ကမ္ဘာပေါ်မှာရှိနေတဲ့ဘာသာကြီးလေးမျိုးကို အကြမ်းအားဖြင့်
(၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့
(၂) သူများကို မှီခိုအားကိုးရသောဘာသာလို့
နှစ်မျိုးခွဲနိုင်တယ်။
ဒီနှစ်မျိုးထဲမှာ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။
မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏၊
မိမိမှတပါး အဘယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း၊
(အတ္တာ ဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ)
{One is one’s own refuge, who else could be the refuge?}
လို့ မိမိကိုယ်ကို အားကိုးဘို့အတွက် ဘုရားရှင်က တိတိပပ ပြတ်ပြတ်သားသား
ပြောကြားခဲ့ပါတယ်။
ယုံကြည် ကိုးကွယ် ဆည်းကပ်တာနဲ့ပတ်သက်ပြီး
ကိုယ်ယုံကြည် ကိုးကွယ်ဆည်းကပ်တဲ့
ဘုရားရှင်အကြောင်းလေး နည်းနည်းတော့ သိထားသင့်တယ်။
မျိုးနွယ်အမည် ဂေါတမ၊ ကိုယ်ပိုင်အမည် သိဒ္ဓတ္ထခေါ်တွင်တဲ့
ဘုရားရှင်ကို ဘီစီ ၆ ရာစုနှစ်အတွင်း
အိန္ဒိယမြောက်ပိုင်း၊ သကျမင်းတို့၏ တိုင်းနိုင်ငံ (ယခုနီပေါပြည်) မှာ
ခမည်းတော် ဘုရင်သုဒ္ဓေါဒန၊ မယ်တော် မာယာတို့က မွေးဖွားခဲ့တယ်။
အဲ့ဒီခေတ် အဲ့ဒီအခါ ဓလေ့ထုံးစံအတိုင်း
သိဒ္ဓတ္ထမင်းသားသည် အသက်ငယ်ရွယ်စဉ် ၁၆ နှစ်သားအရွယ်မှာ
ယသော်ဓယာ ဆိုတဲ့အမျိုးသမီးနဲ့ ထိမ်းမြားလက်ထပ်ခဲ့တယ်။
ရှင်ဘုရင့်သားဆိုတော့ သူ့ ငယ်ဘဝကို ချမ်းချမ်းသာသာဘဲ ဖြတ်သန်းခဲ့ရတာပေါ့။
ဒါပေမဲ့ ဘဝ၏သဘောအစစ်အမှန်ဖြစ်တဲ့
လူလောကရဲ့ ဒုက္ခဆင်းရဲတွေကို တွေ့မြင်သိရှိသွားပြီး
အဲ့ဒီဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းကို
ရှာဖွေဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်။
တစ်ဦးတည်းသောသား ရာဟုလာကို မွေးဖွားပြီး မကြာမီ
အသက် ၂၉ နှစ်အရွယ်တွင်
သိဒ္ဓတ္ထသည် ထီးနန်းကို စွန့်ပစ်ခဲ့ကာ တောထွက်တော်မူခဲ့တယ်။
တောထွက်လာတဲ့ (သိဒ္ဓတ္ထ) ဂေါတမဟာ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ဝှမ်းတကြော လှည့်လည်ပြီး
နာမည်ကြီး ဘာသာရေးတရားဟောဆရာများနဲ့တွေ့ဆုံကာ
သူတို့ရဲ့ နည်းနာနိဿယများကို လေ့လာခဲ့ပါသေးတယ်။
ကိုယ်တိုင်လဲ ပြင်းပြင်းထန်ထန် ခြိုးခြိုးခြုံခြံ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့ပါတယ်။
ခြောက်နှစ်ကြာ ကျင့်တဲ့ သမရိုးကျလမ်းစဉ်က အဆင်မပြေလို့
ကိုယ်ပိုင်နည်းလမ်း တစ်မျိုး ပြောင်းကျင့်ကြည့်ပါတယ်။
ဒီလိုနဲ့ ညနေချမ်းတချိန်ဝယ် နေရဉ္ဇရာမြစ်ကမ်းပါး ဗုဒ္ဓဂယာ
(ယခုဘီဟာနယ် - ဂယာမြို့အနီး) သစ်ပင်တစ်ပင်အောက်မှာ တရားထိုင်ဖြစ်ပါတယ်။
သက်တော် (၃၅) နှစ်မှာ ဂေါတမရှင်တော်မြတ်
သဗ္ဗညုတဉာဏ်ရပြီး ဘုရားအဖြစ်သို့ ရောက်ပါတယ်။ ဘုရားဖြစ်ပါတယ်။
ဘုရားဖြစ်ပြီးနောက်
ဗာရာဏသီအနီး ဣသိပတန (ယခု ဆာရ်နသ်) ရှိ
ဥယျာဉ်တစ်ခုမှာ တရားအတူကျင့်ဖက်ဖြစ်ခဲ့ဘူးတဲ့
ပဉ္စဝဂ္ဂီငါးဦိကို တရားဦး ဟောပါတယ်။
သက်တော် (၃၅) နှစ်မှာ ဘုရားဖြစ်ပြီး (၄၅) နှစ်ကြာ တရားဟောကာ
သက်တော် (၈၀) မှာ
ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်ပြုတော်မူတယ်။
ဒါဘုရားရှင်ရဲ့ ဘဝ အကျဉ်းလေးပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော်က ပေါ်ပေါက်ခဲ့တဲ့ ဒီ ဗုဒ္ဓဘုရားရှင်တော်ကို
ဒို့ဗုဒ္ဓဘာသာဝင်တွေ ဘယ်လို စိတ်ကူးတွေနဲ့ ယုံကြည်ကြတာလဲ။
ဘယ်လို စိတ်ကူးတွေနဲ့ ကိုးကွယ်ကြတာလဲ။
ဘယ်လိုစိတ်ကူးတွေနဲ့ ရှိခိုးကြာတာလဲ။
ဒါနဲ့စပ်လို့ တွေ့ဘူးတဲ့ တရုတ်ဒကာကြီးတစ်ယောက်ကို သတိရမိတယ်။
စာရေးသူ အခုနေနေတဲ့ ကျောင်းကို တရုတ်ဗုဒ္ဓဘာသာဝင်တစ်ယောက်
သူအလုပ်မသွားခင် မနက်တိုင်း လာလေ့ရှိတယ်။
ဘုရားကို ဆီမီးပူဇော်တယ်၊ အမွှေးတိုင် ထွန်းတယ်၊ ဘုရားရှိခိုးတယ်။
ဒါသူနေ့စဉ်လုပ်နေတဲ့ အလုပ်။
တစ်နေ့ စာရေးသူထံလာ သူလာတယ်။ လျှောက်တယ်။
သူတဲ့၊
နေ့စဉ် ဘုရားကို ဆီမီးပူဇော်ပါတယ်တဲ့၊
အမွှေးတိုင် ထွန်းပါတယ်တဲ့၊ ဘုရားရှိခိုးပါတယ်တဲ့။
သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က အလေးအပင်တွေ မ-ရတာတဲ့၊
ပြီးခဲ့တဲ့လက အခန့်မသင့်ဖြစ်ပြီး ခါးနာနေတာတဲ့။
ဒါပေမဲ့ ဘုရားထံမှာ သူနေ့စဉ်လုပ်တဲ့ လုပ်ငန်းတွေ မပျက်ကွက်ခဲ့ပါဘူးတဲ့။
သူက နေ့စဉ်ပူဇော်ပသနေပေမဲ့ သူက ဘုရားကို ဂရုစိုက်ပေမဲ့
သူ့ကို ဘုရားက ဂရုမစိုက်ဘူးတဲ့။
စာရေးသူက
‘ဟ၊ ဘုရားက ဒကာ့ကို ဂရုမစိုက်ရအောင် ဘာတွေများဖြစ်နေလို့တုန်း၊ ရှင်းစမ်းပါအုံးဒကာရဲ့’
ဆိုတော့
တပည့်တော်ခါးနာနေတာ အခုထိမပျောက်သေးဘူး တဲ့။
အော်၊ ဒကာ့နှယ်၊
ဒကာခါးနာနေတာကို ဘုရားက ပလ္လင်ပေါ်က ဆင်းလာပြီး နှိပ်ပေးရအုံးမှာလားဟဲ့
လို့ ပြောဆိုပြီး ဗုဒ္ဓဘာသာအကြောင်းရှင်းပြကာ
ကထိန်ပဒေသာပင်ကရထားတဲ့ ရှမ်းဆရာကြီးဦးစိုင်း လိမ်းဆေး လူးခိုင်းလိုက်တာ
ခါးနာ တဖြေးဖြေးသက်သာပြီး ပျောက်သွားတယ်လို့ သိရတယ်။
ဒီတရုတ်ဒကာကြီးလို ခါးနာပျောက်ချင်လို့
ဘုရားရှင်ကို ရှိခိုးကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးနေမှာ။
Post Views: 437
24 comments
lusoegyikoko
August 21, 2011 at 10:12 am
မြန်မာပြည်သားတွေ တော်တော်များများကတရုတ် ကြီးလိုဖြစ်နေပါတယ်ဘုရား။ ဗုဒ္ဓဘာသာ ကိုသေသေချာချာသိတတ်နားလည်စေချင်ပါတယ်ဘုရား။
မီးမီး သော်
August 21, 2011 at 11:42 am
ကျေးဇူးကြီးလှပါတယ်။နောက်ပြီး ဘုရားဖြစ်တယ်ဆိုတာမှာ. ခြောက်နှစ်ကြာကျင့်တဲ ့သမရိုးကျ လမ်းစဉ်က အဆင်မပြေ လို ့ ကိုယ်ပိုင်နည်းလမ်း နဲ ့ပြောင်းကျင့်ကြံတယ် ဆိုတော့ ဘယ်လို တရားမျိုးလဲ ဆိုတာသိချင်ပါတယ်။ရှေးက ပွင့်လေပြီးသောဘုရားများကို မမှီငြမ်းဘူးထင်ပါတယ်။မိမိဘာသာ ထိုးထွင်းကြံဆ တဲ့တရားထူးတရားမြတ် ရှိတယ်ဘဲထားပါဦးတော့. အဲဒီ တရားကို လမ်းပြမယ့်သူ မရှိဘဲမရောက်လောက်ဘူး ယူဆပါတယ်။ရှင်းပြပေးစေလိုပါတယ်ရှင်။
Moe Z
August 21, 2011 at 3:31 pm
သိဒ္ဓတ္ထမင်းသားက သူ့ရဲ့ထီးနန်းစည်းစိမ်ကို စွန့်ပြီးတောထွက်တဲ့အခါမှာ ဒုက္ကရစရိယာဆိုတဲ့ ဆငိးရဲပင်ပန်းတဲ့ အကျင့်ကိုခြောက်နှစ်ကျင့်ခဲ့ရတယ်။ အဲဒီခေတ်တုန်းကထင်ရှားတဲ့ ဘာသာရေးဆရာကြီးတွေဆီမှာ နည်းခံပြီးတော့လေ။ နောက်ဆုံးမှာ ခန္ဓာကိုယ်အဆမတန်ညှိုးချုံးပြီး ဗုန်းဗုန်းလဲတဲ့အထိဖြစ်တော့မှ ဒီနည်းနဲ့ သစ္စာတရားကိုရှာလို့မရနိုင်ဘူးဆိုတာသိပြီး မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်အလတ်လမ်းကိုရွေးပြီး ကျင့်ကြံအားထုတ်မှ သက်တော် ၃၅ နှစ်၊ ကဆုန်လပြည့်ည မှာ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိခဲ့တာပါ။ လေးသချေင်္နဲ့ ကမာ္ဘတစ်သိန်းဖြည့်ကျင့်လာခဲ့တဲ့ ပါရမီတော်က ဆရာမလိုဘဲ ဗုဒ္ဓဘုရားအဖြစ်ကို ပြောင်းလဲရောက်ရှိစေတာပါ။ (ဆရာတော်မအားဘူးထင်လို့ တပည့်တော်ဖြေပေးလိုက်တာ)
ashinindaka
August 21, 2011 at 3:34 pm
အဲ့လို လွယ်ကူတဲ့ ထင်သာမြင်သာတဲ့ဟာလေးတွေကို စာဖတ်သူများအချင်းချင်း ဖြေပေးစေချင်တယ်။ ခက်ခဲနက်နဲတာတွေ ဆိုရင်တော့ တစ်မျိုးပေါ့။ များသောအားဖြင့် ဒါလေးတွေက သိပြီးသားပါ။ နောက်ပို့စ်တွေမှာလဲ ပါကောင်းပါနိုင်ပါတယ်။
မီးမီး သော်
August 21, 2011 at 10:51 pm
မရှင်းမလင်းသည်များကိုအားကိုးစရာရှာ၍ ပွင့်လင်းစွာမေးမိပါသောကြောင့် အမှားပါခဲ့ရင်ခွင့်လွှတ်ဖို ့ရာလျှောက်ထားပါသည် ဘုရား။
မီးမီး သော်
August 21, 2011 at 10:41 pm
“”””အဲဒီခေတ်တုန်းကထင်ရှားတဲ့ ဘာသာရေးဆရာကြီးတွေဆီမှာ နည်းခံပြီးတော့လေ။ “”””
ဟုတ်ကဲ့ ခုလိုဆိုတော့ အဲဒီ ဘာသာရေးဆရာကြီးတွေဆီမှာ. ဆည်းပူးရတယ်ဆိုတာကို လက်ခံပါတယ်။အဲဒီဆရာကြီးတွေ လက်ခံဝေမျှသင်ကြားတဲ့ စာပေအသိသညာကို ဘယ်ကဘယ်လို တတ်မြောက်ကြတာလဲ ကိုပို စိတ်ဝင်စားပါတယ်။ဒီအတိုင်းကြီးထိုင်ပြီး မဖြစ်ဖြစ်အောင်ကျင့်မယ်တော့ မထင်ပါဘူး။ဆိုလိုတာက အဖြေမရှိတဲ့ သချာင်္ပုစ္ဆာရှိကောင်းရှိပါလိမ့် မယ်၊သူတော်ကောင်းတရား ဘုရားဖြစ်အောင်ကျင့်ကြံတယ်ဆိုရာမှာ လမ်းကြောင်းတော့ရှိပါမယ်။ဒါပေမယ့် အကုန်သူမရောက်နိုင်ပါဘူး။အဲလိုလားဟင်။မေးချင်တာက ဒီလိုပါ–ဘယ်သူ တွေသင်ကြားပို ့ချတဲ့တရားမျိုးပါလဲ၊ဘယ်ကနေရသလဲပေါ့။
kai
August 22, 2011 at 4:26 am
အဲဒီခေတ်က… စာပေ(စာကိုပေထက်အက္ခရာတင်တာ) မရှိသေးပါဘူး..။
သိဒ္ဓတ္ထမင်းသားက.. ဗုဒ္ဓမဖြစ်ခင်.. ဆရာတွေရှိဖူးတယ်..။ ညဏ်ကောင်းသူဖြစ်တော့.. အဲဒီဆရာတွေဆီ..ချည်းကပ်လေ့လာသင်လိုက်ရင်း.. ဆရာဖြစ်သွားရင်း..သူကအဲဒီနေရာဌာနကိုပြန်စွန့်ခွာလာရင်း ဖြစ်တယ်..ပြောကြတာပဲ..။
အဲဒီခေတ်မှာ.. လောကသံသရာက..လွတ်မြောက်ပါတယ်ဆိုတဲ့..။ နည်းလမ်းပေါင်း.. ထောင်ပေါင်းများစွာ.. ဆရာပေါင်း..ထောင်ပေါင်းများစွာ… ရှိမယ်လို့..ယူဆမိတယ်..။
နောက်ဆုံး..သိဒ္ဓတ္ထမင်းသားက ကိုယ်တိုင်လုပ်မယ်ဆိုပြီး.. ဒုက္ကရစရိယာကျင့်တာပဲ.။
၆နှစ်တောင်.. အစားဖြတ်..နောက်ဆုံး..အသက်ရှုနေတာပါ..ရပ်ကြည့်ပြီးကျင့်တာ..။အဲဒီအချိန်မှာ… ဘေးမှာဆရာမရှိပါဘူး..။ တပည့်ခေါ်ရမဲ့သူ ၅ယောက်က..အလုပ်အကြွေးပြုပြီး.. စောင့်နေခဲ့တာတဲ့..။ နောက်တော့.. အစွန်းရောက်လွန်းနေတာမို့.. စွန့်လိုက်ပြီး.. အစားအစာတွေပြန်စားပြီး.. ကျင့်တယ်ဆိုတယ်..
အဲဒီသုံးသပ်..ဝေဖန်..ကျင့်လိုက်တာဟာ.. သူ့ကိုဗုဒ္ဓဖြစ်စေခဲ့တယ်..။
ဗုဒ္ဓဖြစ်ဖို့.. ဆရာမရှိပါဘူး.။ ကိုယ်ပိုင်ဉာဏ်နဲ့..ထွင်းဖေါက်ခဲ့တာဖြစ်ပါတယ်.။
မိမိဘာသာ ထိုးထွင်းကြံဆ တဲ့တရားထူးတရားမြတ်ကို လမ်းပြမယ့်သူ မရှိဘဲရောက်နိုင်..အဲဒီကမှ..လူုသားတွေကိုတဆင့်ပြန်ပြောနိုင်သူကို ဗုဒ္ဓ-သဗ္ဗညုမြတ်စွာဘုရား လို့ခေါ်တာပါ..။
ပြန်ဟောမပြောနိုင်ပဲ.. ကိုယ်တိုင်ပဲ…တရားထူးကိုထွင်းဖေါက်မြင်နိုင်သူတွေရှိပါတယ်..။ ပစ္စေကဗုဒ္ဓလို့ခေါ်တယ်..။
(ထူးခြားတာတခုက.. ဗုဒ္ဒဆိုတဲ့ ဘွဲ့..ဂုဏ်က.. ဂေါတမမြတ်စွာဘုရားလက်ထက်မတိုင်မှီကတည်းက..ရှိတာဖြစ်ပါတယ်…။
အခု.. မြန်မာတွေရဲ့.. ထေရဝါဒဗုဒ္ဓဘာသာနဲ့အင်မတန်သဘောတူတဲ့.. ဂျိန်းသာသနာမှလည်း. ဗုဒ္ဓရှိတယ်မှတ်မိတယ်..)
နားလည်လွယ်အောင်..ရိုးရှင်းရှင်း.. ရေးပြတာပါနော..။
မှားနေရင်.. ဆရာတော်က.. ပြင်ပေးစေလိုပါတယ်..။
ညီလေး
August 21, 2011 at 10:41 pm
သီရိလင်္ကာကဗောဓိညောင်ပင်အကြောင်းနဲ ့၊စွယ်တော်အကြောင်းလဲသိချင်ပါတယ်ဘုရား။ စွယ်တော်ကိုမမြင်ရဘဲ စွယ်တော် ကျုပ်ကိုသာဖူးရတော့စွယ်တော်အစစ်ေ ရာအထဲမှာရှိရဲ ့လားဆိုတာသံသရဝင်မိပါတယ် ၊ဘာ့ ကြောင့်စွယ်တော်ကိုအပြင်ကမြင်နိုင်အောင် မပြထားတာလဲဆိုတာ သိမယ်ဆိုရင်မိန် ့စေချင်ပါတယ်ဘုရား။ တပည့်တော်လျှောက်ထားတာ မသင့်တော်ဘူးဆိုရင်ဦးချတောင်းပန်ပါတယ်ဘုရား။
ညီလေး
August 21, 2011 at 10:54 pm
သီရိလင်္ကာကဗောဓိညောင်ပင်အကြောင်းနဲ ့၊စွယ်တော်အကြောင်းလဲသိချင်ပါတယ်ဘုရား။
စွယ်တော်ကိုမမြင်ရဘဲ စွယ်တော်ကျုပ်ကိုသာဖူးရတော့ စွယ်တော်အစစ်ရောအထဲမှာ
ရှိရဲ ့လားဆိုတာသံသရဝင်မိပါတယ်၊ဘာ့ ကြောင့်စွယ်တော်ကိုအပြင်ကြ မင်နိုင်အောင်မပြထားတာလဲ ဆိုတာသိမယ်ဆိုရင်မိန် ့စေချင်ပါတယ်ဘုရား။
တပည့်တော်လျှောက်ထားတာမသင့်တော်ဘူးဆိုရင်ဦး
ချတောင်းပန်ပါတယ်ဘုရား။
ရွှေအိမ်စည်
August 21, 2011 at 11:14 pm
အရှင်ဘုရား…အချိန်ရတဲ ့အခါပေါ ့….တပည့်တော်သိချင်နေတာရှိတယ်…
တော်တော်များများဘုန်းကြီးမိတ်ဆွေ တွေလည်းမေးဘူးတယ်..
သိပ်မပြည့်စုံဘူးထင်နေတယ်..
တပည့်တော်ကရှင်းတယ်…
.လက်တွေ ့ဘဝနဲံ ့နီးစပ်လို ့ကိုးကွယ်လာခဲ ့တာ
ကိုယ့်ကိုကိုယ်ဝေဖန်နိုင်တယ်လေ
တပည့်တော်သိချင်တာက…..
မေးသင့် မမေးသင် ့ရယ်လို တော့ရှိမယ်မထင်ဘူး….
တပည့်တော်ကသိချင်နေတာကိုး…..
………
(ဘုန်းကြီးကဘာလို ့ကန်တုံးတုံးရတာလည်း…….)..
ဦးဇင်းအားတြ ့အခါမှဖြေပေးပါ…
ရိုသေလေးစားသော
ရွှေအိမ်စည်
ဆူး
August 21, 2011 at 11:34 pm
ဘုန်းကြီးတွေ ဘာကြောင့် ကတုံး တုံးရသလဲ ဆိုတဲ့ မေးခွန်းကတော့ သိပ်ရှင်းပါတယ်။
ဆံပင် မရှိတဲ့ လူနဲ့ ဆံပင် ရှိတဲ့လူ ဘယ်သူက ပိုလှသတယ် ထင်ပါသလဲ။
အရင်တုန်းကလူတွေဆိုရင် ဆံပင်ကောင်းကြသလို မင်းမြှောက်တန်ဆာ မျိုးစုံနဲ့ ဆံပင်နဲ့ နဲ့ အလှဆင်ကြပါတယ်။
ဆံပင် မရှိတဲ့ လူဆိုရင် မတင့်တယ်ဘူးလို့တောင် ထင်ကြပါတယ်။
ဆံပင်ဆိုတာ အလှတရားရဲ့ ဖြည့်စွက်ချက် လို့ ပြောရလိုပါပဲ။
မြတ်စွာဘုရား က တရားအားထုတ်တဲ့ ရဟန်းများကို (ရဟန်းတိုင်းကို) ကိလေသာ အားလုံးဖြတ်တောက်ပြီး ဘဝ သံသရာ တိုတိုနဲ့ နိဗ္ဗာန်ကို အလျင်အမြန်ရောက်စေချင်ပါတယ်။
ရဟန်းဘဝ ကို ခံယူတယ် ဆိုရင်ပဲ အလှတရားကို ဖြည့်စွက်ပေးတဲ့ ဆံပင်ကို အရင်ဆုံး ကတုံး တုုံးခိုင်းတာပါ။ ဘာလို့လဲ ဆိုတော့ လူတွေက ဆံပင်ကို ဘာမှသိပ်အရေးမထားသလိုလိုနဲ့ ဆံပင်အကုန်ဖြတ်ပြီး ကတုံးတုံးရမှာ သိပ်နှမြောတတ်ပါတယ်။
ထို့နောက် သပိတ်တလုံးနဲ့ ရပ်ထဲ ရွာထဲ ဖိနပ်မပါပဲ အလှူခံထွက်တယ် ဆိုတာလည်း မာန ကြီးတဲ့ လူတွေ အဖို့ ကတုံးတုံးပြီး ပန့်သကူ ပိတ်စ တွေ စပ်ပြီး သစ်ခေါက်ဆိုးထားတဲ့ မာခေါက်ခေါက်ဖြစ်နေတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ သင်္ကန်းနဲ့ သပိတ်နဲ့ ဖိနပ်မပါပဲ ဆွမ်းခံ ထွက်ဖို့ ဆိုတာ မဖြစ်နို်င်ပါဘူး။ စိတ်ဓါတ်ကို အရင်ဆုံး ချိုးနိမ်နိုင်မှ ဆွမ်းခံကြွလို့ ရနိုင်ပါတယ်။ တနည်းအားဖြင့် ငါစွဲ ဆိုတာ မရှိအောင် အရင်သတ်ခိုင်းတဲ့ သဘောမျိုး ဆောင်ပါတယ်။
တရားအရာမှာလည်း မာန ဆိုတာ ခံနေရင် တရား မရနိုင်ပါဘူး။
မာန ကြီးတဲ့ လူ အတွက် နိဗ္ဗာန် ဆိုတာ သိပ်ကို ဝေးတဲ့ အရပ်က နာမည်တခုသာ ဖြစ်ပါတယ်။
kai
August 22, 2011 at 4:31 am
အလုပ်ရှုပ်သက်သာအောင်..ကတုံးတုံးစေတယ်ထင်တာပါပဲ..။
. ဒီခေတ်..ဟောလိဝုဒ်မင်းသားတွေနဲ့.. စစ်သားတွေ..ဂိုဏ်းသမားတွေ ကတုံးတုံးပြိးမှ..ခန့်ညားတယ်ထင်တာမို့.. ကတုံးတုံးတယ်ဆိုတာ.. မတင့်တယ်တာ.. ဆံပင်ဆိုတာ..အလှတရားဖြည့်စွက်ချက်ဆိုတာ.. အပြည့်တော့ မမှန်တော့ဘူးလေ…။ 🙂
maungmoenyo
August 22, 2011 at 6:44 am
ဟုတ်လိုက်လေဗျာ…။ မောင်မိုးညို ငယ်စဉ်က ပဇင်းဝတ်၊ (၁၈) ကျော်တော့ ရွာမှာ ရဟန်းဝတ်၊ အဲ့ဒီအထိ ဆံပင်ပယ်ပြီး၊ အဝါရောင်ယူနီဖေါင်းဝတ်ရတဲ့အကြောင်းရင်ကိုမသိခဲ့ရပါဘူး။ တနှစ်က (၇)ရက်သဃာင်္န်းဝတ်ခါမှ သင်ခန်းစာရတယ်။ တနေ့ တနပ်နဲ့တင်းတိမ်ရောင့်ရဲခြင်း၊ ဆံကေသာကိုခိမ်းသိမ်းရသောဒုက္ခ ကင်းငြိမ်းခြင်း၊ စသည်စသည် တို့ပါပါတယ်။ လောကီရေးကို ပယ်ပြီးလောကုတ္တရာရေးကိုလုပ်နိုင်သမျှ လုပ်လေအကျိုးရှိလေမို့၊ ဆံပင်မရှိခြင်းဟာ ဘုန်းကြီးဘဝမှာတယ်နိပ်သကိုး…။
ဆူး
August 22, 2011 at 5:21 pm
အရင်တုန်းက လူတွေက ဆံထုံးထုံးတာလေ.. အရှည်ကြီးတွေ.. အခုလူတွေက တိုတိုလေးတွေ.. အရှည်ဆိုတာ ပြန်ရှည်ဖို့ အတော်စောင့်ရတယ်လေ။
သဂျီးလည်း ဘုန်းကြီး ၁နှစ်လောက် ဝတ်ကြည့်ပါလား.. ဆူး နေ့တိုင်း ဆွမ်းလောင်းပေးမယ်။
ဆွမ်းတော့ အငတ်မထားဘူး။ ဝိနည်းနဲ့တော့ အတိအကျ နေရမယ်။
ဒါပေမဲ့ နေပူလည်း ဆွမ်းခံထွက်ရမယ်။ မိုးရွာလည်း ဆွမ်းခံထွက်ရမယ်။
ကျောက်ခင်းလမ်းမို့ ကတ္တရာလမ်း နေပူကျဲတဲ့မို့ ဆိုပြီး ဖိနပ်တော့ စီးမလာနဲ့..
ashinindaka
August 22, 2011 at 6:15 am
အားလုံးမှတ်သားစရာ သဘောကျစရာတွေချည်းဘဲ။
မီးမီး သော်
August 22, 2011 at 10:26 am
မရှင်းမလင်းသေးပါဘူး။ဒါဆိုရင် တရားရှိလို ့ဘုရားရှိတာလား၊ဘုရားရှိလို ့တရားရှိတာပါလား သိချင်ပါသေးတယ်။မိမိ ဘာသာထိုးထွင်းကြံဆပြီးရတဲ့ သဗ္ဗညုတဉာဏ်ကို ယုံကြည်ပါတယ်။ဒါပေမယ့် ကျင့်ကြံစဉ်အခါက မည်သည့်တရားကို ကျင့်ပါသလဲ သိချင်ပါတယ်။
kai
August 22, 2011 at 11:10 am
တရား..ဓမ္မ..ဆိုတာ..ဘုရားပွင့်ပွင့်မပွင့်ပွင့်.. သူ့ဖာသူ..ဒွန္တယာကြီးထဲရှိနေပြီးသားပါ..။
ဘုရားပွင့်တော့..အဲဒီတရားကို.. လူတွေကို..ပြန်ပြော..ရှင်းပြတာဖြစ်ပါတယ်..။
ဘုရားဖြစ်.. ကျင့်ကြံစဉ်အခါက အာနာပါန..ကျင့်တယ်ပြောတာပဲ..။
ကျုပ်ကတော့.. သူသိတဲ့..တရားတွေကို.. အနုလုံပဋိလုံ..ဖင်ပြန်ခေါင်းပြန်သုံးသပ်ပြီး ..ဘုရားဖြစ်သွားတယ်.ထင်မိတယ်..။
ဘာလို့လဲ..ဆိုတော့..သူ(ဂေါတမဗုဒ္ဓ)ပြန် ဟောတဲ့..တရားတကြောင်း..တဂါထာနဲ့တင်.. တထိုင်ထဲနဲ့.. အရိယာဖြစ်တဲ့သူတွေရှိတာကိုး..။ 🙂
ို
ဆိုတော့.. လက်တွေ့သိချင်ရင်.. ပဌာန်း (၂၄)ပစ္စည်း ကိုရွတ်ကြည့်ပါ..။
အဓိပ္ပါယ်နားမလည်ပဲတော့..ဘေးလူ နားငြီးအောင်မလုပ်စေလိုပါ..။
ဟေတုပစ္စယော.. တခု..တကြောင်းထဲကိုပဲ.. ဘာဆိုလိုတာလည်း.. အဓိပ္ပါယ်ဘာလည်း.. နားလည်အောင်သုံးသပ်ကြည့်..
တရားသဘော… သိလာလိမ့်မယ်..။ 🙂
မီးမီး သော်
August 22, 2011 at 1:19 pm
အခု လို ကိုခိုင်က ဝင်ရောက်ရှင်းပြပေးနေတဲ့ အတွက် ဆရာတော့်ကျေးဇူးကြီးပါပေတယ်။အမှားပါခဲ့ရင်ခွင့်လွှတ်စေချင်ပါတယ်
ကြောင်ကြီး
August 23, 2011 at 10:05 am
ဆရာတော့်ကို မလှောင်ပါနဲ့ကွယ်။ နှာစေးလိုက် ချောင်းဆိုးလိုက်နဲ့ ပြီးတော့တကယ်လည်း အလုပ်များနေလို့ပါ..။ ဦးခိုင်ဆိုတာ ဆရာတော်ပြီးရင်သူပဲ၊ ဆရာညံ့လိုခေါ်တယ်….
ရွှေအိမ်စည်
August 22, 2011 at 11:58 am
ဆူးဖြေတာလိုနေသေးတယ်နော်..ဟုတ်တယ်မလား….ဦးဇင်း
တပည့်တော်ကိုရှင်းပြပေးမယ်ဆိုရင်မရသေးဘူးနော်..အဲ ့သလောက်နဲ ့..
ဘာသာရေးဆိုတာ..ဆန်းစစ်ဝေဖန်ခြင်းဘဲ ့လက်ခံတယ်မလားဥိးဇင်း….
ယမမင်း ကြီး
August 22, 2011 at 6:18 pm
အိမ်းးးးး နာတော့မသိတော့ဝင်မပါတော့ပါဘူးကွယ်
Moe Z
August 23, 2011 at 9:59 am
မှန်ပါတယ် ဘုရားရှင်ကလည်း ဘယ်ကိစ္စကိုဘဲဖြစ်ဖြစ် သေသေချာချာစဉ်းစားသုံးသပ်ခြင်း မရှိဘဲနှင့် လက်ခံခြင်းမပြုကြဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ကာလာမမင်းသားတွေက မြတ်စွာဘုရားကို ဘယ်ဘာသာက အကောင်းဆုံးလဲ ဘယ်ဘာသာကိုကိုးကွယ်သင့်သလဲလို့ မေးတော့ ဘုရားရှင်ကအောက်ပါအတိုင်းဖြေထားပါတယ်။
-ဘယ်အရာကိုမှ သတင်းစကားအပေါ် အခြေပြုပြီး မှန်တယ်လို့မယူဆနဲ့၊
-ဘယ်အရာကိုမှ ထုံးစံရှိတယ်ဆိုပြီး မှန်တယ်လို့မယူဆနဲ့၊
-ဘယ်အရာကိုမှ ပြောသံကြားယုံနဲ့ မှန်ပြီလို့ မယူဆနဲ့၊
-ဘယ်အရာကိုမှ ငါတို့ဘာသာကျမ်းဂန်ထဲမှာပါလို့ဆိုပြီး မှန်တယ်လို့မယူဆနဲ့၊
-ဘယ်အရာကိုမှ ဆင်ခြင်ပြီး ဖြစ်ဖြစ်၊ စောဒကတက်ပြီးဖြစ်ဖြစ် မှန်တယ်လို့မယူဆပါနဲ့၊
-မိမိဘာသာတွေးခေါ်ဆင်ခြင်ခြင်းဖြင့်လည်း မှန်ပြီလို့မယူဆပါနဲ့၊
-မိမိစိတ်အထင်မှန်နိုင်တယ် ဆိုပြီးတော့လည်း အမှန်မယူကြပါနဲ့၊
-မိမိကိုယ်ပိုင်တွေးခေါ်သော ထင်မြင်ချက်ကြောင့်လည်း မှန်တယ်လို့မယူဆပါနဲ့၊
-သူတစ်ပါးကိုအားကိုးပြီးတော့လည်း မှန်တယ်လို့မယူနဲ့၊
-“ဒါငါ့ရဲ့ဆရာပဲ”ဆိုပြီးတော့လည်းမှန်တယ်လို့မယူပါနဲ့၊
သို့သော်သင်ကိုယ်တိုင်က ဒီအရာသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း အကုသိုလ်ဖြစ်၏၊ မကောင်းဟုသိလျှင် ထိုအရာကိုငြင်းပယ်ရမယ်။
သင်ကိုယ်တိုင်က ဒီအရာသည်ကုသိုလ်ဖြစ်သည်၊ သူတစ်ပါးအတွက်ရော မိမိကိုယ်တိုင် အတွက်ပါအကျိုးရှိသည်၊ ဆင်ခြင်တုံတရားနှင့်လည်းကိုက်ညီသည်၊ ပညာရှိများကလည်း ချီးမွမ်းငှာဖြစ်မယ်ဆိုလျှင် ထိုအရာကိုအမှန်လို့လက်ခံရမယ်။
(ဖတ်မိတာလေးပြန်ပြောပြတာပါ၊ ကာလာမသုတ်ကိုဖတ်ကြည့်လိုက်ရင် ရှင်းသွားမှာပါ။)
မီးမီး သော်
August 23, 2011 at 12:16 pm
“”””-ဘယ်အရာကိုမှ သတင်းစကားအပေါ် အခြေပြုပြီး မှန်တယ်လို့မယူဆနဲ့၊
-ဘယ်အရာကိုမှ ထုံးစံရှိတယ်ဆိုပြီး မှန်တယ်လို့မယူဆနဲ့၊
-ဘယ်အရာကိုမှ ပြောသံကြားယုံနဲ့ မှန်ပြီလို့ မယူဆနဲ့၊
-ဘယ်အရာကိုမှ ငါတို့ဘာသာကျမ်းဂန်ထဲမှာပါလို့ဆိုပြီး မှန်တယ်လို့မယူဆနဲ့၊
-ဘယ်အရာကိုမှ ဆင်ခြင်ပြီး ဖြစ်ဖြစ်၊ စောဒကတက်ပြီးဖြစ်ဖြစ် မှန်တယ်လို့မယူဆပါနဲ့၊
-မိမိဘာသာတွေးခေါ်ဆင်ခြင်ခြင်းဖြင့်လည်း မှန်ပြီလို့မယူဆပါနဲ့၊
-မိမိစိတ်အထင်မှန်နိုင်တယ် ဆိုပြီးတော့လည်း အမှန်မယူကြပါနဲ့၊
-မိမိကိုယ်ပိုင်တွေးခေါ်သော ထင်မြင်ချက်ကြောင့်လည်း မှန်တယ်လို့မယူဆပါနဲ့၊
-သူတစ်ပါးကိုအားကိုးပြီးတော့လည်း မှန်တယ်လို့မယူနဲ့၊
-”ဒါငါ့ရဲ့ဆရာပဲ”ဆိုပြီးတော့လည်းမှန်တယ်လို့မယူပါနဲ့၊
သို့သော်သင်ကိုယ်တိုင်က ဒီအရာသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း အကုသိုလ်ဖြစ်၏၊ မကောင်းဟုသိလျှင် ထိုအရာကိုငြင်းပယ်ရမယ်။”””””
ခုလိုပြောပြပေးတော့ မိုးစက်ရေ ကျေးကျေးပါနော့
နေမဝင်
December 9, 2011 at 11:24 am
ဘာသာရေး အကြောင်းဆွေးနွေး နေတဲ့နေရာမှာ ဟာသ သဘောမျိုးဆောင်တဲ့ ကွန်မန့်တွေမရေးကြပါနဲ့လား။ ထောင်တန်တဲ့စကား ရယ်ပေါ့ ဆိုသလိုမျိုးပေါ့။ ဟိုစကားပုံလေးတစ်ခု သတိရမိပါတယ်။ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်နေတာ…………….
ဒါပေမဲ့ ……….
သဘောပါလေ။