ကျွန်တော်နှင့်ဘာသာမဲ့ စာစဉ်(နိဂုံး)
လူတို့သည် မိမိတို့ မမြင်၊ မတွေ့၊ မကြား၊ မသိရသော ကြောက်စရာတို့ကို သာ ကြောက်ဖို့အားသန်နေကြသောကြောင့် မိမိတို့ အမှန်တကယ် မြင်၊တွေ့၊ ကြား၊ သိနေရသော လူသားလောကကြီး တုန်လှုပ်ခြောက်ခြားပြီး မိမိကိုယ် တိုင်လည်း စိုးရွှံ့၊အားငယ်၊ထိတ်လန့်နေရသော ကြောက်စရာ အဖြစ်တို့ကို မ မြင်နိုင်၊ မတွေ့နိုင်၊ မကြားနိုင်၊ မသိနိုင် ဖြစ်နေကြလေ၏။ ထိုသို့ဖြစ်ရသည်မှာ မိမိတို့ အမှန်တကယ် မမြင်၊ မတွေ့၊ မကြား၊ မသိရသော ကြောက်စရာတို့က ဖုံးလွှမ်းနေသောကြောင့်ဖြစ်ပါသည်။ မသိခြင်းတို့၏ ဆိုးရွားနှိပ်စက်ချက်တို့ ကား လူသားလောကအတွက် များစွာနစ်နာလှချေတော့၏။
လူသားစည်းကမ်း(ဝါ) လူသားသီလတို့ကို မသိခြင်းတို့ဖြင့် ရှောင်ကြဉ်ရန် ကြိုးစားနေသမျှကာလပတ်လုံး၊ ဘယ်တော့မှ လူသားစည်းကမ်းကို ပြည့်မှီ အောင် ဖြည့်ကျင့်နိုင်လိမ့်မည်မဟုတ်ပေ။ လူသားစည်းကမ်း(ဝါ)လူသားသီ လဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့က သတ်မှတ်ထားချက်များ မဟုတ်ပါ။ လူသားအားလုံးက လက်မခံနိုင်သော၊ လက်ခံရျ ် မရသော လူတို့ ၏ ဘုံရန်သူများသာ ဖြစ်ပါသည်။ ဥပမာ လူ့အသက်သတ်ခြင်းကို မည်သည့် လူသားကမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ လူသားတို့က လက်မခံသည့် အမူ အကျင့်တို့ကို် ပြုမူသောသူသည် လူသားတို့၏ ငြင်းပယ်ကျောခိုင်းခြင်းကို မလွဲ မသွေခံယူရပေလိမ့်မည်။
လူဖြစ်ပါလျှက် လူသားတို့၏ ငြင်းပယ်ခြင်းကိုခံရသည့် ဆင်းရဲထက် ကြောက်စရာကောင်းသော ဆင်းရဲသည်ကား အဘယ်မှာရှိနိုင်တော့မည် နည်း။ လူတို့သည် လူသားစည်းကမ်း(ဝါ)လူသားသီလကို မလိုက်နာ မ ကျင့် သုံးကြသောကြောင့်သာ မိမိတို့အဖြစ်ကို မိမိတို့ကိုယ်တိုင် ငြီးငွေ့နေကြရခြင်း ဖြစ်ပါသည်။ မိမိအဖြစ်ကို မိမိငြီးငွေ့ရခြင်းသည် လိုလားစရာကောင်းသည်မ ဟုတ်။ ထိုအဖြစ်တို့မှ လွတ်မြောက်ဖို့လိုပါသည်။ လူသားဆိုသော အဖွဲ့အ စည်းကြီးအောက်တွင် အဖွဲ့ငယ်လေးပေါင်းများစွာရှိနေကာမျှဖြင့် လူသား စည်းကမ်း(ဝါ) လူသားသီလတို့ ပိုမိုလာသည်မဟုတ်ပေ။
မိမိငြိမ်းချမ်းဖို့အတွက် မိမိအား အမှန်တကယ် မငြိမ်းချမ်းစေသော အချက် အလက်တို့ကို ပီပီပြင်ပြင်ကြည်ကြည်လင်လင် သိရှိနားလည်ဖို့လိုပါသည်။ ခုတ်ရာတစ်ခြား ရှရာတစ်ခြား မဖြစ်စေဖို့ပေါ့။ အကြောင်းတရားနှင့် အကျိုးတ ရားတို့သည် နေရာတိုင်း၌ရှိကြပါသည်။ နေ့နှင့်ည ဖြစ်ပေါ်ရခြင်း၏ အကျိုးတ ရားသည် ကမာ္ဘကြီးလည်ပတ်နေခြင်းဟူသော အကြောင်းတရားကြောင့် ပေါ် ထွက်လားခြင်းဖြစ်ပါသည်။ ဤနေရာတွင် စဉ်းစားစရာအချက်နှစ်ချက်ကို လေးလေးနက်နက် စဉ်းစားဖို့လိုပါလိမ့်မည်။
ကမာ္ဘလည်ပတ်ခြင်းနှင့် နေ့နှင့်ညတွင် အဘယ်အရာသည် အကျိုးတရား အဘယ်အရာသည် အကြောင်းတရားဖြစ်ပါသနည်း။ အကျိုးတရားကို အ ကြောင်းတရားလုပ်မိပါက ဘယ်သောအခါမျှ အကျိုးတရားတို့ကို ကုန်ဆုံး စေနိုင်လိမ့်မည်မဟုတ်။ နေ့နှင့်ညဆိုသော အကျိုးတရားနှင့်အကြောင်းတရား ဖြစ်စဉ်ကို လူတို့သိကြသည်မှာ များစွာကြာလှသေးသည်မဟုတ်။ ထိုဖြစ်စဉ် ကို မသိရခင်က လူတို့သည် အမျိုးမျိုးထင်မြင်ယူဆသည့်အတိုင်း ယုံကြည် လုပ်ဆောင်ခဲ့ကြလေသည်။ တစ်လွဲကို အမှန်ထင်ပြီး လုပ်ဆောင်ခဲ့ချက်များ သည် လူတို့အားများစွာ နစ်နာစေခဲ့လေပြီ။
အရာရာတိုင်းတို့၏ အကြောင်းတရား အကျိုးတရားတို့ကို သိရှိပါမှ လူတို့ ငြိမ်းချမ်းရမည်ဆိုလျှင် ဘယ်သောအခါမှ ငြိမ်းချမ်းနိုင်လိမ့်မည်မဟုတ်။ မည် သို့သော ပုဂ္ဂိုလ်မှ ထိုကဲ့သို့ သိနိုင်ခွင့်မရှိ။ နေ့နှင့်ည ဖြစ်ပေါ်ခြင်းနှင့် ကမာ္ဘလုံး ခြင်းတို့ကို မသိကာမျှဖြင့် လူသားငြိမ်းချမ်းရေးကို ထိခိုက်လိမ့်မည်မဟုတ်ပေ၊ လူတို့အား အကျိုးတစ်စုံတစ်ရာမျှ ဖြစ်ပွားခြင်းမရှိဟုလို့တော့ မဆိုလိုပါ။ လူ သားတို့အား ငြိမ်းချမ်းစေဖို့နှင့်ကား မည်သို့မျှသက်ဆိုင်ခြင်း ရှိပါပေ။ လူသား တို့ငြိမ်းချမ်းဖို့ သိရှိရမည့် အကြောင်းတရားသည် ထိုမငြိမ်းချမ်းစေသော အ ကြောင်းတရားများကို ကြိုက်နှစ်သက်ခြင်းတို့ပင်တည်း။
ထူဆန်းပေစွာ့။ လူတို့သည် မိမိတို့ကို မငြိမ်းချမ်းစေသော အကြောင်းတ ရားတို့အား ခုံမင်နှစ်သက်နေကြလေ၏။ ထို့ကြောင့်သာ မိမိအဖြစ်ကို မိမိတို့ ကိုယ်တိုင် ငြီးငွေ့နေကြရခြင်းဖြစ်ပါသည်။ အမှန်တကယ် မိမိတို့ မလိုလား သော ငြီးငွေ့စက်ဆုပ်စရာတို့၏ ဖြစ်ပွားချက်တို့ကို မိမိတို့အမှန်တကယ် မြင်၊ တွေ့၊ ကြား၊ သိနေရချက်တို့၌ ရှာဖွေပယ်သတ်ရပေလိမ့်မည်။ စည်းကမ်း(ဝါ) သီလဆိုသောအရာများကို သေသေချာချာ ဆန်းစစ်ကြည့်ပါက လူတို့လိုက် နာအပ်သည့် အချက်အလက်များသာဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ မ လိုက်နာပဲ ပြုလုပ်ခြင်းကြောင့် ပေါ်ထွက်လာသော ဖြစ်ပွားချက်တို့ကို စေ့စေ့ ငုငုလေ့လာကြည့်မိဖို့သာလိုပါသည်။
အကျိုးကျေးဇူးကို မသိမမြင်ပါပဲလျှက် အကျိုးကျေးဇူးခံစားရဖို့ ပြုလုပ်နေ ကြသူတွေများလေလေ လူသားလောကကြီး ဆုတ်ယုတ်ပျက်စီးလေလေဖြစ် ပေတော့မည်။ အကျိုးကိုမသိပါပဲနှင့် အကြောင်းကို ပြုလုပ်သူဟူရျ ် ကြောင်း ကျိုးညီညွတ်သောလောက၌ လုံးဝ(လုံးဝ)မရှိပါ။ အရူးနှင့်ကလေးတို့၌သာ ရှိ ကောင်း ရှိပေလိမ့်မည်။မိတ်ဆွေ သင်ပြုလုပ်နေသော ပြုလုပ်မူတိုင်းသည် အ ကျိုးကိုသိမြင်ပြီး ပြုလုပ်နေခြင်းဖြစ်ပါ၏လော။
စည်းကမ်းသီလ၊ မစောင့်ကြသော၊်
ကမာ္ဘပေါ်ဖွား၊ လူသားများစွာ၊
သူကရိုင်းစိုင်း၊ ကိုယ်ရိုင်းစိုင်းနှင့်……
စောင့်စည်းစည်းကမ်း၊အမိဖမ်းသော်၊
ရမ်းရော်ထင်မြင်၊ ကင်းဝေးစင်မှ
သူလည်းယဉ်ကျေး၊ ကိုယ်ယဉ်ကျေးနှင့်……
အလုပ်ပန်းတိုင်၊ ပန်းတိုင်အလုပ်
အဟုတ်အဟပ်၊ ဟပ်စပ်ပါမှ
ဘဝနိဂုံး၊ အပြီးဖုံးလိမ့်……
9 comments
koyinmaung
August 17, 2011 at 9:59 pm
သင်၏ အယူအဆများကိုလက်ခံသူများပြားလာခဲ့လျှင် သင်လည်းဘဲဘာသာတခုဖြစ်လာမှာပါ
ကမာ္ဘပေါ်တွင်ဘာသာပေါင်းများစွာ၌ရှိသလို ဘာသာတိုင်းတွင်လည်းဂိုဏ်းကွဲများရှိကြပါတယ်
ဗုဒ္ဓဘာသာတွင်လည်မဟာယာန ထေရာဝါဒဆိုသည့်ဂိုဏ်းကွဲများရှိပါသည်
အများအားဖြစ်ဘာသာများသည် ပုံပြင်ဒဏ္ဍာရီဆန်ကြပါသည် သို့သော်
ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်သည်ဓမ္မဓိဌာန်အကျဆုံးဘာသာဖြစ်ပါသည်
ဗေဒင်.ဂါထာ.မံဌာန်.အင်း.အိုင်.လက်ဖွက်.တို့သည်
ထေရဝါဒဗုဒ္ဓဘာသာအယူများမဟုတ်ကြပါ ဒါပေမဲ့ ထေရဝါဒရဟန်တော်အချို့တို့သည်
ဗေဒင်.ဂါထာ.မံဌာန်.အင်း.အိုင်.လက်ဖွက်.တို့ကိုလက်ခံကျင့်သုံးနေသည်မှာ
ဘာသာတရားများကိုလေ့လာနေသည့်မိတ်ဆွေတို့အတွက်အထင်သေးစရာဖြစ်နိုင်ပါတယ်
ဗုဒ္ဓဘာသာစစ်စစ်ကိုလေ့လာမယ်ဆိုယင် ဘာသာတခုထက်များစွာကျယ်ဝန်းပါတယ်
ဗုဒ္ဓဟောကြားခဲ့သည့်တရားများသည် ဗုဒ္ဓ၏ကိုယ်ပိုင်တရားများမဟုတ်ပါ
လောကမှာအရာအားလုံး သဘာဝ အတိုင်း ဖြစ်နေ ပျက်နေ တာကိုအမှန်အတိုင်းသိမြင်သူပါ
ဗုဒ္ဓသည် သူသိမြင်ခဲ့သည်သဘာဝတရားကိုပြန်လည်ဟောကြားခဲ့သည့်လမ်းပြသူသာဖြစ်ပါသည်
ဖန်ဆင်းရှင် မဟုတ်သလို ကိုယ်ပိုင်အယူအဆကိုဟောကြားသူလည်းမဟုတ်ပါ
ဒါကြောင့် ဗုဒ္ဓဟာကြားခဲ့သည့်တရားများသည် ဗုဒ္ဓဘာသာဝင်များနှင့်သာဆိုင်သည့်တရားမဟုတ်ဘဲ
လူအားလုံး နှင့် ဆိုင်သောတရားသာဖြစ်ပါသည် ။။
မိတ်ဆွေ ဘာသာတရားများကိုလေ့လာခဲ့ဘူးမယ်ဆိုလျှင် သင်သဘာဝတရားကိုဘယ်လိုမြင်ပါသလဲ?…
koyo
September 5, 2011 at 6:49 pm
သဘာဝတရားကိုတော့ သဘာဝတရားလိုပဲမြင်ရမှာပါ။ အားလုံးကို သဘာဝတရားတွေကြီးပဲဆိုပြီး
လုပ်ရင်တော့ လုပ်သူဒုက္ခရောက်မှာပါ။
True Answer
August 18, 2011 at 7:53 am
Every religion is based on Sila, Morality.
Although Buddhism is based on Morality, it goes beyond Morality.
Morality is needed but taking it alone is not enough to take Morality perfectly without wisdom or insight.
Almost every human being, including people who are even breaking precepts(morality) knows that morality is important, but they can’t control their mind not to break morality.
Mind is the most important. However hard emphasize the morality, one who does not understand the mind correctly will break the morality at a time of future.
pls learn more, http://www.mediafire.com/?bwj7c0vv5yve8qf
နိုင်ကြီး
August 18, 2011 at 10:18 am
ဘာသာမဲ့ တို့ရဲ့ ကျင့်ဝတ် နဲ ပန်းတိုင် ကို ဖော်ပြပေးစေချင်ပါတယ်
စမ်းသပ် ကျင့်ကြံ ကြည်ချင်လိုပါ
ကြောင်ကြီး
August 18, 2011 at 11:12 am
(လူသားစည်းကမ်း(ဝါ)လူသားသီလဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့က သတ်မှတ်ထားချက်များ မဟုတ်ပါ။ လူသားအားလုံးက လက်မခံနိုင်သော၊ လက်ခံရျ ် မရသော လူတို့ ၏ ဘုံရန်သူများသာ ဖြစ်ပါသည်။ ဥပမာ လူ့အသက်သတ်ခြင်းကို မည်သည့် လူသားကမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။)
နဲနဲလောက် စကားကပ်ခွင့်ပြုပါ။ သီလဆိုတာ ညီမျှခြင်းအတွက်ဆိုတာထက် သဘောတူတူမတူတူ အချိန်အခါ အခြေအနေနဲ့မဆိုင် လူတိုင်းလိုက်နာရမဲ့ အခြေခံစည်းမျဉ်းများလို့ ဆိုချင်ပါတယ်။ ဥပမာဗျာ..လူသားစားတဲ့ခေတ်ရှိခဲ့ဘူးတယ်၊ အဲဒီခေတ်မှာ လူ့ဘီလူးကြီးတွေ (ကော်ကေးရှန်းတွေ၊ အမဲတွေလို ခြောက်ပေ ပေါင်နှစ်ရာအထက်တွေ ဆိုပါစို့) က လူ့ဖလံ (ကိုယ့်လူမျိုးကိုယ်ပြန်ကြည့်ပေါ့နော်) တွေကို ဖမ်းဆီးစားသောက် ယဇ်ပူဆော်တာကို လက်ခံလို့ရမလား။ လူ့ဘီလူးတွေအမြင်မှာ လူ့ဖလံလေးတွေသည် လူမဟုတ် တိရစာ္ဆန် အသိညဏ်ရှိတဲ့ လူလို့မခေါ်ထိုက်တဲ့ အဆင့်အတန်းနိမ့်ကျတဲ့ သတ္တဝါတွေလို့ ယုံကြည်ယူဆပြိး ၊ ဒါမှမဟုတ်လဲ ကူးစက်ရောဂါ ပြန့်ပွားစေတဲ့ ပိုးကောင်တွေအဖြစ်သတ်မှတ်ပြီး သတ်ဖြတ်မယ်ဗျာ။ သူတို့အမြင်မှာ ရိုးရိုးသားသား လူမဟုတ်လို့ သတ်မှတ်ပြီး သတ်တာ သီလမပေါက်လို့ဆိုချင်သလား။ လူအားလုံးဆိုတဲ့ အရေအတွက် သတ်မှတ်ချက်သည် အချိန်တခု တနေရာမှာ တစုံတခုရဲ့ မိုက်မဲတဲ့အယူအဆအောက်မှာ အပြောင်းအလဲရှိပါတယ်..။
ကြောင်ကြီး
August 18, 2011 at 11:19 am
ကျန်သွားလို့..
လူ့ဖလံလေးတွေကလည်း လူ့ဘီလူးတွေကို အလစ်ပြန်သတ်မယ်။ သူ့ကိုကိုယ်သတ် ကိုယ့်ကိုသူသတ် နိုင်သူသတ် ရှုံးသူသေစတမ်း လူအချင်းချင်းသတ်တာ (ရန်သူနဲ့ကိုယ်နဲ့ဆို လူနဲ့တိရစာ္ဆန် ချသလိုသဘောထားခြင်းမျိုး) တရားတယ်ဆိုတဲ့ အသိညဏ်ခေတ်မျိုးအောက်မှာ ဆိုရင် လူ့အသက်သတ်ခြင်းကို ဘယ်လူသားမှ လက်မခံနိုင်ဆိုတာ မဖြစ်တဲ့ခေတ်ရှိခဲ့ပါအုံးမယ်။ အပေါ်က ကျနော့်ကွန့်မန့်နဲ့ ဆက်စပ်ဖို့ပါ။ သီလဆိုတာ အမှန်တရားသစ္စာလိုပဲ (လောကအမှန်တရားထိုက်တယ်) ပြင်လို့ပြောင်းလို့ မရဘူး။ မလုပ်ချင်နေ၊ သက်သာချင်ရင် ညဏ်ရှိသလိုသုံး။ လိမ်လို့ရှောင်လွှဲလို့တော့ ရမယ်မထင်နဲ့…။
koyo
August 24, 2011 at 5:52 pm
Comment မိတ်ဆွေများသို့
Koyinmaung ပြောတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်သည် ဓမ္မဓိဌာန်အ ကျဆုံးဖြစ်ပါသည်ဆိုတာကို ဘာနှင့်သက်သေပြလို့ရနိုင်ပါသလဲ။ စကားရှိ လျှင် စကားရဲ့ဖြစ်ရပ်ဆိုတာ ရှိရပါလိမ့်မယ်။ စကားတွေဆိုတာ ဖြစ်ရပ်တွေရဲ့ ကိုယ်စားပြုတွေမဟုတ်လား။ ပေါင်မုံ့ဆိုတဲ့စကားဟာ ဂျုံကိုကြိတ်ချေပြီး ဖန် တီးစီရင်ထားတဲ့ တစ်ခြားမုံ့တွေနဲ့ မတူတာရဲ့ ကိုယ်စားပြုပဲ။ ကိုယ်စားပြုမှုမရှိ တဲ့ စကားတွေဟာ စကားအရာမမြောက်တဲ့ စကားတွေပဲ ဖြစ်နေပါလိမ့်မယ်။
ဓမ္မဓိဌာန်ဆိုတဲ့ စကားရဲ့ ကိုယ်စားပြုဖြစ်တဲ့ ဖြစ်ရပ်တစ်ခုကို ဘယ်လိုသက် သေထူပြနိုင်ပါသလဲ။
ဖြစ်ရပ်မဲ့တဲ့စကားတွေကို လှိုင်လှိုင်ကြီးပြောဆိုသူတွေဟာ ဘာသာရေး သမားတွေ အများဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကိုယ်ထင် ကုတင်ရွှေနန်း လုပ်နေကြသူတွေပဲ။ သည်ကနေ့ မျက်မှောက်ခေတ်ထိ တိုးတက်ဖြစ်ထွန်း လာတာတွေထဲမှာ ဘယ်ဘာသာကို ကိုယ်စားပြုပြီး ဖြစ်ထွန်းလာတယ်လို့ ပြစရာ ပြောစရာမရှိပါဘူး။ပါးစပ်ထဲမှာ ကျက်မှတ်ထားတာတွေကို များများ ပြောနို်င်သူဆိုရင် ပညာရှိလို့ထင်နေသူတွေ ရှိနေသေးသရျ ်တော့ သူတို့ဟာ ပညာရှိတွေ ဖြစ်ခွင့်ရနေအုံးမှာပါ။
ဘာသာရေးသမားတွေကို မေးခွန်းလေးတစ်ခုလောက် မေးပါရစေ။ ဘာ အတွက် ဘာသာရေးလုပ်ရတာလဲ။ လူမျိုးမရွေး၊နေရာမရွေး၊အချိန်မရွေးကျင့် သုံးလို့ရအောင် ဖြေပေးကြစေချင်ပါတယ်။
Forever ပြောတာက သီလဆိုတာ စောင့်ထိန်းဆောက်တည်ခြင်းပါ။ ချုပ်ထိန်းရတဲ့ သဘောပါပဲ။ ရှောင်ကြဉ်ရတဲ့အတွက် ခက်ခဲပါတယ်။ ဒါက Forever ပြောတာ။ စည်းကမ်းနဲ့သီလကို တသားထဲထားတာကိုလည်း မ ကြိုက်ပုံပါပဲ။ ဒါ့ကြောင့်လည်း မြန်မာပြည်ကလူတွေ စည်းကမ်းတွေပျက်နေ ကြတာနဲ့တူတယ်။ ကမာ္ဘမှာလည်း ဒီလိုပါပဲ။ စည်းကမ်းပျက်တဲ့ ဘယ်သူမဆို ငြိမ်းချမ်းလို့မရနိုင်ပါဘူး။ လူတစ်ယောက်စည်းကမ်းမရှိဘူးဆိုတာနဲ့ သီလမရှိ ဘူးဆိုတာ အတူတူပါပဲ။ အရက်သောက်တာကို သီလပျက်တာလို့ပဲ မှတ်ယူ ပြီး စည်းကမ်းပျက်တယ်လို့တော့ မှတ်ယူချင်ပုံမရကြပဲကိုး။ အရက်သမားက အရက်မသောက်ပဲ နေနိုင်အောင် ရှောင်ကြဉ်ရတာဟာ ချုပ်ထိန်းရတဲ့သ ဘော၊ရှောင်ကြဉ်ရတဲ့သဘော၊စောင့်ထိန်းရတဲ့သဘောတွေပါနေလို့ ခက်ခဲ နေပေမယ့်၊ အရက်မသောက်တဲ့သူအတွက် အရက်မသောက်ပဲ နေနိုင်ဖို့မှာ ဘာမှခက်ခဲနေစရာမရှိတာပဲ။ လူဟာ အရက်မသောက်ရဆိုတဲ့ စည်းကမ်းကို မလိုက်နာရင်သာ ခက်ခဲစရာတွေနဲ့ ရင်ဆိုင်ရစရာရှိတာပါ။
နိုင်ကြီးက ဘာသာမဲ့ ကိုရိုးရဲ့ ပန်းတိုင်နဲ့ကျင့်ဝတ်ကိုမေးထားပါတယ်။ ကျင့်ဝတ်ကတော့ ကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကျယ်လည်းမကျယ်ပြန့်ပါ ဘူး။ဆန့်ကျင်ဘက်စကားနှစ်ခွန်းရဲ့ ဆုံမှတ်ကို မိအောင်ဖမ်းနိုင်ဖို့ပဲလိုတာပါ။ တစ်ချို့စကားတွေဟာ တစ်ခွန်းနဲ့တစ်ခွန်း ဆန့်ကျင်သလိုရှိကြပေမယ့် တစ် ကယ်တမ်းမှာ မဆန့်ကျင်တာကို တွေ့ရမှာပါ။ ဒီလိုမျိုးစကားတွေကို တွေ့ဘူး မယ်ထင်ပါတယ်။ ဘာသာမဲ့ ကိုရိုးရဲ့ကျင့်ဝတ်က လူကိုဗဟိုပြုတဲ့ကျင့်ဝတ်ပါ။ ပန်းတိုင်ကလည်း လူကိုဗဟိုပြုတဲ့ငြိမ်းချမ်းရေးပါ။ ကိုရိုး အရက်မသောက် တာဟာ ဘာကိုကြောက်လို့မှမဟုတ်ပါဘူး။ ကိုရိုးပျက်စီးမှာကြောက်လို့ပါ။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့မှာကြောက်လို့ပါ။ လောကမှာ ကြောက်စရာအ ကောင်းဆုံးအရာဟာ ကိုယ့်ကိုယ်ကိုယ် မပိုင်ရတာပါပဲ။ ဘာသာရေးသမား တွေကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်မပိုင်ဘူးတဲ့။ ဒီစကားနှစ်ခွန်းမှာ ဆုံမှတ် တစ်ခုရှိတယ်။ အဲဒီဆုံမှတ်ဆီကို အရောက်လှမ်းနိုင်တာဟာ ပန်းတိုင်ကို ရောက်တာပါပဲ။ နိုင်ကြီး ပထမဆုံးလုပ်ရမှာက(ဆရာလုပ်တာမဟုတ်)ကိုယ့် မှာဘာတွေဖြစ်နေလို့ ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာကို အရင်ဆုံးသိ အောင်လုပ်ရမှာပါ။
ကြောင်ကြီး
August 25, 2011 at 8:23 am
ကိုရိုးကို
လိုတမျိုး
မလိုတမျိုးပြောမယ်
မှန်တယ်၊ မှား၏
ထို့ကြောင့်မမှန်ပါ…။
Moe Z
August 25, 2011 at 9:17 am
Without religious values, worldly knowledge and technological advancement can lead to man’s downfall and destruction.