နော်ဝေ ဆီ သို့ ….. ( ၅ )
အပန်းလဲဖြေ အနုပညာလက်ရာတွေလဲ ကြည့်လို့ရမဲ့နေရာကတော့ အော်စလိုမှာ ထင်ရှားတဲ့ Fronger Park ပါ ပန်းခြံကြီးက ဧက ၈ဝ ကျယ်ပါတယ် တကယ့် သပ်သပ်ရပ်ရပ် သာသာယာယာ နဲ့ အပန်းဖြေ အနားယူလို့ကောင်းတဲ့နေရာပါ ကျယ်ဝန်းတဲ့ မြက်ခင်းပြင်တွေ ရှိတယ် ရေကူးကန်ရှိတယ် ကလေးကစားကွင်းရှိတယ် အထူးခြားဆုံးနဲ့ စိတ်ဝင်စားဘို့အကောင်းဆုံးက နော်ဝေနာမည်ကျော် အနုပညာရှင်ကြီး Gustav Vigeland ရဲ့ လက်ရာတွေပါ ကြေးရုပ်တွေသွန်းထားတယ် ဂရန်းနိုက် ကျောက်တုံးကြီးတွေနဲ့ ထုထားတယ် ကြေးနဲ့သွန်းတာ ၂၁၂ ရုပ် ကျောက်ကိုထုတာက ၅၈ ရုပ် ရှိတယ် ၊ တံတားဘေးက အရုပ်တွေက နေ့စဉ်လူနေမှုဘဝကိုဖော်ကျူးထားတဲ့အရုပ်တွေ၊ ၊ရေပန်းဘေးကတော့ ဘဝသံသရာကိုဖော်ကျူးထားတာ၊အဲဒီမှာ နာမည်အကြီးဆုံးက Sinnataggen (Angry Boy) ဆိုတဲ့ စိတ်ဆိုးနေတဲ့ ကလေးလေးအရုပ်ပါ အတော်ကို အသက်ဝင်ပါတယ် ကျွန်တော်ရိုက်လိုက် တာကတော့ နေကိုမျက်နှာမှုရိုက်ရလို့ သိပ်မပေါ်ဘူး
ပန်းခြံက ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်တယ် ဝင်ကြေးမရှိ ပြည်သူတွေ အေးချမ်းသာယာစွာ နားပါစေပေါ့ ပြည်သူတွေကလည်း လွတ်လွတ်လပ်လပ် (တချို့ကောင်မလေးတွေ ဆို အဝတ်ပါတယ် ဆိုရုံလေးတွေနဲ့ 😀 ) နားနေကြပေမဲ့ စည်းကမ်းမဲ့တာ ဖျက်လို့ဖျက်ဆီး လုပ်ထားတာ ညစ်ပတ်တာ မရှိဘူး ပန်းခြံထဲမှာ တရုပ်ခရီးသွားတွေကို အုပ်စုလိုက် တွေ့ခဲ့တယ် ထိုင်ဝမ်ကလို့ ထင်တယ် ဆယ်ဂဏန်း များများပဲ ဒီလိုဈေးကြီးတဲ့ နိုင်ငံတစ်ခုကို အလည်အပတ် အနေနဲ့ လာလည်တယ် ဆိုတော့ တော်တော် ကုန်ကျစရိတ်များမယ်









ကိုကြောင်ကြီး အဲဒီလောက်ကြီးတော့ မလုပ်ပါနဲ့




ဦးပေါက်ကြီး လာ နိုက်ကလပ် သွားရအောင်










ရတောင့်ရခဲ အခွင့်အရေးလေး တစ်ခု ရခဲ့တာ ပြောပြချင်သေးတယ် အော်စလိုမှာ နေရင်းနဲ့ ကောင်းကင်မှာ လေယာဉ်အသေးလေတွေ တက်နေတာ တွေ့တော့ စိတ်ဝင်စားတာနဲ့ မေးကြည့်တယ် ကိုယ်ပိုင် လေယာဉ်လေးတွေ အပျှော်ပျံနေကြတာတဲ့ မိတ်ဆွေတစ်ယောက်က သူ့မှာ လေယာဉ်တစ်စင်းရှိတယ် စီးမလားဆိုတာနဲ့ အော်စလိုကို ကောင်းကင်ပေါ်က ကြည့်ခွင့်လေး ရခဲ့တယ် သူတို့နို်င်ငံရဲ့ သတ်မှတ်ချက်အရ အပျှော်တမ်းလေယာဉ်မှူးတစ်ဦးက ရက်ပေါင်း ၉ဝ အတွင်း လေယာဉ်နဲ့ ၅ ကြိမ် အတက်/အဆင်း ပျံထားမှ ခရီးသည် တင်လို့ရပါတယ် သူမပျံတာ နဲနဲကြာနေတဲ့အတွက် ပထမရက်မှာ သူတစ်ယောက်ထဲ အတက်/အဆင်းလုပ်ပြီး နောက်တစ်နေ့မှ ကျွန်တော်တို့ကိုခေါ်တယ်
အော်စလိုမှာ အစက လေယာဉ်ကွင်း ၃ ကွင်းရှိပါတယ် တစ်ကွင်းက ပိတ်လိုက်ပါပြီ ကျန်တာက ဂါဒါမွန် နဲ့ ရှယ်လစ် ( Kjelller) ဆိုတဲ့ လေတပ်လေယာဉ်ကွင်းလေးပါ သူတို့ရဲ့ လေယာဉ်လေးတွေကို လေတပ်ထဲမှာထားပါတယ် ကျွန်တော်တို့ကို ခေါ်သွားတော့ စစ်တပ်ထဲဖြစ်ပါ့မလားလို့ စိတ်ပူမိသေးတယ် လေတပ်ထဲမှာ ဘယ်သူမှ မေးလားမြန်လား လာမလုပ်ကြဘူး ကျွန်တော်တို့ သူတို့လေယာဉ်နဲ့ အော်စလိုမြို့ပေါ်ကို ပျံမဲ့ကိစ္စလည်း ဘယ်သူ့ကိုမှ ကြိုခွင့်တောင်း စရာမလိုဘူး လေယာဉ်စတက်တော့မှ ခရီးသည် ဘယ်နှစ်ယောက်ပါတယ် ဒါပဲ ဘယ်သူ ဘယ်နိုင်ငံက မှတ်ပုံတင်ဘယ်လောက် ပြောရန်မလို (ဘယ်လောက်တောင် ကောင်းလိုက်သလဲနော် အရမ်းကို စိတ်လွတ်လပ် ပေါ့ပါးမှုကို ရတဲ့နေရာပါ)
ကျွန်တော်တို့ လိုက်စီးရမဲ့လေယာဉ်လေးက Cessna 177 ,4 stoke enging , 20 HP အပေါ့စားလေယာဉ်လေး ဒီလေယာဉ်လေးကို သူ ၃ နှစ်သားမှာ သူ့အဖေက ဝယ်ထားတာပါ (သူက အခု ၃၈ နှစ်) သူ့အဖေကလဲ အပျှော်တမ်း လေယာဉ်မှူး သူ့အဖေလက်ထက် သူ့လက်ထက် မိသားစုနဲ့ အပျှော်စီးတယ် တစ်ခါတစ်လေ ဆွီဒင်ကို အလည်သွားကြတယ် နောက် စိတ်ဝင်စားဘို့ကောင်းတာက လေယာဉ်လေးက ဆီ ၂၀ဝ လီတာ ဆန့်တယ်၊ တစ်နာရီကို လီတာ ၄ဝ ပဲကုန် တယ် ၊ တစ်လီတာကို ၃ ဒေါ်လာလောက်ကျတယ် အဲဒီတော့ တစ်နာရီမှ ဒေါ်လာ ၁၂ဝ လောက်ပဲကျမယ် မြန်မာငွေပေါက်ဈေးနဲ့ဆို အခုချိန် တစ်နာရီပျံမှ ၁ သိန်းတောင် မကျော်ဘူး (မြန်မာ နိုင်ငံမှာလည်း အဲဒီလောက် အကုန်အကျ ခံနိုင်တဲ့ လူတွေ အများကြီးပါ)
လိုအပ်တာ နဲနဲပါးပါး စစ်ပြီး လေထဲတက် မြို့ကိုလိုက်ကြည့် ပြီးတော့ ပင်လယ်ဝဘက် ထွက်ပြတယ် ပင်လယ်ဝကြ ခံတပ် (Oscarsborg Fortress) တစ်ခုကို ဝဲပြတယ် အဲဒီခံတပ်က သူတို့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့မယ် ထင်တယ် စကားစပ်မိတိုင်းတော်တော်များများက အဲဒီခံတပ် အကြောင်း ပြောပြတယ် နော်ဝေက ၁၉၄ဝ ကနေ ၁၉၄၅ အထိ ဂျာမနီရဲ့ သိမ်းပိုက်တာကို ခံခဲ့ရတာပါ ဂျာမန်တွေ စအဝင် ၉-၄-၁၉၄ဝ ရက်နေ့မှာ တိတ်တိတ်လေး ဝင်လာတဲ့ ဂျာမန်စစ်သင်္ဘောကြီးတစ်စီး (Blucher) ကို နော်ဝေစစ်ဗိုလ် တစ်ယောက်က သတိထားမိပြီး ပစ်မြုတ်နိုင် လိုက်တယ် အဲဒီအတွက် ဂျာမန် စစ်ဦးကနဲနဲ တံ့သွားလို့ နော်ဝေဘုရင်နဲ့ အစိုးရအဖွဲ့က အင်္ဂလန်ကို ထွက်ပြေးနိုင်ခဲ့တယ် (အင်္ဂလန်ကနေမှ ဘုရင်က ရေဒီယိုကနေ စိတ်ဓါတ်စစ်ဆင်ရေး ပြန်လုပ်ပါတယ် ) နော်ဝေ တမျိုးသားလုံး အတွက်ကတော့ ရန်သူကို အထိအခိုက်များအောင် လုပ်နိုင်ခဲ့တဲ့ကိစ္စကြီးဆိုတော့ ဂုဏ်ယူစရာပေါ့ အဲဒီကျွန်းနဲ့ ခံတပ်ကို ၂၀၀၃ လောက်ထိ စစ်တပ်အတွက် အသုံးပြုခဲ့တယ် ဒီစခန်းကလဲ စစ်ရေးအရ အချက်အချာ ကြတဲ့နေရာမှာမို့ ၁၈၄၆ ကနေ ၁၈၅၅ ကအထိက အော်စလိုမြို့အတွက် နောက်ဆုံးခံစစ်စခန်းအနေနဲ့ အသုံးပြုခဲ့သေးတယ်
၂၀၀၃ နောက်ပိုင်းကစပြီး အပန်းဖြေစခန်း အဖြစ်ဖွင့်လိုက်တာ နော်ဝေရဲ့ ဧည့်သည် အလာဆုံး အပန်းဖြေစခန်းထဲက တစ်ခု ဖြစ်နေတာပေါ့ အပြန်တော့ ၁ဝ မိနစ်လောက် မောင်းလိုက် ရသေးတယ် ၊ ပြန်ရောက်တော့ လေယာဉ်လေး တစ်စင်းကို ပြတယ် အဲဒါက ရောင်းမှာ ဒေါ်လာ နှစ်သောင်း တဲ့ အဟောင်းပေမဲ့ ကောင်းပြီး ပျံလို့ရသေးတယ် ကားပွဲစား စကား ပြောရရင် လက်တင်မောင်းပေါ့ ၊မြန်မာပြည်က ( ကားတစ်စင်းထက်တောင် သက်သာနေသေး )






16 comments
ဆူး
August 19, 2011 at 11:55 am
လေယာဉ်လေး ဝယ်လာခဲ့ရောပေါ့။
ရန်ကုန် နေပြည်တော် ရုံးကိစ္စ အသွားအပြန် ခဏလေးပဲ ကြာမယ်။ ၄နာရီ ကြာအောင် ကားမစီးရတော့ဘူးပေါ့။
အလုပ်တွေ အချိန်နဲ့ တပြေးညီ လုပ်နိုင်တာပေါ့။ အဟိ..
nozomi
August 19, 2011 at 12:07 pm
မလုပ်ပါနဲ့ ဆူးမမ ရယ် နေပြည်တော် ကို ဒီအတိုင်း ဝင်သွားမှ ပစ်ချ ခံ နေရပါဦးမယ်
နောက်ပိုင်း တိုးတက်ပွင့်လင်း လာရင် ဒီမှာလဲ flying Club တွေ ဖြစ်လာနိုင်ပါတယ်
သူတို့ကိုကြည့်ခဲ့ရတာ အားကျစရာပါ တစ်ယောက်ပြီး တစ်ယောက် ဝင်လာလိုက် လေထဲတက်သွားလိုက်နဲ့
ဒီက ဂေါက်ကွင်းမှာ အားချိန်ရှိတဲ့သူတွေ ဂေါက်လာရိုက်သလိုဘဲ
ဆူး
August 19, 2011 at 9:50 pm
ဒေါ်လှ ၂သောင်း ၃သောင်း ဆိုတာ.. ဒီက ပိုက်ဆံ နဲ့ ၂၀ဝ ဝန်းကျင်လောက်ပဲ ရှိတာ.. ဒေါ်လာဈေး ကျပုံနဲ့ ဆို စီးပျော်ပါတယ်။ ဟိဟိ.. နေ့တိုင်း အလုပ်ကို လေယာဉ်နဲ့ သွားရင် ကောင်းမလားလို့ ပုံကြည့်ပြီး စိတ်ကူးယဉ်ချင်တယ်။
နွယ်ပင်
August 19, 2011 at 12:13 pm
အခုလို ပုံလေးတွေနဲ့ တင်ပေးတော့ ကိုယ်မရောက်ဖူးတဲ့ နေရာကို ရောက်သွားသလိုပဲ
ခံစားပြီး ကြည့်ပစ်လိုက်တယ် 😛
ကျေးဇူးပါ nozomi ရေ …………
king
August 19, 2011 at 12:36 pm
မရောက်ဖူးတဲ့ နေရာမှ မမြင်ဖူးတဲ့ အရာတွေကို မြင်ဖူးအောင် ကြည့်ရှုခွင့်ရတဲ့အတွက်ကျေးဇူးပါဗျ …
ကြည့်လို့တော့လှသား … သူတို့ဆီမှာ ကျွန်တော်တို့ နိုင်ငံလောက် မချမ်းသာဘူး ထင်တယ်နော်ဗျ
ဘာလို့လဲဆိုတော့ ရုပ်ထုတွေမှာ အဝတ်တွေတောင် ရှိဘူး ….. 😛 😀 🙂
weiwei
August 19, 2011 at 1:32 pm
ပန်းခြံကြီးကြည့်ရတာ တော်တော်အေးအေးချမ်းချမ်းရှိမဲ့ပုံပဲ … စိမ်းစိမ်းစိုစိုနဲ့ …
ရုပ်ထုတွေ မချမ်းဘူးလားမသိဘူး … 😛
MaMa
August 19, 2011 at 1:46 pm
နော်ဝေသူတွေ ဝပုံပေါက်တယ်။ (အမျိုးသမီးပုံတွေက ဝနေသလားလို့။)
kai
August 19, 2011 at 1:57 pm
အဲဒီ နှူ့(ကိုယ်လုံးတီး)ပုံတွေနဲ့.. အနုပညာကို ဘယ်လိုမျှဝေခံစားကြသလည်း.. ရွာသားတွေကို မေးခွန်းမေးချင်သား..။
တကယ်တော့.. ရှေးဂရိခေတ်ကတည်းက… အဲဒီလိုပုံတွေက… အနုပညာအဖြစ်အသိအမှတ်ပြုထားခဲ့ကြတာ..။
မြန်မာပြည်မှာ.. အဲဒီလိုရုပ်ထုတွေများများထားဖို့ကောင်းတယ်..။
ဒါမှ.. မိန်းကလေးတယောက်..နည်းနည်းတိုတာ..တက်တာနဲ့.အော်ဟစ်နေတာတွေ.. လျှော့သွားမယ်ထင်တာပဲ..။
အောက်မှာ ..Body Painting အတွက်..လင့်..။
ဝါသနာပါရင်ကြည့်ကြနော..။
http://bodypaintingphotos.info/
windtalker
December 22, 2011 at 12:34 pm
ကိုနိုဇိုမိ ရဲ ့ပုံတွေ ကို လည်း ကြည့်တယ်
သဂျီး လင့် ကို လည်း သွားကြည့်မယ် ဗျို ့
MaMa
August 19, 2011 at 2:11 pm
ရုပ်ထုတွေရဲ့ ရာဇဝင် ရည်ရွယ်ချက် အဓိပ္ပါယ်လေးတွေတော့ သိချင်သား။ နောက်ပြီး နော်ဝေက အေးချမ်းတယ်ဆိုတာကိုတော့ ပုံတွေကြည့်ပြီး ယုံသွားပြီ။ ချမ်းသာတယ် ဆိုတာကတော့ ကြွားတာဖြစ်မယ်။ ယုံနိုင်စရာ မရှိဘူး။ 🙂
hmee
August 19, 2011 at 2:17 pm
ဒီမှာလည်း ဘယ်ပန်းခြံသွားသွား ဝင်ကြေး မပေးရဘူး။ ပေးရတာ တို့ ဆီမှာပဲလား မသိ။
moonpoem
August 19, 2011 at 3:13 pm
နော်ဝေဆီသို ့တစ်ခါတစ်ခေါက်တော့ ရောက်ဘူးချင်သည်။
စုံ စုံ
August 19, 2011 at 3:34 pm
ပို့စ်ကို (၁) ကနေ (၅)ထိတပြိုင်တည်းဖတ်လိုက်တာ
ဗဟုသုတလဲတော်တော်ရသလို ဓါတ်ပုံတွေကိုဝေဝေဆာဆာကြည့်ရတော့
ကိုယ်ကိုယ်တိုင်ရောက်သွားသလိုဘဲ
အခု(၅)ကပုံတွေကိုကြည့်တော့လေ
ဟိုပုံကြီးကိုကြည့်ရတာအသည်းးယားလိုက်တာ
လူ၁၂၁ယောက်ထုထားတာလေ
လက်ရာတော့မြောက်ပါတယ်
ဒါပေမယ့်ကြည့်ရတာကြက်သီးထတယ်
ဘာဘဲပြောပြောဗဟုသုတတွေအများကြီးရတဲ့အတွက်
ကျေးဇူးအထူးပါနော်
naywoonni
August 19, 2011 at 7:53 pm
အော်စလို ကိုကြားဖူးနေတာကြာပါပြီ… ကိုယ်က ပထဝီမေဂျာဆိုတော့……. ဒါပေမဲ့ မြို့ မြင်ကွင်းကိုခုမှပဲတွေ့ဖူးတော့တယ်…….. ကျေးဇူးပဲနော်
blackchaw
December 22, 2011 at 10:48 am
ဒါ့ပုံလေးတွေက လှတယ်ဆိုတာထက်
ထူးထူးဆန်းဆန်းလေးတွေမို့ စိတ်ဝင်စားမိတယ်ဗျာ။
nozomi
December 22, 2011 at 11:07 am
ခေါင်းစဉ်ကြည့်ပြီး ဘယ်လို ပြန်တက်လာလဲ လို့ အံ့ဩနေတာ
ကိုဘလက် ကြီး ကျေးဇူးနဲ့ အဝေးရောက်နေတဲ့ ရင်သွေးငယ် ဒီနေ့ ပြန်တွေ့ ရသလိုပါပဲ