သူငယ်ချင်းတွေ အကြောင်းကြားပြီး စားဖို့သောက်ဖို့အတွက်လူစုပျော်ပါးရတာတော့ ကြိုက်တယ်။ ခုကိုယ့်အိမ်မှာ တော့ဘုရားကလွဲလို့ ဆွဲအုန်းတောင် မထားတော့ဘူးဗျ။
nature
September 7, 2011 at 10:45 am
သဒါပြည့်ဝသူ သီလစင်ကြယ်သူတွေကို တကယ့်အထက်ဘုံကနတ်တွေတောင်ရိုသေလေးစားကြပါတယ်။ သီလစင်ကြယ်သူတွေကတော့ အင်မတန်ရှားပါတယ်။ မုသာဝါဒကံတော့ ရှောင်ဖို့တော်တော်ခက်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
September 7, 2011 at 1:52 pm
ဒါကတော့ အကောင်းမြင်ဘက်ကနေကြည့်ရင်တော့
အယူလွဲသူတစ်ယောက်ကို အယူမှန်ဘို့ လမ်းပြပေးခြင်းသဘောတစ်ခုလို့မြင်လို့ရနိုင်ပါတယ်
နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်လို့ပြောလို့ပြောရမှာဘဲ
ဒီတော့ကာ
သဘောတစ်ခုကိုဆောင်ပြီးပြောရရင်
ထိုအရပ်ကို ညွှန်ပြသူဟာ ထိုအကျိုးဆောင်သူလို့လည်း သဘောပိုက်လို့ရပါတယ်
ဓမ္မကထိကတွေဟာ လူတွေကို နိဗ္ဗာန်ရောက်ကြောင်းတရားဟောတဲ့သဘောပါ
ကိုယ်ကိုယ်တိုင်တွဲပြီးပို့ခဲ့တာမဟုတ်ပေမယ့် နည်းလမ်းပြောပြနိုင်သူဟာလည်း
တစ်ဖက်တစ်လမ်းကူညီတယ်လို့သဘောပိုက်လို့ရပါတယ်
ဒီနေရာမှာ မိမိဘက်က အဂတိကင်းဘို့က အရေးကြီးဆုံးပါဘဲ
ဒါကတော့ ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပုရဲ့အမြင်ပါ
အမေ့နို့ဘိုးးးးးးးးးးးးးးးးးးးးးဆိုဒါက
အဖေကအရင်ဆပ်ရမှာ
သူကအရင်ဦးထားတာ သူညှာလို့ကိုယ်ကြီးလာတဲ့သဘောကရှိပြန်ရော
ဒီနေရာမှာ ဘဒ္ဒ န္တကြီး အနေနဲ့ သမာသမတ်ကျအောင်ပြောရမယ်ဆိုရင်တော့
နို့ဘိုးကျေခြင်းမကျေခြင်းဟာ ဘဒ္ဒ န္တကြီး လည်းပေတံမရှိတော့ မတိုင်းတတ်ပါဘူးနော်
စာအုပ်ထည်းကအတိုင်းပြောရမယ်ဆိုရင်တော့
နိဗ္ဗာန်ဆိုတာ မွေးသေဒုက္ခတို့တစ်ဖန်ပြန်လည်ခြင်းသဘောမရှိသောလို့လည်း နားလည်ကြပါကွယ်
ဆိုတော့ကာ
ပြုဖွယ်ကိစ္စမရှိတော့ပြီဖြစ်သော နိဗ္ဗာန်ကိုမျက်မှောင့်ပြုပြီဖြစ်သော
မြတ်စွာဘုရားရှင်တော်မြတ်ကို နို့တစ်လုံးဘိုး အကြွေးကျန်ပါတယ်ဆိုပြီး
ဘယ်မအေပေးက ပါးစပ်ဆော့ပြီးပြောသွားတာကို ဘဒ္ဒ န္တကြီး လည်းမသိနိုင်သလို
နိဗ္ဗာန်ကိုမျက်မှောင့်ပြုသူတွေမှာ နို့တစ်လုံးဘိုးအကြွေးကျန်တယ်ဆိုတဲ့
ဗရုပ်သုက္ခစကားတွေကို ပေါက်လွှတ်ပဲစားမပြောကြဘို့ ဘဒ္ဒ န္တကြီး မှ တိုက်တွန်းပါတယ်ကွယ်
Aung Myat Way
September 7, 2011 at 3:38 pm
ရွှေအိမ်စည်ရေ သမန္တာမပါရင်မြန်မာပြည်မှာ အတွင်း (၃၇)မင်း အပြင်(၃၇)မင်း
ဗုဒ္ဒဘာသာနိကယ်လာမဟာသမယ မဟာအာဋာနာဋိယလာ(၃၇)မင်းတဲ့
သိပ်လည်းအပြစ်မတင်နဲ့နော်ဒါနဲလုပ်စားနေရတာ`အားလုံးပေါင်းရင်
(၁၁၁)ပါးနတ်တွေနော်သူတို့သမိုင်းသွားကြည့်လိုက် လူစွမ်းကောင်း
တွေကြီးပဲ တိုကတော့မဟာသယနတ်တွေကိုတော့ သဘောကြတယ်
မြန်မာနတ်တွေကိုတော့ယာဉ်ကျေးမှုအရမြင်တတ်ရမယ်
KP
September 7, 2011 at 6:56 pm
ဖတ်လိုက်ရတဲ့ Steve Jobs မိန့်ခွန်းထဲက ချောင်ပိတ်မမိပါစေနဲ့စကားလိုပါဘဲ… တစ်ခါတစ်လေကျတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာ အဘိဓမ္မာပေါင်းမြောက်များစွာနဲ့ ချောင်ပိတ်မိနေသလိုပါဘဲ။
ပေါက်ဖော်
September 7, 2011 at 9:46 pm
အလို..ထိပ်ထားကြီး..
ဒါ..
ရေးသင့်တဲ့ ပို ့စ်ပဲဗျ..
ဆက်ဆွဲထား… 😛
TTNU
September 7, 2011 at 10:20 pm
မိဘကျေးဇူး ဆပ်ဖို့ ကျေတယ် မကျေဘူးဆိုတာ ကျေပွန်တာကိုပြောတာပါ။ သားသမီး များက မိမိတို့ ရဲ ့ မိခင် ဖခင် တို့အပေါ် စောင့်ရှောက်ကြရမဲ့ အလှည့် ကျရောက်လာတဲ့အခါမှာ ကျေပွန်မှု ရှိကြရပါမယ်။
မိခင် ဖခင် တို့ ဝိပဿနာ တရား များပွားများအားထုတ်ခွင့် ရ အောင် စောင့်ရှောက်ကြမယ် ဆိုရင် ကျေးဇူးဆပ် တာဝန်ကျေပွန်တယ်လို့ ဘုန်းတော်ကြီးများ ထည့်သွင်း ဟောကြားကြပါတယ်။
အခြားဘာသာဝင်များကို မညွှန်းလိုပါ။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
September 8, 2011 at 12:05 am
ပုံပြင်လေးတစ်ပုဒ်အနေနဲ့တော့ ဖတ်လို့သိပ်ကောင်းပါတယ်ဗျာ။ လက်တွေ့မှာတော့ ပုံပြင်ထဲကလိုမဟုတ်ဘူး။ ကျွန်တော်က အဲဒီအိမ်တွင်းအုန်းကိစ္စကို သိပ်မျက်မုန်းကျိုးတာ။ မိခင်ကြီးက ဘာသာရေးကို သိလိုက်တတ်လိုက်သမှ အဘိဓမ္မာဆရာလားအောက်မေ့ရတယ်။ ဒါပေမယ့် အိမ်တွင်းအုန်းကို တော့ အထိမခံဘူး။ လူမှုကိစ္စတစ်ခုမှာ လုပ်သင့်တဲ့အလုပ်ကို မျက်နှာလွှဲသွားပြီး အဲဒီအိမ်တွင်းအုန်းကိုတော့ အထိမခံဖြစ်နေတဲ့အချိန်မှာ ကျွန်တော် စိတ်ဆိုးဆိုးနဲ့ အုန်းသီးကိုလွှင့်ပစ်လိုက်တယ်။ ကျွန်တော့်ကို မိခင်က အိမ်ပေါ်ကနှင်ချတယ်။ ကျွန်တော် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆင်းလာတာပါ။ ဒီနေ့အထိ ၆နှစ်ရှိပြီ။ ကျွန်တော့်ကို အိ်မ်ပြန်လာဖို့မခေါ်သလို ကျွန်တော်ကလည်း မသွားဘူး။ အုန်းသီးလွှင့်ပစ်တဲ့ကိစ္စကို သူက သူ့ကိုစော်ကားတယ်လို့ ထင်တယ်။ အဲဒါကို ဘာပြောမလဲ။ အမေက သားထက် နတ်ကိုပိုချစ်တယ်နော်။ ဟီး …ဟီး။
kai
September 8, 2011 at 3:07 am
နေ့ကြီးရက်ကြိး.. အမေဆီသွားပြီး.. လက်ဆောင်ပေးရင်း ကန်တော့လိုက်ပေါ့ကွယ်..။
ဒါမှမဟုတ်… လက်ဆောင်ပါဆယ် ရောက်နေတဲ့နိုင်ငံ..နေရာဒေသကနေ… ပို့လိုက်လည် းဖြစ်တာပဲ…။ 🙂 🙂
–
တကယ်တော့.. အိမ်တွင်းမင်းမဟာဂီရိ(အုန်းသီးနတ်)အပါအဝင်.. အနော်ရထာ ဖန်တီးခဲ့တဲ့ နတ်တွေဟာ… သူပုန်ခေါင်းဆောင်တွေဖြစ်နိုင်တယ်လို့.. သုံးသပ်မိပါတယ်..။
လူထုချစ်တဲ့ သူပုန်ခေါင်းဆောင်တွေသတ်ပြီးနောက်.. လူထုနဲ့ပြဿနာမတက်အောင်.. နတ်စိမ်းဖြစ်သွားပါတယ်လုပ်ချလိုက်ပြီး.. နတ်ကွန်းပေး.. လူတွေမျက်စိလှည့်..နားလှည့်ပါးရိုက်သွားတယ် (ဖတ်ဖူးတာတွေအခြေခံ)တွေးမိတာပါပဲ..။
(ကြုံလို့ပြောရရင်..အဲဒီပုဂံခေတ်က မြန်မာပြည်ရဲ့ဗုဒ္ဓဘာသာကိုထိမ်းသိမ်းစောင့်ရှောက်ထားတဲ့.. အရည်းကြီးအမည်ခံ.. ရဟန်းတော်တွေကိုလည်း..”ခေါင်းစဉ်”တပ်ပြီး.. လူဝတ်လဲခိုင်း.. စစ်တပ်ထဲဆွဲသွင်း. အဲဒီစစ်တပ်ကြီးနဲ့.. မြန်မာ့အင်ပါယာကိုချဲ့ခဲ့တယ်.. တွေးမိပါတယ်..)
ဆိုတော့…
သူပုန်ခေါင်းဆောင်နဲ့..သူ့ကျေးဇူးကိုအမှတ်ရတဲ့အနေနဲ့.. အုန်းသီးဆွဲအလေးပြုတာတော့ ကောင်းပါတယ်..။ အဲဒီအုန်းသီးနတ်(ပန်းပဲမောင်တင့်တယ်) က… သားအရင်းလိုတော့.. မိဘတွေကို.. ကြည့်ရှု့ကူညီမှာ.. မဟုတ်ကြောင်း..ဖြည်းဖြည်းချင်းရှင်းပြပြောပြပေါ့..။
( ပြောရရင်.. ဒီလိုအယူလွဲနေသူတွေကို.. ပြောဟောရှင်းပြရတာမျိုးဆိုတာက.. ဗုဒ္ဓသာသနာကိုစောင့်ရှောက်ရမဲ့.. ဘုန်းကြီးတွေ အလုပ်ပါ)
nature
September 8, 2011 at 6:34 am
မွေးနေ့မှာ အုန်းသီးတလုံး လက်ဆောင်ပေးပြီး အုန်ထမင်းချက်စားလိုက်ပေါ့ကွယ်။
ကြောင်ကြီး
September 8, 2011 at 8:53 am
ခင်ဗျားမှာ အပြစ်ရှိတယ်။
၁။ မိခင်လုပ်သူကို စော်ကားလို့ အပြစ်ရှိတယ်။
၂။ သူတပါး တန်ဖိုးထားတဲ့ အရာကို ပျက်ရယ်ပြု ဖျက်ဆီးလို့ ဒုတိယမ္ပိ အပြစ်ရှိတယ်။ ကိုယ်နဲ့မတူတိုင်း ဖိနှိပ်ချုပ်ချယ်တတ်တဲ့ အာဏာရှင်စိတ်ဓာတ် တရား၊ရှုံးသူမှာ ရှိနေပုံရတယ်။ တော်ရုံတန်ရုံခွင့်လွှတ်သင့်တာ မျက်ကွယ်ပြုသင့်တာ ပြုတတ်ရမယ်။ များသောအားဖြင့် ရုပ်ဝတ္ထုကိုးကွယ်မှု ဆန်လွန်းသွားရင် ငါတကောကောသွားတတ်တယ်။
၃။ ငါဆိုတဲ့ မာနခံပြီး မွေးမိခင်ကိုတောင် တောင်းပန်ရကောင်းမှန်း မသိဘူးလို့ ထပ်အပြစ်ရှိတယ်။ မိဘကို မသေခင် လုပ်ကျွေးပါ သေမှ မငိုနဲ့ဆိုတာ ပိုက်ဆံပေး၊ ထမင်းကျွေးမှမဟုတ်ဘူး၊ စိတ်မဆင်းရဲအောင် ထားဖို့ပြောတာလဲဖြစ်တယ်။ ဒါက အကြီးဆုံးအပြစ်ပဲ။ မိမိက တရားသဘောကို ဆင်ခြင်သိလို့မဟုတ်ဘဲ အတ္တမာနခံပြီးလုပ်ခဲ့တာကို သူအယူမှားတယ်ဆိုတာနဲ့ ပြန်ယှဉ်ကြည့်ရင် ကုလားကြီးနဲ့ အရာကြီးဖြစ်နေတာကို တွေ့လိမ့်မယ်။ ဓမ္မတာအလုပ်၊ ကံအလုပ်တွေမှာ ဘိန်းစားချင်းအတူတူ တပဲသား ပိုမရှုချင်နဲ့။
မှားတာကို မှားမှန်းသိတာ မှန်တာကို မှန်မှန်းသိသလိုပဲ တန်ဖိုးရှိတယ်။ အချိန်မှီပြင်ပါ။ မပြင်ရင် ကြောင်ကုတ်ခံရမယ်…။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
September 8, 2011 at 12:14 am
ဒီကိစ္စကြောင့် ကျွန်တော့်မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ခံစားရတယ်။ ပြောမပြတတ်အောင်ပါပဲ။ ကျွန်တော် ရန်ကုန်သားစစ်စစ်ပါ။ ဒီနယ်မြို့လေးမှာ ဆင်းတောင့်ဆင်းရဲ လာနေနေတာ။ ထမင်းတစ်လုပ်အတွက် အရမ်းလုပ်ခဲ့ရတာ။ အခုမှ နည်းနည်း ခံသာတာ။ အိမ်တွင်းအုန်းကိစ္စက ဝတ္ထုထဲမှာလိုဆိုရင် သိပ်ကောင်းမှာပဲ။
MaMa
September 8, 2011 at 6:51 am
အဲဒီအကြောင်းလေးကို စိတ်ဝင်စားသား။ တင်ပေးနိုင်ရင် ကျန်တဲ့လူတွေလည်း ဗဟုသုတ ရကြရတာပေ့ါ။ ဖြစ်နိုင်ရင် တင်ပေးစေလိုပါတယ်။
True Answer
September 8, 2011 at 2:01 pm
ကျွန်ုပ်တို့ နည်းနည်း အရွယ်ရလာတော့ ဘာသာရေးစာအုပ်လေးဖတ်၊ ကံကံရဲ့အကျိုးစတာလေးတွေနားလည်လာတော့ အရင်ဆုံး မိဘရိုးရာ နတ်ကိုးကွယ်မှု နဲ့ စ ပြီး ပြဿနာတက်ပါတယ်။
မိဘတွေရဲ့ ရိုးရာ နတ်ကို ကျွန်တော်တို့ ပယ်တယ်ဆိုသော်လည်း တကယ်က မြတ်ဗုဒ္ဓအလိုကျ မဟုတ်ပါ။
ကျွန်တော်တို့ ပယ်တယ်ဆိုတာက အရှိလုပ်ပြီးမှ ပယ်တာပါ။
နတ်ဖြစ်စေ၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အုန်းသီးဖြစ်စေ သမုတိသစ္စာသာဖြစ်ပါတယ်။
ရှုံးနိမ့်သူအနေနဲ့ အုန်းသီးကို လွင့်ပစ်တယ်ဆိုတော့..အုန်းသီးမှာ နတ်ရှိတယ် ဆိုပြီး အဟုတ်ထင်လို့ လွင့်ပစ်တယ်လို့ယူဆရပါတယ်။
အုန်းသီးမှာ တကယ်လို့ နတ်မရှိဘူးထင်ရင်ကော ဘာလို့ လွင့်ပစ်ရမှာလဲ။ အုန်းသီးအပေါ် မိခင်က နှစ်သက်တန်ဖိုးထားမှု ရှိနေပါတယ်။
အမှန်က အုန်းသီးကို လွင့်ပစ်တာ က မြတ်ဗုဒ္ဓအလိုကျ မဟုတ်ဘဲ… မိမိရင်ထဲ အုန်းသီးအပေါ် မကျေနပ်မှု ဒေါသကို အရင်လွင့်ပစ်ရမှာပါ။ ဒုတိယအနေနဲ့….ငါ၊ သူတပါး၊ မိဘ၊ လူ၊ နတ်၊ တိရစ္ဆာန်၊ ၃၁ ဘုံဆိုတာ သမုတိသစ္စာပါ…။ သမုတိသစ္စာဆိုတာ…အဟုတ်ထင်ပြီး ပစ်ပယ်ရင်လည်းမှားပါတယ်။ အဟုတ်ထင်ပြီး ငြိတွယ်စွဲလန်းနေရင်လည်းမှားပါတယ်။ မိမိ (သို့) မိဘဟာ အုန်းသီးကို ပစ်ပယ်ရုံနဲ့ အမှန်တရားကို နားလည်လာမည်မဟုတ်ပါ။
အမှန်တရား(သစ္စာတရား)ကို နားလည်စေတဲ့ ဒါန၊ သီလ၊ ဝိပဿနာဘာဝနာ စတဲ့ အလုပ်တွေသာ မိမိလည်းလုပ်၊ မိဘ လုပ်ဖြစ်အောင် လုပ်နိုင်အောင် အဓိကထားရမှာပါ။ ဒါန၊ သီလ၊ ဝိပဿနာဘာဝနာအလုပ်များကိုသာ အဓိကထားခြင်းဖြင့် မိဘကိုလည်း လုပ်ဖြစ်အောင်တတ်နိုင်သမျှ ကူညီခြင်းဖြင့် …. ငါ၊ သူတပါး၊ မိဘ၊ လူ၊ နတ်၊ တိရစ္ဆာန်၊ ၃၁ ဘုံဆိုတဲ့ သမုတိသစ္စာတွေကို ပယ်စရာမလို တွယ်စရာမလိုပဲ….အမှန်တရား သစ္စာတရားနားလည်မှုအတွက်…အသုံးချရုံ အသုံးချတတ်သွားဖို့ပါ။ နတ်တွေကို ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ၊ နတ်များရှိသည်ဟု ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ အုန်းသီးအိမ်တွင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ….မိမိရင်ထဲ လောဘ၊ ဒေါသ၊ သောက၊ ဗျာပါဒ တို့ ကင်းဝေးမှုအလုပ်များ နှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိသေးပါက…. ကုလားကြီး ဘဝမှ အရာကြီးဘဝ ပြောင်းသွားခြင်းသာဖြစ်ပေလိမ့်မည်။
မိုက်ကယ်ဂျော်နီအောင်ပု
September 9, 2011 at 9:04 am
သာဓု သာဓု သာဓု
ကောင်းသောစကားကိုဆိုတတ်ပါပေတယ်
မှတ်သားဖွယ်ကိုဆိုတတ်ပါပေတယ်
ဆင်ခြင်တွေးတောနိုင်သော စကားကိုဆိုတတ်ပါပေတယ်
အုန်းသီးလွှင့်ပြစ်တဲ့အချိန်မှာ အာဃာတကြီးရှိနေရင်တော့ အမှားပါဘဲ
လက်မခံနိုင်ရင်လည်း အေးဆေးပေါ့နော ဟုတ်ဘူးလား
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
September 9, 2011 at 1:39 pm
ဆရာခိုင် ပြောသလို ကျွန်တော် အခုသီတင်းကျွတ်မှာ သွားကန်တော့လိုက်ပါမယ်။ ဦးကြောင်ကြီး ပြောတာလည်း ဟုတ်တာပါပဲ။ ကျွန်တော်ဘက်က စော်ကားလိုတဲ့သဘောပါပါတယ်။ True Answer ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မိသားစုပုံစံတစ်မျိုးဗျ။ ကျွန်တော်က အမေထက် အဒေါ်ကိုပိုချစ်တဲ့လူ။ အမေက ဟိုခေတ်က နာမည်ကြီးသူဌေးတစ်ယောက်ရဲ့သမီး။ တစ်သက်လုံးအိမ်ဖော်တွေနဲ့ နေလာတာ။ ကျွန်တော်တို့ ဝေယျာဝိစ္စ ဘာမှမလုပ်ဘူး။ ဒီတော့ ကျွန်တော်က အဖေ့ညီမ လက်ထဲမှာကြီးလာတယ်။ အဒေါ်ကိုပဲပိုချစ်ခဲ့တယ်။ အဒေါ်ကိုပိုချစ်တဲ့ ကျွန်တော့်ကို အမေကလည်း မကြည်ဘူး။ စကတည်းကိုက မှားနေတဲ့ဇာတ်လမ်းလေ။ ခုချိန်ထိ မညာတမ်းပြောရရင် ဆုံးသွားတဲ့ ကျွန်တော့်အဒေါ်ကို အချစ်ဆုံးပါပဲ။ မိဘထက်ကို ပိုတယ်။ အားနည်းချက်တွေများလွန်းတဲ့ အဒေါ့်အကြာင်း တွေးမိလိုက်တိုင်း ကျွန်တော် မျက်ရည်ကျတယ်။ ကျွန်တော် တခြားဘာကိစ္စကြောင့်မှ မျက်ရည် မကျဖူးဘူး။ အဒေါ်ဆုံးသွားတော့ ကျွန်တော် အမေကိုပဲ ပိုမုန်းမိတယ်။ ဒါပေမယ့်လည်း အမေကလည်း အမေပါပဲလေ။ ကျွန်တော် သွားလိုက်ပါမယ်။
ရွှေအိမ်စည်
September 9, 2011 at 3:28 pm
အမေက..မကြည်တာတော့မဟုတ်ပါဘူး၊စတ်မကောင်းဖြစ်နေတာဘဲဖြစ်မယ်။
မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်လာလျှင် လိမ္မာတော ့လိမ္မာလွန်းလို့ ချစ်ကြပါတယ်ဟာ….