Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘုရားရှင်၊ အာနန္ဒာနှင့် ရေပြဿနာ (၁)

ashinindakaAugust 15, 20111min3619

၂၀၀၃ – ခုနစ်နဲ့ အဲ့ဝန်းကျင်အလွန်နှစ်တွေတုန်းက
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ (အရင်အခေါ် ဘုံဘေမြို့) မှာ
ပညာရေးကိစ္စနဲ့ နေနေတဲ့ကာလ။

တစ်ခါတစ်လေ
ရုံးကိစ္စနဲ့ နယူးဒေလီကို သွားရတယ်။

နယူးဒေလီမှာ မြန်မာရဟန်းတော်တစ်ပါးနေနေတဲ့
ကုလားကျောင်းတစ်ကျောင်းရှိတယ်။
ကျောင်းလေးက သေးတယ်ဆိုပေမဲ့ ကျောင်းဝိုင်းက ကျယ်တယ်။
နေရာလေးလဲ မဆိုးဘူး။
ကုဋီ ရေချိုးခန်းတွေလဲ အဲ့ဒီအချိန်တုန်းက အိန္ဒိယရောက်နေတဲ့
မြန်မာစာသင်သားရဟန်းတော်များ ရှိစုမဲ့စုလေးထဲက
ဖဲ့လှူဒါန်းကြတဲ့ငွေလေးနဲ့ ဝိုင်းဆောက်လိုက်တာ
အတော်လေးအဆင်ပြေနေဘီ။

စားရေးသောက်ရေးကတော့
ကျောင်း ဂေါပကအဖွဲ့က
ဆန်နဲ့ ပဲကို အမြဲမပြတ်လှူဒါန်းလေ့ရှိတယ်လို့ သိရတယ်။
လှူတဲ့ဆန်က ဆန်ကောင်းတော့ ဘယ်ဟုတ်မလဲ။
ကောင်းတာ မကောင်းတာ အပထား၊ လှူဖော်ရတဲ့ ကုလားဂေါပကအဖွဲ့ကို
ကျေးဇူးတင်ရမယ်။

ဒီကုလားကျောင်းမှာ နေနေတဲ့ဆရာတော်က ဦးပညာဝရတဲ့။
မစိုးရိမ်တိုက်ဟောင်းထွက်၊
ဘုန်းကြီးစာမေးပွဲ စာချတန်းလို့ခေါ်တဲ့ ဓမ္မာစရိယတန်းအောင်ပြီးလို့
သာသနဓဇဓမ္မာစရိယဘွဲ့ရခဲ့တယ်။

ဘွဲ့ဆိုလို့
မြန်မာပြည် ရန်ကုန်၊ မင်္ဂလာရာမတိုက်က
ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့
ဦးပညာသာရကြီးကိုတောင် သတိရမိသေး။

ဦးပညာသာရဆိုတာက အခု ကိုးရီးယားနိုင်ငံမှာ
သီတင်းသုံးသာသနာပြုနေတဲ့ ဒေါက်တာနန္ဒက ရဲ့သူငယ်ချင်း။
သူတို့က မန္တလေး၊ ဝိသုဒ္ဓါရုံ၊ သံတော်ဆင့်မှာ အတူနေလာတာ။
ဒေါက်တာနန္ဒကနဲ့ပတ်သက်ပြီး ဦးပညာသာရကြီးကို သိရတာ။

ဦးပညာသာရကြီးက စာတော်ပုံပေါက်ပါတယ်။
အဂ္ဂမဟာအကျော်၊ သ၊ စ၊ အ လို့ခေါ်တဲ့
သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယဘွဲ့တွေ ရထားတာ။

တစ်နေ့ သူပြောတယ်။
ဓမ္မာစရိယဘွဲ့ တစ်ဘွဲ့လောက်မှ မရတဲ့ဦးဇင်းကို
ကိုယ်က စကားမပြောချင်ဘူးတဲ့။
ပြောလဲ ကိုယ်ပြောတဲ့စကားကို သူနားလည်မယ်မထင်ဘူးတဲ့။
ဆရာတော်ဦးပညာသာရ ပြောတဲ့စကားပါ။

သူပြောတာ ဟုတ်သင့်သလောက် ဟုတ်လိမ့်မယ်။
ပညာရေးကိစ္စဆွေးနွေးရာမှာ
ဘာဘွဲ့မှ မရထားတဲ့သူဟာ ဆွေးနွေးလို့ ရမယ်မထင်ပါဘူး။
ဆွေးနွေးလဲ နားလည်မယ် မထင်ပါဘူး။
ဘာအကြံမှလဲ ပေးနိုင်မယ် မထင်ပါဘူး။
ဒါ့ကြောင့် ပညာရေးနယ်ပယ်ကို ဝင်ရောက်လိုတဲ့သူဟာ
ဘွဲ့တစ်ဘွဲ့တော့ ရထားသင့်တယ်လို့ ယူဆမိပါတယ်။

ထား။
နယူးဒေလီက ကုလားကျောင်းမှာ နေတဲ့ဆရာတော်၊
အခုတော့ ဩစတေးလျနိုင်ငံရောက်နေတယ်လို့ သိရတယ်။
အဆက်အသွယ်တော့ မရဘူး။
အတော်ရိုးတယ်။
သူနဲ့တွေ့တုန်းက
သူ MA တန်းတက်နေတဲ့အကြောင်း
MA တန်းစာမေပွဲမှာ သက္ကတဘာသာ အမှတ်နည်းလို့
မကျေနပ်လို့ နောက်တစ်ခါပြန်ဖြေတာ
အမှတ်ပိုနည်းသွားကြောင်း ပြောပြဘူးတာကို အမှတ်ရမိတယ်။

သူက လာတဲ့အာဂန္တုတွေကိုလဲ အစိမ်းအကျက်မရွေးပဲ
ရှိတဲ့ပဲနဲ့ ပျော်ပျော်ရွှင်ရွှင် ဧည့်ခံလေ့ရှိတယ်။
သူ့အလုပ်က မနက်ခင်းအိပ်ယာထရင် တံမြက်စည်းလှည်းတယ်။
ခဏနေ အရုဏ်ဆွမ်း (အာရုံဆွမ်း) ဘုန်းပေး။
နေ့ဆွမ်းစား၊ တက္ကသိုလ်သွားစရာရှိသွား။
ညဘုရားဝတ်တက်။
ဒါ သူ့ရဲ့ နေ့စဉ်လုပ်ငန်း။

သူ့ကျောင်း (ကုလားကျောင်း) မှာနေတုန်း
တစ်နေ့ အရုဏ်ဆွမ်းစားသခိုက်
သီတဂူဆရာတော်ဟောတဲ့
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ တရားတော်ကို ဖွင့်ထားတယ်။

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ဆိုတဲ့စာအုပ်ရှိတယ်။
ဒီစာအုပ်က ဘာသာဋီကာဆရာတော်လို့ ထင်ရှားတဲ့
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီးရေးတာ။
သူ့ရဲ့နောက်ဆုံးလက်ရာလဲဖြစ်တယ်။

ဆရာတော်ကြီးပျံတော်မူတော့ ဆရာတော်ကြီးရဲ့ ဈာပနပွဲမှာ
သီတဂူဆရာတော်က ဆရာတော်ကြီးနောက်ဆုံးရေးခဲ့တဲ့
ဒီနောက်ဆုံးဆယ်လမြတ်ဗုဒ္ဓစာအုပ်ကို မူတည်ပြီး ဟောကြားပူဇော်ပေးခဲ့တယ်။
ဒီတရားဟောချိန် သီတဂူဆရာတော်ရဲ့အသက် သိပ်မကြီးသေးဘူး။
အသံမာတယ်။ အတော်ကြည်လင်ပြတ်သားတယ်။ အားပါတယ်။
ပါဠိတော်တွေ အဋ္ဌကထာတွေထဲကလာတဲ့
ပါဠိအကိုးအကားတွေကို အတော်ကျက်မှတ် ရွတ်ဖတ်နိုင်သေးတယ်။

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ဆိုတဲ့စာအုပ်ကို
အငယ်တုန်းက ကိုရင်ဘဝတုန်းက ဖတ်ဖူးတယ်။
စာအုပ်က သိပ်မကြီးဘူး။
နန္ဒသိန်းဇံရဲ့ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းဆိုတဲ့ စာအုပ်လောက်ပဲ ရှိတယ်။

မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့
ဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေဖတ်ရမဲ့
ကိုယ်ကျင့်အဘိဓမ္မာ၊
ရတနာ့ဂုဏ်ရည်၊
အနာဂတ်သာသနာရေး
ဘာသာသွေး ဆိုတဲ့
စာအုပ်တွေကို ဖတ်ရင်း ဆရာတော်ကြီးကို ကြည်ညိုရင်းစွဲရှိနေတော့
ဒီနောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စာအုပ်ကိုလဲ ဝယ်ဖတ်ပစ်လိုက်တယ်။

ဖတ်ရင်း
သက်တော်ထင်ရှား ဘုရားရှင်နဲ့ အတူခရီးသွားနေရသလိုခံစားမိတယ်။
ကိုရင်ဘဝ နုနယ်တဲ့အရွယ်တုန်းက ဖတ်တာဆိုတော့
ဆရာတော်ကြီး ဘယ်သုတ္တန်ကို ကိုးကားပြီး ရေးထားတယ်ဆိုတာ မသိခဲ့ဘူး။
ကြီးမှ အထက်တန်းပိဋကတ်စာပေတွေကို လေ့လာမှ
အော်၊ ဆရာတော်ကြီးက နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓဆိုတဲ့စာအုပ်ကို
မဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး ရေးထားတာပါလားလို့
သိလာရတယ်။

ပါဠိစာပေမှာ
ပိဋကအနေဖြင့် ပြောရင် ပိဋကတ်သုံးပုံလို့ပြောရတယ်။
(၁) ဝိနယပိဋက
(၂) သုတ္တပိဋက
(၃) အဘိဓမ္မပိဋက

နိကာယ်အနေဖြင့်ပြောရင် နိကာယ်ငါးရပ်လို့ ပြောရတယ်။
(၁) ဒီဃနိကာယ်
(၂) မဇ္ဈိမနိကာယ်
(၃) သံယုတ္တနိကာယ်
(၄) အင်္ဂုတ္တရနိကာယ်
(၅) ခုဒ္ဒကနိကာယ်

ပိဋကတ်သုံးပုံလို့ပြောပြော၊ နိကာယ်ငါးရပ်လို့ပြောပြော
အတူတူပါဘဲ။
ပိဋကတ်သုံးပုံလို့ပြောလိုက်ရင် ဘုရားရှင်ဟောထားတာ အကုန်ပါဝင်တော့တာဘဲ။
ထို့အတူဘဲ။ နိကာယ်ငါးရပ်လို့ပြောလိုက်ရင်လဲ
ဘုရားရှင်ဟောထားတာ အကုန်ပါဝင်တော့တာပါဘဲ။
လူတွေက ဒါကို ရှင်းရှင်းလင်းလင်းနားမလည်သေးပါဘူး။

ဒါနဲ့စပ်လို့ မြို့တစ်မြို့မှာ သူ့ကိုယ်သူ ဘုရားဂေါပကအဖွဲ့ဝင်ဆိုပြီး
“လူဆိုတာ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါး ပေါင်း ခုနစ်ပါးနဲ့ဖွဲ့စည်းထားတာကွ” လို့
အာဘော်အာရင်းသန်သန်နဲ့ အော်ပြောနေတာကြားဘူးတယ်။
ခန္ဓာအနေနဲ့ပြောရင် လူမှာ ခန္ဓာငါးပါးရှိတယ်။
ခန္ဓာငါးပါးကို အကျဉ်းချုပ်ပြီး အလွယ်ပြောတော့
ရုပ်၊ နာမ်နှစ်ပါးလို့ ပြောတာ။
ခန္ဓာငါးပါးနဲ့ ရုပ်နာမ်နှစ်ပါးဟာ အတူတူဘဲ။
ရုပ်နာမ်နှစ်ပါးလို့ပြောလိုက်ရင် လူမှာရှိတာ အကုန်ပါတော့တာ။
ထို့အတူ ခန္ဓာငါးပါးလို့ပြောလိုက်ရင်လဲ အကုန်ပါတော့တာပါဘဲ။

နောက် တစ်ယောက်တွေ့ဘူးသေးတယ်။
သူ့ကိုယ်သူ ဘာသာရေးသမားပါလို့ပြောပြီး အမှားကြီးတစ်ခုကို
ကျယ်ကျယ်လောင်လောင်နဲ့ ပြောပြနေတာ။

ဟေ့ကောင်တွေ၊
ဘုရားရှင်က စိတ်တစ်ခု၊ ရုပ်ကိုးဆယ်ရှိတယ်လို့ ဟောထားတယ်ကွတဲ့။

တကယ်တော့ စိတ်က ၈၉ ခုရှိတယ်။
၈၉ ဆိုတော့ ၉ဝ ပြည့်ဘို့ တစ်ခုယုတ်လျှော့နေတယ်။
ဒါကို ဘုန်းကြီးသုံး စာသုံးပေသုံးနဲ့ပြောတဲ့အခါ
စိတ်တစ်ခုယုတ်ကိုးဆယ် လို့ပြောလေ့ရှိတယ်။

ဒါကို နားစွန်နားဖျားနဲ့ကြားသွားတဲ့ ဘာသာရေးသမားဆိုသူက
စိတ်တစ်ခု၊ ရုပ်ကိုးဆယ်လို့ထင်ပြီး စွတ်ပြောတော့တာဘဲ။
ဒီမှာလဲ ပိဋကတ်အနေနဲ့ပြောရင် သုံပုံ။
နိကာယ်အနေနဲ့ပြောရင် ငါးရပ်။
ရှိစေတော့။

မဟာဂန္ဓာရုံဆရာတော်ကြီးရေးတဲ့ သီတဂူဆရာတော်ဟောခဲ့တဲ့
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့ မဟာပရိနိဗ္ဗာနသုတ်တော်ဟာ
ပိဋကတ်အနေနဲ့ပြောရင် သုတ္တန္တပိဋက ထဲမှာ ပါဝင်တယ်။
နိကာယ်အနေနဲ့ပြောရင် ဒီဃနိကာယ်ထဲမှာ ပါဝင်တယ်။
စာအုပ်ကတော့ မဟာဝဂ္ဂစာအုပ်ထဲမှာ။
တတိယမြောက်သုတ်တော်ဖြစ်တယ်။

ဒီသုတ်တော်ကလဲ တရားဦးဖြစ်တဲ့ ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) လိုဘဲ
အင်မတန်အရေးကြီးတဲ့ သုတ်တစ်သုတ်ဖြစ်တယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးနာမည်ပေးထားတဲ့အတိုင်းဘဲ
ဘုရားရှင်ရဲ့ နောက်ဆုံးဆယ်လတာအချိန်ကို
အသေးစိတ်မှတ်တမ်းတင်ထားတဲ့ သုတ်တော်ဖြစ်တယ်။

ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။
အင်မတန်စိတ်ဝင်စားဖွယ်ကောင်းတဲ့သုတ်တစ်သုတ်ဖြစ်တယ်။

9 comments

  • ကြောင်ကြီး

    August 15, 2011 at 9:37 am

    မှန်လှပါ၊ အဓမ္မဝါဒီသဂျီးက ပိဋကတ်သုံးပုံကို ဘုရားဟောမဟုတ်၊ အဘိဓမ္မာသည် လုပ်ကြံဖန်တီးချက်လို့ ကလီကမာ ကလေကဝ ကပျက်ကချာ ကရော်ကမည် ကပျောက်ကချောက် ကလေကလွင့် ကယုကမာ ကတီးကတော် ကလိန်ကကျစ် ကတုံကရင် ကလန်ကလား ပြောဆိုနေကြာင်း ရိုသေစွာ လျောက်ထားအပ်ပါသည် ဘုန်းတော်ကြီးမြတ် နတ်လူဗြမ္မာတို့၏ အားထားရာအစစ် ဖြစ်တော်မူအပ်သော သံဃာတော်ရှင်မြတ် ashinindaka ဘုရား…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2011 at 9:51 am

    အဲ့သည် မဟာပရိနိဗ္ဗာနသုတ်တော် ထည်းကတစ်ခုသောအကြောင်းဖြစ်တဲ့
    ရေအကြောင်းကို မကြုံသေးလို့မပြောဖြစ်သေးတာပါ
    ခုလည်း အရှင်ဘုရား ရေးမယ်လို့ မှန်းစထားမိပါတယ်
    တစ်လောက သဂျီးတောင် ပြောနေသေးတယ်
    ချောင်းတွေက တံတားတွေမရှိတဲ့အတွက်
    ကျွဲနွားတွေဖြတ်မယ် ရေနောက်မယ်
    ဝဋ် ဆိုတာကတော့ ဘယ်သူကများလုပ်ကြံပြီးပြောခဲ့ပါလိမ့်နော်……

  • Shwe Ei

    August 15, 2011 at 10:11 am

    ကိုယ်ကျင့်အဘိဓမာ စာအုပ်ကိုအခုမှ ဖတ်ဖူးတာပါဘုရား။ အရှင်ဘုရားပြောသလို
    ”ဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေဖတ်ရမဲ့” ဆိုတဲ့အနေအထားထိ မသိခဲ့ပါဘူး။
    ဖတ်လို့လဲ အရမ်းကောင်းပါတယ်။ စာအုပ်လက်ဆောင်လာပေးတဲ့အမကိုတော့ ဒီအကြောင်းပြောပြရပါအုံးမယ်။

  • thit min

    August 15, 2011 at 12:27 pm

    အရှင်ဘုရား…………………ဖြစ်နိုင်ရင်….အဲ့ဒီသုတ်တော်ကို Summary post လေးလုပ်ပြီး ….. ရေးပေး ပါဘုရား။

    • ashinindaka

      August 15, 2011 at 1:49 pm

      အင်္ဂလိပ်လိုတော့ ရှိပြီးသားမှတ်တယ်။

  • aungnng87

    August 15, 2011 at 1:01 pm

    အရှင်ဘုရား ရေပြသနာကိုစောင့်မျှောဖတ်ရှုပါမည်ဘုရား။

  • researcher

    August 15, 2011 at 1:46 pm

    အရှင်ဘုရား ရွာထဲ မရောက်တာ အတော်ကြာပြီနော်။ ဒီရွာက ဆရာမနိုင်ရွာ ဖြစ်နေလို့ပဲ ရွာထဲ မကြွတော့တာလားဘုရာ့။

    • ashinindaka

      August 15, 2011 at 1:50 pm

      အလုပ်များနေတာက တစ်ကြောင်းပေါ့။

  • windtalker

    August 15, 2011 at 3:11 pm

    ကိုသစ်မင်း ပြောသလို ပါ ပဲ ဘုရား
    စောင့်မျှော် ဖတ်ရှူ ရန်
    ပြင်ဆင်ထားကြောင်းပါဘုရား

Leave a Reply